Sunday, April 17, 2011

စတော်ဘယ်ရီ ချယ်ရီ ရော ရင်

ပျောက်သောသူရှာရင်တွေ့ မရေးသောသူကြာရင်မေ့ .......


ဒီမှာတော့ ဆာကူရ တွေပွင့်လို့ ကြွေတောင်ကြွေပြီ ။ကြည့်လို့ရမယ်ဆိုလည်း ဒီတစ်ပတ်က နောက်ဆုံးပါပဲ။ လတ်တလော ဘာတွေလုပ်နေလို့ ငြိမ်သွားတာလည်းလို့ မေးတဲ့သူတွေကို စာတွေများလို့ ရယ် မုဒ်မ
ဝင်ဘူးလို့ ပဲ ပြောပါရစေ။
ကိုယ်တွေ နေတဲ့နေရာနဲ့ကဝေးပေမယ့်   တိုကျိုဘက်အခြမ်းကတော့ နေ့တိုင်းနီးပါးကို အနည်းဆုံးတနေ့ ၂ ကြိမ်လောက်တော့  ငလျှင်သတင်းက တွေ့ နေရတယ်။ အသိတွေနဲ့ဖုန်းပြောလည်း မူးနေတာပ
ဲလို့ ပြောကြတယ်။ ပြန်လည်ထူထောင်ရေးတွေလည်း လုပ်နေကြပေမယ့် ပျက်စီးမှု့ ကနည်းတဲ့ အတိုင်းအတာမဟုတ်တော့ အတော်အချိန်ပေးရအုန်းမယ်။ လွန်ခဲ့တဲ့ လအထိ မာနေတဲ့ ဂျပန်ယန်းဈေးကလည်း ခုတဖြေးဖြေး တန်ဖိုးကျလာပြီ။   ငလျှင်ကြီးနောက်ပိုင်းမှာ ဂျပန်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ၀င်လုပ်နေကြတဲ့ တရုတ်လူမျိုးအများစု နောက် အခြားနိုင်ငံခြားသားတွေ အတော်ကို ပြန်သွားကြတယ်။ တစ်လနီးပါး ပိတ်ထားတဲ့ တိုကျို ဒစ်စနေလန်း လည်း စနေ နေ့ကပြန်ဖွင့်တယ်။
ကျွန်မတို့ တွေ လည်း ခရီးကပြန်လာပြီးကတည်းက တစ်ချို့ လည်း ကိုယ့်စာကိုယ်ပြီးအောင်အမြန်လုပ်ကြ ဘွဲ့မယူပဲ စာတမ်းတင်ပြီးသည်နှင့်ပြန်ကြမယ့်သူတွေ ကျွန်မလည်းစာတမ်းတင်ပြီး တာနဲ့အိမ်ပြန်ဖို့ အစီအစဉ်ဆွဲပြီး ဘွဲ့ယူခါနီးမှပဲ ပြန်လာတော့မယ်လို့ ဆုံးဖြတ်။ စာတမ်းတင်ပြီးတာနဲ့ ဘွဲ့ယူတာက တစ်လခွဲနီးပါး အချိန်ရသည်။   တစ်ချို့  လည်း လိုအပ်သလောက်အ၀တ်အစားသာထားပြီး အကုန်ပြန် ပို့ နေကြသည်။ အားလုံးတူညီစွာတွေးမိသည်က ငါတို့ ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုကိုယ်တိုင်မကြုံလိုက်ရတာ ဘုရားမကြတာပဲလို့ ။
ကျွန်မက  ဆက်နေဖို့ မနေဖို့ကို အစက မရေမရာ။ ခုတော့မိသားစုကလည်းကိုယ့်နောက် လိုက်မနေနိုင်သည့်အတူတူ ဆက်တက်ဖို့ ဆိုတာလည်းဆန္ဒမရှိတော့။ ဒီကြားထဲ မနှစ်က တိုကျိုမှာနေတုန်း အိမ်ရှေ့အိမ်ကို ညကြီးမင်းကြီး ဆေးရုံကားရောက်လာ ဆေးရုံတတ်မည့်သူက ဆေးရုံကားပေါ်ပါသွား မိန်းမဖြစ်သူက ခလေးလေးပိုက်ပြီး အိမ်တွင်ကျန်ခဲ့။ ဘေးပတ်ဝန်းကျင်ရဲ့ ခလေးကြည့်ပေးမယ်လေ လိုက်သွားလို့ ပြောမယ့်သူမရှိ။ လူနာလည်း တစ်ယောက်တည်း လူနာရှင်လည်းတစ်ယောက်တည်း.။ ထို မြင်ကွင်းမြင်မိကတည်းက အတော်ကိုေ၇ှာ့ခ် ဖြစ်ခဲ့ရသည်။ ကိုယ်လည်း အားငယ်တတ်တဲ့ အမျိုးကိုး….(မချစ်လေသံ..တိုက်ဆိုင်၍ယူသုံးသည်)။

ပါ့သ်က ချစ်မမ ကတော့ညည်းပြန်ပါအေ တဲ့။ စ က မမ ကတော့ ညည်း ပြန်မယ်လုပ်တာ
မှန်တယ်အေ့တဲ့။
ဒီထက်ကြာရင်လည်း အိမ်က ဖေဖေခေါ်သလို မယ်မဒန်း ဖြစ်တော့မည်။ အိမ်က လူလည်း နောက်ထပ်အိမ်တစ်ဆောင်မီးတစ်ပြောင် မဖြစ်ဘူးလို့ အာမမခံနိုင်။ ကဲဒါကတော့ လတ်တလော အခြေအနေ။


ဂျပန်မှာ ဆာကူရ. ကျွန်မနှင့်ချယ်ရီ

ပထမဆုံး ကျွန်မ ဆာကူရကိုမြင်ဘုးတာ 19xx (နှစ်အတိအကျမရေးတာ သည်းခံ)
ကျွန်မရဲ့ဆယ်ကျော်သက်ကိုကုန်ခါနီး..ဟဲဟဲ….
ပထမဆုံးဂျပန်ကိုရောက်တာက ဧပြီလ သင်္ကြန်ကျခါနီး ရက်ပိုင်းအလိုမှာ မြန်မာပြည်ကနေထွက်လာရရော လေယဉ်ပေါ်ကနေခြေချပြီး ရထားစစီး တာ နဲ့ ဆကူရာတွေကိုမြင်လိုက်တဲ့ မြင်ကွင်း ၊ ရန်ကုန်မှာ ပိတောက်ဝါ၀ါတွေ မြင်လာသူက ၁၂ နာရီ နီးပါး ကွာသွားသည့်နောက် နောက်ထပ် ပန်းရောင်ပန်းတွေ အများကြီးမြင်လိုက်ရတဲ့ မြင်ကွင်းက  ကျွန်မဘယ်သောအခါမှ မေ့မရနိုင်ခဲ့သည့်မြင်ကွင်း။ နွဲ့ယဉ်ဝင်းရဲ့ 
ဝေးတစ်မြေကိုသွားတဲ့ ဂျပန်က မောင့်ရဲ့စာ ဆိုတာက သူ့ အချစ်လည်း ကျွန်မလိုပဲ ဒီလိုအချိန်မျိုးရောက်လာသူဖြစ်ပေလိမ့်မည်။
အတုတွေ အစစ်ထက်လှနေတဲ့ ခေတ်မှာ  မနှစ်က မှ စိုက်တဲ့ ဆကူရာ ကိုင်းကူးပင်လည်း ဆေးထိုးပေးထားတော့ကျောင်းထဲမှာပွင့်နေပြီ။ တစ်ချို့ နေရာတွေ လည်း ဆေးထိုးပြီးစိုက်ခဲ့တာ နှစ်၅၀ သက်တမ်းတဲ့။ ခုသက်တမ်းကုန်ခါနီးပြီတဲ့ နောက်မပွင့်ရင်ဒီလိုနေရာဘာနဲ့ ဆွဲဆောင်မလည်း
လို့ စိတ်ပူနေကြသူတွေ ရှိသည်။ ပွင့်တာကတော့ အပင်မသေမချင်းပွင့်မည့်အပင်ကတော့ ရှိမှာပါပဲ။စိုက်ပျိုးရေး သမားတွေကတော့ နားလည်ပေလိမ့်မည်။

ဟနမိ(hanami) ချယ်ရီပန်းပွဲတော်ပေါ့လေ။ ချယ်ရီပင်တန်းတွေအောက်မှာ နေရာကြိုယူထားကြပီး ပန်းပင်တွေအောက်မှာ ပန်းတွေရဲ့အောက်မှာ ပန်းတွေကိုငေးမောပြီး စကားပြောကြ ။စားကြသောက်ကြ တဲ့ပွဲ (ဟိုးအရင်ကတော့ရန်ပွဲတွေဘာတွေဖြစ်ကြသည်)။ သူတို့ ရိုးရာ ပွဲ တစ်ခု။

စတော်ဘယ်ရီ ချယ်ရီရောရင် တော်တန်ရုံလူပင်  ဆိုတဲ့ စိမ်းမို့ မို့ ရဲ့သီချင်းလိုပါပဲ။ ချယ်ရီပေါ်ချိန်က စတော်ဘယ်ရီလည်းပေါ်ချိန်ကိုး …ဒါပေမယ့်စားတဲ့ချယ်ရီသီး (sakuranbo)ဟာ ဒီဆာကူရာ ချယ်ရီ ပင်ကမဟုတ်မှန်းတစ်ချို့ လည်းမသိကြ။
နောက်ဒီပန်းချယ်ရီ မှာမှ စားလို့ ရတဲံ့ ချယ်ရီပန်း ပွင့်ရွက်နဲ့  စားလို့ မရတဲံ့ ချယ်ရီပန်းကရှိသေး ။
တို့ ရွှေပြည်မှာ အ၀ါရောင် မယ်ဇလီဖူုးတွေ တွေ့ တိုင်းစားလို့ ရမယ်ထင်တာ။ စားလို့ ရတဲ့ အပင်က သပ်သပ်လို့ ပြောကြတာပဲ။
ဒီမှာလည်း စားလို့ ရတဲ့ ချယ်ရီပန်းပင်က အရွက်ရဲ့ ရနံတို့ အရွက်ရော ပန်းပါ ချဉ်ဖတ်လေးစိမ်ပြီး မုန့်တွေထဲထည့်တာကသပ်သပ်။
ဒီလိုရာသီ ဒီလိုချယ်ရီတွေ နောက်ဘယ်တော့မှ ပြန်ကြည့်ရမလည်းတော့မသိ။…
ချယ်ရီပွဲတော်



နေခြည်မှာရွှေရည်လောင်း ငါတို့ စာသင်ကျောင်း


 တွေ့ လား ကိတ်ပေါ်မှာ ဆာကူရာပုံနဲ့ ဆာကူရာ ပန်းချဉ်ဖတ်လေး

ကျွန်မနှင့်သင်္ကြန်..

အသက်ကြီးလာမှ ရန်ကုန်သင်္ကြန်ကို ပြန်ပြီး ဆော့ကစားချင်စိတ်က ပေါက်လာတယ်။ ကျွန်မက သင်္ကြန်လည်ရမှာ ကြောက်သူ … အိမ်ရှေ့ ရေပုံးထားပြီး ဖြတ်သမျှကားသာ ပက်သူ။
ခု သင်္ကြန်ပုံတွေကြည့်ပြီး ကျွန်မသူငယ်ချင်း ဂျပန်မလေး ရန်ကုန်သင်္ကြန်လာလည်တာ သတိရသွားသည်။ ၂၀၀၀လောက်တုန်းက ပေါ့ ။ သင်္ကြန်ဆိုတာ ရေလောင်းတယ်နော် တစ်ကိုယ်လုံးရွှဲမှာလို့ ပြောထားခဲ့တော့ သူ ကလည်ရင် ရေကူးဝတ်စုံနဲ့  လည်ဖို့ ပါလာတယ်တဲံ့ ။ ရေစိုမှာကိုး သူတွေးတာမလွန်လောက်ဖူး။
နောက်နားမလည်တာက လည်ကြပတ်ကြတော့ နိုင်ငံခြားသားတွေက ရော်ဘာဖိနပ်စီး ရေစိုခံစီးကြပေမယ့် တို့ ရွှေမြန်မာမိန်းကလေးတွေက လေဒီရှုးစီး ကြိုးသိုင်းအလှတွေစီးပြီး အပျက်စီးခံကြတာကို
သူတို့ ကအံသြကြတယ်။ ကျွန်မလည်း အဲ့လိုတွေးဖုးတယ်။ ဟော ခုလည်းသင်္ကြန်ပုံတွေမှာ မိန်းကလေးပုံတွေမှာ လေဒီရှုးတွေ ဘွတ်တွေ က အထင်းသား ။
ရန်ကုန်ပြန်လျှင်ယူသွားရန် စာရင်းမှာ တစ်ခုထပ်တိုးလိုက်ပြီး မင်နီနဲ့ ရေးလိုက်တယ်။

မြန်မာပြည်သင်္ကြန်သုံးရန် ၀ယ်ရန်စာရင်း
၁။ စကဒ်တိုတို
၂။ အင်္ကျင်္ီကျောတစ်ဝက် အနက်ရောင်
၃။ ခရမ်းရောင် ဆံပင်ဆိုးဆေး
၎။နှတ်ခမ်းနီ အနက်ရောင်
၅။ကြောင်ကြောင်ကျားကျား ခြေအိတ်…
၆။ မိုးတွင်းစီးရော်ဘာဘွတ်ဖိနပ်။


photo from google

ဒီပုံက ၁၉၉၆ လောက်က ဂျပန်မှာ ခေတ်စားသွားတဲ့စတိုင်
မြန်မာပြည်သင်္ကြန်နဲ့ ကိုက်မလားပဲ။
gankuro လို့ ခေါ်တယ်။ တစ်ကိုယ်လုံးကိုနေလောင်တဲ့မိပ်ကပ်အရောင်လိမ်း မျက်လုံး နဲ့ နှုတ်ခမ်းကို အဖြုဆိုးတာ။ ဆံပင်ကို ရွှေရောင်မှာ မှ အဖြူရောင်ဟိုက်လိုက် ထပ်ဖောက်။ ဖက်ရှင်ဆိုတာ တစ်ပတ်လည်နေတာပဲကိုးနော်။

photo from google



 ချစ်ခင်စွာဖြင့်
ကြည်ကြည်



Saturday, April 2, 2011

တို့ တွေရဲ့ ရန်ကုန် (အတင်းစကားမဆိုနဲ့ကွယ်)

အစကတည်းကမှ လေယဉ်ကို  ၃နာရီထက်ဆို ပိုမစီးချင်တဲ့သူ..ဂျပန် ရန်ကုန်ခရီးစဉ်ဆို အမြဲ ၆ နာရီနီးပါး ။
ခုတစ်ခေါက်ခရီးစဉ်ကတော့ရှာမှ ရှားပဲ။

ဟနေဒါ- ကွာလာလမ်ပူ...၇ နာ၇ီ
စကာၤပူ - ဘာလီ   ၂ နာရီ နီးပါး
ဘာလီ -စကာၤပူ    ၂ နာရီ နီးပါး

စကာၤပူ - ရန်ကုန်  ၃ နာရီ နီးပါး
ရန်ကုန် - ဘန်ကောက် - ၁နာရီင်္ ၅ မိနစ်
ဘန်ကောက်- ကန်ဆိုင်း   ၆ နာရီ

ဒီကြားထဲ အစီအစဉ်မရှိပဲ  ရန်ကုန်ပြန်ရတော့ လေယဉ်လက်မှတ်ကလည်း ဈေးတတ်ချိန် နောက်ပြီး ခရီးစဉ်အတိုင်းမဟုတ်တော့ ဘာလီ စင်္ကာပူ ၊ စင်္ကာပူ- ရန်ကုန် ၊ ရန်ကုန်- ဂျပန် လက်မှတ်တွေက အပိုကုန်တွေ ဖြစ်သွားတော့တာပေါ့ ။ မိသားစုနဲ့ နေလိုက်ရတယ်ဆိုတဲ့ အမြတ်တစ်ခုနဲ့ပဲ ဖြေသာရပေမယ့် ရောက်လေရာ ဗီဇာကဒ်နဲ့ ပဲ ဖြေရှင်းနေရတော့  ပြန်ရင်တော့  ဒီတစ်လ ၀ယ်ချင်တာလေး သွားချင်တာလေး ချုပ်တည်းရတော့မယ့် အပြင် ထုံးစံအတိုင်း အိမ်ကနေ နည်းနည်းလေး မစပါအုန်းဆိုပြီး ပြန်တောင်းခဲ့ရတယ်။
 ရန်ကုန်မှာလည်း ဒီတစ်ခါ စားစရာ တွေ ၀ယ်တာကလွဲလို့  ဘာမှ အပိုမကုန် မ၀ယ်မိအောင် နေ
လို့ အိမ်က လူကတောင် ဟယ် တော်လိုက်တာ အမြဲ အဲ့လိုနေနိုင်ရင်သိပ်ကောင်းမှာပဲ တဲ့ ။ ဒီကြားထဲ မေလ်းကို ဖတ်တော့ နောက်လတွေကနေစပြီး စကော်လာလျှော့တယ်။

ရန်ကုန် ဆိုတာထက် ရကုန်ဆိုရင် ပိုမှန်မလား ။ အကုန်လုံး ငြီ်းလိုက်ကြတာ။ ချမ်းသာတဲ့သူလည်း ငြီးတယ်။ အလယ်အလတ်လည်း ငြီးတယ်ဆိုတော့ ကျန်တဲ့သူတွေ ဘယ်လိုနေမလည်း စဉ်းစားသာကြည့်။ ကျွန်မက အမြဲ ပြန်မယ် ပြန်မယ် ဆိုပြီးကြွေးကြော်နေတဲ့သူတောင် တခြားသူတွေကို(တစ်ကိုယ်ရေ တစ်ကာယသမားတွေ) ပြန်မလာနဲ့ လို့ သာ တိုက်တွန်းလိုက်ချင်တော့တယ်။
ဘယ်နှယ့်ကွယ် ဂျပန်မှာ ဆီတစ်ပိသာ မြန်မာငွေ ၃၀၀၀ကျပ်လောက်ပဲ ရှိတယ်။ မြန်မာပြည်မှာ ဆီတစ်ပိသာ ၃ ထောင်ကျပ်နဲ့ ရလို့ လား ။ ဆန်တစ်အိတ်ကို လေးသောင်း၈ ထောင်တဲ့ (မေမေပြောတာ)။
ဥပမာ  ဘီယာတစ်ပုလင်း ၁၅၀၀နဲ့ ကျပ်တွက်ရအောင်။သာမန် အလုပ်သမားတစ်ယောက်ရဲ့ လစာ ၆သောင်းကျပ်နဲ့တွက် သူ့ ရဲ့ လစာရဲ့ ၂.၅ % ကိုယ်သုံးနေရပြီ။ ကမ္ဘာ့ တတိယ စီးပွားရေး အင်အားကြီးနိုင်ငံရဲ့ ဈေးနဲ့တွက်ကြည့်လေ ။ဘီယာတစ်ပုလင်းကို မြန်မာငွေ ၂၈၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် သူတို့ ရဲ့ ကြမ်းတိုက် သန့် ရှင်းရေး အခြေခံလုပ်သားတစ်ယောက်ရဲ့လစာ မြန်မာငွေ ၁၄ သိန်းနဲ့ လျှော့ပေါ့ပေါ့တွက။် ဘီယာတစ်ပုလင်းအတွက် သူ ၀.၂ ရာခိုင်နှုန်းပဲသုံးလိုက်တယ်။ ကဲ ဘယ်က ဈေးကြီးသလည်း။

အများကြီးလည်းမဆွေးနွေးနိုင်ပါဘူးမြင်သမျှလေးပြောပြမယ်။
ခုတစ်လော ရန်ကုန်မှာ ၀န်ဆောင်မှု့ က ဒီလောက်မကောင်းပေမယ့် ကော်ဖီဆိုင်လှလှလေးတွေ ထပ်ထွက်လာတယ်။ အောင်ပွဲခံနေတာကတော့ ဓမ္မာစေတီလမ်းပေါ်က coffee circle (ကြာပြီ) နောက်နာမည်ကြီးလာတာက coffee Jasper. ရွှေဘထမင်းဆိုင်လမ်းထဲက .. ကော်ဖီတစ်ခွက်ကို ၂၂၀၀လောက်ကနေစတယ် ။ ဆိုင်အပြင်အဆင်ရတော့ လက်ခံပေးလိုက်မယ်။

 ကဲ ဒါဆိုရင် အင်းလျားကန်ဘောင်မှာ လူတိုင်းဝင်ထွက် စားသောက်လို့ ရအောင် လုပ်ပေးထားတဲ့ အရသာလည်း၇ှိတဲ့ နာမည်လည်းရှိတဲ့ မင်းလမ်း မုန့် တီ
အောက်ကပုံများကြည့်ပါ။
ဂုံးပေါင်း ၄ ကောင်တစ်ပွဲ ၄၀၀၀ကျပ် ..ပုစွန်စိမ်းသုပ်တစ်ပွဲ ၅၀၀၀ ကျပ်ပါ။


အမည်းရောင်ကေ၇ညှိ သုပ်၊ဘေးက ပန်းကန်ထဲက ပုဇွန်စိမ်းသုပ်

အော်ရန်ကုန်  ရန်ကုန်..
ကားဂိတ်မှာရပ်နေကြသူတွေ ဈေးထိပ်မှာ ရပ်နေကြသူတွေ နေအပူကြောင့်လားပဲ အ၀တ်တွေက ပိုပြီး အရောင်မှိန်နေသလိုပဲ။  ရာသီဥတုကတော့ မတ်လနဲ့ မလိုက်အောင်ကို နေလို့ ထိုင်လို့ ကောင်းခဲ့တယ်။ သိပ်မပူဘုူး ။ မီးလည်း မဆိုးဘူး ပျက်လည်းခဏပဲ။

ဘယ်နေရာတွေ စည်သနည်း။
pub သို့ မဟုတ် cafe လို့ အမည်ခံထားတဲ့ နိုက်ကလပ်တွေ အတော်ကိုစည်တယ်။ လူကိုညှပ်နေတာပဲ။
ခေတ်စားတဲ့သီချင်းက အောင်လရဲ့ တောင်းပန်ပါတယ်ဆိုလားဘာလား။သင်္ကြန်သီချင်းလည်း DJ ကပွတ်နေတာပဲ။

ဟိုတယ်ဝင်းတစ်ခုတည်းမှာတင် ကလပ် ၂ ခု၇ှိတယ်။ နိုင်ငံခြားသားတွေ လည်းအုပ်စုလိုက်များတယ်။ ကလပ်အတွင်းလုံခြုံရေးဝန်ထမ်းတွေကတော့ ဘယ်ကနေဘယ်လိုရှာထားလည်းမသိဘုး နည်းတဲ့ ဒေါင်တွေ ကိုယ်လုံးတွေ မဟုတ်ဘူး။  အမူးလွန်နေတဲ့ ကောင်မလေးတွေကို သန့် စင်ခန်းဝအထိသေချာတွဲ ပို့ တယ်။ 
နောက် ကမ္ဘာအေးဘုရား လမ်းပေါ်နားမှာပဲ ၇ှိတဲ့ ကလပ်တစ်ခုကတော့ အံမယ် မိန်းကလေးတိုင်းပေးမ
ဝင်ဘူးတဲ့ နေရာကျဉ်းလို့ တဲ့ ။ သူက မနက် ၅ နာရီထိ ဖွင့်တယ်။ သန့်စင်ခန်းဝင်တော့ ခုနာမည်ရှိတဲ့ မင်းသမီးတစ်လက်နဲ့ တွေ့ တယ်။ သန့် စင်ခန်းစောင့်အဖွားကြီး ရဲ့ သမီးရေ သမီးကို
အားပေးနေတယ်နော် ။ ဆက်ကြိုးစားသမီး နော် ဆိုလို့ ကြည့်လိုက်မိတယ်။ သူကတော့ ကလပ်ကို ၃ နာရီလောက်မှရောက်လာတာတဲ့။ ကားကို ဆိုင်နောက်က ခြံဝင်းထဲမှာ ရပ်ထားတော့ ပြန်တော့မယ်အလုပ် စောနမင်းသမီး ဈေးညှိနေတာတဲ့ ။ကိုယ်ကားပေါ်တတ်တော့ သူက ခေါင်းကြီးငုံနေရှာတယ်။
 သောက်ညှင်ကပ်ကပ်နဲ့ ကားမီးထိုးပေးလိုက်တယ်။  ကလပ်လာတဲ့ မင်းသားတွေ ကတော့ ထားပါတော့ လေ ။

နောက် ခုတစ်လော ရေပေါ်ဆီ အဲ့လေ  လူငယ်တို့ စုဝေးတတ်တဲ့နေရာက  နန္ဒာလှိုင်ရဲ့ ဆိုင်ပဲ။
စားလို့ လည်း ကောင်းတယ်။ နေရာနဲ့ ဆိုရင်တော့ ဈေးလည်း အင်း မဆိုးပါဘူးပေါ့လေ....

ရန်ကုန် ရန်ကုန်  ...အတော်ပြောင်းသွားတယ်။ ဟိုးအရင်က  ကလပ်ကောင်းကောင်းဆိုရင် စီဒိုးနားအောက်၊ ပါ့ခ်ရွိုင်ရယ်အောက် ၊ ကန်တော်ကြီး ဟိုတယ်အောက် (memberonly) လောက်သာရှိတာ။

ခုအဲ့နေရာတွေက လူမစည်ဘူးတဲ့။
ကားကြီးကားငယ်နဲ့ လာနိုင်တဲ့ လူငယ်အမျိုးသားလေးတွေ များတယ်။ သဌေးဖြစ်ရတာထက် သဌေးသားဖြစ်ရတာ ကံကောင်းတယ်ဆိုတာ အမှန်ပဲ။  နောက်တို့ လို အသက်ကြီးကြီး အန်တီကြီးတွေကတော့ မရှိသလောက်ပါပဲ။ တို့ လို လာစပ်စုတာပဲ ဖြစ်ရမယ်။


ကန်ဆိုင်း လေဆိပ်ရောက် တော့ ဧပြီလရဲ့ လေနုအေးရယ်  မပြောင်းလဲတဲ့ ချယ်ရီပန်းပွင့်တွေက
သူ့ အချိန်မို့ ပွင့်နေတယ်။ Reentry ကောင်တာမှာသွားရပ်တော့ okaeri (welcome back)
လို့ နှုတ်ဆက်လိုက်တဲ့ ဂျပန်အရာရှိ .. လေဆိပ်ကနေ ထွက်လာတော့
ရထားဈေးနှုန်းလည်းမတတ်ဘူး.။ဆန်ဈေးနှုန်းကလည်းအရင်အတိုင်း ။ရေသန့်ဗုးကလည်း အရင်အတိုင်း..
အော် ငါ့အပေါ်သစ္စာရှိတဲ့ ဂျပန်ရေ ..လို့ စိတ်ထဲကတွေးရင်း 

ရန်ကုန် အတင်း များ ပြီးပါပြီ ။.....
ဘယ်မင်းသမီးလည်း သိချင်ရင် တိုးတိုးတိတ်တိတ်မေး၊  ဘယ်နေရာလည်းမေးချင်ရင် လည်းတိုးတိုးတိတ်တိတ်မေး

ကြည်ကြည်