Showing posts with label ကိုယ့်အကြောင်း. Show all posts
Showing posts with label ကိုယ့်အကြောင်း. Show all posts

Sunday, July 1, 2012

အလွဲများ


ဘလော့ကိုပြန်ကြည့်လို်က်တော့ အတော့်ကိုဖုန်ကတတ်နေပြီ။
ဖုန်သုတ်ဖို့ကလည်း ကိုယ့်လက်ထဲ အ၀တ်ကမရှိ ..
တနေ့တနေ့စားရေးသောက်ရေး ၀တ်ရေးဆင်ရေး လုပ်လိုက်ရတာ လုပ်လိုက်ရတာ။ (ငြီးတွားသံ)
ခုတစ်လော နည်းနည်းတော့လွဲနေတာ သတိထားမိတယ်။ သမီးငယ်ရဲ့အိပ်ယာမှာ သွားသွားအိပ်မိတယ်။ သမီးက ကျွန်မအိပ်ယာမှာ လာအိပ်တယ်။ သူတို့အိပ်ပျော်ရင် ကိုယ်က သူ့ကုတင်ပေါ်ပြန်သွားအိပ်နဲ့။
၆နှစ်သမီးအိပ်ယာဆိုတော့ဘာဘီခေါင်းအုံး၊ဘာဘီစောင်တွေအပြင် မျက်လုံးနှစ်လုံးပွင့်တာနဲ့ကုတင်ဘေးလမ်းကြည့်လိုက်ရင် ဘာဘီညိုညိုတွေ ရွှေရောင်ဘာဘီတွေ တစ်ချို့လည်း အ၀တ်မပါ. တစ်ချို့လည်း ဆံပင်တွေ ပွယောင်း လို့
မြင်ယောင်ကြည့်လိုက်ဘာ………
 ခြင်ထောင်ပန်းရောင်ရယ် ဘာဘီစောင် ဘာဘီခေါင်းအုံးရယ် နောက် မိုးလင်းတာနဲ့ ဘာဘီရုပ်ကို ခေါင်းဖီးပေးနေတဲ့ကျွန်မရယ် ...
သမီးငယ်အခန်းထဲ ကိုကိုက ၀င်လာတော့ပြုံးတယ်။
အော် သူ့ခမျာ စောစောစီးစီးသူငယ်ပြန်ရတယ်လို့ကွယ် ဆိုတဲ့အပြုံး

တခါတခါလည်းစိတ်နဲ့လူနဲ့သိပ်မကိုက်လှ။ အတွေးမှာ မျောတတ်သူမို့
လမ်းသွားရင်း FMတို့ဘာတို့သိပ်နားမထောင်တတ်သူ။ ခုတစ်လောတော့ FM ဖွင့်မိနေတယ်။
ကျွန်မက ဂျီလတ် (ဘာလာလာ) ဆိုလားသီချင်းကို ကြိုက်တော့ ဂျီလတ်ဆိုတာ ရှာပီးကြည့်ထားသူ။ယူ တို့လည်း ဂျီလတ်သိမှာပေါ့ နော့်….
စနေနေ့ကတော့ ဂျီလတ်နဲ့ပရိသတ်ဖုန်းပြောတာ FM မှာလာရော…
ဘာကြောင့်များ ပရိသတ်တွေက သီချင်းဆိုပြခိုင်းလည်းမသိနော် .. ဆက်သူတိုင်းက သီချင်းလေးဆိုပြပါရှင့်တဲ့.
ဆက်နားထောင်နေရင်းနဲ့
ပရိသတ်။         ကိုဂျီလတ် ရုပ်ရှင်ရိုက်ဖို့အစီအစဉ်ရှိပါလား။
ဂျီလတ်။  ခင်ဗျာ ရိုက်ဖို့ အစီအစဉ်မရှိပါဘူး။ ကျွန်တော်လုပ်လည်းမလုပ်တတ်ပါဘူးတဲ့
ဗုဒ္ဓေါ…. လို့ပဲ တမိတယ်။  နောက် တခီးခီးရယ် နေမိတာ။
ပိသတ်ကြီးရယ် ဂျီလတ်က မင်းသားလုပ်လို့ရတဲ့ ကိုယ်လုံးလားလို့ …
လိုင်းကားတစ်စီးက ကိုယ့်ရှေ့မှာ အောင်မယ် စပယ်ယာက တော့ထင်မှာပဲ ငါ့ကိုဆိုမေတ္တာပို့တဲ့သူတွေ များတာကို  ဒီတစ်ယောက်ကတော့ ရီပြနေပါလားလို့။

ရုံးအလုပ်တွေ၊ မိသားစုအလုပ်တွေ ကတော့ ရှုပ်ရှတ်ခပ်နေတာပါပဲ။
ဂျပန်မှာတုန်းက ၂ နာရီလောက်အထိ ဘလော့ဖတ်တဲ့ကြည်ကြည်ဆိုတာ ဘယ်သူလည်းထင်ရလောက်အောင်ပင် ည ၁၀ လောက်ဆို လူကဒေါင်းနေပြီ။။ ခလေး၂ ယောက်လုံးက သူတို့ကျောလေးပွတ်ပေး ဒါမမဟုတ် တင်ပါးလေးပုတ်ပေးမှ အိပ်ချင်ကြတယ်။ တစ်ခါတစ်လေ လည်း story book ဖတ်ပေးရင်းငိုက်ငိုက်သွားတာတို့ဆို သမီးငယ်လေးက မနက်ဆို စတယ် မေမေညက စာဖတ်တာ
ဝူးဝူးဝါးဝါးတဲ့ ။ တစ်နေ့ကတော့ ငိုက်ကနဲ ဖြစ်ရင်းနဲ့ အိပ်ကလူကြီးတင်ပါးကြီးသွားပွတ်ပေးနေမိတယ်။ 

၁၀ခါရံတစ်ခါတော့ အပေါင်းသင်းတွေရဲ့ မွေးနေ့တွေ၊ မိပ်ကပ်အရောင်းမြင့်တင်ရေးတွေ၊ အကျီဆိုင်ပရိုမိုးရှင်းတွေ သွားတတ်ပါတယ်။ ပြောဖူးလားပဲ အိမ်က ဖေဖေက ကျွန်မကို ခေါ်တာ မယ်လမ်းတဲ့
မယ်မဒန်းတဲ့။ အပြင်များသွားမယ်ဆိုရင် ခလေးတွေကိုမေ့လို့တဲ့။
မိပ်ကပ်လိမ်းနေတဲ့ကျွန်မကို တစ်ချက်ငှဲ့ကြည့်ရင်းသားက သူ့အဖေနဲ့ ဖုန်းပြောနေတယ်။
သားသားပြောနေသံ။  မေမေလားဖေဖေ ဟုတ် မော်ဒယ်ရှိုးသွားမလို့တဲ့ ဟုတ်ဖေဖေ
                           ဟုတ်ဖေဖေ (ခေါင်းတညိတ်ညိတ်ဖြင့်)
 မေမေလျှောက်မှာလားမသိဘူး ဖေဖေ. ဟုတ်ဖေဖေ ပေါင်ကြီးကတော့ အကြီးကြီးပဲ …
                       ဗုဒ္ဓေါ … ငါ့သားတော့ ငါ့ကို အထင်လွဲနေပြီ။

တနင်္ဂနွေနေ့တစ်နေ့က   မေမေတစ်ခါတစ်လေဟင်းချက်လေကွာ။ မာမီ(ကျွန်မညီမကိုခေါ်သည်) ချက်တာလည်းကောင်းတယ်။ ဖွားဖွားချက်တာလည်းကောင်းတယ်။ အိုခေ မေမေ နန်းကြီးသုပ်လုပ်ကျွေးမယ်နော်လို့ ကျွန်မကတိပေးလိုက်တယ်။
သမီးလေးက လက်ခုပ်တီးတယ်။ သူက နန်းကြီးသုပ်ကြိုက်သူ။ 
မေမေဆီ့ဖုန်းလှမ်းဆက်ပီး နန်းကြီးသုတ်လုပ်နည်းမေးတယ်။
**********************************
ခေါင်းငုံစားနေတဲ့ ခလေးတို့ဖေဖေက သူ့သားကို ကောင်းပါတယ်သားရ စားပါကွ။
သမီးငယ်လေး စားလေ ဆိုပီးတော့ ကိုယ်တော်ပီနော် လို့ ကျွန်မကိုပြောပြီး သူ့ပန်းကန်ထဲကိုတော့ပြောင်အောင်စားလိုက်တယ်။
သားက သက်ပြင်းချတယ် နောက်ရေခွက်ကိုလှမ်းယူတယ်။ 
မေမေ့ကို အားကြီးချစ်တယ်ကွာလို့ ဆိုင်းမဆင့်ဗုံမဆင့် ပြောလာရော တစ်ဆက်တည်းမှာပဲ
 မမထူး (အိမ်ကကောင်မလေး)သားပန်ကန်းသိမ်းလိုက်တော့တဲ့ ပန်းကန်ထဲမှာ တစ်ဝက်တောင်မကုန်ဘူး။
သူတို့သားအဖ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးရီလိုက်ကြတယ်။
လူဆိုးတွေပဲ…………………..

ဒီည သားက home work ပါလာတယ်မေမေဆိုပီး A4 ကိုဖတ်တယ်။
What is interview မေမေ ဆိုပီး မေးလာတယ်။
သူ့လက်ထဲက A4မှာ
Primary 3 (English)
Interview someone at your home.
The name of the person that you interviewed …………………………..
How is your relation with that person ?.......................................
(Father or Mother or Sister.etc)
Use these questions and write the answers.
1.what are you doing.
--------------------------------------
2.What is your favourite food ?
--------------------------------------------
3.What are you going to do next week?
-------------------------------------------------
4.Do you often read story books?
---------------------------------------------------
တဲ့ ကျွန်မကို  ဗျူးတယ်။
မေးခွန်းလည်း ပီးရော
Do you love your husband and How many kids do you have လို့ ကိုယ်တော်က ရှည်လာတယ်။
အမြဲတမ်းသူ့ကို ချစ်ဆုံးလို့တိုးတိုးလေးပြောတာကို သူက ကြားချင်တာကိုး။
အမြင်ကလည်းကပ်လာတာနဲ့
Ohh… what are you talking about. I am single. I am apyogyi လို့ ဖြေလိုက်တော့ 
စိတ်တိုသွားပုံနဲ့
စာရွက်အကြမ်းမှာ ဘောပင်နဲ့ ခပ်ကြမ်းကြမ်းချရေးလိုက်တယ်။ပါးစပ်ကလည်း စလုံးပေါင်းနေတယ်။
အက်စ်အခ်ျအီး ရှိ  အက်စ်အေအိုင်ဒီ  ဆက်ဒ့်  အက်စ်အိုင်အန်ဂျီအယ်လ် အီး စင်ဂဲယ်.
အိုင် ဒုန့်နိး  ၀ဲယား အိုင် အမ်  အက်ဖ် အာ .အို အမ်မ် တဲ့။


လွမ်းလျှက်
ကြည်ကြည်


Thursday, February 2, 2012

သူတို့နှင့် ကျွန်မ


May May pls don’t go to office, don’t help him. I want normal life.
တနင်္ဂနွေနေ့ မနက်စာကို သားအမိတွေဝရန်တာထွက်ပီးစားတော့ အရမ်းပျော်နေတဲ့သားက ပြောတဲ့စကားပါ။
What do you mean of normal life လို့မေးလိုက်တော့
Just housewife. မေမေတဲ့ သားက  အလှပြင်တဲ့မေမေလိုချင်ပါတယ်။ မေမေပဲများတာလည်းကြိုက်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့မေမေကို မကြိုက်ဘူး။
အိမ်မှာ ဟင်းတွေချက်နေတဲ့ မေမေကို လိုချင်တယ်။
သားကိုကြိုပို့ပေးမယ့် မေမေကိုပဲ လိုချင်တယ်လို့ ပြောလာတဲ့ ၈ နှစ်သားကို
ဟုတ်တယ် ဟုတ်တယ် လို့အော်ပီး ထောက်ခံနေတဲ့ ၆ နှစ်သမီးငယ်။
ပီးတော့ မောင်နှစ်မနှစ်ယောက် လက်ဝါးချင်းရိုက်လိုက်ကြတယ်။


ပါတီတစ်ခုသွားမလို့လုပ်တုန်း
မေမေရယ် ခုတစ်လော အပေါ်ကလည်း ပေါ်လာတယ်။အောက်ကလည်းတိုတိုလာတယ်။ ဒီအတိုင်းဆိုသားနဲ့တော့မဖြစ်ဘူးနော်။လုံလုံခြုံခြုံဝတ်ပါမေမေရယ် လို့ပြောလာတဲ့ ၈ နှစ်ကို အိုး ကိုကိုကလည်း ဆိုပီး
မေမေ ၀တ်နော် မေမေ နော် မီးကိုလည်း အဲ့လို ချင်တူနော်။ အရောင်တူတူနော်။ အဲ့လို စကဒ်တိုတိုနော်။
လို့ထောက်ခံလာတဲ့ သမီးငယ်ကို စိတ်တိုတိုနဲ့ ကြည့်ပီး ခေါင်းအုံးနဲ့လှမ်းပစ်လိုက်တဲ့သား
ကျွန်မ ရီရမလို မဲ့ရမလို

အတွင်းခံတွေ မီးပူတိုက်နေတဲ့ နေရာ လာကြည့်ပီး
May May May
May May May
I can see you underwear
Not too big not too small
Just like size of dinosaur
လို့ဆိုတော့  ကျွန်မပစ္စည်းတွေ ဂရုပိုစိုက်ရတော့မယ်ဆိုတာ သတိထားမိလိုက်တယ်။

ဒရိုင်ဘာကြီးကိုဂျီကျနေကြသားက ဒီနေ့တော့ ဦးနိုင်ထွေးရေ သားဒီနေ့မုန့်ဝယ်ကျွေးမယ်ဆိုတော့
ဒရိုင်ဘာကြီးက ဒါဆိုဦးဒီနေ့ ငါးလေးတွေထပ်ဝယ်ပေးမယ်လေလို့ဆိုတော့ သားတော်မောင်က တော်ပါပြီဗျာ ၀ယ်ပေးတာတွေများနေပါပြီလိုဆိုတယ်။ အစ်ကိုဖြစ်သူပြောလို့မှ မဆုံးသေးဘူး  သမီးငယ်က ဦးနိုင်ထွေး မီးကို ဒီနေ့မုန့်ဝယ်ကျွေးရမယ်နော်လို့ပြောလိုက်တယ်။
ဒရိုင်ဘာကြီးက ဦးပိုက်ဆံပါမလာဘူး သမီးငယ်ရဲ့ဆိုတော့ ဦးကို မေမေ လစာပေးထားတယ်လေတဲ့။



ညီမလေး ကိုကြီး ချောကလက်မစားတော့ဘူး။ ညည်းစားချင်ယူစားလိုက်။ သတိတော့ထားအေ ဖေဖေဆီးချိုဖြစ်တာတဲ့  ခုချိန်ထိဆေးတွေသောက်နေတာကြာပီ။ သောက်နေရတုန်း ငါတော့မစားတော့ဘူး ဆိုတော့ အားရ၀မ်းသာနဲ့ ချောကလက်တစ်အိတ်လုံးကို သူ့ခုတင်ဘေးထားလိုက်တဲ့သမီးငယ်။

တစ်နေ့က မိသားစုတွေ အိပ်ခန်းထဲမှာ ဆော့နေတုန်း အပြင်ဘက်က ခြိုးခြိုးချွတ်ချွတ်ကြားလိုက်တယ်။သမီးငယ်က
ဘယ်တူလည်း ဘယ်တူလည်း လို့အော်လိုက်တယ်။ အိမ်ကကောင်မလေးက မမပါ သမီးငယ်ရဲ့ နို့လာပေးတာလေဆိုတော့ နောက်ကို မီးတို့ မေမေနဲ့ဖေဖေနဲ့ ရှိနေရင် အပေါ်ထပ်ကို မတတ်လာပါနဲ့ မီးမကြိုက်ဘူးနော်။ လိုအပ်ရင်ခေါ်လိုက်မယ်နော်လို့ ပြုံးပီး ထွက်ပြောတဲ့သမီးငယ်.. အော် ငါမရှိတဲ့အချိန်တွေအတွင်းသူတို့တွေ ပြောင်းလည်းနေလိုက်တာလို့ .

သားသားက မနေ့ကရယ် တနေ့ကရယ် ကို တစ်ခါတစ်လေ မခွဲတတ်ဘူး။ မနက်ဖြန်တို့ နောက်တစ်ပတ်တို့ဆိုလည်း သူသိပ်မခွဲတတ်ဘူး။ တနေ့ညက မေမေသားကို ၂၀၀၄ မှာမွေးတာနော်တဲ့ ။
အင်းလေသားရဲ့ဆိုတော့ AD လား BC လားတဲ့။ နောက်နေပါအုန်း ကျောင်းက History မှာ Old Stone age man , Middle stone age man သင်နေပီ။ သားက ဘယ်ခေတ်လည်းတဲ့ ။
နောက်ဆုံးမေးလိုက်တဲ့ မေးခွန်းက တော့ သားမွေးတော့ ဘုရားပွင့်ပြီလားတဲ့။

သမီးငယ်ကလည်း ကျောင်းမတတ်ချင်ဘူး မေမေတဲ့
စာမတတ်ရင်ဘာလုပ်မလည်း ဆိုတော့ ယေကျာ်းယူမယ်မေမေ ကြီးလာရင် ဘီးချစ်နပ်မန်းကိုယူမယ်တဲ့ .
မီးခံသေတ္တာလည်းရှိတယ်။  ပိုက်ချန်တွေလည်း ရှိတယ်။ . ဒိုင်းမွန်းတွေလည်း ချိတယ်တဲ့။ အော်အကြံကြီးပါပေ့။ ဘယ်ရုပ်ရှင်များ ကြည့်သလည်းမသိပြန်ဘူး။

ဖေဖေနောက်ကျလိုက်တာလို့ ဂျီကျနေတဲ့သမီးငယ်ကို  သမီးဖေဖေ ကောင်မလေးငယ်ငယ်လေး နဲ့ထမင်းသွားစားတယ်ဆိုတော့ သမီးငယ် ဗျဲကနဲ ငိုလိုက်တယ်။
ဘာလိုငိုတာလည်း ညီမလေး ကိုယ်ဖြစ်ကိုယ်ခံပေါ့။ ဖေဖေနောက်ကောင်မလေးနဲ့ သွားလို့ သူ့ပိုက်ဆံတွေကုန်ရင် ဖေဖေပဲခံရမှာ ။ ဦး(….)ရေ ကိုယ်ဖြစ်ကိုယ်ခံ ကျွန်တော်တော့ သွားပြီဗျာ ဆိုပီးကိုကိုကတော့ ဖွားဖွားအိမ်သွားလိုက်မှာ  မေမေ့လည်းတစ်ခါတည်းခေါ်သွားမှာတဲ့ ..ကဲ….

ကျွန်မရဲ့မေမေဟာ ပန်းသိပ်စိုက်သူပေါ့။ ကောင်မလေးတွေ များခူးမိရင် အော်တော့တာပဲ။ ကျွန်မစိုက်ထားတဲ့နှင်းဆီတွေလည်း ဒီနှစ်သိပ်ပွင့်တာပဲ။ သားက ပြောတာတော့ မေမေရှိတော့ မေမေ့ပန်းလေးတွေ ပွင့်ပေးတယ်နော်တဲ့။ ကျောင်းသွားခါနီးတိုင်းနှင်းဆီတစ်ပွင့်ဆီ ယုယုယယဖြတ်ပီး သမီးငယ်ရဲ့ခေါင်းလေးပေါ် ကျွန်မထိုးပေးမိတယ်။ သမီးငယ်တောင်ကြက်တောင်စည်းလေးကို ပန်းထိုးပန်နေပြီ။
မေမေအိမ်မှာနေခဲ့တုန်းက သမီးကြီးပန်းယူသွားမလား ရုံးစားပွဲမှာထိုးပေါ့လို့ ပြောတတ်တဲ့မေမေ့ကို ဒီမနက်မှ ကျွန်မပိုနားလည်သွားသလိုပဲ။
သူတို့ပန်းခူးတိုင်းအော်တဲ့ကျွန်မကို နားမလည်သလို ကြည့်နေတဲ့အိမ်က ကောင်မလေးက ကျွန်မကို ပန်းခူးဖို့ ကတ်ကျေးလှမ်းပေးနေတယ်။


PS. ကျွန်မခုတစ်လော ဘလော့တွေဖတ်လို့မရဘူး။ ကဗျာတွေလည်း ဆာတယ်။ စာတွေလည်းဆာတယ်။

လွမ်းလျှက်
ကြည်ကြည်



Monday, September 5, 2011

ဘ၀မှာ အချစ်ဆုံး အမျိုးသား

ကျွန်မ သားကြီးက ၇ နှစ်ပါ။ ကျွန်မဟာ အိမ်ထောင်ကျစောတယ်လို့ ပြောတဲ့သူကပြောတယ်။ သူငယ်ချင်းတွေကခုထိ မယူသေးကြဘူးလေ။ တစ်ချို့က အချိန်အခါ သင့်တော်ဆုံးပါလို့ပြောတဲ့သူက ပြောတယ်။

သားကြီးက နူးညံ့တယ်။ ကြင်နာတတ်တယ်။ ကစားမက်တယ်။စိတ်တော့ဆတ်တယ်။ ကျွန်မကိုတော့သိပ်ချစ်တယ်။ သူ့ကို ကဗျာလေးတွေ သီချင်းလေးတွေ ဆိုသိပ်ရင် မျက်ရည်လေးတွေဝဲတတ်တယ်။မင်းသားလေးက လွမ်းရတဲ့အခန်းဆိုရင် မျက်ရည်
လေးတွေဝဲလို့။
ကျွန်မပန်းပင်တွေ ကိုချစ်မှန်းသိတော့သူက ပါ မေမေ့ပန်းပင်တွေဆိုပြီးလိုက်ချစ်တယ်။
ကျွန်မကို ဖိနပ်ကအစစီးပေးတယ်။

ရန်ကုန်မှာရှိရင် ကျွန်မဘုရားရှိခိုးရင်သူက မီးအရမ်းထွန်းပေးချင်တယ်။ ကျွန်မက အိမ်တွင်းအုံးတော်ကို ယပ်ခတ်ရင်သူကပါ အင်္ဂါသားလေးမေမေ တင်္နလာသမီးကိုစောင့်
့်ေ၇ှာက်ပါလို့လိုက်ဆုတောင်းတယ်။ သူ့အဖွားဆုတောင်းတာ မြင်ဖူးတာကိုး။

လိုချင်တာရှိရင် လည်း သားကတော့လိုချင်တာပေါ့နော် မေမေ ..မေမေ အဆင်ပြေမှပါတဲ့. မေမေက မယူနဲ့ဆို ရပါတယ်လို့လည်း ပိုတတ်သေးတာ။

ကျွန်မ ရန်ကုန်ကို ပြန်တုန်းက မေမေ အသက်ကြီးမှ ဘာလို့ကျောင်းတတ်တာလည်း မေမေမရှိရင် သားမဖြစ်ဘူးနော်တဲ့ ကျွန်မ ပြန်ကိုမလာချင်တော့တာ ဒီကို အဲ့တုန်းက။ ...
မြေးဦးမို့ တုန်ကြတယ် ကျွန်မဘက်က ပိုဆိုးတယ်။ သူက ကျွန်မဘက်က အဖွားကိုတော့ အတော်ချစ်တယ်။ သူ့အဖွားနေမကောင်းလို့ ဆိုရင် ဘယ်မှ သိပ်မထွက်ဘူး။ ဖွားဖွားနားမှာနေနေတယ် မေမေလို့ ဖုန်းဆက်တော့ပြောရှာတယ်။ သားက ရွံတာတော့အရမ်းရွံတတ်တယ်။ အိမ်ကို အကူညီပေးမယ့် ကောင်မလေးတွေ ရောက်လာရင်စစချင်းဆို သူက သိပ်အကပ်မခံသလို ထမင်းခူးပေးရင်လည်း ဘာမှမပြောပဲ သူ့အဖွားကိုပဲ ထပ်ခူးခိုင်းတယ်။ ၅ နှစ်သားထဲက ဖုန်းလာရင် ဟယ်လို အမိန့်ရှိပါခင်ဗျာလို့ပြောတတ်တဲ့သားကို ကျွန်မသူငယ်ချင်းတွေကလည်းချစ်ကြတယ်။
သား ၅ နှစ်သားလောက်က ကျောင်းကသူငယ်ချင်းတွေက သူတို့ မေမေတွေကို မားမား၊ပါးပါး ခေါ်တယ်မေမေ. Why I am not တဲ့ .သားရယ် we are Burmese လေ I prefer maymay ဆိုတော့ သိပ်တော့ဘ၀င်မကျသလို။ ကျောင်းသွားခါနီးတိုင်း သား what are we? ဆိုရင် လက်မောင်းပိန်ပိန်လေးကို မြောက်ပြီး we are Burmese . I am Burmese ဆိုပြီးတော့ သွားရှာတယ်။ ကျောင်းက သူငယ်ချင်းတွေက မြန်မာစာမသင်ဖူးတဲ့မေမေ . သားကဘာလို့ မြန်မာစာသပ်သပ်ထပ်သင်ရတာလည်းတဲ့။ မေမေတို့ က မြန်မာတွေလေ သားရယ်. သားမြန်မာလို ကာတွန်းတွေ မဖတ်ချင်ဘူးလားလို့ အလွယ်ကူဆုံးအဖြေတစ်ခုပေးထားခဲ့လိုက်တယ်။ ခုတော့ သားက သူ့သူငယ်ချင်းတွေကြားထဲမှာ မြန်မာလို တော်တာကို ပြုံးနေတတ်ပြီ။ ဒီကိုလာလည်တော့ မြန်မာကာတွန်းလေးကိုဖတ်လိုက် ကျွန်မသူငယ်ချင်းတွေကို ဘာသာပြန်လိုက်နဲ့လုပ်နေတဲ့သားကိုကြည့်ရတာ ကျွန်မကျေနပ်လိုက်တာလေ..

သားအကြောင်းတွေပြောရင်တော့ကုန်မှာမဟုတ်ဘူး။
အဓိက အကြောင်းကခုမှ ရေးမှာ
ကျွန်မ အိမ်ထောင်ပြုတာငယ်တယ်လို့ပြောကြသလို ငယ်ရွယ်သူမို့ စိတ်ကလည်း ထက်ခဲ့သလို စိတ်ကလည်းဆတ်ခဲ့တယ်။ ယေက္ခမဆိုတာ ချွေးမ နဲ့ဘယ်တော့မှ မတည့်နိုင်သူလို့လက်ကိုင်ထားခဲ့သူပေါ့။ လိုတာထက်ပိုပီးမပတ်သတ်ခဲ့သလို ၀င်ရောက်စွက်ဖက်မှာတွေ ကြောက်တယ်ဆိုတဲ့အတွေးနဲ့ သတိထားပီးနေခဲ့သူပေါ့။ ကိုကို က အငယ်ဆုံးသားလေ။ . သူ့အမေက သူ့ကို အသက်ကြီးမှရတာ. ချစ်လိုက်တာလည်းအရမ်းပေါ့။ ချွေးမကငယ်ငယ် ယေက္ခမကကြီးကြီးနဲ့ အဆင်ပြေဖို့ဆိုတာ လွယ်ပါ့မလားလို့တရားသေထင်ခဲ့တာ။ မေမေတို့အိမ်ကို နေ့တိုင်းရောက်ပေမယ့် ယေက္ခမအိမ်ကိုတော့ တစ်လတစ်ခါပဲရောက်တာများတယ်။ ယေက္ခမကြီးက တခြားမြေးတွေနဲ့နေတာလေ။ စီးပွာရေးကို ဦးဆောင်ခဲ့သူ အမျိုးတွေကို သြဇာညောင်းခဲ့သူမို့ နေရာတစ်ကာဝင်ပါမှာသိပ်ကြောက်ခဲ့တယ်။ ကိုကို က အရင်က တူတူနေပေမယ့် အိမ်ထောင်ကျတော့ကျွန်မတို့ အိမ်ခွဲခဲ့ကြတယ်။ တူတူမနေချင်ဘူးလို့ကို အကြောက်အကန်ငြင်းခဲ့တာကိုး ...
ဒီတော့အိမ်မှာ ယေက္ခမရယ် သူ့တူရယ်လက်တိုလက်တောင်းခိုင်ကြတဲ့သူ့မြေးမတစ်ယောက်ပဲကျန်ခဲ့တာပေါ့။
ကျွန်မတို့ အဲ့ဒီ့တုန်းကခွဲလိုက်တဲ့အိမ်က ၃ ထပ်ပဲ ဆိုပါတော့ အောက်ဆုံးထပ်မှာကားထားတယ် ။ ဒုတိယထပ်မှာကျွန်မတို့နေတယ်။ တတိယထပ်မှာတော့ အခန်း ၃ ခန်းသပ်သပ်၇ှိတယ်။ ကြင်စဦးမို့ အဖော်တောင်ခေါ်မထားပါဘူး။ ယေက္ခမကြီးက အိမ်ကြီးကအကျယ်ကြီး အမျိုးတစ်ယောက်နှစ်ယောက်ခေါ်ထားပါဆိုတော့ကျွန်မစိတ်ကောက်ပြန်ရော။
တစ်ပတ်ကို ၃ ခါ ယုံကြည်ရတဲ့ အမကြီးလာပီး အိမ်ကိစ္စတွေ လုပ်ကိုင်ပေးတယ်။ ဗီဒိုတစ်ခုကလွဲရင် အိပ်ခန်းထဲက အိပ်ရာခင်းကအစသူပဲဝင်လဲသွားပေးတာပေါ့လေ။ ကြင်စဦးဆိုပေမယ့် ထစ်ကနဲဆိုစိတ်ကောက်လိုက် စကားများလိုက်ပေါ့။ကိုကိုက သူ့အမေကို အိမ်ကိုခေါ်နေပါရစေတဲ့ ..သူ့အမေအိမ်မှာ မနေချင်ဘူးဆိုရင် ကိုယ်တို့အိမ် အမေ့ကိုခေါ်နေရအောင်တဲ့. တောင်းဆိုလာလိုက်တာ တစ်နှစ်တိတိ။
ကျွန်မ ကလည်း အဲ့လိုပြောတိုင်းစိတ်ကောက်တယ်။ မနေချင်ဘူးဆိုတာကြောင့် ကိုကို့မှာ စိတ်ညစ်ခဲ့ရတယ်ထင်ပါတယ်။ သိတာပေါ့။
ကျွန်မကိုယ်ဝန်ရင့်လာတော့ ယေက္ခမကြီးက အညာစာတွေ ချက်ပြုတ်ပြီး ချိုင့်ကြီးချိုင့်ငယ်နဲ့ပို့လည်း ကျွန်မကတော့ တုတ်တုတ်မလှုပ် ကိုယ့်မေမေမှ ကိုယ့်မေမေ။

သားကိုမွေးတဲ့အချိန်မှာလေ ကျွန်မမိခင်ဆိုတဲ့အသိနဲ့ ငိုမိတယ်ပျော်လွန်းလို့ပေါ့နော်..
နောက်တော့သားကိုကြည့်ရင်းကြည့်ရင်းနဲ့ ဆေးရုံကနေ ဆင်းမယ့်နေ့မှာပဲ အမေကြီးကိုခေါ်ထားရအောင်လေလို့ ပြောလိုက်တယ် ။ ကိုကိုက ပြုံးပြီး ကျွန်မကိုကြည့်နေတယ်။ အော် ကျွန်မယေက္ခမ ကြီး သူလည်း သူ့သားအငယ်ဆုံးချစ်ရှာမှာပဲ တူတူနေချင်ရှာမှာပဲလို့။

သားက ခုကျွန်မကို သိပ်ချစ်တယ်။ ၄ နှစ်သား ၅ နှစ်သားကတည်းက ကျွန်မကို ဆိုသိပ်လုပ်ပေးချင်တယ။် ကျွန်မ လက်မောင်းကို ညှစ်ညှစ်ပြီး အသည်းယားတဲ့ပုံ ကျွန်မက သူ့ပါးကို ကိုက်မယ်ဆိုရင် ကိုက်လေမေမေ မနာစေနဲ့နော်တဲ့။
သူ့ရင်ခွင်သေးသေးထဲကျွန်မ ခေါင်းထည့်ပြီးဝင်ရင် သွားကြီးဖြဲပြီးရီတယ်။ ရှက်နေတယ်ထင့်ပါ့။
ကိုကိုလည်း သူ့အမေကြီးကိုသိပ်ချစ်မှာပဲ။ တူတူနေရတဲ့သူတို့သားအမိကိုတွေ့တော့ကျွန်မလည်းပျော်တယ်။ အမေဆိုတာ သမီးနဲ့ပဲ နေချင်တာ။ ခု ချွေးမနဲ့လာနေတာ ကျွန်မ ဂုဏ်ယူတယ်။ သူဟာသူ့ သားကိုချစ်တော့ ဘယ်လောက်ပဲ စိတ်ထက်တဲ့အမျိုးသမီးကြီး ခုချိန်ထိ အမျိုးတွေပေါ် သြဇာညောင်းနေပါစေ သူ့သားနဲ့ပတ်သတ်ရင် သူက ဒုတိယနေရာမှာနေတယ်။

ကျွန်မ လည်းပဲ သားက တစ်ချိန်ချိန်မှာ သားချစ်သူပါမေမေလို့ မိတ်ဆက်ပေးလာခဲ့ရင် ကျေနပ်စွာ ကျွန်မဟာသားအတွက်ပထမဆိုတဲ့နေရာကနေ ဒုတိယနေရာကို ဆင်းပေးဖို့ စိတ်ကို ပြင်ဆင်ထားပါတယ်။

သားကိုသူတို့ကျောင်းကကောင်မလေးက သားကိုလိုက်နမ်းတယ်။သားက အနမ်းမခံတော့ ရိုက်လိုက်တာမြင်ရတော့စိတ်ထဲမကောင်းဘူး။ သားဘာလို့ပြန်မလုပ်တာလည်းလို့မေးတော့ သားက ကရာတေးသမားလေ (အဲ့အချိန် ၆ နှစ်) ရီချင်လိုက်တာအရမ်း။
သားပြန်ကစ်ရင် သူခံသွားရမှာပေါ့ မိန်းကလေးမို့ခွင့်လွတ်လိုက်တယ်မေမေတဲ့...
တစ်ချိန်မှာ မိန်းကလေးမို့လို့ဆိုပြီးသည်းခံပါများရင် ရောင့်တတ်လာတတ်တဲ့မိန်းမတွေရဲ့ သဘောကိုလည်းသားကို ကျွန်မ သင်ပေးရပါအုန်းမယ်။

၃ လပိုင်းရန်ကုန်ပြန်တုန်းက အပြင်သွားခါနီးရင် စကဒ်ကလည်းတိုတိုလေးကွာလို့ မေမေရာလို့ပြောတတ်တဲ့ သား။ သားသူငယ်ချင်းတွေက စကဒ်အောက်မှာ ဘောင်းဘီရှည်တစ်ထပ်နဲ့လှတယ်မေမေ မေမေရော
ဝတ်ပါလားလို့ဆိုတတ်တဲ့သေးတယ်.။ သူ့သူငယ်ချင်းပန်တဲ့ဘီးကုတ်လိုမျိုး သူ့အဖွားကို ၀ယ်ခိုင်းပြီး မေမေဒါလေး
ဝတ်လေလို့ပေးပြန်ရော။
မေမေက သားတီချယ်လို မချောဘူးနော် ဒါပေမယ့်သားကတော့သိပ်ချစ်တာပဲ လို့ပြောတတ်တဲ့သားရဲ့စကားတွေနဲ့ အားတွေဖြစ်နေမိပါတယ်။ ဘ၀ရဲံ့အရေးပါဆုံးယေကျာ်းတစ်ယောက် ဖြစ်တဲ့သားနဲ့ ကျွန်မအမြန်ဆုံးပြန်တွေ့ချင်နေပြီ..
သားရဲ့ဂီတ၀ါသနာက Drumတီးချင်တယ်တဲ့။ သားက အခုတော့အတော်ပိန်တယ်။ အစားသောက်ချေးများလွန်းလို့တဲ့....
.

ကျွန်မဟာ အသက်၂၀ မပြည့်ခင်မှာ ဂျပန်ဆိုတဲ့နိုင်ငံကိုခြေချခွင့် ပညာသင်ခွင့်ရခဲ့တယ်။ လုပ်ငန်းခွင်ကျေူးဇူးနဲ့ နိုင်ငံခြားခဏခဏသွားခွင့်ရခဲ့တယ်။
ကျွန်မရဲ့ခလေးတွေကို နိုင်ငံခြားပုံစံအတိုင်းလည်းမြေတောင်မမြောက်ဘူး။ လုံးလုံးမြန်မာပုံစံနဲ့လည်းမြေတောင်မမြောက်ဘူးလို့ ရင်ထဲမှာ ဆုံးဖြတ်ချက်ချထားတယ်။ကျွန်မဘယ်အတိုင်းတာထိ အောင်မြင်စွာ ခလေးတွေကို သွန်သင်နိုင်မလည်းဆိုတာ သူတို့ကိုဖြည့်ဆည်းပေးနိုင်မလည်းဆိုတာကတော့ ကိုယ်ကိုယ်ကိုယ် မယုံကြည်ရဲတာတော့အမှန်.




လေးစားစွာဖြင့်

ကြည်ကြည်