Thursday, December 23, 2010

Merry Christmas and A Happy New Year


X’mas cake လား New year cake လား......
တစ်လောက ခင်ရတဲ့ အမတစ်ယောက်ရဲ့ ဘလော့မှာလည်း ကော်မန့် ပေးဘူးတယ် ဒီအကြောင်းကို
ခုလည်းဘယ်သွားသွား X’mas လက်ဆောင်တွေ အပြိုင်အဆိုင်ဝယ်နေကြတဲ့ အတွဲတွေ ကိတ်ဆိုင်မှာအ်ာဒါမှာနေကြတဲ့သူတွေ ဒါတောင် ဂျပန်မှာ X’mas ကို ကြီးကြီးကျယ်ကျယ်လုပ်လာတာ က ၁၀စုနှစ်တစ်ခုကျော်ကျော်ပဲ ရှိအုန်းမည်။ အရင်က အိမ်တွေမှာ သိပ်မလုပ်ကြ အဲ့တုန်းက ကိုယ့် hostfamily ကို အမေကြီး ခရစ်စမတ်ကိတ် ၀ယ်ရအောင် စားရအောင်ဆိုတာကို အဖေကြီးက နိုးနိုး ၀ီအာဗုဒစ်လို့ တမင်ပြောပီး မ၀ယ်တာ မှတ်မှိတယ်။  ခရစ်စမတ်တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်လေးတွေပေးနေကြတာကို မြင်တုန်းက အဲ့လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက ကြည်ကြည်တစ်ယောက် အတွဲရှိတဲ့သူတွေကို အားကျပီး  ကိုယ့်အတွက်လက်ဆောင် ကိုယ့်ဘာသာဝယ်ပြီး လက်ဆောင်ပေးမှာလို့ casher ကိုပြောဘူးတယ် ။ တခြားနိုင်ငံတွေတော့မသိဘူး ဒီမှာက ဆိုင်တွေက ပစ္စည်းဝယ်ရင် အိမ်သုံးလား လက်ဆောင်လားအမြဲမေးတယ် လက်ဆောင်ဆိုရင် ပါကင်လှလှလေးလက်ဆောင်ထုတ်ပေးတတ်ကြတယ်လေ။
ကဲ ကိတ်အကြောင်းပြန်ဆက်ရအောင်
ဒီမှာ က single မိန်းကလေးတွေကို X’mas cake က X’mas ကျော်ရင်ရောင်းလို့ မရဘူးနော် ဆိုပီးစလေ့ ရှိတယ်။ သဘောကတော့ သမီးကညာအခါမလင့်စေနဲ့ပေါ့  ..၂၅ကျော်ရင်ရောင်းလို့ မရဘူးပေါ့ အပြောခံရတဲ့သူတွေကလည်းပြန်ပြောတယ် ရတယ် အအေးခန်းထဲထဲ့ထားပီး NewYear Cake ဆိုပီးထပ်ရောင်းမယ်ပေါ့။ NewYear cake ကတော့ ၃၁ ရက်ကျော်ရင်တော့ တစ်ကယ်ကိုပစ်ရလိမ့်မယ်ဆိုပီး ထပ်စကြတယ်။ တစ်ကယ်က အမျိုးသမီးတစ်ယောက်အတွက် အလှဆုံးဆိုတာ ၃၀ ကျော်မှ ဆိုတာ သူတို့ မသိကြလေရော့လား…




ကဲဂျပန်က နယူး၇ီးယားအကြောင်း ဆက်ပြောမယ်…

ဂျပန်ရဲ့နယူးရီးယားက ဘာဗျောက်သံ ဘာမီးရှုးမီးပန်းမှမပါပဲ သာမန်အချိန်တွေထက် ပိုပီး ငြိမ်သက်ပါတယ်။ပိတ်ရက်က ၂၉ဒီဇင်ဘာကနေ ဇန်န၀ါရီ ၅ ရက်နေ့ထိ ပိတ်ပါတယ်. တကယ့်ပိတ်ရက်ကတော့ ၃၁ကနေ၅ရက်လောက်အထိပါ။ ဟိုးအရင်တုန်းက များ အကုန်ပိတ် ပထမဆုံးဂျပန်မှာ နှစ်သစ်ကူးတဲ့နှစ်နဲ့ ကြူံတုန်းက ထမင်းငတ်ဘူးတယ်။

ဘဏ်တွေလည်းပိတ် စူပါတွေလည်း ပိတ်  အဲ့တုန်းက ခုလို convenience store တွေက ခုလို နေရာတိုင်းသိပ်မတွေ့  ကိုယ့်စိတ်ထဲထင်ခဲ့ဘူးတာ နိုင်ငံခြားက နယူးရီးယားဆိုတာ မီးတွေထိန်ထိန်လင်းစည်စည်ကားကားထင်တာကိုး  ၉၉နောက်ပိုင်းကြတော့ အဲ့လိုမဟုတ်တော့ဘူး မပိတ်တဲ့ ကုန်တိုက်တွေ စူပါမားကတ်တွေ ရှိလာတယ်။
ဒီတစ်ခါ မျှဝေခြင်တာက
ဂျပန်ကသက်ကြီးပိုင်းအိမ်တွေတော်တော်များများမှကျန်ရှိနေသေးတဲ့ ဓလေ့လေးတစ်ခုပါ။ ဂျပန်ရဲ့ နှစ်သစ်ကူးတဲ့ ဓလေ့တွေထဲက အထင်ကရလေးကိုရွေးပီးရေးပါရစေ။
သူတို့ရဲ့နှစ်ကူးကို ညဘက်၁၂နာရီမှာ ဘုန်းကြီးကျောင်းဘုရားကျောင်းတွေမှာ ခေါင်းလောင်းကို ၁၀၈ကြိမ် ထိုးကြပါတယ်။အဲ့ဒီခေါင်းလောင်းထိုးဖို့တန်းစီနေတဲ့ ဧည့်ပ၇ိသတ်ကလည်း များပါတယ်။ နာမည်ကြီးကျောင်းတွေဆိုပိုပီးလူကျပ်ပါတယ်။ ဇန်န၀ါရီ ၁ရက်နေ့ရဲ့ မနက်စောစော ကိုတော့ သူတို့ အခေါ်
Hatsu hinode လို့ခေါ်တဲ့ ပထမဆုံးထွက်တဲ့နေမင်းကို ပူဇော်ဆုတောင်းခြင်းဆိုတဲ့ ဓလေ့ရှိပါတယ်။ လူကြီးလူငယ်မရွေး ကီမိုနိုလေးတွေ ၀တ်ပြီး ဘုရားကျောင်း နတ်ကျောင်းတွေမှာလာပီးဆုတောင်းကြပါတယ်။
ဒါကအကြမ်းဖျင်းရေးလိုက်တာ

ကဲသူတို့ ဘာစားကြသလည်း။ ကျွန်မတို့  တန်ဆောင်တိုင်လပြည့်ညမှာ မယ်ဇလီဖူးသုတ်စားသလို သူတို့ လည်း သူတို့ ရဲ့ နှစ်ကူး ဒီဇင်ဘာ ၃၁ ရက်မှာ toshikoshi soba လို့ ခေါ်တဲ့ ပန်းဂျုံခေါက်ဆွဲ စားပါတယ်။ toshikoshi ဆိုတာကတော့ နှစ်ကိုကျော်ဖြတ်ခြင်း soba ကတော့ အားလုံးသိကြမယ့် ပန်းဂျုံကိုခေါ်တာပါ။ ကုန်လွန်တော့မယ့်နှစ်ရဲ့ မကောင်းမှု့  ပင်ပန်းမှု့ တွေ ကိုကျော်လွန်ပီးကောင်းမွန်တဲ့နှစ်သစ်ကိုသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်ခေါက်ဆွဲက ရှည်တယ်လေ ။
အသက်ပိုရှည်ပါစေဆိုတဲ့ အယူနဲ့လည်းစားကြတာတဲ့။
ခုနောက်ပိုင်း အလွယ်တစ်ကူ စူပါမားကတ်တွေမှာရောင်းလာပါတယ်။

နောက်တစ်ခုကတော့ osechi ryori လို့ ခေါ်တဲ့ နှစ်သစ် ၃ရက်၎ရက်လုံးအတွက် ကြိုတင်ချက်ပြုတ်ပီး ထားတဲ့ အစားအသောက်တွေပါပဲ အတိတ်ကောင်းနိမိတ်ကောင်းစေမယ့် အစားအသောက်ဆိုပီး တစ်ခုဆီကို ဂျပန်အမေကြီးရှင်းပြဖူးတယ် ကိုယ့်မျက်လုံးထဲမှာတော့ အိမ်ကမေမေ ဘယာကျော်ကို ဘေးဘယာကျော်အောင် ဆိုပီးဘုရားတင်သလိုပဲ လို့ သဘောပေါက်ဖူးတယ်။
အစဉ်အဆက်အိမ်ရဲ့ တံဆိပ်ပါတဲ့ ယွန်းထမင်းဘူးအဆင့်ဆင့်ထဲမှာ မနက်စာညစာ ကို ညီတူမျှတူခွဲပီးလှလှပပစီတန်းထည့်ထားတာကလည်း သူတို့ရဲ့မျက်လုံးနဲ့စားတဲ့ ဓလေ့တစ်ခုပါပဲ။ ဟင်းအမယ်က အနည်းဆုံးမရှိဘူးဆို ၁၅မျိုးလောက်တော့ရှိတယ်။ခုနောက်ပိုင်းမှာအသင့်ပြင်ဆင်ပီး နှစ်ကူးဟင်းတွေကလည်း စူပါမားကတ်မှာ အတော်ရောင်းကောင်းပါတယ်။
လူကြီးပိုင်းတွေကတော့ကိုယ်တိုင်ချက်ရတာကိုက သူ့တို့
ဝါသနာပေါ့ ကျွန်မတို့ ကမုန့် ဟင်းခါးထုပ်ကိုချက်စားတယ်  အိမ်ကမေမေတို့ က ကိုယ်တိုင်ငါးကိုဆီသပ် မုန့် ဟင်းခါးချက်သလိုပေါ့။

မှတ်ချက်   ပို့စ်တင်ခြင်တာအရမ်း ခုတစ်လော လုံးဝမနားရသေးဘူး  ဆရာဖြစ်သူခိုင်းတာတွေများလို့ 
စာအုပ်နဲ့ မျက်နှာနဲ့ အိပ်ချိန်ကလွဲလို့ မခွာရဘူး  ခုလေးတင် meeting ပီးတယ် . ရေးထားတာလေးတွေ နည်းနည်းပြင်တယ်   ၃ရက်နေ့ ထိပိတ်ရက် ရတယ်။
ဘော်ဘော်တွေ မကြီးတွေ ကိုကြီးတွေ ကို နှုတ်ဆက်ခြင်လို့ ပို့ စ်တင်လိုက်တယ်.
                ကျန်းမာလန်းဖြာ ၀မ်းသာစရာ နှစ်သစ်ဖြစ်ပါစေ ရှင်
ကဲ ကားဘီးတွေ ကို နှင်းတောထဲ မောင်းလို့ ရအောင် လဲထားတယ်…သဘောပေါက်…. ခရီးထွက်မလို့ 
ခရီးက ပြန်လာမှ ပို့ စ်ထပ်တင်မယ် ……တာ့တာ့
စာလုံးပေါင်းမှားရင် သည်းခံဖတ် ............


Photos from google..



Friday, December 10, 2010

KOBE LUMINARIE အနုပညာလက်ရာမြောက် မီးထွန်းပွဲ...

ဒီတစ်ခါတော့ ဂျပန်က လက်ရှိအနေထားလေး ဝေမျှပါရစေ။

KOBE LUMINARIE (illumination  festival ) လေးပါ။

Entrance



၁၉၉၅  ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ magnitude 7 အဆင့်နဲ့ (KOBE)မြို့ ကို ပြာပုံဘ၀ရောက်သွားစေ
တဲ့ ငလျှင်ကြီးအကြောင်းကြားဖူးကြမှာပေါ့ ….
မြန်မာလူမျိုး နှစ်ယောက် ဆုံးသွားပါတယ်။(ဒါကအချင်းချင်းပြောလို့သိရတာပါ) ။
ငလျှင်ဒဏ်နဲ့  သေကံမရောက်  သက်မပျောက်ခဲံ့တဲ့ Phd  လာယူတဲ့  မြန်မာ အမကြီးတစ်ယောက် ကတော့လက်ရှိ ရန်ကုန်မှာ ဂျပန်ဘာသာသင်တန်းဖွင့်ထားပီး အောင်မြင်နေပါတယ်။ အဲ့ဒီ့တုန်းက  ဂျပန်အစိုးရက ဆေးကုသမှုအပြင် အခြားသောထောက်ပံ့ကြေးတွေပါပေးတာသိရပါတယ်။
ကျန်တဲ့ဆုံးသွားတဲ့ မြန်မာ တစ်ယောက်ပါတဲ့ ဂူကိုတော့ မြန်မာတွေ နှစ်စဉ်သွားတဲ့ Koyasan ဆိုတဲ့တောင်ပေါ်မှာတစ်ခါ တွေ့ ဖူးပါတယ်။
အခုရေးမှာက ပြာပုံထဲက KOBEရဲ့ တစ်စိတ်တစ်ပိုင်းအကြောင်းလေးပါ။ ၁၉၉၆ မှာ ဂျပန်ကိုရောက်ပါတယ်။ KOBE သွားလည်တော့ ငလျှင်ဒဏ်ခံခဲ့ရတဲ့ KOBE ၊ မြန်မာပြည်က စာတွေမှာမြင်ဘူးတဲ့ KOBE ပုံနဲ့ က တစ်ခြားစီမို့လို့  ငလျှင်ဘယ်နားလှုပ်သွားတာလည်း လို့ မေးယူရတဲ့အထိပါပဲ။  တစ်နှစ်အတွင်းမှာ
KOBE ရဲ့ ပြုပြင်ပြောင်းလည်းတိုးတတ်မှု့  နောက်ငလျှင်သင့် ပြည်သူတွေရဲ့ နေစရာအနေထားအဆင် သင့်ဖြစ်အောင်ပြန်လည်တည်ထောင်ပေးမှု့ လက်ရှိ ၁၄ နှစ်နီးပါးကျော်သွားပေမယ့် ဘယ်လိုမှ  ပြန်ပီးမတည်ထောင်နိုင်လောက်တော့တဲ့
ဝင်ငွေမရှိတော့တဲ့ သက်ကြီးရွယ်အို တစ်ချို့  (အရေတွက်ကတော့နည်းပါတယ်)
ငလျှင်သင့် ပြည်သူတို့ နေထိုင်နိုင်ရန်ဆိုတဲ့ ယာယီအဆောက်အဦးမှာ  မှာဆက်လက်နေထိုင်ဆဲပါ။ (သူတို့ယာယီအဆောက်ဦးက အိမ်လိုပါပဲ သေးတာနဲ့ ကြီးတာလောက်ပဲ ကွာပါတယ်)
ငလျှင်အကြောင်းပြန်ဆက်ရလျှင် မျက်စိရှေ့မှာရှိနေတဲ့ KOBE   တစ်နှစ်ကျော်အချိန်လေးမှာ အဲ့လောက်   
ပြောင်းလည်း  တိုးတက်ပီး ပြည်သူတွေ ပုံမှန်နေထိုင်သွားလာတာကို မြင်မိတော့ မယုံနိုင်လောက်အောင်ပါ ပဲ။  ငလျှင်မှတ်တမ်းကိုဓာတ်ပုံပါတဲ့ စာအုပ်တွေ စာတမ်းတွေ လိုက်ရှာပီးကြည့်ပါတယ်။ အဲ့ဒီင်္ခေတ်က အင်တာနက်ခေတ်မဟုတ်သေးအလွယ်တစ်ကူ သိပ်မတွေ့ခဲ့ရဘူး။  အဆောင်တူတူနေတဲ့ မြန်မာဆရာ
 တစ်ယောက်က ငလျှင်တုန်းက အတွေ့ကြုံကို ပြောပြပီး အဆောင်ရဲ့အက်ကွဲကြောင်းကိုပါပြပါတယ်။ KOBE နဲ့ အတော်လှမ်းတဲ့မြို့ ပေမယ် အဲ့လောက်အထိ ရိုက်ခတ်သွားတယ်ဆိုတာ သိသာမြင်သာခဲ့ပါတယ်။
 စာရွက်စာတမ်းတွေလိုက်ရှာ နောက်ဆုံး ဓာတ်ပုံ စာအုပ်ရလာတော့  ပြောင်းပြန်နီးပါးလန်နေတဲ့
ဟိုက်ဝေးလမ်းကြီးတွေ မီးခိုးတွေ  မီးတွေလောင်နေတဲ့ပုံတွေက လောက ငရဲဆိုတာဒါများလားလို့ တောင်
လန့်သွားပါတယ်။ ပီးခဲ့သော နှစ်တွေက  တရုတ်မှာ ဖြစ်သွားတဲ့ ငလျှင်ထက် အများကြီးကို ပျက်စီးနေတာပါ။  နောက်မနက်စောစော ရထားတွေ စပြီးပြေးစ မှာ လှုပ်သွားလို့သာပါ။ မနက် ၅း၄၅ မှာလှုပ်တာကိုး။  ရုံးချိန်သာဆိုဘယ်လောက်  အသေအပျောက်များလိုက်မလည်းလို့ တွက်ချက်ပြကြပေါ့ 
၆၄၀၀ကျော်သေဆုံးနဲ့  ၃သောင်းကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိ KOBE
Photo from google.
 ဟာ နိုင်ငံခြားသားတွေ အတော်ကြိုက်တဲ့မြို့ပါ။ တစ်ဘက်မှာတောင်တန်း တစ်ဘက်မှာကမ်းခြေနဲ့ မြို့က မော်ဒန်တိုက်တွေနဲ့ တခြားမြို့တွေနဲ့ နှိုင်းရင် ခေတ်မှီသစ်လွင်သလို နိုင်ငံခြားသင်္ဘောတွေ အကပ်များတဲ့ဆိပ်ကမ်း တစ်ခုလည်းဖြစ်နေတော့ အစားသောက်ဖွယ်ရာလည်းစုံလင်စွာဝယ်လို့ ရပါတယ်။ ဂျပန်မှာ yokohama ရယ် kobe ရယ်က တရုတ်တန်းရှိတဲ့ မြို့ ပါပဲ။

၁၉၉၅ ရဲ့ဒီဇင်ဘာလမှာတော့ KOBE luminarie ဆိုပီးစလုပ်ပါတယ်။ အီတလီနိုင်ငံအစိုးရကနေ လှုဒါန်းတယ်လို့ သိရပါတယ်။ ကျွန်မက ၉၆ မှာ စရောက်တာ ဆိုတော့ ဒုတိယအကြိမ် မီးထွန်းခြင်းကိုမှီတယ်လို့ ဆိုရမှာပေါ့။
ဂျပန်ရဲ့ ကန်ဆိုင်းဒေသ ( အိုဆာကာ၊ ကျိုတ၊ို နာရာ၊ ကိုဘေး) မှာတော့ KOBE Luminarie ကနာမည်ကြီး ပွဲတော်လို့ ခေါ်ရမယ့်အထင်ကရတစ်ခုပါပဲ။
Luminarie ဆိုတာက ၁၆ ရာစုနှစ်ဟောင်းပိုင်းလောက်မှာ ဥရောပမှာ စတင်ပီး
ခေတ်စားလာတဲ့ မီးဖြင့် ပူဇော်ဆုတောင်းပွဲလုပ်တဲ့ အနုပညာတစ်ရပ်လို့ ဖော်ပြထားပါတယ်။။ ခုKOBEကလည်း ၁၉၉၅ ခုနှစ်ကနေ လက်ရှိ ၂၀၁၀ ထိ ကို နှစ်စဉ်ဒီဇင်ဘာလတိုင်းမှာ တစ်နှစ်တစ်နှစ်
ခေါင်းစဉ်အမျိုးမျိုးတပ်ပီး ဒီဇိုင်းအမျိုးမျိုးနဲ့ ကျင်းပလာပါတယ်။ ၁၉၉၅တုန်းက ခေါင်းစဉ်က မျော်လင့်ချက် အိမ်မက်ဖြင့်အလင်းလို့ အဓိပ္ပါယ်ရတဲ့ ခေါင်းစဉ်လေးနဲ့ စတင်ခဲ့ပါတယ်။
 အိုးအိမ်မဲ့သွားတဲ့ မိသားစုတွေ ကို ဆုံးရှုံးလိုက်ရတဲ့ သူတွေ ငလျှင်ကြောင့်သေဆုံးသွားတဲ့သူတွေ အတွက် ဆုတောင်းပေးတဲ့အနေနဲ့ ပြုလုပ်ပေးခဲ့တာကို အနယ်နယ်အရပ်ရပ်က လူတွေ က လာရောက်ပီး မီးထွန်းပွဲကို တစ်ကူးတစ်က ကြည့်ခြင်းအားဖြင့် KOBE ရဲ့ ၀င်ငွေကို တိုးစေခဲ့တယ်လို့ ဆိုပါတယ်။စစခြင်းနှစ်မှာပဲ လူပေါင်း ၂၅သိန်း၎သောင်းကျော် နီးပါးလာရောက်ခဲ့ကြပါတယ်။
၁၀ရက်လောက်ကျင်းပတာပါ။ ၂၀၀၉ ခုနှစ်မှာတော့ လူပေါင်း ၃သန်းကျော်လာရောက်ကြည့်ရှုခဲ့ပါတယ်။
ဝင်ငွေတိုးတယ်ဆိုလို့ လာကြည့်သူတွေ ကို ပိုက်ဆံကောက်တာမဟုတ်ပါဘူး ။အလကားကြည့်ရတာပါ။ အများစုက ရထားကို အသုံးပြုပြီးသွားကြတယ်လေ နောက်ပီး အဲ့ဒီဒေသရဲ့ထွက်ကုန် နာမည်ကြီး ကိုဘေး အမဲသား  (KOBE GYU) KOBE ရဲ့ ချောကလက်တို့  နောက် KOBE မှာရှိတဲ့ တရုတ်တန်းရဲ့ ရောင်းအား နောက် အဲ့အချိန်နဲ့ ကိုက်မိနေတဲ့ကုန်တိုက်တွေရဲ့ Discount တွေက ရောင်းအားပိုမိုတတ်လာခြင်းကိုဆိုလိုတာပါ။
main pavilion
ဗော်လန်တီယာအုပ်စုတွေရဲ့  ယန်း၁၀၀ကန်ပိန်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်နှစ်တွေလည်းဆက်ပီး ပြုလုပ်နိုင်ရန် ယန်း၁၀၀လှုကြပါ ဆိုတာလေးတွေ
တွေ့ရပါတယ်။ အလှူငွေထည့်တဲ့သူတွေကို luminarie ပုံပါတဲ့ ဖြတ်ပိုင်းလိုမျိုးလေးတွေ ပြန်ပေးပါတယ်။
Main pavilion မှာတော့ အလှူငွေပစ်ထည့်လို့ရတဲ့ ခေါင်းလောင်းပုံနေရာလေးကို ခရစ်စမတ်ကာလနဲ့လိုက်ဖက်အောင်လည်း ပြင်ပေးထားပါတယ်။ ထွန်းထားတဲ့ မီးတွေရယ် စည်းကမ်းရှိရှိ သွားနေကြတဲ့ လူတန်းကြီးရယ် လွင့်ပေးထားတဲ့ သီချင်းတီးလုံးတွေရယ်က လွမ်းမောစရာ
ဝမ်းနည်းသလိုတော့ ခံစားရပါတယ်။
ဒီနှစ်KOBE Luminarie ရဲ့ ခေါင်းစဉ်က ဂျပန်လိုတော့  hikari no shinjou 光の心情 ရောင်စဉ်များ၏ ခံစားချက်လို့ ပဲ ဘာသာပြန်လိုက်ပါတယ်။ ငလျှင်ဒဏ်သင့်ပြည်သူတွေကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ အထိမ်းအမှတ်နဲ့ သူတို့ နှစ်စဉ်ပြုလုပ်နိုင်ရန် ကြိုးစားနေကြပါတယ် ဆိုတဲ့နယ်မြေခံတွေ
ဝန်ထမ်းတွေ....   မရောက်တာကြာပီ ဖြစ်တဲ့ Kobe luminarie ကိုကြည့်ရင်း ပြန်လည်ထူထောင်ရေးနဲ့ ကျွန်မတို့ ဆီက ဘ၀တွေကိုတွေးရင်း.............



(စိတ်ထဲမှာစာတွေရေးချင်နေပါတယ် ခုတစ်လောနည်းနည်းအားသွားတော့ ဟိုအကြောင်းဒီအကြောင်းလေးတွေရေးချင်ပေမယ့် မျက်မှန်က ပါဝါတိုးတိုးနေပါတယ်... စာလုံးပေါင်းကျန်ခြင်းမှားခြင်းများသည်းခံဖတ်ပေးကြပါ။
မှတ်ချက်....... ဖွားဖွားကြီးမဟုတ်...အဖွားလေးလည်းမဟုတ်.....း)

မနေ့ကပို့စ်ကိုတင်လိုက်တာ လူဦးရေ တနေ့လာတဲံ့လူဦးရေကိုမှားပီးရေးမှိပါတယ်.စုစုပေါင်း ၂သိန်းကျော်ဆိုပီးရေးထားမိပါတယ်..၂၅ သိန်းကျော်ပါ.. ယခုပြင်လိုက်ပါပီ။
(၁၁.ဒီဇင်ဘာ ၂၀၁၀)

 ကြည်ကြည်

Monday, December 6, 2010

အတွေ့စားမှာလား အငွေ့စားမှာလား အမြင်နဲ့စားမှာလား.......ပုံဂံခရီး...



ကဲအဲ့ဒါဘာလည်း.....

အရင်ဆုံးပြောချင်တာက လူရွှင်တော်တွေ  ပျက်သလို အတွေ့မစားဘူး နတ်ဆိုတာအငွေ့ပဲ စားတာဆိုပီး နတ်တင်ထားတဲ့ အရာတွေကိုပြန်ယူတော့  နတ်ဟန်ဆောင်တဲ့ လူက စိတ်တွေတိုရော ဟော.ခု ကျွန်
မတို့ အတွေ့ အငွေ့ တင်မဟုတ်တော့ဘူး။  မျက်လုံးနဲ့ပါစားတတ်နေကြပြီ။ ဟင်းချက်ကောင်းတဲ့လူတွေ ကလည်း ချက်ပြီးတင်ကြ။  ဆူရှိကျွမ်းကျင်လှပစွာ လိပ်တတ်တဲ့သူတွေကလည်း ကြွား အဲ့လေ   fb မှာလာလာကျွေး ..း)
တစ်လောက မယ်ဇလီဖူးသုတ်လေးစားချင်တော့ စားနေတဲ့သူငယ်ချင်းကို ယုံဘူးဓတ်ပုံပြ ဆိုတော့ဓတ်ပုံလေး ပို့လာရှာတယ်.. ဓတ်ပုံလေးကြည့် ပြီးကိုယ့်မှာအရသာခံ  တောနယ်ဆိုတော့ စာကလေးအမွေးလောက်နံနံပင် ၄ ပင်လောက်ကို ယန်း၂၀၀လောက်ပေးနေရတာကိုး ။ မယ်ဇလီဖူုးဆိုတာတော့ ဝေးလို့ .. ကိုယ်မေမေ့ပြောသလိုဆိုရင် ပျော်ပါဘူးအေ ညည်းတို့ ဂျပန်တွေ မုန့်ဟင်းခါးမနက်တိုင်းစားမှ ကျူပ်အဲ့မှာနေမယ်ဆိုသလိုသာဆိုခက်ပြီ။  ဒီတော့ကိုယ်လည်းမျက်လုံးနဲ့ စားတတ်နေတာကြာပေါ့။  ဂျပန်တွေက  အရသာအပြင် တစ်ကယ်လည်း မျက်စိပသာဒ ဖြစ်အောင်လုပ်ပြီးစားတယ်။  ကြည့်ပါလား ဒီမှာ မယုံရင်

 အစားအသောက်တွေမှာ ဂန္ဓမာပန်းအသေး
အ၀ါရောင်လေးတွေလည်း တန်ဆာဆင်တဲ့အပြင်စားလည်းစားတယ်။
ရာသီရယ်ရာသီဥတုလေးရယ်ပေါ်ကိုမှီပီး ပုဂံခွက်ယောက်တွေကိုသုံးတယ်။ အရသာကတော့ နာဂိုယာ အရာသာ  ကျိုတို အရသာ တိုကျိုအရသာ ဟိုကိုင်ဒိုးအရသာဆိုပီး သတ်မှတ်ကြပြန်ရော . နဂိုယာအရသာကြတော့    နည်းနည်းပြင်းတယ်။  မိဆိုး(miso)တို့ ဆားတို့ သိပ်သုံးသလိုပဲ. ဟော..ကျိုတိုဘက်ကြတော့  အရသာက   ပေါ့ပေါ့လေး ဟင်းရည်လေးတွေဆိုလည်းကျဲတယ်။ တိုကျိုလိုနေရာမျိုးမှာ ကျိုတိုမှာ ဆိုင်ရင်းရှိတယ်ဆိုတဲ့ ဂျပန်ဆိုင်စစ်စစ်ကဈေးကြီးတယ်။
ကိုယ်ကတော့ဆရှိမိတစ်ပွဲ(တစ်တုံးသို့၂တုံးပဲပါတဲ့)ယန်း၁၀၀ဆိုင်လောက်ပဲ အမြဲသွားနိုင်တာပါ။
US တော့မသွားတော့ပါဘူး။  တစ်ပွဲကို ၄ဒေါ်လာဆိုတော့ကိုယ်နဲ့ မကိုက်ဘူး……….း)
မြို့တော် တိုကျိုဆိုတာက တော့ အရသာကစုံတယ်။ မြို့တော်ဆိုတာ အနယ်နယ်အရပ်ရပ်က တောသားတွေ လာစုတာကိုး.....း) ဒီတော့ နယ်ပေါင်းစုံက စားသောက်ကုန်အကုန်ရ။ အင်းအဲ့လို ပြောလို့ တိုကျိုသူတွေ ကြားရင် စိတ်နာမလားပဲ...

ကျိုတို ကဟင်းရည်တွေက ကျဲတဲတဲလေးကို အရွက်သေးသေးမွှေးမွှေးလေးတွေ ကလည်းထည့်
တတ်သေးတယ်။ ခက်တာက နေရာတိုင်းအတူတူလို့ ထင်ရင်တော့မှားပေမပေါ့။
ဒီလိုနဲ့  ၂၀၀၂ လောက်က ပေါ့။ ကြည်ကြည် ဒီမှာနေခဲ့တုန်းက မိသားစုက မြန်မာပြည်လိုက်လာရော ဒီလိုနဲ့ ကြည်ကြည်တို့  ပုဂံသွားတယ်။ နိုင်ငံခြားသားအစားများတဲ့  green elephant စားသောက်ဆိုင်မှာစားတယ်။ သူကမြစ်ဘေးလေးကို ကြည့်ပြီးတမာပင်ကြီးကြီးရဲ့ အောက်မှာခုံကလေးတွေချပေးထားတာ။ ထမင်းစားရင်း တစ်ခါတစ်ခါကိုယ့်ပန်းကန်ထဲ တမာရွက်ကလေးတွေ က လေအဝေ့မှာကြွေကျသေး…………
အဲ့တုန်းက မီနူးက တန်ပူရာ ပုဇွန်ကင် ထမင်းကျော်နဲ့ အသုတ် ပဲကြာဆံဟင်းချို အပြင် အပေါ်က ပုံလေးကလည်းSet ထဲမှာပါလာတယ်။ ပုဂံဆိုတော့ ဟင်းခွက်လေးတွေ က ယွန်းခွက်တို့ နောက် အင်တုံတို့ ပေါ့…..စားလည်းပြီးရော. ယွန်းခွက်လေးထဲ အပေါ်က ပုံအတိုင်း ထည့်ထားတဲ့အရာကို   ဂျပန်အမေကြီးကဂွတ်ကနဲ့  မော့သောက်လိုက်ရော အထဲက ဂန္ဓာမာပန်းလေးပါကောက်ဝါးလိုက်သေး ...………………….ပြီးတော့အရသာမရှိဘူုးတဲ့..........
ဝိတ်တာလေးကအမောတကောပြေးလာတယ်………….အမ အဲ့ဒါပုစွန်ထုပ်စားပြီးရင် လက်ဆေးဖို့ တဲ့ ....
ဆိုးလိုက်တဲ့ ပုဂံသားတွေ...း)

တိုကျို Tokyo
ကျိုတို Kyoto
ဆူရှိပုံ google မှ ယူပါသည်။
ကြည်ကြည်