Showing posts with label ရောက်တတ်ရာရာ ဂျပန်မှာ. Show all posts
Showing posts with label ရောက်တတ်ရာရာ ဂျပန်မှာ. Show all posts

Saturday, September 10, 2011

ကန်ဆိုင်းက အစားအစာများ (kansai အစားအစာ)

ရန်ကုန်အကြွား မော်လမြိုင်အစား မန္တလေးစကားလို့ဆိုကြတယ်မို့လား ။ ဒီလိုပဲ ဂျပန်မှာလည်း နာဂိုယာအကြွား အိုဆာကာ စကား လို့ပြောကြတာပဲ ။အိုဆာက က စကားက သာမန်ဂျပန်စကားထက်နည်းနည်းလေး
 အသံဝဲတာတို့နောက်အသုံးနှုန်းနည်းနည်းကွာတာလေးတွေရှိတယ်။
ဂျပန်လိုကျေးဇူးတင်တာကို. Arigatou လို့ ပြောကြပေမယ့် အိုဆာကာဘက်ကြတော့ Domo Okini လို့ပြောကြတာကို။

ဒီတစ်ခါတင်ပြချင်တာက အစားအသောက်ပေါ့။ (အစားသောက်ဘလော့တွေသွားပီးသရေကျရတာများလွန်းလို့)။

ကျွန်မတို့ကျိုတိုဘက်က ဟင်းတွေက ပေါ့ပေါ့လေးတွေများတယ်။ ဒီတစ်ခါတော့ဟင်းတွေထက် ချဉ်ဖတ်ကိုအထိကထားပီးရေးချင်တယ်။ ဂျပန်တွေလည်း ချဉ်ဖတ်ကိုအမျိုးမျိုးချဉ်ပါတယ်။ ဆားနဲ့ချဉ်တယ်။ ရှာလကာရည်နဲ့ချဉ်တယ်။ ဖွဲနုနဲ့ချဉ်တယ်။နောက်တစ်ခုကတော့ မီဆိုးပေါ့လေ မီဆိုးနဲ့ချဉ်တယ်ပေါ့။
ဟော ကျိုတိုနားက နာရာကြတော့ အရက်နဲ့ချဉ်တဲ့ချဉ်ဖတ်ကနာမည်ကြီးသလိုအရသာကြတော့ အတော်ကိုလေးတယ်။ ဂျပန်လူမျိုးတွေက စစ်ပီးခေတ်မှာ စားစရာမရှားလွန်းလို့ ထမင်းဖြူနဲ့ ချဉ်ဖတ်ကိုသာအဓိကစားခဲ့ကြတယ်တဲ့ကွယ်။



နာရာ မုန်လာဥချဉ်ဖတ်

နာဂိုယာကြတော့ ဘာလုပ်လုပ် မီးဆိုးသိပ်ထည့်သလိုပဲ အရသာတွေလည်းသိပ်ပြင်းတယ်။ ကြည်ကြည်တော့မစားနိုင်ဘူး။ ကျောင်းကိစ္စနဲ့သွားရတိုင်းဆရာတွေ အသိတွေက ခေါ်သွားတာက တစ်ကယ့်နာဂိုယာစတိုင်စားသောက်ဆိုင်. ကြက်တောင်ပံကြော်ကနာမည်ကြီးတယ် အဲ့အပေါ်မှာ မီဆိုးအနှစ်ကို ပျစ်ပျစ်ကြီးဆမ်းထားတာ. ဘယ်လိုမှ စားရတာအဆင်မပြေ.


ဒါက၀က်သားပြားကျော် မီးဆိုးအရာသာမီဆိုးကလည်းဆမ်းထားသေးတယ်



တစ်လောက တိုကျိုကအမက လာလည်တော့ ကျိုတို ISETEN အောက်မှာဝယ်လိုက်တဲ့ ကျိုတိုချဉ်ဖတ် အဲ့ဒါတွေကို အမှတ်ရတော့ ဓတ်ပုံမရိုက်လိုက်ရတာကို နှမျောနေတယ်။ ဒီတော့ ဂူဂယ်ကနေ ရှာလိုက်တာပေါ့.
သခွားသီးချဉ်ဖတ်ကတော့ ဂျပန်ရဲ့ထမင်းပွဲတိုင်းမှာထည့်ပေးလေ့ရှိတယ်လေ။ အရောင်လေးတွေသာကွာတာ ..
မုန်လာဥချဉ်ဖတ်ကလည်း ဂျပန်ရဲ့အဓိကလို့ဖြစ်နေပြန်ရော။
နောက် ကျွန်မတို့ဘက်က အစားများတာက ခရမ်းသီးချဉ်ဖတ်



ကဲကြည်ကြည်တို့ မြန်မာတွေ ကြောင်ရှာသီးချဉ်ဖတ်ရှိတယ်နော်။ ကြက်ဟင်းခါးသီးချဉ်ဖတ်တော့မရှိဘူးထင်တယ်နော်။ ဂျပန်လည်းကြက်ဟင်းခါးသီးကို စားတာ ဆယ်စုနှစ်တစ်ခုလောက်ပဲရှိအုန်းမယ် အရင်တုန်းကသိပ်မရှိဘူး။ သူက အပူပိုင်းအသီးကိုး။ ၁၉၉၀ လောက်အထိ အိုကီနာဝါမှာပဲ အထိကစိုက်ခဲ့တယ်လို့သိရတယ်. ခုချိန်မှာကြက်ဟင်းခါးသီးကို ဂျပန်လို GO-YA လို့ခေါ်ကြတယ်။ ဒါကလည်း အိုကီနာဝါမှာ GO-YA လို့ခေါ်လို့တဲ့။ သူတို့စာထဲမှာလည်း ကြက်ဟင်းခါးသီး = အိုကီနာဝါမှလာသော ခါးသောသခွားသီးအမျိုးစားလို့ရေးထားတာကိုး။
ကျိုတိုမှာတော့ ကြက်ဟင်းခါးသီးကို ငရုတ်သီးလေးနည်းနည်း ရှာကလာရည်ရယ် လယ်မွန်ရယ်နဲ့ချဉ်ထားတာလေးတွေ့ခဲ့တယ်။

နောက်တစ်ခုက ဖရုံသီးကင်းလေးတွေ ချဉ်ဖတ် သူကတော့ သိပ်စားမကောင်းသလိုပဲ ကြိုက်ဘူး။
စားကြည့်လို့ မဆိုးဘူးလို့ထင်လိုက်တာက ဖရဲသီးကင်းလေးတွေချဉ်ဖတ် ..

ဖရဲသီးချဉ်ဖတ်



ဒါကတော့ ကျိုတိုလို့ပြောလိုက်တာနဲ့ နာမည်ကြီး Kabura ချဉ်ဖတ်. မုန့်လာဥ၀ိုင်းနဲ့လုပ်တာ
မြန်မာပြည်မှာတော့ ရှမ်းပြည်ကအန်တီတစ်ယောက်လုပ်ပေးလို့ ဘူးသီးချဉ်ဖတ်စားဖုးတယ်။ ဂျပန်တွေကဗူးသီးသိပ်မစားသလို တစ်ချို့ သိပ်တောင်မမြင်ဘူးတဲ့သူတွေရှိတယ်။
မနှစ်ကနွေရာသီတုန်းက ကျိုတို Botanical  garden ထဲမှာ ဗူးသီးတွေ ကိုစင်ထိုးပီးစိုက်ပြထားတာ. ဗူုးသီးကြီးတွေလည်းကြီးမှကြီး အဲ့ဒါကိုတစ်ကူးတစ်က သွားကြည့်တဲ့သူတွေ များသား ကန်ဆိုင်းသတင်းထဲမှာတောင်ပါတယ်း)
ဂျပန်တွေ စားရကောင်းမှန်းမသိတာကတော့ ဗူးရွက်နုနဲ့ ဖရုံရွက်နု ပါပဲ ။


ကျိုတိုဟာ နိုင်ငံခြားသားတွေအတွက် လည်ပတ်စရာများလွန်းတဲ့မြို့ပါပဲ အနုပညာ၊ လက်မှု့၊
သမိုင်းအမွေနှစ် စသည်ဖြင့် ကြွယ်ဝလွန်းတဲ့မြို့ဖြစ်သလို အစားသောက်နာမည်ကြီးတွေကလည်းရှိတာကိုး။

ကျိုတိုလာတိုင်း လူတိုင်းစားကြတဲ့မုန့် လက်ဆောင်ဝယ်ပြန်တဲ့မုန့် ..မန္တလေးသွားလို့ ထိုးမုန့်ဝယ်သလိုမျိုးပေါ့လေ (ကြည်ကြည်တော့ ထိုးမုန့်၊လမုန့် မကြိုက်) …
NAMAYATSU HASHI တဲ့ သူကအခြောက်လည်းရှိသလို အစိုလည်းရှိတယ်။
ကောက်ညင်းနဲ့အပြင်သားကိုလုပ်ထားပီးအထဲမှာတော့ စတော်ဘယ်ရီ အရသာ၊ ကျိုတိုနာမည်ကြီး UJI လက်ဖက်ခြောက်အရသာ၊ ပဲအရသာစသည် ဖြင့်လုပ်ထားပီး အပြင်ဘက်ကိုတော့ သစ်ဂျပိုးမှု့န်လေးပါးပါးလေးဖြူးထားတဲ့အရသာပါ။
                                      နာမရစု ဟရှိ namayatsu hashi


အိုဆာကာ ကြတော့ Takoyaki လို့ခေါ်တဲ့မုန့်လင်မယား အလုံးပုံမျိုးထဲ
ကိုရေဘ၀ဲအသားလေးတွေတုံးပီးထည့်ထားတာကို အပေါ်ကနေ ငါးမှု့န့်ဖြူးထားတာ။ (ကြည်ကြည်မကြိုက်)



ဟိရိုးရှီးမားကြတော့ Okonomiyaki . ဂျုံမုန့်နဲ့ပျစ်ပျစ်ဖျော်ပီး အကြော်သံပြားပေါ်တင်ပြီးဘိန်းမုန့်လုပ်သလိုလုပ်ပီးအပေါ်ကနေ အသားတို့ ဂေါ်ဖီတို့ ကိုပုံထားပီး အပူပေးတာပေါ့လေ. သူကတော့ Mayonnaise နဲ့ နောက်သူတို့ရဲ့ ဆော့်စ့်နဲ့စားကြတာပေါ့ ။(ဒါလည်းကြည်ကြည်မစားဖြစ်)




ကဲဒီလောက်ဆို ဂျပန်လာလည်လို့ ကျိုတိုဘက်လာလည်မယ်ဆိုရင်တော့ ဘာတွေစားပီးဘာတွေဝယ်မလည်း နည်းနည်းတော့သိသွားပီပေါ့ ဟုတ်တယ်နော်…

Photos from google

Wednesday, August 31, 2011

ခိုရေ၀ နိပွန်းး) koreha nippon desu.

မြန်မာပြည်ရောက်ဖူးတဲ့ ဂျပန်တွေရော ဂျပန်မှာနေကြတဲ့ မြန်မာတွေရော ပြောတဲ့စကားရှိတယ်။ ဂျပန်မှာကြီးတဲ့ဟာတွေက မြန်မာပြည်မှာသေးတယ်တဲ့ မြန်မာပြည်မှာ ကြီးတာတွေက ဂျပန်မှာသေးတယ်တဲ့။
မြန်မာပြည်က မုန်လာဥတွေက သေးတယ်စပ်တယ်။ ဒီက မုန်လာဥတွေက မျိုးတွေပဲပြောင်းထားလို့ပဲလား ချိုပြီး နည်းတာကြီးတွေမဟုတ်ဘူး။ ဟော သခွားသီးလည်း ကြရော သေးသေးလေးတွေ ရှင်။ အရသာကတော့ အပြည့်ပေါ့ အဆူးလေးတွေတောင် ကျန်သေးတယ်။ မြန်မာပြည်က သခွားသီးကြတော့ကြီးကြီးတွေကိုး။
ဂျပန်က ငရုတ်သီးကို စပြီးစားပြီးလာတာ နှစ် ၂၀ တော့မပြည့်သေးဘူး။
ခုနောက်ပိုင်း ဂျပန်တွေ ငရုတ်သီးစားနိုင်ကြပေမယ့် လူကြီးတွေက မစားနိုင်ကြဘူး။ ငရုတ်သီး ၂ ကျပ်သား၁ဗူးလောက်ကို နှစ်ပေါက်အောင် ထားစားကြတာလေ။
၉၆ တုန်းကလောက်ဆို ငရုတ်သီးစပ်စပ်ဆိုတာ တီဗီအစီစဉ်တွေရဲ့
Quiz အစီအစဉ်တွေမှာရှုံးသူစားကြေး ဆိုတဲ့ အစားအစာ။ တဖြည်းဖြည်းနဲ့ ခေတ်ပြောင်းလာလိုက်တာ ခုများတစ်ခါတစ်ခါ သူတို့ခေါက်ဆွဲဆိုင်တွေမှာ ကိုယ်တောင်လက်ဖျားခါရအောင်စပ်တဲ့ မီနူး ရှိသရှင့်။
တိုကျိုလိုမြို့မှာတော့ ငရုတ်သီးစိမ်းဆိုတာမြင်နိုင်ပေမယ့် နယ်ဘက်မှာတော့ ငရုတ်သီးစိမ်း အစပ်ဆိုတာ ရာသီပေါ်ပဲ။
ဒီကြားထဲ တစ်ချို့ငရူုတ်သီးတောင့်ရှည်ကြီးတွေဆိုတာ စပ်မလိုလိုနဲ့ ချိုလိုက်တာ အရသာတော့ရှိတာပေါ့လေ။ ရောက်ခါစ မြန်မာတွေတော့ခဏခဏ မှားတာပေါ့လေ။ မြန်မာပြည်က တောရွာတွေမှာ ငါးလေး ဖားလေးရရင် မျှစားတယ်ဆိုတာကြားဖူးတယ်။ တို့တွေလည်း ဒီလိုပါပဲ။ ငရုတ်သီးစိမ်းအစပ်လေးဘာလေးရလို့ မျှစား အတော် မျက်နှာပွင့်တယ်။း)

ကြည်ကြည်က အစပ်ကြိုက်တယ်။
ငယ်ငယ်က အိမ်ဘေးမှာ ရခိုင်မိသားစုရှိတယ်။ သူငယ်ချင်းတွေ ရခိုင်သင်္ဘောသီးသုပ်ဆိုပြီး ငယ်ငယ်က သုပ်စားတာ အိမ်က အငယ်မ က ၆ တန်း ကိုယ်က ၁၀တန်း ရင်တွေပူုပြီး ငိုယိုလို့ ဘာမှမလုပ်တတ်ပဲ သူ့ကိုယ်ပေါ်ကနေ ရေတွေလောင်းချ ကိုယ်ပါ ရောငိုတာ ပြန်တွေးတိုင်းရီချင်တယ်။
တနေ့ကတော့ organic တွေ ရောင်းတဲ့ဘက် ခြေရှည်တော့ ငရုတ်သီး ရလာတယ်။ ငရုတ်သီးလှလှလေးတွေ ပါရလာတယ်။ အရှည်ကိုတော့စပ်တယ်တဲ့။ အပုလှလှလေးကိုတော့ သူလည်းမစားဘူးဖူးတဲ့။ ခုတစ်လောတင်တာတဲ့။ paprika အသေးစားနော်တဲ့။ အိမ်ရောက်တော့ ခေါက်ဆွဲကြော်ထဲ ကတ်ကျေးနဲ့ကိုက်ပြီးထည့်လိုက်တယ်။ ခေါ်ကြွေးတဲ့သူငယ်ချင်းလည်း ငို . ကိုယ်လည်းငိုး) ရင်တွေပူလွန်းလို့ ထမင်းပူမျိုချလို့လည်းမရ။ အာ် ဂျပန်ငရုတ် အထင်သေးမိလိုက်တာကိုး။
 တူတူဝယ်ကြတဲ့သူငယ်ချင်းတွေကို ငရုတ်သီး စပ်ကြောင်းဖုန်းနဲ့လိုက်ပြီးပြောရတာကိုက ပျော်စရာ ငရုတ်သီးရှားတာကိုး လို့ ။အညာက ငရုတ်သီးအပုမျိုးလားလို့  ကိုယ်လည်းအခြောက်ပဲမြင်ဘူးတာ။ ဆင်အော်ငရုတ်လို့ထင်တယ်။ မိုးယံပြောတာတော့ ကုလားအော်တဲ့။

ရေးချင်တာက တခြားအကြောင်းပါ။  ဂျပန်မှာတွေ့မြင်ရတဲ့ဆိုင်းဘုတ်လေးတွေက တစ်ခါတစ်ခါ ရီစရာကောင်းသလို စိတ်ဝင်စားစရာကောင်းတယ်။
ကျွန်မတို့နယ်ဘက်မှာ တိုကျိုကလို ဘဏ်ကြီးတွေက နေရာတိုင်းမှာမရှိဘူးလေ။ ဘဏ်တွေကိုလည်း Bank လို့မရေးဘူး သူတို့စာနဲ့ပဲ ginko လို့ရေးတယ်။ ကျောင်းသားတွေက အမြဲကွန်ပလိန်းလုပ်တယ်။ ဘဏ်ကိုတော့ဘဏ်လို့မရေးဘူးတဲ့ ဟော ဂျပန်က ဖုန်း ကုမ္ပဏီင်္ကြတော့ Soft Bank တဲ့။ ကျွန်မတို့ နေတဲ့နေရာက ကျိုတိုနဲ့နီးတယ် ။ ကျိုတိုဆိုတာ ကတော့ ပုဂံလိုပါပဲလေ။ နိုင်ငံခြားသားခရီးသွားက များတာကိုး။ တနေ့ကတော့ ဘူတာနားမှာကပ်ထားတဲ့စာတမ်းလေးတစ်ခု တွေ့တယ်။ အဲ့ဒီ့ကပ်ထားတာလေးအပြင် ဆိုင်အ၀င်ဝမှာလည်း ထပ်ပြီးအကြီးကြီးကပ်ထားတယ်။



We are selling Phone. တဲ့  Soft bank ဆိုတော့နိုင်ငံခြားသားတွေ ခဏခဏ ၀င်ပြီး ပိုက်ဆံထုတ်ဖို့ကြိုးစားကြလို့တူပါတယ်။

နောက်တစ်ခုက ဂျပန်က လေ ဆိုင်းဘုတ်လေးတွေကို ချစ်စရာကောင်းအောင်လည်းရေးတတ်ကြသလို သွယ်ဝိုက်စွာလည်း ရေးတတ်ကြတယ်။
မြန်မာလို ငှက်စာမကျွှေးရလို့ ရေးမယ် နေရာမှာ ဒီမှာတော့ ငှက်ပုံလေးဆွဲပြီး ငှက်ကလေးကပြောနေပုံနဲ့
တို့တွေကို အစာမကျွေးနဲ့နော် ကျေးဇူးပါတဲ့။

ကျွန်မတို့ မြိုက ရေကန်ကြီးရဲ့ဘေးမှာ ငါးကြင်းနီလိုငါးမျိုးတွေရှိတယ်။ ရေကန်ထဲက ငါးတွေကို ဂျပန်တွေက မျှားမျှားပြီး အမှိုက်ပုံးထဲပဲ ထည့်သွားကြတော့။  ငါးပုံလေးနဲ့ ကျွန်တော်တို့က စားလို့ကောင်းပါတယ်။ အိမ်ပြန်သယ်သွားပါလို့ ရေးထားတာလေးလည်းဖတ်ဖူးတယ်။

မြန်မာပြည် က ရေအိမ်တွေမှာ အား သန့်ရှင်းစွာ သုံးပါ ဆိုတာလေးတွေကို ဂျပန်မှာတော့ ဒီလိုရေးကြတယ်။



သို့
ဧည့်သည်
အမြဲတမ်း လှပသန့်ရှင်းစွာ သုံးပေးတဲ့ သင့်ကို ကျေးဇူးတင်ပါတယ်။ နောက်ဝင်မယ့်လူက ကျေးဇူးတင်ပါတယ်လို့ ဘေးနားမှာရေးထားသေးတယ်။ ဂျပန်မှာ ကာရာအိုကေ ဆိုင်က မြန်မာပြည်ထက်သက်သာတယ်။ ည၁၁ လောက်ကနေ မနက်၆ နာရီလောက်ထိကို တစ်ယောက်မှ ယန်းတစ်ထောင် ခုမြန်မာငွေနဲ့ဆို ၇၀၀၀ပေါ့ ။ အောက်ကပုံက အမျိုးသမီး ရေအိမ်တွေမှာ ထားပေးတတ်တဲ့ ဆားဗစ် ။ ဘာပဲဖြစ်ဖြစ် ကျေနပ်စရာ။

ဂျပန်ယာကူဆာကို ရကောက် လို့ ကျွန်မတို့မြန်မာတွေက အလွယ်တစ်ကူ ခေါ်ကြတယ်။ ဂျပန်တွေကတော့ ရာကူဆာလို့ မသုံးနှုန်းပဲ အကြမ်းဖက်အဖွဲ့စည်း လို့ သတင်းတွေမှာသုံးသလို public area မှာတော့ တတ်တူးထိုးထားသူလို့ ခေါ်လေ့ရှိတယ်။
ရေချိုးဆိုင်တွေ ရေပူစမ်းတွေ မှာ အမျိုးသမီးတွေ အခန်းမှာရော အမျိုးသားတွေ အခန်းမှာရော ကပ်ထားတတ်တာလေးရှိတယ်။


တတ်တူးထိုးထားသူများ ရေပူစမ်းဝင်ခြင်း အားနာပါ (သည်းခံပါ) တဲ့။

ရကောက်မှန်းသိရင် ကျန်တဲ့ဧည့်သည်တွေက မ၀င်ရဲကြတော့ဘူးလေ။ ခုချိန်ထိလည်း သူတို့ရဲ့ပါဝင်မှု့က ရှိနေသေးသကိုး။  ဂျပန်ပြည်က ပါချင်ကိုး လို့ခေါ်တဲ့ ဂိမ်းတွေ အရက်ဘားတွေ အိမ်ခြံမြေလုပ်ငန်းတွေမှာ လုပ်ငန်း ကြီးတွေမှာ သူတို့ပါသတဲ့။  

လေးစားစွာဖြင့်

ကြည်ကြည်

Thursday, August 11, 2011

ကိုယ်တို့မြို့လေးဆီ

ဂျပန်နိုင်ငံရဲ့ အကြီးဆုံးရေကန်ကြီး ရှိတဲ့ ကျွန်မနေတဲ့ပြည်နယ် ဟာ အဓိက ထွက်ကုန်ကတော့ စပါးပေါ့။ ရေကန်ကြီးဘယ်လောက်ကြီးသလဲဆိုရင်တော့ စင်္ကပူနိုင်ငံထက်ကြီးဆိုပဲ။ ရေကန်ကြီးကြောင့် ဒီပြည်နယ်ဟာ တိုးတက်သင့်သလောက်မတိုးတတ်ဘူးလို့လည်းဆိုကြပါတယ်။ ရေကန်ရဲ့ ဘေးမှာ ရှိနေတဲ့တောင်တန်းတွေကနေ စီးဆင်းလာတဲ့ မြစ်၊ ချောင်းတွေက နေ ကန်ရေကို ပြည့်နေစေပါတယ်။ ဒီရေကန်ကြီးကနေ အိုဆာကာ ပြည်နယ် နဲ့ ကျိုတို မြို့ ပတ်ဝန်းကျင်မြို့ပေါင်းများစွာကို ရေပေးဝေနေပါတယ်။ ကျွန်မတို့နေတဲ့မြို့လေးကတော့ ပြည်နယ်ရဲ့ မြို့တော်လို့ခေါ်ရတဲ့မြို့လေးကဆက်နေပါတယ်။ ရန်ကုန်လိုပြောရရင်တော့ ရန်ကင်းနဲ့တာမွေဆက်နေသလိုပေါ့လေ။
ရေကန်ကြီးနဲ့ နီးစပ်လွန်းသလို မြို့တော်ရဲ့ Landscaping တို့ ပန်းခြံတို့ကြောင့် ရေကန်ကမ်းနားလမ်းဘေး လျှောက်ရရင်ကို နိုင်ငံခြားရုပ်ရှုင်တွေထဲကလို သိပ်ကို လှပပါတယ်။  အေးချမ်းပြီး သန့်ရှင်းတဲ့အတွက်
လူဦးရေ ထူထပ်လာပါတယ် ဒီတော့  ကုန်ဈေးနှုန်းကလည်းကြီးလာပါတယ်လို့ ဆိုကြတယ်။ ကျွန်မတို့မြို့လေးကတော့ မဆိုးပါဘူး။

ရေကန်ကြီးကို Lake Biwa လို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံကိုတောင်နဲ့ မြောက်ခွဲလိုက်လို့ ကျွန်မတို့က တောင်ဘက်လို့သတ်မှတ်ရင် တောင်ဘက်မှာ အကြီးဆုံးသော ပြည်နယ်သူပြည်နယ်သားတွေ ဂုဏ်ယူရတဲ့ BIWAKO Hanabi မီးရှုးမီးပန်းပွဲကတော့ နာမည်ကြီးပါပဲ။ ၄ ပြည်နယ်လောက်ကနေ ရထားစီးပြီးလာကြည့်ကြသူတွေကအပြည့် နှစ်စဉ်လူ ၁ သိန်းကနေ ၁ သိန်းခွဲ နီးပါးလာကြည့်ကြတယ်လို့ သိရပါတယ်။ 
နှစ်စဉ်  ၈ လပိုင်း  ဒုတိယပတ်လောက်မှ ကျင်းပကြပါတယ်။ မီးရှုးမီးပန်းကတော့ တစ်ရက်ပဲ လုပ်ပေမယ့် ဘေးပတ်လည် မြို့နယ်လေးတွေကလည်း ကျင်းပကြတော့ ဒီပွဲကြီး နေ့မတိုင်မီမှာလည်း ကြိုကြားကြိုကြား အိမ်ပေါ်ကနေ ကြားနေမြင်နေရပါတယ်။  ကမ်းပတ်ပတ်လည်ကို မီးပန်းပွဲကျင်းပမည့် မနက်ကြတော့မှ နေရာဦးခွင့်ပေးပါတယ်။ မနက် ၅ နာရီ ၆ နာရီလောက်ဆို နေရာလာဦးကြတဲ့သူတွေ အစီအရီပေါ့။ ညနေ ၇ နာရီခွဲကနေ ၈ နာရီခွဲ ထိ တစ်နာရီတိတိ ကို မရပ်မနားဖောက်ကြတာကိုး။

 လာဟေ့ သွားကြမယ်
ဟယ် တို့နေရာဘယ်မှာလည်း

Video File လေးကြည့်ဖြစ်အောင်ကြည့်သွားပါအုန်း။
မရရင်လည်း YouTube သာသွားကြည့်တော့

http://www.youtube.com/watch?v=f_cMV_i8shI
သြဂုတ်လဟာ ဂျပန်နိုင်ငံအတွက် က အနုမြူဗုံးကျဲချခံရတဲ့ လ လည်းဖြစ်သလို . ကွယ်လွန်သူများ ရဲ့
ဝိညဉ်တွေ မိမိ မိသားစုတွေဆီပြန်လာလည်တဲ့ပွဲ  OBON (အိုဘုန်း)လို့ခေါ်တဲ့ ရက်ရှည်အားလပ်ရက်ရှိတဲ့လလည်းဖြစ်ပါတယ်။ အဲ့လိုပဲ နွေရာသီပွဲ တွေ တစ်နိင်ငံလုံးအတိုင်းတာနဲ့ ကျင်းပကြတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဘယ်နေရာသွားသွား  Yugata လေးတွေနဲ့ ဂျပန်အမျိုးသမီး အမျိုးသားများကိုတွေ့ရတဲ့အခါ ဂျပန်ရဲ့ယဉ်ကျေးမှု့ကျန်နေသေးပါလားလို့ သိရဲ့တဲ့ အချိန်လေးလည်းဖြစ်ပါတယ်။


ညနေခင်းအလှ

ညအလှ

ရေကန်ကြီးထဲမှာ ငါးအပျော်များတဲ့သူတွေကို မျှားထားတဲ့ငါးတွေကို မလိုချင်ရင် ပစ်ထားခဲ့လို့ရအောင် အမှိုက်ပုံးတွေ ထားပေးထားသလို ကန်ထဲက ငါးဟာ (နာမည်တွေရေးထားတယ် မြန်မာလို မရေးတတ်ဖူုး)  စားလို့ကောင်းပါတယ်။ ပြန်ယူသွားကြပြီး ချက်စားကြပါလို့ တိုက်တွန်းထားတဲ့ ဆိုင်းဘုတ်။
ကန်ထဲမှာ သူတို့ရဲ့ အော်ရီဂျင်နယ်မျိုးစိတ်တွေကို စားပစ်မယ့် ငါး အမျိုးစားတွေရှိလာတော့ နောက်ပိုင်းမှာ တစ်ချို့သော ငါးတွေလာလွှတ်ရင် အရေးယူမယ်လို့ ငါးနာမည်နဲ့ ဖော်ပြထားတယ်။ (အပေါ်ဆုံးက ပုံ)

အရင်ပို့စ်တွေ ရှည်ထားလို့ ဒီပို့စ်လေးကိုတော့ ပေါ့ပေါ့ပါးပါးတိုတိုလေးပဲ လုပ်လိုက်ပါတယ်။ အဓိကကတော့ မီးပန်းပွဲကိုပြချင်တာပါ။

Friday, June 10, 2011

သစ်တောနဲ့ သစ်ပင်ချစ်ခင်တဲ့လူမျိုး ......

အမှန်တော့ခေါင်းစဉ်က မြန်မာ့အလင်းမှာ မိုးရာသီပါတတ်တဲ့ခေါင်းစဉ်လေးပါ။
သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး၊ xxxxx ရွှေတိုက်ကိုစိုး ဆိုတာလေ အကုန်မမှတ်မိဘူး။
-------------------------
မြေသင်းနံဆိုတာလေး ကိုအတော်များများနှစ်သက်ကြမှာပါ။ စာတွေထဲမှာလည်းဖတ်ဖူးနေတာပဲလေ။ မိုးစပြီးရွာကစမှာ ရတတ်တဲ့အဲ့အနံလေး။  တစ်နေ့ကသူငယ်ချင်းတွေနဲ့စကားပြောရင်း  သတိထားမိလိုက်တယ်။ မုတ်သုံ ရာသီမှာ နေကြတဲ့ သူတိုင်း မြေသင်းနံကို ချစ်ကြတယ်လို့။
အနံတောင်ခွဲခြားလိုက်တာလို့တော့ မထင်ပါနဲ့ရှင့်။  ဂျပန်က မိုးရွာပြီးကာစ အနံ့ကတော့မကောင်းဘူး။ အထူးသဖြင့် ကျွန်မတို့လို နယ်မှာနေရတဲ့သူတွေပေါ့။ တောရိပ်တောင်ရိပ် တော့ရှိပါရဲ့။ မိုးရွာပြီးရင် အပင်တွေကနေရတဲ့ အနံက စိမ်းရွှေရွှေကြီး။
ဂျပန်မှာ ၀တ်မှုံအလာဂျီ အဖြစ်များတာက ၄ လပိုင်း အဓိကကတော့ sugi လို့ခေါ်တဲ့ ထင်းရှုးတွေပေါ့။ ဂျပန်ဟာ စစ်ပြီးကာလာမှ နိုင်ငံပြန်လည်တည်ဆောက်ဖို့အတွက်ဆိုပြီး အားလုံးလိုလိုတောတွေ၊ တောင်တွေမှာ ထင်းရှူးကို အင်တိုက်အားတိုက်စိုက်လိုက်ကြတာ ခုတော့ ထင်းရှုးတွေရဲ့ သက်တမ်းကလည်းရင့်လာရော် လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ကနေစပြီးတော့ ဒီထင်းရှုးမှုန့် အလာဂျီဆိုတာကစတော့တာပါပဲ။ လက်၇ှိမှာ ဂျပန်နိုင်က ဟာ သစ်တောမြေကိုတော့နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ရှိပေမယ့် လယ်ယာမြေကတော့လုံးဝ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဟိုကိုင်းဒိုး ကျွန်းရဲ့ အတော်များများသော တောတွေဟာ ခုချိန်မှာတရုတ်၊ ကိုရီးယားကနေ ပိုင်တာများပါတယ်တဲ့။ သစ်တော လုပ်ငန်းတွေ သိပ်မလုပ်တဲ့အတွက်
သစ်တောနဲ့ အသက်မွေးသူတွေ အလုပ်အကိုင်ရှားပါးလာပါတယ်။
(မြန်မာပြည်မှာတုန်းက မြန်မာပြည်က ထင်းရှုးတွေကို ထွက်သလောက်ယူမယ်ဆိုတဲ့ ကိုရီးယားတစ်ယောက်တွေ့ဖူးတယ်။ စပ်စုကြည့်တော့ ခေါင်းတလားလုပ်ဖို့တဲ့) ။
တရုတ်ကျောင်းသူနဲ့စကားပြောကြတော့ သူဟာဂျပန်နိုင်ငံရဲ့ လူနေအိမ်ဘေးမှာ လယ်ကွက်တွေ ရှိနေတာကို အံ့သြောပါတယ်တဲ့။ အဲ့ဒီ့မှာ ဆရာက ရှင်းပြတာက ဂျပန်ဟာ လယ်ယာမြေလို့ သတ်မှတ်ထားတဲ့နေရာကို လယ်မလုပ်တဲ့သူကို ပြန်မရောင်းရဘူးလို့ သတ်မှတ်ထားပါတယ်တဲ့။ လယ်ယာမြေကို ကုမ္ပဏီတွေက ၀ယ်တယ်။ လယ်ယာအတွက်အသုံးပြုခြင်းမရှိပဲ တစ်ခြားသော လုပ်ငန်းအတွက် လုပ်ကိုင်ခွင့်မရှိလို့ဆိုပါတယ်။
ဆရာ့ကို ကျွန်မက စောဒကတတ်လိုက်တာက ဆရာတို့ဂျပန်ဟာ ကိုယ့်သစ်တောတွေတော့ ထိန်းသိမ်းတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေဆီကနေ သစ်တွေဝယ်တယ်။ ဒါဟာကော်ဖီတို့၊ ၀ါ တို့တွေ ၀ယ်သလို fair trade တော့မဟုတ်ဘူး။အဲ့ဒီ့အတွက်ဘယ်လို ပြန်ပြီးလုပ်ပေးပါသလည်းလို့ မေးမိပါတယ်။ ဒါနဲ့ဆရာက မလေးရှား၊ အင်ဒိုနီးရှားမှာ သူတို့တွေပြန်ပြီး အပင်စိုက်တဲ့လုပ်ငန်းရဲ့ အောင်မြင်မှု့၊ ပူးပေါင်းတဲ့ဒေသရဲ့ အကျိုးခံစားခွင့်၊ မပူးပေါင်းတဲ့ဒေသရဲ့ disadventages တွေကိုပြန်ပြီးရှင်းပြပါတယ်။
အင်ဒိုနီးရှားရဲ့သစ်တောပြုန်းတီးမှု့မှာ သူနိုင်ငံရဲ့စီးပွားရေးတော့တတ်သွားတယ်လို့ဆိုပါတယ်။ (သူငယ်ချင်းက အင်ဒိုနီးရှားပရော့ဂျတ်လုပ်နေသူ)။
သူတို့ဟာ Growth first, Clean up later စနစ်နဲ့အင်ဒိုနီးရှားနိုင်ငံကို  ပုံသွင်းခဲ့ကြလို့ ရေတိုမှာ အကျိုးခံစားလိုက်ရပေမယ့် ရေရှည်ရဲ့ ထိခိုက်မှု့ ကို ခံရတယ်ဆိုတာကို empirical result ဘက်ကနေ တင်ပြသွားပါတယ်။
ကဲ တောင်ကြီး ကလော လမ်းက ကတုံးဖြစ်နေတဲ့တောင်တွေ ...........တို့တွေဘာလုပ်ရပါ့မလည်း။
ကျွန်မတို့ ခုလို ခေတ်မှာ Growth first Clean up later ဆိုတာ ကိုက်ညီမှု့တော့မရှိတော့ဘူးထင်တယ်။
clean up လုပ်စရာ မရှိတော့တာလား....


ကျောင်းအပြန်လမ်းမှာသစ်တောတွေကိုငေးရင်း ...တွေးလာမိတဲ့အတွေးစတစ်ခု...
...
  ခေါင်းကို ခါလိုက်တယ်...အိုး ငါဟာ ထင်းတစ်ချောင်းပါလေ...အလွယ်တစ်ကူကျိုးမှာပဲလို့ ......

Friday, June 3, 2011

မတူတဲ့ သူတို့ဓလေ့၊ မြန်မာနဲ့တူတဲ့ သူတို့စကားပုံများ

လူမျိုးတွေရဲ့ ဓလေ့ထုံးစံ ယုံကြည်ရာတွေက တစ်ခါတစ်ခါ  ဖလှယ်တဲ့အခါမှာ စိတ်
ဝင်စားစရာလေးတွေ ၇ှိလာတတ်ပါတယ်။
ဂျပန်လိုသိပ်တော်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဂျပန်ကျောင်းဆရာဟောင်းနဲ့  မြန်မာစကားနဲ့ ဂျပန်စကားဘယ်စာလုံးပိုများလည်းဆိုတာတွေ ကြည့်ပြီး ကိုယ်လည်း ရေးချင်တဲ့ အကြောင်းရာလေးတွေပေါ်လာပါတယ်။

ကဲအဓိကကတော့ မတူတဲ့ ဂျပန်တွေရဲ့ ဓလေ့လေးတွေကို
မိတ်ဆက်ပေးချင်လို့ပါ။ ဂျပန်လူမျိုးတွေဆိုရင်  ဖိနပ်အသစ်စပြီး စီးတော့မယ်ဆိုရင် မွန်းလွဲမှာ ထုတ်မစီးကြဘူး။
ညဘက်ကြမှ အသစ် စီးမယ်ဆိုရင်လည်း မနက်ကတည်းက ဖိနပ်ချွတ်မှာ ချထားကြတယ်။

နောက် ဂျပန်အမျိုးသမီးတွေဟာ နာရေးဆိုရင် အနက်ဝတ်ပြီး ပုလဲလေးတစ်ကုံးဆွဲလေ့ရှိတယ်။ ၁ ကုံးပဲ ဆွဲရမယ်တဲ့။ နှစ်ကုံး မဆွဲရဘူး။ နှစ်ပူဆင့်တတ်တယ်တဲ့။

နောက်ပြီးတော့ ထမင်းစားနေရင်းနဲ့ ဥပမာ ဟင်းတစ်တုံးကို လူနှစ်ယောက်က သူတို့ တူတွေကိုယ်စီနဲ့ အတူတူခပ်မယူုဘူး။ တစ်ခါက သူများယုတဲ့ဟင်းတုန်းက ချော်သွားလို့ ကိုယ့်တူလေးနဲ့ဝိုင်းပြီးထိန်းပြီး သူ့ပန်းကန်ထဲအရောက် ထည့်လိုက်တော့ နောက်မှ ရှင်းပြရှာတယ်။ နာရေးပြီးလို့ အရိုးအိုးထဲကို အရိုးထည့်တော့မယ်ဆိုရင် မိသားစုက အဲ့လို တူတစ်စုံစီကိုင်ပြီး  အရိုးကိုဝိုင်းပြီး အတူတူ ဆယ်ပြီး အရိုးအိုး ထဲကို ထည့်ကြတာတဲ့။

ကျွန်မတို့ မြန်မာတွေ က အိမ်နောက်ဖေး ကျီးသာရင် ဧည့်လာမယ်လို့ ယူကြပေမယ့် သူတို့ ကတော့ အိမ်ခေါင်းမိုးမှာကျီးအုပ်ပဲ ဖြစ်ဖြစ် ကျီးဝဲတာကို မကြိုက်ကြဘူး ။နာရေးကြားတတ်တယ်လို့ ပြောကြတယ်။

ဂျပန်ဘုရားကျောင်းတွေရဲ့ အ၀င်ဝမှာလည်း ကျွန်မတို့လို့ ပဲ ခြင်္သေ့ ရှိပါတယ်။ ကျွန်မတို့ခြင်္သေ့နှစ်ကောင်က ပါးစပ်ဟကြပေမယ့် သူတို့ ကတော့ တစ်ကောင်က ဟ ပြီး တစ်ကောင်က ပါးစပ်ပိတ်ထားပါတယ်။ ဂျပန်အက္ခရာရဲ့ အ ဆိုတဲ့ အစနဲ့ အွန်းဆိုတဲ့ အဆုံးကို ယူထားပါတယ်။ အဓိပါယ်နောက်မှ၇ှင်းပါ့မယ်။

သူတို့တွေရဲ့ အိမ်ရှေ့လေးတွေမှာ ဖား ရုပ်ကလေးတွေချထားလေ့ရှိတယ်။ ဖားကို ဂျပန်လို (noun)အနေနဲ့ဆိုရင် kaeru လို့ခေါ်တယ်။ Verb အနေနဲ့ သုံးရင်တော့ kaeru ဆိုတာက  ပြန်လာတယ်။ ပြန်တယ်လို့ အဓိပ္ပါယ်ရတယ်။ ခန်းကြီးကွာပေမယ့် အသံတူ နေပါတယ်။  ဒီတော့ ခရီးထွက်တာပဲဖြစ်ဖြစ် အိမ်ကနေအပြင်သွားသူ အေးချမ်းစွာပြန်လာနိုင်ပါစေ၊ ကောင်းမွန်တဲ့အရာထွက်သွားတာမှန်သမျှ ပြန်
ဝင်လာပါစေဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။ ကျွန်မကတော့ အခန်းကျဉ်းတော့ ဒီလိုသေးသေးလေးပဲချထားတယ်။
ကိုကိုရယ်၊ ကြည်ကြည်ရယ၊် သမီးရယ် သားရယ်ပေါ့။


သူတို့ စကားပုံ ……

ဂျပန် ခန်းကြီးတွေက ဆင်ဆင်တူတာတွေများတယ်။
ကျွန်မ ဂျပန်စာစ သင်ခါစက
ဖတ်လိုက်တဲ့ စာကို ဆရာမရီတာ မျက်ရည်တောင်ထွက်တယ်။

ပန်းကန်ကို ပန်းကန်နဲ့ဆေးပါတဲ့။ အမှန်က  သွေးကိုသွေးနဲ့ဆေး CHI WO CHI DE ARAU
သဘောက တော့ လှေမျော လှေနဲ့လိုက်။  ပန်ကန်ခန်းကြီးနဲ့ သွေးဆိုတဲ့ခန်းကြီးက အတော်ကိုဆင်တယိ။

 
ကျွန်မတို့ရဲ့ ကျွဲပါးစောင်းတီးကိုတော့  
သူတို့က မြင်း နားမှာ ဘုရားစာ တဲ့   UMANO MIMI NI NEN BUTSU

မိဘမျက်နှာ အိုးမဲသုတ်  ဆိုတာကြတော့
မိဘမျက်နှာ ပါ ပြေးကြည့်ချင်လာတဲ့ အရူး တဲ့  OYANO KAO GA MITAKU NARU YOU NA BAKA.

SEKEN SHIRAZU ဆိုတာ ကြတော့  လောကအကြောင်း မသိသူ
ကျွန်မတို့အနေနဲ့ဆို ရေအိုင်ကို ပင်လယ်ထင်တဲ့ ဖားငယ်ပေါ့လေ

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ရပ်ပါရစေ။


ချစ်ခင်စွာဖြင့်
ကြည်ကြည်

Tuesday, May 10, 2011

နှင်းတွေ ပျောက် နွေရောက်ပြီမို့ 

ဂျပန်မှာ ဒီနေ့စပူတယ်။ ရာသီဥတုက ချက်ချင်းကို ပြောင်းလည်းသွားတာ မြန်လိုက်တာ။ ဒီနေ့ အပူချိန်က ၈ လပိုင်း အပူချိန်မျိုး အရင်တစ်ပတ်ကအထိ cardigan အပါးလေးထပ်မှ အပြင်ထွက်လို့ရတာကနေ ဒီနေ့ ကစပြီး ပင်လယ်သွားလို့ရတဲ့ အနေထားမျိုး ဖြစ်နေပြီ။

ဖူကူရှိမား နယူးကလီးယား ဓာတ်အားပေးစက်ရုံ ပြသနာကြောင့် တိုကျိုဧရိယာဘက်တွေမှာ ဒီနွေရာသီအတွက် မီးအလုံအလောက် ရနိုင်ဖို့မလွယ်သလို။ ဂျပန်အလယ်ပိုင်းဘက်ကို ပေးနေတဲ့ shizuoka ပြည်နယ်မှာရှိတဲ့ နယူကလီးယား ဓာတ်အားပေးစက်ရုံကိုလည်း အကယ်၍များ ထပ်ပြီးငလျှင်သို့ မဟုတ် ဆူနာမီဖြစ်ပေါ်ခဲ့သည် ရှိသော် ယခုအခြေအနေမျိုး ထပ်မဖြစ်လာနိုင်ရန် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ...။ နယူကလီးယား ဓာတ်အားပေးစက်ရုံကို ရပ်နားဖို့ ၀န်ကြီးချုပ်ရဲ့ တောင်းဆိုမှုကို အဲ့ဒီ့ နယူးကလီးယား ဓာတ်အားပေးစက်ရုံ ကုမ္မဏီကလည်း လက်ခံလိုက်ပါတယ်။ လောလောဆယ် ပြန်လည်စစ်ဆေးမှု အတွက်ရပ်ထားပေးမယ်။ ပြန်လည်ပြီးလည်ပတ်ဖို့ကို သင့်လျော်တဲ့ အနေအထား၊ အန္တာရယ်ကင်းတဲ့ အနေအတား ရှိမယ်ဆိုမှ နောက် ၃နှစ် ၄ နှစ်လောက်မှ ပြန်ပြီးလည်ပတ်မယ်လို့ ဆိုပါတယ်။ သူက နာဂိုရာဘက်ကို ပေးနေတာကိုး။ ပင်လယ်ကမ်းခြေမှာပဲ ရှိနေတဲ့အတွက် သူတို့စိုးရိမ်ပြီး ဖြစ်လာခဲ့သည် ရှိသော်ဆိုတဲ့ ကြိုတင်ပြင်ဆင်ချက်တွေမှာ အစိုးရရော၊ စီးပွားရေးသမားတွေရော၊ ပြည်သူရော ပူးပေါင်းကြတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ဓာတ်အားပေးစက်ရုံ အနေနဲ့ ကလည်း သူတို့ကို ပြည်လည်ပြီးတော့ ကြည့်ရှုပေးဖို့ တောင်းဆိုထားပါတယ်။

အဲ့ဒီ့တော့ ကျွန်မတို့ နေတဲ့ ဒေသတစ်ဝိုက် kansai(ကျိုတို၊ ကိုဘေး၊ အိုဆာကာ၊ နာရာ) ဧရိယာမှာလည်း ဒီနှစ် နွေရာသီအတွက် မီးခြွေတာဖို့ကို လှုံဆော်မှု တွေရှိလာပါပြီ။ အင်တာဗျူးတွေမှာ အရပ်သူအရပ်သားတွေက ဒါကို တတပ်တအား ပါဝင်ကြမယ်လို့ ဖြေကြပါတယ်။ တစ်နိုင်ငံလုံး အခြေအနေက ဒီလိုဖြစ်နေတော့ အခုလို ပြည်သူတွေက ပါဝင်ပူးပေါင်းကြမှသာလျှင် nihon hitotsuni narou (စည်းလုံးခြင်းဖြင့် ပြန်လည်ထူထောင်ပါအံ့) ဆိုပါတယ်။ အားကျစရာပါ။

တစ်ခါက တီဗီအစီအစဉ်တစ်ခုမှာ တနေကုန် အာလူး မီးဖုတ်ပဲစားရမယ်ဆိုတဲ့ ခလေးငယ်တွေရဲံ့ ကျောင်းက အိမ်စာကို ကလေးတွေလိုက်နာသလို အိမ်က လူကြီးတွေက လည်း လိုက်နာပြီး ပံ့ပိုးပေးကြတာကို ကြည့်ဖူးပါတယ်။ ဂျပန်ဟာ စစ်မဖြစ်ခင်မှာရော စစ်ပြီးတဲ့နောက်ပိုင်းမှာတော့ပိုဆိုးစွာ အစားအသောက်ရဲ့ ငတ်ပြတ်မှုဒဏ်ကို ခံခဲ့ရတော့ ဘယ်လောက်ပဲ ယခုအချိန်မှာတိုးတက်နေပါစေ အကယ်၍ များစစ်ဖြစ်ခဲ့သည်ရှိသော သို့မဟုတ် ယခုလို သဘာဝဘေးဒဏ် ခံခဲ့ရသော်ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို နားလည် သဘောပေါက်စေရန် ဆိုတဲ့ရည်ရွယ်ချက် နဲ့ဒီလို ပညာပေးမျိုးတွေ ကို လုပ်လေ့ရှိပါတယ်။ ငလျှင်မတိုင်မှီအထိ လုပ်ငန်းရှင်အနေနဲ့ နေခဲ့သူတွေ၊ အိမ်ပိုင်ယာပိုင်နေခဲ့သူတွေ ယခုအချိန်မှာ သူများယာထဲမှာ အပင်ရိတ်နေကြတာတွေ၊ ကယ်ဆယ်ရေးစခန်းတွေမှာ နေကြသူတွေ ကိုမြင်လိုက်ရတာဟာ ကျွန်မတစ်ခါမှ လေးလေးနက်နက် မတွေးခဲ့ဘူးတဲ့ မမြဲခြင်းဆိုတဲ့အရာ ကိုတုန်လှုပ်စွာ သတိတရား ရလိုက်ပါတယ်။

ကယ်ဆယ်ရေး စခန်းတွေမှာ နေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာတဲ့သူတွေ၊ သန့်ရှင်းရေး အားနည်း လာမှု့ကြောင့် ကူးစက်ရောဂါတွေ ရဲ့အကြောင်းတွေ စစခြင်းမြင်လိုက်ရသလို၊ တစ်ဖက်ကလည်း တိုကျို ပြည်နယ် စည်ပင်သာယာရေးပိုင် တိုက်ခန်းတွေမှာ ပြောင်းလာတဲ့ မိသားစုတွေအတွက် ၆ လ အိမ်ငှားခ လွတ်ကင်းခွင့်တွေ၊ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး အာမခံတွေအတွက် လျော့ပေါ့ စဉ်းစားပေးမယ့်အစီအစဉ်တွေကလည်း သာဓုခေါ်စရာပါ။ ဒီလိုပဲ အိမ်၊ ကား အကြွေးနဲ့ ၀ယ်ကြတဲ့ ဒီလိုနိုင်ငံမျိုးမှာ အိမ်လည်းပျောက် ကားလည်းမျောသွားပေမယ့် အကြွေးကတော့ ဆက်ပြီး ဆပ်နေရအုန်းမယ့် ဒုက္ခတွေ။ ပြန်လည် ထူထောင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးတွေ နိုင်ငံခြားကလတင်သွင်းရမယ့် ပစ္စည်းတွေအတွက် ဂျပန်ယန်းဈေးများ ကျလေမလားလို့ တွက်ကြည့်မိပေမယ့် ယန်းဈေးကတော့ လောလောဆယ် မာလျှက်ပါပဲ။ ဂျပန်အစိုးရက သိမ်းထားတဲ့ ဒေါ်လာတွေပဲ သုံးမလားမသိဘူး ဆိုပြီး မဆီမဆိုင်တွေးမိနေပါတယ်။

ကျွန်မ ဆရာတစ်ယောက်ဆို သူငယ်ငယ်က စစ်ပြီးတော့ ထမင်းမနပ်မှန်ခဲ့သလို ထမင်းရှိတော့လည်း ဟင်းဆိုတာ မတွေးဖူးခဲ့ဖူး။ ume boshi လို့ခေါ်တဲ့ မက်မန်းသီးအစိုနှပ်နဲ့သာ ထမင်းကို စားခဲ့ရတယ်လို့ ပြောပါတယ်။ အမေရိကားက စစ်သားတွေဝင်လာတော့ ကိုကာကိုလာ ပါလာတယ်တဲ။့ အဲ့ဒီ့စစ်သားတွေက ဖန်ခွက်ထဲမှာ ကိုလာကိုထည့်ပြီး နေရောင်မှာ သောက်လိုက်တော့ လူသွေးတွေလို့ သူတို့က ထင်သတဲ့။ ခလေးဆိုတော့ အရပ်ထဲမှာလည်း အမေရိကန်စစ်သားတွေက ထွားထွားကြီးတွေ လူသွေးသောက်တယ်လို့ ပြောကြတော့ တစ်ကယ် ယုံနေတာတဲ့။ အသားစား ကြမ်းပြီးထွားကြိုင်းတဲ့ လူတွေကို ကြည့်ပြီး သူတို့ က အရပ်စကားနဲ့ yaban (အရိုင်းအစိုင်းတွေ)လို စိတ်နာနာနဲ့ ခေါ်ကြတော့ ဂျပန်လူမျိုးတွေ ချွတ်ပြီး ရေတူတူ ချိုးကြတဲ့ဓလေ့ကို မြင်တဲ့ အနောက်တိုင်းသားတွေက ဟင် ငါတို့ကို yaban လို့ခေါ်တယ်။ တစ်ကယ်က နင်တို့ကမှ yaban လို့ ပြန်ပြောသတဲ့ ။

ကျွန်မ မူလတန်းကျောင်းလေးကို မြန်မာပြည်နဲ့ ပတ်သက်တဲ့ အရာလေးတွေ သွားပြောပြတော့ ကျောင်းမှာ သူတို့နဲ့အတူ နေ့လည်စာကို အတူတူစားရပါတယ်။ အလှည့်ကျခ လေးလေးတွေက အတန်းထဲကို ထမင်းအိုးတွေ ဟင်းအိုးတွေ သယ်တယ်။ကျန်တဲ့ခလေးတွေ က တန်းစီပြီး ထမင်းဟင်းကို ယူကြတယ်။ မီနူးက ငါးတစ်တုံး (နေ့စဉ် မပါမနေရ ၊ နို့တစ်ဗူး၊ ပဲဟင်းချို) တို့ဟူး၊ အရွက် ပြုတ်။ ဂျပန်ရဲ့ မူလတန်း ကျောင်းတွေက နေ့လည်စာ ကိုကျောင်းကနေ ထုတ်ပါတယ်။ တစ်လကို ၂၈၀၀ယန်းလောက် ပေးရပေမယ့် မိဘကလာပြီး မပေးနိုင်ပါလို့ လက်မှတ်လာထိုးရင်လည်း အလကားကျွေးပါတယ်။ တစ်ချို့ ကားသာ ၀ယ်စီးနေတာ ခလေးအတွက် ကျောင်းထမင်းဖိုး မသွင်းနိုင်ပါလို့  လာပြီးလက်မှတ်ထိုးတဲ့ သူတွေ ရှိသတဲ့။

ဘယ်သူကတော့ ပေးတယ် ဘယ်သူကတော့ မပေးဘူးဆိုတာ ကျောင်းက လျှို့ဝှက်ထားတဲ့ အတွက် နင်ကတော့ ပေးတယ်။ နင်ကတော့ မပေးပဲစားတယ် ဆိုတာတွေလည်း ကင်းတာပေါ့။ ဒီလိုပဲ ရန်ကုန်က ကျောင်းတွေကလို ပဲပြုတ်ပဲပါတဲ့ ခလေး၊ အသားဟင်းပါလာတဲ့ ခလေးဆိုတာမျိုးတွေ မရှိတော့သလို။ မစားချင်တာ မကြိုက်တာလည်း မရှိတော့ ယေဘုယျအားဖြင့်တော့ အားလုံးဟာ အတူတူစားတယ်။ ဆင်းရဲချမ်းသာ သိပ်မကွာတော့ တာတော့အမှန်ပါပဲ။ ပန်းအမျိုးအစားစုံလင် ပြီး ရေခံမြေခံကောင်းတော့ ဂျပန်နိုင်ငံဟာ ရာသီအလိုက် မဟုတ်ပဲ လအလိုက် ပွင့်နေတဲ့ပန်းတွေ ကတော့ စုံပါတယ်။ အထူးသဖြင့် ဒီလဆိုရင် ပန်းအမျိုးစား ပေါင်းစုံ လှလွန်းစွာပွင့်နေသလို ပန်းဝတ်မှုံ အလာဂျီကလည်း အတော်ကိုဆိုးပါတယ်။







မှတ်ချက်။....။ ရေးချင်လွန်းလို့ ရေးလိုက်ပါတယ်။ စာလုံးပေါင်းမှားရင် ပြင်ပေးသွားကြပါ။


ချမ်းမြေ့ကြပါစေ။

ကြည်ကြည်


Saturday, February 19, 2011

ကိုယ်လည်းလေလောကီသားပေမို့

ဘာများကူညီရပါမလည်းရှင်....ပြုံးချိုစွာ (၀န်ထမ်း)
နိုင်ငံခြားသားကဒ်လုပ်ချင်လို့ပါ ။(ကျွန်မ )
သြော် ဟုတ်ကဲ့ ဒီကိုလိုက်ခဲ့ပါ။  တိုကင်နံပတ်လေးအားစက်မှဆွဲထုတ်၍ ဟိုနားက ထိုင်ခုံတွေရှိပါတယ်။ထိုင်စောင့်ပေးပါနော်။
ခဏကြာလျှင်
တုံကင် နံပတ် ၁၇  ကောင်တာ၅  သို့ကြွခဲ့ပေးပါရှင်။
(၀န်ထမ်း) ပတ်စပို့ ပေးပါရှင။် ကျောင်းသားကဒ်ပေးပါရှင်။
ဒါတွေဖြည့်ပါနော် ဆိုပီး ဖြည့်ပုံဖြည့်နည်းအား ကူညီပေးနေသည်။ ဖြည့်ပြီးလျှင်စလစ်လေးပေး၍
နောက် တစ်ပတ်လောက်လာယူပါ ( နယ်ဖြစ်သောကြောင့် ပိုမြန်သည်ထင်သည်)
နောက်တစ်ပတ်
နိုင်ငံခြားသားကဒ်ထုတ်ချင်ပါတယ်။
ဟုတ်ကဲ့ အဆင်သင့်ပါ။(၀န်ထမ်း)
 နိုင်ငံခြားသားကဒ်အားထုတ်ပေးရင်း  ၀န်ထမ်းမှ ပြောလာသည်..
ကျောင်းသားဖြစ်တဲ့အတွက် အခွန်ဆောင်ဖို့ ၀င်ငွေမရှိကြောင်းတစ်ခါတည်းလုပ်ဖို့  ကောင်တာ ၃ ကိုသွားပါနော်။
ကောင်တာ ၃ တွင် ....
ခဏစောင့်၍ လိုအပ်တာတွေဖြည့်စွက်  ဖြည့် ၁၀ မိနစ်ခန့် ကြာသော အားလုံးပြီးစီးသွားပြီ။
ခုဒီကနေ ပြီးရင်ကျန်းမာရေး အာမခံအတွက် ဟိုဘက်က ကောင်တာကိုသွားပါ။
ကောင်တာတွင် နိုင်ငံသားကျန်းမာရေးအာမခံ  ၁၀ မိနစ်စောင့် လျှင်ရပြီ.။( နိင်ငံခြားသားလည်းတူတူပါပဲ kokumin kenkouhoken)
ဖြစ်လာသမျှ ဆေးရုံဆေးခန်းကိစ္စမှန်သမျှ  ၃၀ရာခိုင်နှုန်းပဲပေးရပါသည်။ ကျန်းမာရေးအာမခြံ
ဖြင့်ဝယ်ရသောဆေးဆိုင်တွင်လည်း တူတူလောက်ပါပဲ။ ကျွန်မဆေးဝယ်စာရွက်တွေပျောက်နေလို့ နို မို့ပိုတိကျစွာရေးနိုင်ပါသည်။) ( ကျွန်မတို့ ရသောစကောလာမှာ ၁၀၀ရာခိုင်နှုန်းအကုန်ကာဗာဖြစ်သည်။ထို့ကြောင့်သူငယ်ချင်းများ ဆေးရုံတတ်ကြ ၊လိပ်ခေါင်းကုကြ ဖြင့် သက်သာအန္တရယ်ကင်းစွာဖြင့် ဒီမှာတင်ဆေးကုကြသည်။ တစ်ချို့ ကျောင်းသားများ မှီခိုအမျိုးသမီးများအား
ဂျပန်တွင်နေစဉ်ပင်ခလေးမွေးစေသည်။ ကုန်ကျစရိတ် မြို့ နယ်မှ ကျခံပေးသောကြောင့်ဖြစ်သည်။
အချို့ ခလေးမွေးခါနီးမိခင်နိုင်ငံပြန်စေ၍ ခလေးမွေးစေသည်။ နောက် မြို့နယ်မှရသောပိုက်ဆံ သောင်း၄၀ မှ မိခင်နိုင်ငံတွင်ပြန်စရိတ် ဆေးရုံစရိတ်နုတ်လိုက်အုန်း တစ်ဝက်နီးပါးကျန်သေးသည်တဲ့။ ခလေးရှိသောကျောင်းသား၏ခလေး ကျောင်းလခပေးစရာမလိုတစ်ချို့ ကျောင်းအား ထမင်းဖိုးပင်မပေးသောမိဘများရှိသည်။(မူလတန်းကျောင်းများမှာကျောင်းတွင်နေ့လည်စာကျွေးသည်ကိုး) မိမိနိုင်ငံတွင်ခလေးရှိသည့်မိဘများအားတလလျှင်ယန်း ၃ထောင်ကျော်ခန့်ထောက်ပံကြေးရကြသည်။ တစ်ချို့ ၅ထောင်ဟုပြောသည်။ ကျွန်မတော့ အလုပ်ရှုပ်၍ သွားမလျှောက် နည်းနည်းရှက်တာလည်းပါသည်။ ရသမျှ အကုန်ယူနေတာပဲဟု ထင်မှာဆိုး၍ နောက်ခလေးလည်းခေါ်မထားဆိုတော့။ မြန်မာအများစုက မလျှောက်ကြ။ နောက်ပိုင်း ခလေးနှင့် ၄ လတစ်ခါတွေ့ရမည်ဆိုတာတွေပါမေးသည်တဲ့။

ကဲ စောနက မြို့ တော်ခန်းမရုံးသို့သွား၍ လုပ်ထုံးလုပ်နည်းများ ဆက်၍ရေးပါရစေ။
ကျန်းမာရေးအာမခံပြီးသွားသောအခါတွင် ၀န်ထမ်းမှ ဒီမြို့ နယ်ကိုအသစ်ရောက်လာတာဖြစ်လို့
သန့်ရှင်းရေးဌာနသို့ ခဏ သွားနားထောင်ပါနော်(၀န်ထမ်း)
သန့်ရှင်းရေးဌာန ၀န်ထမ်းမှ အမှိုက်မည်သို့မည်ပုံပစ်ပါ ဆို တာတွေ ရှင်းပြ၍
ရော့ ဒါက အမှိုက်အိတ် မီးလောင်လွယ်( အစားအသောက်အကျွင်းအကျန်) ပြစ်ရန်အမျိုးအစား
ရော့ ဒါက ပလတ်စတစ် ပစ်ရန်အမျိုးအစား
ရော့ ဒါက PET BOTTLE  ပစ်ဖို့ အမျိုးအစား
တစ်ထုပ်စီ ၃ မျိုး တွဲထားသောတစ်တွဲပေးသည်။ (ဖရီးနော်) ၆ လစာ နီးပါး။ 
ကုန်ပြီဆိုလျှင်တော့ ၀ယ်ပါ တဲ့။
ဝန်ထမ်းက နိုင်ငံခြားသားကဒ်ကိုယူကြည့်၍
ကဗျာကယာပဲပြောလာသည်။  အားနာလိုက်တာ အိမ်ထောင်သည်မှန်းမသိလို့ပါ စောနက တစ်ယောက်စာတည်းပေးမိပါတယ်။
မိသားစုနဲ့ဆိုတော့အမှိုက်ပိုများမှာပေါ့ ။ရော့ ဒီမှာနောက် တစ်တွဲ
ခလေးတို့မေမေအပျိုကြီး မိသားစုလိုက်မနေသောကြောင့် ယခု ၂ နှစ်ပြည့်တော့မည်။ အမှိုက်အိတ်တွေသုံးမကုန်သေး။
သေးသေးလေးကိစ္စပေမယ့် စိတ်ထဲတွင်ကျေနပ်မိသည်။
ကဲ....အဲ့ဒါဂျပန်...

၃ လလောက်အတွင်း အစာအိမ်ကြောင့် ဆေးခန်း ၂ခါသွားရသည်။
မြို့ တော်ရုံးမှ ၃လပြည့်တော့ဆင့်ခေါ်သည်။   ကျန်းမာရေးအာမခံအတွက်ငွေသွင်းရန်.ငွေမသွင်းထားသောကြောင့်။
တစ်နှစ်စာ ပုံမှန်သွင်းရသည်။ ကျွန်မတို့ ဈေးဆစ်ကြသည်။ ပိုက်ဆံမရှိသေး၍ ၃ ခါခွဲပြီး ခုမပေးရသေးတဲ့လစာများပါ နောက် ၃ လနေမှ ဆောင်ပါရစေ။  အကျိုးအကြောင်းပြောပြသည်။
ရပါတယ်။ဒါဆိုခုတစ်ခါတည်း invoice တော့ပေးလိုက်မယ်နော်တဲ့။ပိုက်ဆံသာမပေးတာ ဆေးကကုပြီးနေပြီ။


တိုကျိုကသူငယ်ချင်း၏မောင်လေးဆေးရုံ ၆ လတတ်ရသည်။ TB ဖြစ်သောကြောင့် ကောင်လေးက အိုဗာစတေးနော်  ဆေးရုံ က TB ဖြစ်သောကြောင့် ၆ လ အလကားကုပေးတာက သပ်သပ်. ..အိုဗာစတေးတွေ ကျန်းမာရေးအာမခံရှိတာတွေမရှိတာတွေ ဘာမှမဆိုင် လူကို တန်ဖိုးထားခြင်း....

ခလုပ်ဖွင့်လျှင်မီးလာ၍ ရေဖွင့်လျှင် ပိုးသတ်ထားသောသန့်စင်သည့်ရေ ပိုက်ခေါင်းမှကျသော ထို့အပြင် ၈၀ရာခိုင်နှုန်းသောလူများက တပြေးညီ  ရထားစီးကြသော.။
 စူပါမားကတ်တွင်ဈေးဝယ်လျှင်  ဈေးရောင်းသူနဲ့
ဈေးဝယ်သူကြား ကွဟာမှု့ သိပ်မရှိသော  ဒီလိုနိုင်ငံမှာနေပျော်သောကိုယ့်ကိုကိုယ် အပြစ်မတင်ရက်ပေ။


ကြည်ကြည်