Monday, July 18, 2011
ဂျပန်မှာကျောင်းတက်မည် အပိုင်း ၁
ဒီပိုစ့်ကို ဂျပန်မှာကျောင်းတတ်ဖို့စိတ်ဝင်စားတဲ့သူများ အတွက် ရည်ရွယ်ပီး
မိမိကိုယ်တိုင်၊ တူမလေး၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်မှာမြင်နေရတဲ့မြန်မာအသိုင်းဝိုင်းရဲ့ အနေထားကို အခြေခံပြီးမြင်သလောက်ရေးတာပါ။
ကျွန်မ ဒီပို့စ်ကို self finance student နဲ့ fully scholar ဆိုပြီး  ၂ ပိုင်းခွဲပါမယ်။  fully scholar မှာ graduate နဲ့ postgrad ကို အဓိကထားပြီး ရေးပါ့မယ်။
ဒီပို့စ်မှာတော့ self finance , undergrad ကို ရှင်းပြပါ့မယ်။
တက္ကသိုလ်စပြီးတတ်တော့မယ်ဆိုရင်  လိုအပ်တဲ့အရာတွေကို ရန်ကုန်မှာစုံစမ်းကြတော့မှာပါ။
အများစုကတော့ ဂျပန်မှာကျောင်းတက်မယ်ဆိုရင် ၁၂ တန်းလိုပါတယ်။ ကျွန်မပတ်ဝန်းကျင်မှာလည်း တစ်ချို့ ဂျပန်စာကျောင်းအရင်တတ်ပြီး။  
တစ်ချို့ တစ်ခါတည်းတက္ကသိုလ်ကို တန်းပြီးတက်နေတဲ့သူတွေရှိနေပါတယ်။
ကျွန်မကတော့ ဂျပန်စာအတန်းတက်ပြီးမှ တက္ကသိုလ်လျှောက်တဲ့ အကြောင်းရာကိုရေးပါမယ်။  ကျွန်မက ကောလိပ်မတက်ခင် ဂျပန်စာအတန်းတစ်နှစ်( Language Institute) အရင်တက်ခဲ့ရပါတယ်။
Language institute  ထဲက Monbusho  fully scholar ဖြစ်ခဲ့တဲ့အတွက် self finance ကျောင်းသားတွေ ရန်ကုန်က သင်တန်းတွေမှာ  မေးစမ်းပုံတွေ မသိပါဘူး။ မရေးနိုင်ပါဘူး။ ဒီရောက်ပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတဲ့ အကြောင်းအရာကိုပဲရေးပါ့မယ်။
ကျွန်မတို့ ခေတ်နဲ့တော့ကွာကောင်းကွာနိုင်ပေမယ့် လက်ရှိက ပိုလိုတောင်လှမ်းလို့လွယ်ပါတယ်။
မြန်မာပြည်မှာဂျပန်စာကျောင်းတွေများသလို ဂျပန်နဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အများစုက ဒီကနာမည်ကြီးတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတာ
သိပ်မတွေ့ရပါဘူး။ မြန်မာပြည်က ဂျပန်စာသင်တန်းကျောင်းတွေမှာ စာသင်လာခဲ့ပေမယ့် ဂျပန်လာတဲ့အခါမှာလည်း သူတို့ နဲ့ ချိတ်ဆက်ထားတဲ့ JapaneseLanguage School ကို အရင်တက်ခိုင်းပါတယ်။ ၁ နှစ်သို့မဟုတ် ၂ နှစ် ပြီးတော့မှ နောက်ထပ်ကောလိပ် သို့မဟုတ် တက္ကသိုလ်ကို တက်လို့ရပါမယ်။ အဲ့ဒီ့မှာ ဒီက Language School ကနေ ချိတ်ဆက်ထားတဲ့ ကောလိပ် သို့မဟုတ် တက္ကသိုလ်ကို ၀င်ခွင့်ဖြေကြပါတယ်။ သူတို့နဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေရဲ့  ၀င်ခွင့်က အောင်ကိုအောင်ပါတယ်။ တစ်ချို့ကတော့ဖောက်ထွက်ပြီး တခြားတက္ကသိုလ်ကို လှမ်းရဲတဲ့ကျောင်းသားလည်းအားကျဖွယ်ရာရှိပါတယ်။ သူတို့နဲ့ ချိတ်ဆက်ထားတဲ့နေရာတွေမှာပဲ ဆက်တက်မယ့် ကျောင်းသားအတွက်ကတော့ ကျောင်းသားရဲ့ Grantor လိုတယ်ဆိုတဲ့ကိစ္စ မပူရပါဘူး။ သူတို့ကျောင်းတွေကပဲတာဝန်ယူပေးသွားပါတယ်။
ဒါပေမယ့်ဘာတွေဖြစ်လာသလည်းဆိုရင်... ဥပမာ ..
ရန်ကုန်မှာလည်း ရှိတဲ့ Language School (kyikyi school ပဲထားပါတော့ )။
(၄င်းဂျပန်စာကျောင်းဆိုရာတွင် ခုရှိမရှိတော့မသိရတော့ပါ)။ ၂၀၀၇ မှာအဲ့ဒီ့ကျောင်းကနေလာတဲ့  အသိညီမလေးတွေကျောင်းတတ်ဖို့ ဂျပန်ကိုလာပါတယ်။ ကျွန်မလည်း ဒီမှာရှိနေချိန်နဲ့တိုက်ဆိုင်တော့ ကျောင်းကိုလိုက်ပို့မိပါတယ်။ ၄ ထပ်တိုက်တစ်တိုက်ကို ၂ လွှာကို ကျောင်းအနေနဲ့လုပ်ထားပါတယ်။  ပြောရရင် ကျူရှင်သာသာနီးပါးကိုကျောင်းလို့ခေါ်နေပါတယ်။ နောက်ပြီး မြန်မာကျောင်းသား ၂၅ ယောက်နဲ့ တရုတ်ကျောင်းသား ၂၀လောက်နောက်တခြားနိုင်ငံသား ကျောင်းသားနည်းနည်းလောက်နဲ့ ကျောင်းက လူ၁၀၀တောင်မပြည့်ပါဘူး။ ပထမဆုံးမြင်ဖူးခြင်းပါ။
ကျွန်မသိထားခဲ့တဲ့ Language School ဆိုတာက လူ ၇၀၀ နဲ့အထက် ရှိတဲ့ Language School ကြီးပါ။ ကျောင်းရဲ့နာမည်ပေါ်မူတည်ပြီး Language School နာမည်ပေါ်မူတည်ပြီး သွားလို့ရတဲ့ကျောင်း လျှောက်လို့ရတဲ့ကျောင်း တွေကလည်း သိသာပါတယ်။ လျှောက်တာတော့ ကျောင်းတိုင်းလျှောက်လို့ရပါမယ့် ဒါပေမယ့် နာမည်ရှိတဲ့ Status တစ်ခုရှိနေတဲ့ကျောင်းတွေကိုကြတော့ နာမည်ကြီးတက္ကသိုလ်တွေက နေ ကျောင်းလျှောက်ရန် အမြဲလာပြီးကြော်ငြာပေးပါတယ်။ ဒါက နာမည်ရှိပြီးသား Japanese School မှာတက်ခြင်းရဲ့ advantage ပါ။
နာမည်ရှိပြီးသားကြီးတဲ့ကျောင်းနဲ့ စောနက ရန်ကုန်ကနေချိတ်လာတဲံ့တစ်ချို့သောကျောင်းတွေကြတော့ အပေါ်မှာကျွန်မ ရှင်းပြခဲ့သလိုပါပဲ။ ဆက်တက်ရမယ့် ကောလိပ်အဆင့်က  သိပ်နာမည်မရှိဘူးဆိုရင် ...ဘယ်မှာသိသာသွားနိုင်မလည်း ကျောင်းပြီးတဲ့အထိတော့မသိသာပါဘူး ကျောင်းလည်းပြီးရော။ အလုပ်ကလာပါပြီ။  အကယ်၍ကျောင်းပြီးရင် ဂျပန်မှာ တရားဝင်အလုပ်လုပ်ပြီး ရပ်တည်မယ်ဆိုရင်တော့ နာမည်ကြိး တက္ကသိုလ်ကျောင်းကောင်းကနေထွက်တဲ့အတွက်  အလုပ်ရဖို့အခွင့်အရေးနဲ့  အလုပ်လျှောက်လို့ရတဲ့နယ်ပယ် ဟာ ပိုကျယ်ပြန့်ပါတယ်။
ကဲ စရိတ်အနေနဲ့ရော ....
ရန်ကုန်ကနေ ချိတ်ပေးလိုက်တဲ့တစ်ချို့သောကျောင်းတွေဟာ တစ်နှစ်ကိုမှ အလွန်ဆူုံး ၅ ယောက်ကနေ ၂၀ ပေါ့ ။ခေါ်လို့ရတာပါ ။ဒါတောင်လ၀က က လက်မခံရင် လာတက်လို့မရတဲ့ သူကရှိပါသေးတယ်။ လူသာနည်းတာအဲ့ကျောင်းတွေရဲ့ စရိတ်ကတော့မသေးပါဘူး။
နာမည်ကြီး Japanese Institute တွေဟာ တစ်နှစ်စာ သောင်း ၈၀ နီးပါးကနေစပါတယ်။ ရန်ကုန်က ချိတ်လာတဲ့ Language school ကလဲ သောင်း ၆၀ အထက်တော့ရှိပါတယ်။
ကျောင်းကြီးကြီးတွေကတော့ grantor လိုအပ်ပါတယ်။ဒီတော့ အဆက်အစပ်မရှိတဲ့သူတွေအတွက် က ရန်ကုန်ကနေ ချိတ်ဆက်ပေးလိုက့်မယ့်ကျောင်းကသာလျှင် အဆင်ပြေနေတာတွေ ရှိလို့ ရန်ကုန်က ချိတ်လိုက်တဲ့ကျောင်းမှာပဲ နေရတာနားလည်ပေမယ့်။ Language School ပြီးလို့  တက္ကသိုလ်တက်တော့မယ်ဆိုရင်၊
ဘ၀ကို ဂျပန်မှာ  ရေရှည်မြှပ်နှံမယ်ဆိုရင် နာမည်ကြီးတက္ကသိုလ်ကျောင်းတစ်ခုခုကို သာ သတ္တိရှိရှိ
ဝင်လျှောက်ဖို့ကိုသာတိုက်တွန်းပါတယ်။
စာသင်ချိန်
 Language School တွေက နေ့တစ်ဝက်ပဲ ကျောင်းတက်ရပါတယ်။ အလုပ်လုပ်ချိန်ပိုရပါတယ်။ language School အကြီးတွေကြတော့  တနေကုန်အတန်း နဲ့ တစ်နှစ်တိတိ ကို စာကိုသေချာလုပ်ရပါတယ်။
ကျောင်းသားကို တက္ကသိုလ်ဝင်ခွင့်ဖြေဖို့လိုအပ်တဲ့စာကိုကျင့်ပေးသလိုမျိုးနဲ့ကို သေချာပြင်ဆင်တာပေးတာပါ။ ဂျပန်စာကို  အခြေခံကနေသင်သလို ၊ အခြေခံတက်စရမလိုပဲ advance Japanese သိုမဟုတ် intermediate ဆိုပြီးလည်းအတန်းတွေရှိပါတယ်။
အမှန်တစ်ကယ် သင်ကြားပြီး နာမည်လည်းကြီးတဲ့အတွက် ၀င်ခွင့်ရာသီရောက်ခါနှီးပြီးဆိုရင် နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်ကျောင်းတွေ၊ အစိုးရကျောင်းတွေကနေ  ကျောင်းသားတွေဝင်ခွင့်ဖြေဖို့ စကောလာနဲ့လာမျှားပါတယ်။ တစ်ကျောင်းမရ တစ်ကျောင်းဆိုတဲ့သဘောနဲ့ တစ်ချို့  ၃၊ ၄ ကျောင်းဖြေပါတယ်။ ဖောင်ဖိုးတော့သွင်းရတာပေါ့။  ရလာတဲ့ကျောင်းတွေထဲကမှ တစ်ချို့လည်း စကောလာ ရမယ့် ကျောင်းကိုပဲ တက်ကြသလို တစ်ချို့ နာမည်ကြီးကျောင်းကိုပဲ ရွေးတဲ့ကျောင်းသားလည်းရှိပါတယ်။
စကောလာဆိုတဲ့သဘောမှာ ..
နာမည်ကြီးတက္ကသိုလ်တွေဟာ နှစ်စဉ်ကျောင်းသားဦးရေရယ်အင်တာနေရှင်နယ် ကျောင်းသား
စုံလင်စွာလည်းရှိချင်ကြပါတယ်။ သူတို့မှာလည်း စံတစ်ခုက ရှိထားတယ်လို့ပြောပါတယ်။  ဥပမာဆို ရရင် တရုတ်က များတယ်လေ၊ နောက်ကိုရီးယားစသည်ဖြင့်ပေါ့။ မြန်မာ၊ တို့ဘာတို့ကနည်းတော့ မြန်မာကျောင်းသား ၃ ယောက်လက်ခံမယ်လို့ပဲ စဉ်းစားကြည့်ရအောင် လျှောက်တာမှ ၂ ယောက်ဆိုမှတော့ ရဖို့က ရာခိုင်နှုန်း များပြီပေါ့။  လျှော့ပေါ့စဉ်းစားပေးကြပါတယ်။ မြန်မာကျောင်းသားတွေ
ဝင်ခွင့်ခက်သော တက္ကသို်လ်ဆိုတာတွေတောင် ရနိုင်ခြေများပါတယ်။
တက္ကသိုလ် ဆိုတာ ဂျပန်စာလယ်ဗယ် ၁ မှ လျှောက်ရပါတယ်လို့ တစ်ချို့တွေသတ်မှတ်ထားပေမယ့် တစ်ချို့ လယ်ဗယ် ၂ နဲ့တင် လိုချင်တဲ့တက္ကသိုလ်ကိုအောင်သွားသူတွေရှိပါတယ်။ အစိုးရကျောင်းတွေကတော့ မရဘူးထင်တယ်။ ခုတော့မသိဘူး ကျွန်မတို့တုန်းကတော့မရဘူး ။
အဲ့ဒီ့မှာ ရန်ကုန်ကနေ ချိတ်ထားတဲ့ Language School မှာ ဂျပန်ရောက်ပြီး ၂ နှစ်နီးပါး စာသင်ချိန်ရှိထားပါရက်ဆိုရင်တော့ လျှောက်ရမယ့်တက္ကသိုလ်ကလည်း နည်းနည်းတော့ စီစစ်ပါပြီ။
မြန်မာအများစု ဟာ တိုကျိုအနီးတစ်ဝိုက်မှာ Language School တတ်ပြီးပြီဆိုရင်တော့ဆက်တက်ရမယ့် တက္ကသိုလ်ကောလိပ်ကို တိုကျိုနားပဲ ရွေးပါတော့တယ်။ နယ်ဆင်းပြီး ၀င်ခွင့်စာမေးပွဲကို သွားဖြေသူနည်းပါတယ်။
ဘာကြောင့်တိုကျို လည်း
မြန်မာများခြင်း။
အလုပ်လွယ်မယ်ထင်ခြင်း။
စုနေသောကြောင့် အိမ်စရိတ်သက်သာခြင်း။
ကောလိပ်၊ တက္ကသိုလ်ပေါခြင်း ။
ရတာနာရှိရာ ရတာနာစုပေါ့လေ။  မြန်မာရှိရာ မြန်မာစုကြတော့ မြန်မာကျောင်းသားတွေဟာ  နယ်ဆင်းပြီး နယ်က တက္ကသိုလ်တွေမှာ စကောလာလျှောက်ယူဖို့လည်းသိပ်စိတ်မ၀င်စားဘူး။ ကျောင်းခေါ်ချိန်လည်း မှန်ချင်မှမှန်မယ်။ တစ်ပတ်ကို အလုပ်က ၄ ရက်လောက်လုပ် ပို်က်စံစုမယ်. ရန်ကုန်အိမ်ကိုပြန်ပို့ချင်တယ်ဆို တာကိုသာ အဓိက ထားလိုက်ကြပါတော့တယ်။
သိသူဖော်စား
နာမည်ကြီးတက္ကသိုလ် ၀င်ခွင့်ရအောင် စာကိုတစ်နှစ်လောက် ဒုက္ခခံဖို့ တို့မြန်မာကျောင်းသားတွေသိပ်
စိတ်မ၀င်စားကြပါဘူး။
ခုဆိုတူမလေးက ဂျပန်စာကျောင်းမှာတင် ၂ နှစ်နေမတဲ့။ အလုပ်လုပ်ရင်း အိမ်ကိုလည်း ပို့ရင်း နောက်နှစ်မှ စာလုပ်ပြီးတက္ကသိုလ်လျှောက်မတဲ့။ အံ့ရောပဲ။
တစ်ကယ်က နာမည်ကြီး တက္ကသိုလ်တွေရဲ့ စကောလာ မှာ  တစ်ချို့သတ်မှတ်ထားပါတယ်။ တရုတ်ကို ဘယ်နှစ်ရာခိုင်နှုန်း၊ ကိုရီးယားကို ဘယ်နှစ်ယောက်. ဘာကိုဘယ်နှစ်ယောက်ပေါ့လေ။ မြန်မာတွေက လွတ်လွတ်ကျွတ်ကျွတ်ကိုလျှောက်လို့ရပါတယ်။ စာရယ် ကျောင်းခေါ်ချိန်နဲ့ ပဲ တွက်ယူတယ်ဆိုရင်တော့ မြန်မာကကျန်ခဲ့တာများပါတယ်။ ဘာလို့လည်းဆို မြန်မာတွေက ကျောင်းထက် ပိုက်ဆံရှာဖို့ပဲ ပိုစိတ်
ဝင်စားသွားတာကိုး.။
၂ နှစ်နီးပါး Language School တတ်နေခဲ့တဲ့ ညီမလေးတစ်ယောက် တစ်ချို့သော စာတွေလာတာမဖတ်နို်င်ဘူး။ ကျွန်မဂျပန်လာတဲ့အခါမှ အစ်မရေဖတ်ပြပါအုန်းလုပ်တယ်။ အမရယ် မနက် ရုံးသန့်ရှင်းရေးသွားလုပ်တယ်။ နေ့လည်ကျောင်းတက်တယ်။ ညဘက် စားသောက်ဆိုင်ဝင်တယ်။ စနေကို ဟိုတယ်ကိုအိပ်ရာသွားခင်းတယ် သမီးဘယ်လိုလုပ် စာလုပ်နိုင်မလည်းတဲ့။ ကဲခုကျောင်းပြီးပြီ။ ကျောင်းသာပြီးသည်။ စာသေချာမတတ်တော့ သူများနဲ့ယှဉ်ပြီးတရားဝင်အလုပ်သွားလျှောက်ဖို့ သတ္တိမရှိတာရယ် ၊တရားဝင်လုပ်ရင် လစာက part time လောက် လည်းမရဘူးဆိုပြီး ကျောင်းပြီးတော့ဗီဇာဝယ်နေတယ်။  ခု အလုပ်ဗီဇာဝယ်တဲ့ကိစ္စတွေက နောက်ပိုင်း ဂျပန်ကလည်း လိုက်လာပြီ ကျပ်လာပြီ။ ရေရှည်ကိုတွက်ကြည့်ဖို့ပါ။
အပေါ်ကနေပြောခဲ့သလိုပါပဲ။ ဂျပန်မှာာအချိန်တော်တော်ကြာ ဘ၀ကိုမြှပ်မယ်ဆိုရင် နယ်ဘက် သို့မဟုတ် ကျွန်မတို့ ကန်ဆိုင်းဘက်က တက္ကသိုလ်တွေကိုလျှောက်ကြပါ။ ကျောင်းလခတွေ များကြီးသွင်းခဲ့ပြီး ကျောင်းပြီး ဗီဇာဝယ်နေပြီး ရရအလုပ်ဝင်လုပ်မယ့်အရာမျိုးတော့ မတွေးကြစေချင်ပါ။
ကျောင်းလခဆိုတာကလည်း ဂျပန်မှာဘယ်ကျောင်းမှ အပြည့်တစ်ခါတည်းမသွင်းကြရပါဘူး။ တော်တော်များများက ခွဲပြီးသွင်းကြတာပါ။ နာမည်ရှိနေတဲ့ကျောင်းတွေဖြစ်တဲ့အတွက် ပထမနှစ်မှာ မရရင်တောင် ဒုနှစ်မှာ စကောလာလျှောက်ယူရင် သတ်မှတ်ထားတဲ့ကျောင်းလခထက် ၃၀ရာခိုင်နှုန်းတို့ ၅၀တို့လျှော့ပေးပါတယ်။နာမည်ကြီးတက္ကသိုလ်တွေဟာ  အဆက်အသွယ်များတဲ့ကျောင်းတွေဖြစ်တဲ့အတွက် ကျောင်းစရိတ်ပေါ့လျှော့ခွင့်တွေအပြင် ထောက်ပံကြေး စကောလာတွေကလည်း တစ်နေရာကနေ တို့တိ တစ်နေရာကနေ တို့တိ နဲ့ ရကြပါတယ်။ ကျောင်းကနေ မိတ်ဆက်ပေးကြတာပါ။
ကျောင်းကနေပဲ လခ လျှော့ပေးတဲ့အပြင် တစ်လ ၅သောင်းတို့ ဘာတို့ရအောင် ရှာပေးတဲ့ တက္ကသိုလ်တွေ များကြီးပါ။
တစ်ချို့ fully scholar ထက်တောင်ရတဲ့သူတွေရှိပါတယ်။ self finance ဖြစ်တဲ့အတွက် အလုပ်ကလည်းလုပ်လို့ရတယ်လေ။ ကျွန်မတို့ အလုပ်လုပ်ခွင့်မရပါဘူး။
တစ်ချို့ ကျောင်းသူများ တစ်လ ၂၅ သောင်းလောက်အောက်ထစ်ထွက်ကြပါတယ်။ အံ့ရောပါပဲ။
Self finance student ထဲမှာ ကိုရီးယားနဲ့ ထိုင်ဝမ်လောက်သာ တစ်ချို့ပြည့်စုံတာပါ။ မြန်မာအများစုဟာ ရန်ကုန်က မိသားစုက မဖြစ်ဖြစ်အောင်လုပ်ပေးလိုက်ရတာတွေရှိပါတယ်။ တစ်ချို့များ ချေးငှားလာရတော့ အတိုးတတ်မှာဆိုးလို့ပါဆိုပြီးဒီကနေနိုင်သလောက်ပြန်ပို့နေရတာတွေလည်းရှိပါတယ်။
ဒီတော့ ၁နှစ် ၂ နှစ်ကို အနှစ်နာခံပါ။ စုဖို့မစဉ်းစားပဲနဲ့ ကျောင်းစာကိုသေချာလုပ် တက္ကသိုလ်ကောင်းကောင်းလျှောက်ပါလို့။  ဒုက္ခခံတယ်ဆိုတာ ထမင်းမစားရလောက်အောင်မဟုတ်ပါဘူး။ သွားချင်တာသွား လိုချင်တာလေး ၀ယ်ဆိုတဲ့ဒုက္ခတွေကို ခဏ အောင့်ထားဖို့ပါ။
စကောလာအဆင်ပြေလာတဲ့ကျောင်းသားတစ်ယောက်အတွက် မာစတာ ဒေါက်တာဆိုတာဆက်တက်ဖို့ ပိုတောင်လွယ်ပါတယ်။ (စာကို ပြောတာမဟုတ်နော်)
ဒေါက်တာအထိမသွားနဲ့အုန်း မာစတာဆိုရင်ကို ကျောင်းပြီးလို့အလုပ်ဝင်ရင် သောင်း ၂၀ (လက်ရှိကျောင်းပြီးသွားတဲ့ကျွန်မစီနီယာ အိုင်တီသမားရဲ့လစာ) လောက်ကနေစပါတယ်။ အလုပ်တစ်ခုမှာရှည်ကြာရှည်စွာလုပ်ပြီး ၃ နှစ်တစ်ခါ ၃နှစ်တစ်ခါ  ဗီဇာသက်တမ်းလည်းတိုးဖူးပြီ။ အခွန်လည်းထမ်းပြီးပြီ ဆိုရင်
PR နဲ့ နိုင်ငံသားလျှောက်ဖို့ က အခွင့်အရေးက ကိုယ့်ဘက်မှာ၇ှိနေပါပြီ။
နေရိပ်လိုချင်နေပူကနေ စောင့်လာရတဲ့သဘောပေါ့။
အင်္ဂလိပ်စာသေချာလေ့လာခဲ့ပါ။
စကားမစပ် ဒီမှာမာစတာပြီးလို့ post grade တတ်တော့မယ်ဆိုရင် trilingualဆိုရင် ဦးစားပေးပါတယ်။
ဒီတော့ ဂျပန်သွားမှာ အင်္ဂလိပ်စာသိပ်မလိုဘူးလို့ ထင်ထားခဲ့ရင်တော့ မမှန်တဲ့အတွေးပါ။
ဂျပန်စာကို တစ်စိုက်မှတ်မှတ်လုပ်လာတဲ့သူဟာ အင်္ဂလိပ်စာမှာ အားနည်းပါတယ်။
တက္ကသိုလ်လျှောက်တဲ့အခါ အရှေ့တောင်အာရှကျောင်းသားတွေဟာ တရုတ်၊ ကိုရီးယားတွေ လို ခန်းကြီး မရတာ ကျောင်းတွေက ထည့်စဉ်းစား ပေးပါတယ်။ ကောင်းပြီ တရုတ်၊ကိုရီးယားထက်ဘာသာလည်း ကြည့်ပါတယ်။ လိုအပ်လာတာ အင်္ဂလိပ်စာပါ။ ဒီရောက်မှ အင်္ဂလိပ်စာသင်တန်းတက်ရင် ပိုက်ဆံပိုကုန်မှာပေါ့။
ခုကျွန်မအသိကောင်မလေး Fully scholor ရသွားတဲ့ကောင်မလေး (မာစတာ)  (နောက်ပို့စ်တွင်သေချာရေးမည်). ကရန်ကုန်ကနေလာမှာပါ။အင်္ဂလိပ်စာကို တစ်ဖက်ကမ်းခတ်သလို ဂျာမန်ဘာသာ ကိုလည်း ပိုင်နိုင်တဲ့အတွက် ခုသူ့တောင်မလာသေးဘူး သူ့အတွက် part time လေးရထားပြီးပါပြီ။  တစ်ချို့  part time ကို အင်္ဂလိပ်စာပြပေးတာတို့ဘာတို့နဲ့ သက်သာစွာ နေချိန်မှာ ကျွန်မတို့မြန်မာ ကျောင်းသူ၊သားတွေ ပင်ပန်းစွာ စားသောက်ဆိုင်မှာ လုပ်နေကြပါတယ်။ ကျွန်မတူမကိုယ်တိုင်ပါပဲ။
အချုပ်ဆိုရလျှင်တော့
ဒါကြောင့် တိုကျိုမှ တိုကျို ဆိုတာ ကိုမရွေးပါနဲ့။
ကျောင်းနာမည်ကိုလည်းကြည့်ပါ။ ကျောင်းတွေဟာ မြန်မာတွေကို welcome ပါ။ အခု မြန်မာသတင်းတစ်ခုမှာဖတ်လိုက်ရတာ APUတက္ကသိုလ် ကျောင်းမှမြန်မာများအားစိစစ်လို့ရေးထားပါတယ်။
တဆင့်စကားနဲ့ကြားရတာက ကျောင်းသားတွေကကျောင်းလည်းရောက်ရော တိုကျိုဘက်ကို ထွက်ပြေးကြတယ်ပြောပါတယ်။ အလုပ်လုပ်ချင်ကြတာကိုး။ နောက်ရဲကမိတယ်ကြားတယ် ။ ရဲကကျောင်းကိုဖုန်းဆက်တော့ ကျောင်းက Deport သာလုပ်လိုက်လို့အဖြေပေးတယ်လို့ကြားတယ်။
APU ဟာ ကျူးရှုးမှာရှိပါတယ်။
ဒီတော့ ချက်ချင်းကြီး ဂျပန်သွားကျောင်းတတ်မယ်ဆိုတာ မဖြစ်နိုင်မလွယ်ကူပါဘူး ။ ပြင်ဆင်ဆဲကာလ မလာခင်မှာ ဂျပန်စာကိုတစ်နှစ်လောက်ရန်ကုန်မှာသေချာလုပ်လာပါ။ဒီရောက်တော့ မပန်းဖုးပေါ့။ လာပါ ကျောင်းသားဘ၀ ဘာမဆိုလုပ်နိုင်မယ်(သမာအာဇီဝ)။ အလုပ်လည်းလုပ်နိုင်မယ်ဆိုရင် အလုပ်ကတော့ရှိပါတယ်။
တစ်ချို့တွေအလုပ်မရလို့ပြန်သွားရတာတွေရှိပါတယ်။ စကားမရပဲနဲ့တော့အလုပ်က မလွယ်ဖူးလေ။ နောက် အိမ်ကတူမလေးဆို လူလေးကသေးတော့စစချင်း အလုပ်သူ့ကိုမပေးချင်ကြဘူး လုပ်နိုင်မယ်မထင်ဖူးဆိုပြီး။ ခုတော့လည်း နောက်နှစ်မှ တက္ကသိုလ်လျှောက်မယ်သမီးရှာလိုက်အုန်းမယ်ဆိုလား ပဲ။
ဒါကြောင့် Language School ကို တိုကျိုဘက်မှာတတ်ရမယ်ဆိုရင်တောင် တက္ကသိုလ်ကိုတော့
 NARA, OSAKA, KYOTO, KOBE, MIE တစ်ဝိုက်ကကျောင်းတွေကိုလည်းရှာကြပါ။
အစိုးရတက္ကသိုလ်တွေဟာ  ၀င်ခွင့်လည်းခက်ပေမယ့် ဈေးလည်းနည်းပါတယ်။ဒါပေမယ့်  လျှောက်ကြည့်ကြပါ။
ကျောင်းဝင်ခွင့်မှာ ဂျပန်စာအပြင် အင်္ဂလိပ်စာအမှတ်လည်းကောင်းနေတယ်ဆိုရင် တခြားသင်္ချာတို့ဘာတို့ညာတို့ သိပ်မဖြေနိုင်ရင်တောင် စဉ်းစားပေးတတ်ကြပါတယ်လို့ ထပ်လောင်းရေးသားလိုက်ရပါတယ်။
ဘာဆက်လုပ်လို့ရသေးလည်း
တခါတစ်ခါလည်း ဂျပန်ကျောင်းသားတွေကို တအားအားကျပါတယ်။ မနာလိုဖြစ်မိပါတယ်။
ကျွန်မတို့ ကျောင်းက အင်တာနေရှင်နယ်စင်တာမှာ Oversea program ဆိုတာကိုစားပွဲတစ်လုံးနဲ့ ချထားပါတယ်။ 
ကနေဒါ၊ သြဇီ၊ ယူအက်စ် ကို တစ်နှစ်သွားမလား ။ ၆ လပဲလား လာထားအမှန်အကန် အကုန် အဆင်ပြေအောင်တာဝန်ယူစီစဉ်ပေးတယ်။
Exchange program အတွက်ဆို ကျောင်းလခ ပေးစရာမလို နေစရိတ၊်စားစရိတ်ပဲကုန်မယ်ဆိုတာတွေများကြီး။
ညာသွားမှာလည်းမစိုးရ လိမ်သွားမှာလည်းမစိုးရ  . သွားလိုက်ကြတဲ့ ကျောင်းသားတွေ ။ အင်္ဂလိပ်စာကောင်းမွန်တဲ့ကျောင်းသားဆိုလို့ကတော့ စိတ်ဝင်စားသွားသာလျှောက်ပဲ။ ဒီမှာ ၆ လလောက် part time လုပ် ပိုက်ဆံစု ပြီး ဟိုမှာ ၆ လ စာသွားလုပ်ကြတဲ့ ကျောင်းသားတွေလည်း မနည်းပါဘူး။
2000 တုန်းက ဂျပန်စာကို တစ်နှစ်ပဲလေ့လာပြီး အင်္ဂလိပ်စာအရမ်းတော်သော မြန်မာမိန်းကလေး TOKYO တက္ကသိုလ်ကို  အင်ဂျင်နီယာ ဘာသာနဲ့ အောင်သွားပါတယ်။ TOKYO ဆိုတာ ဂျပန်ရဲ့ Harvard ပါပဲ။ ဒီမိန်းကလေးဟာလည်းပဲ ပြည့်စုံတဲ့မိသားစုကလာတာမဟုတ်ပါဘူး။ ဒါပေမယ့်ချွန်ထွက်သွားနိုင်တဲ့သူကိုတော့ လေးစားစွာ အမြဲမမေ့နိုင်ပါဘူး။
ကျောင်းပို့စ်ကိုရေးဖို့ကို ချီတုံချတုံဖြစ်ခဲ့ပါတယ်။ လိုအပ်တာတွေလည်းရှိမှာပါ။ လိုအပ်ချက်တွေထောက်ပြသွားတယ်ဆိုရင် ကျွန်မ အချိန်ပေးရကျိုးနပ်ပါတယ်။
ဘလော့ကို ၀င်ပြင်လိုက် ပြန်ဖတ်လိုက်နဲ့ အတတ်နိုင်ဆုံးဖတ်လို့လွယ်အောင် ပြန်ပြင်ထားပါတယ်။
Saturday, July 16, 2011
ပိုလှချင်တယ်ဆို (တင်းတိပ်) ပစ္စည်းအညွန်း
လောလောဆယ် ဒီနေ့ခဏအားသွားပြန်ပြီ။ ဆေးတော့သွားမ၀ယ်ရသေးပေမယ့် ကတိခံထားတဲ့အတိုင်း
တင်းတိပ်ဆေးလေး ဆက်ရေးချင်လာပါတယ်။
ပထမဦးစွာပြောချင်တာက သူနဲ့ပျောက်ပေမယ့်ကိုယ်နဲ့ဆိုတာ မျိုးကိုကြိုပြီးစဉ်းစားပါ။
ပုဂံကအန်တီတစ်ယောက်ဂျပန်လာတော့ တင်းတိပ်ဆေးပဲတစ်မေးမေးနဲ့ ၂၀၀၈ ကပါ. ဒါနဲ့ တိုကျိုက ကုန်တိုက်တစ်ခုမှာ ဒီဆေးကို စပြီးကြော်ငြာပြီးရောင်းနေတာတွေ့ပါတယ်။ သေချာလည်းမမေးမစမ်းပဲ သူကလည်းဝယ်သွားပါတယ်။ ဆေးဗူးလေးကြည့်ပြီး သောက်နည်းလေးတော့ပြောလိုက်တယ်ထင်တာပဲ။
၈ လလောက်အကြာမှာထပ်တွေ့တော့ အရမ်းကြီးထူနေခဲ့တဲ့ မည်းနေခဲ့တဲ့အဲ့အန်တီမျက်နှာမှာ တအားပါးလာပြီး ၀င်းနေတော့ တအားကိုအံသြသွားတယ်။ အန်တီကလည်း ၀မ်းတွေသာပြီး ဆက်သောက်ချင်တာ။ဆေးကကုန်ပြီတဲ့ သေချာတာတော့ ၂ ဗူးဝယ်သွားတာပဲ။ ဒါကပျောက်တဲ့သူနော်။
၂၀၁၀မှာ ဒီက အမတစ်ယောက်က ရန်ကုန်ပြန်တော့မှာမို့လို့ တင်းတိပ်ပျောက်ဆေးလိုက်ရှာကူပါဆိုလို့ ချက်ချင်းဒီဆေးကို သတိရလို့ဆေးဆိုင်ကိုအတူုတူလိုက်သွားတယ်။ မေးပေးကြည့်တော့ဈေးဆိုင်က ၄၀ ပြည့်ပြီလားလို့မေးလိုက်တာသတိထားမိလိုက်တယ်။ အဲ့အမကလည်း၄၀ အတိ ဒါနဲ့သောက်မယ်ပေါ့။ သူစသောက်ပြီး၃ ရက်လောက်မှာ ရင်တွေတုန်လာတယ်တဲ့။ နေလို့မကောင်းဘူးတဲ့။ ဒါပေမယ့် သူကအဲ့အချိန်မှာ တစ်ပတ်လုံးမှာ၁၀ နာရီလောက်ပဲ အိပ်ထားပြီး တခြားအားဆေးတွေလည်းသောက်နေရသူု သိပ်ပြီးမခြားမိဘူးဆိုလားပဲ။ အေးအေးဆေးဆေးအနားယုပြီးမှ စသောက်မယ်လို့ဆိုတယ်။
ခုမေမေ့အတွက် တင်းတိပ်ဆေးလိုက်ရှာတော့ တိုက်ဆိုင်စွာ ဒီဆေးက တီဗီမှာလည်းကြော်ငြာလာတယ်။ ဈေးဆိုင်ကလည်းထပ်ညွန်းတယ်။ ဒီကဆေးဆိုင်တွေက ရောင်းတဲ့ သူတွေကလည်း လိုင်စင်ရတွေပါ။ ဒါတော့စိတ်ချရပါတယ်။
TRANSINO
၁၅ နှစ်အထက်ဆို သောက်လို့ရပါပြီ တဲ့။ ဆေးညွန်းမှာရှင်းပြထားတယ်။ (မေ့သွားလို့ရေးဖို့ ထပ်ပြင်တာ)
သူက တစ်လစာနဲ့ ၂ လစာဗူးနဲ့ပါ ။နောက်မနက်၊ နေ့လည်၊ ညကို သေချာအောင်ပုံလေးနဲ့ ပြထားတယ်။ မဖတ်တတ်လည်း ကလစ်ပြီး ပုံလောက်တော့သွားကြည့်လိုက်အုန်း။ မနက်သောက်ရမယ့်ဆေး ၊ နေ့လည် သောက်ရမယ့်ဆေး၊ ညသောက်ရမယ့်ဆေးကို သေချာပုံလေးတွေနဲ့ ကဒ်ထဲထည့်ထားပေးတယ်။
အောက် က ဗူးပုံက အရင်ကမြင်ဖူးတာ ခုအပေါ်ကလင့်မှာ ဆေးကဒ်နဲ့
google image
နောက် ထုတ်တဲ့ကုမဏီကလည်း နာမည်ကြီးပါ။
သူက တစ်နေ့ ၆ လုံးသောက်ရမယ်။ တစ်လ မပျက်မကွက်သောက်ရမယ်တဲ့။ ဆက်တိုက် သောက်မယ်ဆို ၂ လအထိသောက်ပြီး နောက်ထပ်သောက်ဖို့ကို ၂ လ နားရမယ်။ အကြိမ်ကြိမ် သောက်လို့ရတယ်။ ၂ လတော့ကြားထဲခြားရမယ်နော်။
၁၉ ရာခိုင်နှုန်းက ၁ လ သောက်ပြီး သိသာတယ်လို့ဖြေကြတယ်။ ၆၀ ရာခိုင်နှုန်းက ၂ လသောက်ပြီးမှာ သိသိသာသာကို ပြောင်းလည်းလာပါတယ်လို့ ဆိုကြပါတယ်တဲ့။
ပါဝင်တဲ့ဓတ်တွေက
Tranexamic acid
cysteine
Vitamin C
တဲ့ ဒီထဲမှာမှ cysteine ကို NAC လို့ပြန်ရှင်းပြထားသေးတယ်။ အဲ့ဒီ့ဓာတ်ကို ဘယ်မှရနိုင်လည်းဆိုရင်တော့
ကြက်သွန်ဖြု။နီ၊  ဂေါ်ဖီပင်ပေါက်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးအနီ၊ ဂျုံပင်ပေါက်၊ မြင်းစားဂျုံ (oats) မှာ ရှိတယ်တဲ့။
တစ်လစာ ကို ယန်း ၃၉၈၀ ၊
၂ လစာကို ယန်း ၇၄၈၀ ပါ။
ဘာသိချင်သေးလည်း သိချင်တာရှိမေး . သူ့ဆိုက်သွားပြီး ထပ်ဖတ်ပေးမယ်။ ပြီးရင် ဆုတော့တောင်းပေးပေါ့ ။ ငါလည်းလှပါစေ ကြည်ကြည်လည်းလှပါစေလို့။
အဲ့ဒါထက် ပိုစိတ်ဝင်စားတာက မှဲ့ခြောက်နဲ့ အစက်အပျောက် နေလောင်တဲ့အကွက်တွေအတွက်ထုတ်တဲ့
whitening essence ပဲ .. မိုက်မဲ့ပုံ တံဆိပ် က လည်းတူတယ်။သုံးကြည့်မယ်။ ပျောက်ရင်ပြောမယ်။
အောင်မယ် အောင်မယ် ဒီလောက်ပဲ ဖတ်ပြီး ပြန်ထွက်သွားမလို့လား မရဘူး ဆက်ဖတ်အုန်း ။
ကြည်ကြည်၈ တန်းရောက်တော့ မေမေ့အာချီ ပရိုမီနာ ကို နေဗီယာခံပြီး စလူးတယ်။ မေမေကတော့ ဆူတာပေါ့  ငယ်ငယ်လေးနဲ့ မလူးနဲ့ပေါ့။ ၉ တန်းရောက်တော့  မုန့်ဖိုးစုပြီး နတ်ရေကန် တင်မောင်ထွေး
ဝယ်လိမ်းရော .ပျော့ပျော့လေးနဲ့ သနပ်ခါးနံလေး ။
ခလေးဆိုတော့လည်း အသားအရည်က မွတ်တာပေါ့ ဘာလိမ်းလိမ်း ။
၁၀ တန်းရောက်တော့ မန်းလေးက တက္ကသိုလ်ကျောင်းသူ မမတွေလာလည်တယ်။ အဲ့တော့ သူတွေ့တွေက နတ်ရေကန် ကိုကြည့်ပြီး အံ့သြကြတယ်။ ခလေးဆိုတော့ ဘာလိမ်းလိမ်း အဆင်ပြေတာပဲနော်တဲ့။
 မြို့သူတွေများ မလိမ်းဖူးကြဖူးထင်တယ်။
မြို့သူတွေက မိပ်ကပ်လိမ်းနည်းသင်ပေးတယ်။ သူတို့လိမ်းတာ doru, max factor, cover girl, avon, arty လားပဲ မိုက်သလားပဲ မေးကြည့်တော့ အဲ့ခေတ်က ခုခေတ်လို မိပ်ကပ် က မပေါ်များသေးဖူးလေ။  အောင်မယ် ဘယ်ခေတ်လည်းမပြောနဲ့ ရန်ကုန်မှာမိပ်ကပ်အစုံဝင်လာတာ ၂၀၀၀ လောက်ကမှ  ကောင်တာတွေနဲ့ စပြီးရောင်းလာကြတာ အဲ့မတိုင်ခင်က စကော့ဈေးထဲက အောက်လမ်းက
ဝင်တာတွေလောက်အားကိုးနေကြတာ ။
သူတို့က ပြောတယ် ဒီဟာက သင်္ဘောသားတွေ ဆီကနေ၀ယ်တာတဲ့. သူတို့တွေပါလာတာတဲ့။ သူတို့မိန်းမတွေရောင်းတာတဲ့။
မမတို့ရယ် ထားခဲ့ပါ လို့။
သူတို့က မှာပေးမယ်ပေါ့။ သိတယ်လေ တောသူဌေးမို့လား ..ဟွင်းဟွင်း  ဘယ်ရမလည်း ၂နှစ်စာမှာပေးလို့
၁၀တန်းမို့လား။ အောင်ရင် ရန်ကုန်မှာကျောင်းတတ်ဖို့ကို အဘနဲ့ အမကိုပြောထားတော့ အဲ့လေ ယောင်လို့ ဖေဖေ့ကိုပူဆာထားတာ တက္ကသိုလ်ကို ရန်ကုန်မှာတတ်မယ်လို့ ဒဂုံမှာမတတ်ဘူး အာစီတူးမှာတတ်မယ်လို့
၁နှစ်နဲ့ မအောင် ၂ နှစ်ဖြေရမှာကိုး ။
ဒီတော့ ၂ နှစ်စာမှာတာပေါ့. ရန်ကုန်ရောက်လို့ကတော့သင်္ဘောသားဆိုတာရှာကြိုက် အဲ့လေ ရှာပြီး အလှပြင်ပစ္စည်းမှာမယ်လို့ကို ကြံထားခဲ့တာ။ ဒီလိုနဲ့  မိပ်ကပ် ကို စပြီးသိခဲ့တာပဲ။ ဖောရိမ်းမှ ဖောရိမ်းဖြစ်သွားရခြင်းအကြောင်းရင်းး)
၁၉ ကနေ ၂၄ လောက်ထိက ဂျပန်မှာ ဘာမှ သိပ်မလိမ်းလိုက်မိဘူး နေပူလည်းထွက်တာပဲ။
၂၄ ကနေ ၂၇ လောက်အထိက ရွာပြန်လယ်ထဲဆင်းဆိုတော့ မျက်နှာက နေလောင်တာနေ့တိုင်း။
၂၇ လည်းရောက်ရော တိုင်းခမ်းလှည့်လာတဲ့ အဲ့လေ ပဲလာကောက်တဲ့ မြို့ပေါ်က ကိုကို ကအိမ်ကိုလိုက်ခဲ့ပါဆိုလို့  အဲ့ကနေ နေပူမခံရတော့တား)  (ပျော်စေပျက်စေ ကလက်စေပါကွယ်)
ခက်တာက ကြည်ကြည်က ထီးဆောင်းရမှာ အင်မတန်ပျင်းသူ။
အသားသာ မဖြူတာ အရေပြားကလည်းပါးတာမှ
သွေးကြောသေးသေးလေးတွေမြင်နေရတယ်။အဲ့ဒါတွေက ဖြတ်ကနဲ့ကြည့်လိုက်ရင် ညိုနေတယ်။ နောက်
ခုတစ်လော ပါးပေါ်မှာ မှဲ့ခြောက်တွေထွက်လာတယ်။
စစ်ကြည့်တော့ မျက်နှာပေါ်နောက်ထပ်ထပ်ထွက်နိုင်တယ်တဲ့။ ဒီတော့ ညစဉ်ပါးပေါ်ကို ပိုပြီး ပုံအိပ်ပါတယ်။ ညီမတို့လည်း ငယ်ငယ်က နေပူထဲထွက် ဂရုမစိုက်ခဲ့ဘူးဆိုရင် ပါးနေရာကို ပိုပြီးဂရုစိုက်ပြီး essence တွေကို ပုံပါလို့ ။
အိမ်မှာတော့ လိုးရှင်းလူးတိုင်း ကိုကို ဆိုတဲ့သီချင်း ရှိတယ်... မိန်းမ  .. မိန်းမ ... မိန်းမ အသားညို.. မိန်းမပုံကို ကြည့်ရန်မလို... ဒယ်အိုး ဖင်သာကြည့်ပါဆိုတဲ့..
အိမ်မှာလိုးရှင်းလူးတိုင်း ဖေဖေကပြောတယ်..ထုံးသုတ်ပါလားသမီးတဲ့.
မှန်တင်ခုံရှေ့ကြာကြီးထိုင်ရင် မေမေကတော့ အားပေးတယ်။ ရှင်ဘုရင်ထွက် ပဲကြီးတစ်လှေချက် ထွက်လာတော့လည်းကြက်တောင်စည်းနဲ့တဲ့..
ကျောင်းပြီးလို့ ရွာပြန်ရင် မြို့ကရတဲ့ စက်တရက် (stress ) ဆိုတာတွေကြောင့် ယပ်တောင်လေးခေါင်းမှာ မထိုးရရင် တော်ပါပြီ။ မြင်ဘူးလား ယပ်တောင်လေးခေါင်းမှာထိုးတဲ့သူ
ဒါလေး ဘာလည်းသိလား . ကြိုက်လို့ အားလုံးကို မျှလိုက်တယ်။ ခရီးသွားရင်ယူသွားလို့အကောင်းဆုံး
 ရေနဲ့ထိတာနဲ့ အဲ့လိုပဲ ပွတတ်လာတယ်။ ဆော်ဒါနဲ့လုပ်တာမဟုတ်
 ဟော ဖြန့်ကြည့်လိုက်ရင် အဲ့လို (အောက်ပုံ) လေး ကပ်လို့ရတော့တာပေါ့။  toner နဲ့ဆို နမျောစရာ။ ကြည်ကြည်ကတော့ moisture lotion တွေကိုရေခဲသေတ္တာထဲ ထည့်ထားတာများတယ်။ အဲ့ဒါလေးနဲ့ ဆွတ်လိုက်ပေါ့ အေးအေးလေးနဲ့ မွှေးမွှေးလေး ။
ကြည်ကြည်တို့လို မော်ဒယ်လုပ်နေသူတွေအတွက် တော့ ဒါကလိုတယ်လေ။ ဟင်း ဟင်း
google image.
Friday, July 8, 2011
ပိုလှချင်တာပေါ့ ..(ပစ္စည်းအညွှန်း)
ဒါကတော့ ကိုကိုကာလသားတွေ သိချင်ခဲ့တဲ့ မိုးဟေကိုလိမ်းတဲ့ လိုးရှင်း တံဆိပ်ပါ။ BOOTS တဲ့ ဘန်ကောက်လေဆိပ်ထဲမှာကို ဆိုင်ရှိပါတယ်။ aroma oil တွေလည်း ဈေးလေးမဆိုးပါ။ ဘန်ကောက်လေဆိပ်ထဲက သန့ှ်ရှင်းရေးအဖွားကြီးကနေ အဲလိုင်းတွေက လေယဉ်မယ်တွေပါလာဝယ်ကြတာတွေ့ပါတယ်။
ပြည်တော်ပြန်ကြတဲ့အခါ ၀င်ရောက်မွှေနောက်လို့ရအောင်ပါ။ Bodylotion တစ်ဗူးကို (၄၀၀မီလီ ) မြန်မာငွေ ဒေါ်လာ၂၀ ကျော်ရင် ကြည်ကြည်မလိမ်းရက်ပါဘူး။ ခုBootsက၃ထောင် ကျပ်လောက်ကနေစပါတယ်။
မျက်လုံးမိပ်ကပ်ဖျက်ဆေးနဲ့ လိုးရှင်းကတော့အကောင်းဆုံးပါ။ မိပ်ကပ်ကတော့ မတိုက်တွန်းပါ။ အဲ့ထဲကမှ ဒီ bergamot orange နဲ့ olive က ကြည်ကြည့်အကြိုက်ဆုံးပါ။
 ဘလောဂါတစ်ယောက်ကိုလည်းလက်ဆောင်ပေးဖူးပါတယ်။  အဲ့အမလည်းအတော်နှစ်သက်တယ်လို့ပြောပါတယ်။  အဲ့ဒီ့အနံကိုသာသုံးကြည့်ပါ။ ဘေးကလူက ဘာတံဆိပ်လည်း ဘယ်လောက်လည်းမမေးရင် လာသတ်လိုက် ..
အကြိုက်ဆုံးကတော့ အောက်ကပစ္စည်းပါပဲ။ မနှစ်က ၈ လပိုင်းမှာ ပါးပေါ်မှာ
ဒီ AMPLEUR ကတော့ sample တစ်ပတ်သုံးလိုက်တာနဲ့ အမာရွတ်က သိသိသာသာပါးသွားပါတယ်။ ဒါနဲ့ တစ်ဗူးမှာပြီး သုံးလိုက်တာ တစ်ဝက်နဲ့တင်အရှင်းနီးပါးမရှိတော့ပါ။ ကျန်တဲ့တစ်ဝက်ကတော့ အိမ်က ညီမကိုပေးခဲ့တာ သူလည်းအတော်ကြိုက်ပါတယ်။ ampleur က skincare တွေလည်းသုံးရတာအတော်ကိုနူးညံ့မှု့ရှိလာတာတော့အမှန်ပါ။
ဗူးအခွံတော့သိမ်းထားတယ်။ နောက်လူကြုံရှိရင်မှာရအောင်လို့ဆိုပြီးတော့။
ဗူးလေးသေးတယ် ဈေးကလည်းမိုက်တယ်။  ယန်း၁သောင်း၁ထောင်ပါ။
ကျောင်းပါတီညပွဲတွေ မှာ
မိပ်ကပ်တွေဘယ်လောက်အုပ်အုပ် သိသာခဲ့တာပါ။
ခုတော့ကျွန်မပြုံးနိုင်ပြီလေ ။နားကပ်လေးလှဖူးလား ဘာလီက ၀ယ်လာတာ. ဟွန်းဟွန်း
အကယ်၍နေ့စဉ် မျက်တောင်ကော့ဆေးကို အသုံးပြုနေတယ်ဆိုရင် မျက်တောင်လည်းပဲ အားဆေးလိုလာပါလိမ့်မယ်။  ကျွန်မနှစ်သက်နေမိတာက DHC ကလုပ်တဲ့ မျက်တောင်အားဆေး သို့မဟုတ် based ပါပဲ။ ကျွန်မတို့လက်သည်းနီ ဆိုးကြတဲ့အခါတိုင်း ဆိုးဆေးမတင်မှီ လက်သည်းအရောင်တွေ မပျက်စီးအောင် based coating ခံသလိုပါပဲ။ လက်သည်းနီ ခြေသည်းနီအမြဲဆိုးတဲ့ ခြေသည်းတွေဟာ
အ၀ါရောင်သန်းနေတတ်တာသတိထားမိမှာပါ။။ ဒီလိုပါပဲ။ အခု မျက်တောင်အားဆေး အဖြစ်သုံးနေတဲ့ အရာလေးကလည်း mascara မတင်ခင်မှာ အောက်ခံဖြင့် သုံးလို့သင့်တော်တဲ့အရာလေးပါ။ တစ်ဗူးကို ၅ လနီးပါးသုံးခံပါတယ်။ ယန်း ၁၆၀၀လားပါပဲ။တစ်လကို ယန်း၃၀၀ခုဈေးနဲ့ဆို ၃၀၀၀ကျပ်လောက်ပါပဲ။
လွန်ခဲ့တဲ့ လတွေတုန်းက ဖတ်မှိတဲ့ မဂ္ဂဇင်းတွေမှာ လည်း အမျိုးသမီးတွေ နှစ်သက်တဲ့ ပစ္စည်း ranking ထဲမှာပါလာပါတယ်။
မျက်နှာက ၀က်ခြံ တွေ ပေါက်ပြီးကတည်းက ကောင်းနိုးရာရာတွေ လျှောက်ရှာလိုက်တာ အပေါ်က တံဆိပ်ကို ရေရှည်လည်းသုံးဖို့ နှမျောပါတယ်။ ဒါကြောင့် ၀ိတ်လျှော့မယ်လေဆိုပြီး ဈေးအဲ့ဒီထက်သက်သာတာတွေ လိုက်ရှာလိုက်တာ နောက်တစ်မျိုးတွေ့လာပါတယ်။ ဈေးလည်း အတော်ကိုနှစ် သက်ပြီး မြန်မာ အသားအရည် အထူးသဖြင့် sensitive  skin အတွက်ကောင်းမွန်ပါတယ်။
စကားမစပ် ဂျပန်မှာ အလှကုန်ပစ္စည်းကို ကောင်တာတွေမှာလည်း ရောင်းသလို ဈေးဆိုင်တွေမှာလည်း အတော်များများတွဲရောင်းပါတယ်။ နာမည်ချင်းတူရင်တောင် ဆေးဆိုင်တွေက သက်သာပြီး ကောင်တာ တွေက များပါတယ်။ ကောင်တာတွေရဲ့ အားသာချက်က ရာသီပေါ်မူတည်ပြီး တင်ရောင်းတဲ့ series တွေပါပဲ။
ရန်ကုန်မှာ kanebo , Kose , Shiseido ဘာကြောင့်သိပ်မပေါက်သလည်းဆို ရာသီဥတုနဲ့လိုက်ဖက်တာမဟုတ်လို့ ပါပဲ။
နောက်ပေးရတဲ့ဈေးနဲ့ဆို မကိုက်ကြတော့ သိပ်မပေါက်တာလို့ထင်ပါတယ်။ ကျွန်မလည်း  kanebo , Kose , Shiseido နဲ့မတည့်ပါ။ ဆီပါသော အရာများနှင့်မတည့်ပါ။
အခု ဒီ တံဆိပ်ကတော့ အပင်ရဲ့ အခေါက်တွေ အပင်ရဲ့ ပန်းပွင့်တွေနဲ့လုပ်ထားပြီး ၄ မျိုးရှိပါတယ်။ ၀က်ခြံသက်သာစေပြီး ကာကွယ်ပေးတာက အညိုရောင်စီးရီးပါ။ SOKAMOKA
ကျွန်မလည်းတစ်ဖြည်းဖြည်းဝိတ်လျှော့လာလိုက်တာ နောက်ဆုံးအလကားရတာပဲသုံးရင်ကောင်းမလားအထိပါ။
ဒီလိုနဲ့အောက်က တံဆိပ်လေးနဲ့ထပ်တွေ့ခဲ့ပါတော့တယ်။
ခုနောက်ဆုံးသုံးနေပါတယ်။ အပေါ်က အညိုရောင်ကို တစ်ခါတစ်လေမှ သုံးပါတော့တယ်။ သူက ပိုပြီးဈေးသက်သာပါတယ်။ ၁၈၀ မီလီတစ်ဗူးကို ယန်း၁၆၀၀ပဲရှိပါတော့တယ်။ အပေါ်က sample ပါ။
နေ့စဉ်လိမ်းနေရတဲ့အရာဖြစ်တဲ့အတွက် ဈေးကိုလည်းကြည့်ရပါတယ်။  သာမန်ရောင်းနေတဲ့ kanebo, kose, တို့ထက်များပေမယ် special series တွေထက်တော့သက်သာပါတယ်။
ကျွန်မရဲ့ ပစ္စည်းရှာတဲ့ စံက အရင်ဆုံး ဒီမှာ kuchikomi လို့ခေါ်တဲ့ feedback များများရေးတဲ့ ranking ကိုအရင်ကြည့်ပါတယ်။ ပြီးရင်ဈေးကို ကြည့်ပါတယ်။  ကိုယ်နဲ့လိုက်မယ့် product တော့ဖြစ်ရမယ်ပေါ့။ နောက်Herbal  သို့မဟုတ် aqua နဲ့လုပ်ရမယ်။ အသီးနဲ့လုပ်တာတွေသိပ်မကြိုက်လို့ပါ။ မျက်နှာအတွက်ကြတော့။ နောက် အနံမပါတာဖြစ်ရမယ် ဆိုပြီး စံသတ်မှတ်ထားပါတယ်။  အွန်လိုင်း feedback ranking no 1 product ပါပဲ။
ကျွန်မတို့ဘက်က နာမည်ကြီး ကုန်တိုက်တွေမှာလည်းတင်ထားပေမယ့် ဈေးက အတော်ကို reasonable ဖြစ်တာလေးပါ။
ORBIS ပါ။
Cheek colour မှာတော့ ဂျပန်တံဆိပ်ထက် နိုင်ငံခြားတံဆိပ်တွေက သုံးရတာ စီးစီးပိုင်ပိုင်ရှိပါတယ်။
 မြန်မာပြည်က နာမည်ကြီးမာမီတွေက ဒီတံဆိပ်ကို ပွဲထိုင်တွေမှာလိမ်းတာတွေ့ဘူးပါတယ်။
ပေးရတာ များတယ်ထင်ပေမယ့် သေချာသပ်ရပ်စွာလိမ်းတတ်တဲ့သူတွေအတွက်တော့ အတော်ကိုဆွဲဆောင်မှု့ရှိစေတဲ့ ပါးနီပါ။ ပါးပေါ်မှာပြောင်ပြောင်လေးပါ။ မလက်ပါဘူး။
ကဲဒီလောက်ဆိုတော်လောက်ပါပြီ
 အထက်ပါလင့်များမှာ ကြည့်နိုင်ပါတယ်။
နောက်တစ်ခါ တင်းတိပ်ဆေး လေးမိတ်ဆက်ပေးပါမယ်။
ကြည်ကြည်လို လှနိုင်ကြပါစေ။  (ဘာရီတာလည်းဟွန်း)
လေးစားစွာ
ကြည်ကြည်
Friday, July 1, 2011
ကျွန်မ ကြောက်တဲ့ ဗီယက်နမ် : ရီရအောင်လားဟယ်
စောနက ရင်သားကင်ဆာစစ်ခါနီးကြောက်လိုက်ရတာဆိုတာကို ကျွန်မပို့စ်တင်မိပါတယ်။ ခုပဲ ပြန်ဖျက်လိုက်တယ်။ ဘာမှ မဟုတ်ပဲ အားလုံးစိတ်ပူမှာဆိုးလို့။ နောက်တစ်ခုက ကျွန်မ ပျော်စရာလေးတွေပဲ ရေးချင်တယ်။ ကဲ လာလေ့ရော့ဟယ်။
ဗီယက်နမ်သူနှင့်ကျွန်မ
ကျွန်မဒီတစ်ခါကျောင်းပြန်တတ်ခါနီးပေါ့ (2009)။
 အင်တာနေရှင်နယ်အဆောင်မှာနေရတယ်ရှင့်။ ဂျပန်စာလယ်ဗယ်တန်းအလိုက် ပြန်လေ့လာဖို့ကို နောက်နှစ်အပတ်ဆိုရင် ယခုနေရာကနေ ကျူရှူးကျွန်းကိုသွားရမယ်ပေါ့လေ။ ရန်ကုန်မှာ လယ်ဗယ်ကိုဖြည့်တော့ လယ်ဗယ် ၁ နှင့် ၂ ကတိုကျို၊  ၃ ဆိုအိုဆာကာ ပေါ့လေ။ ဒီလိုနဲ့ ကျွန်မက လယ်ဗယ် ၁ လို့ဖြည့်ရင် ငါစာလုပ်ရလိမ့်မယ်။ ၂ လောက်နဲ့ပဲ ဖြည့်ပြီး ၂ လလောက်တော့ နှပ်မယ်။ တိုကျိုမှာလည်း နေချင်တာကိုး။ နေ့တိုင်းအပြင်ထွက်မယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပေါ့။ လာခါနီးလည်းကြရော လယ်ဗယ် ၂ က ယခုနှစ်မှစပြီး ကျူးရှုးကျွှန်းကို သွားရမယ်တဲ့ ။ တိုကျိုသွားချင်တဲ့သူ ခုတော့အိုဆာကာထက် ပိုပြီးတောကျတဲ့ နေရာသွားရတော့မယ်ဆိုပြီးလူက ဟာ ...ကနဲပါပဲ။
ဒီလိုနဲ့ သူမနဲ့တွေ့ခဲ့ပါတော့တယ်။
နိင်ငံတကာ ကျောင်းသားတွေစုံပြီး meeting လုပ်တိုင်း သူတို့က ဦးဆောင်ချင်တယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် ထပြောတယ်။ ငြင်းတယ် ။ ကောင်းပါတယ်။ ဒီအချက်ကိုလက်ခံတယ်။ ပွဲတစ်ခုခု ဘယ်သူများလိုက်မလည်း။ ၃ ယောက်ပဲရပါမယ်ဆိုရင်  သူ့နိုင်ငံက ၃ ယောက်စလုံး လက်ညှိုးထောင်တယ်။ ကျန်တဲ့သူတွေကို ဘယ်သူမှ မကြည့်ဘူး ။ ကိစ္စ မရှိ။တို့မြန်မာများစည်းလုံးသည်။သွားချင်တဲ့နေရာ အုပ်စုလိုက် လစ်ကြတာပါပဲ။
သူ့ကို သတိထားမိခဲ့တယ် အသားဖြူဖြူ ။ မျက်နှာကတော့ ဒီလောက်မလှ။ ကိုယ်လုံး အနေထားလည်း ပိန်ပိန်ထဲကမဟုတ် ၀၀ထဲကတော့မဟုတ်။ သူက ဂျပန်စာကို နာဂိုယာတွေ လေ့လာထားသည်တဲ့။ တစ်နှစ် တဲ့။coordinatorပြောပြထား၍ထင်သည်။ သွားကြမယ့်သူ ၃ ယောက်မှာ မြန်မာ၂ ယောက် သူတစ်ယောက်ပေါ့ဟု သူကလည်းသိထားသည်ထင်သည်။ သူနဲ့အတူတူသင်မည့် သူ ကျွန်မဆိုတာပါ။ တစ်ခွန်းမှ သိပ်မပြောသူ ကျွန်မကိုလည်း ဂျပန်စာလယ်ဗယ် ဘယ်လောက်ရှိသည်ဆိုတာ အရမ်းသိချင်နေပုံ။
ဒီလိုနဲ့ တနေ့ ဓတ်လှေကားထဲမှာ စမေးလာသည်။ ကျွန်မကလည်းသူတအားကို ဂျပန်စာရထားသည်လို့ သူ့အသိုင်းဝိုင်း က ပြောပြထားလို့ အမှန်ပြောရရင် အဖော်ရပြီလို့တောင်တွေးထားတာ။ လက်ရှိမှ ကျွန်မက စာဖြင့်အဆက်ပြတ်နေသူ။
နှုတ်ဆက်စကားဖြင့်တောင် စကားကိုမစပဲ တွေ့တွေ့ချင်းမေးလာသည်က
နင်ဘယ်လောက် ဂျပန်စာတတ်သလည်းတဲ့။ ကဲ... မေးလာတဲ့ပုံကို ကြည့်လိုက်ကတည်းက သူ့လယ်ဗယ်ခန့်မှန်းလို့ ရသွားသည်။ နည်းနည်းပါးပါးပါ လို့ဖြေလိုက်သည်။  သူက ဆက်၍
ခန်းကြီးရော ဘယ်နှစ်လုံးရလည်း တဲ့။  ကျွန်မက စလိုက်မိသည်။ ၃ လုံးလို့ ichi . ni san  ပေါ့ တစ် ဆိုရင်တုတ် တစ်ချောင်း၊ နှစ်ဆိုရင် တုတ်  နှစ် ချောင်း ၊ သုံး ဆိုရင် သုံး ချောင်းပဲ ဆွဲရတာလေ။ သူနည်းနည်းစိတ်ဆိုးသွားသည့်ပုံ ။သူက အထင်သေးနေတာကိုးလို့ ။ ဒီတော့လည်း ကိုယ်က လျှိုရတာပေါ့ ဟတ်ဟတ်။
နောက်မတွေ့မိ ။ ဒီလိုနဲ့စာသင်မည့်နေရာသို့  ရောက်သွားသည်။ စစချင်းဆရာမက အရည်အချင်းစစ်လေးလုပ်လိုက်ချင်သည်တဲ့။ ဒီ ၃ ယောက်တည်းကိုများ ဆရာမကလည်းပေါ့။ သူက ကျွန်မ နောက်ဆုံး ဘယ်အချိန်ထိ စာမေးပွဲ ဖြေဖူးလည်းထပ်မေးလာသည်။ ကျွန်မလည်း ၁၀ နှစ်ကျော်ကြာပြီလို့ပဲ အေးအေးဆေးဆေးဖြေရော ..
မနက်စစ် ညနေ အဖြေ ပြောမည်ပေါ့ ။ဆရာမက အမှတ်တော့မပြော။ စာစစ်ပြီးတော့ ဆရာမက ခေါ်တွေ့သည်။ ကျွန်မကို ဒီမှာဆက်သင်မလား။ တိုကျိုရွှေ့တာများကောင်းမလား။ coordinator ကိုပြန်မေးမည်ပေါ့။ ကျွန်မကတော့ ဒီမှာပဲ နေပါ့မယ်။ တိုကျိုလည်းမရွှေ့နိုင်တော့ပါလို့။ တခြားသောသူငယ်ချင်းများ(မြန်မာ)များကတော့စိတ်ဝင်စားနေကြသည်။ ကျွန်မဗရုတ်ကျထားတာသိကြသလို နေရာတကာစွာကျယ်စွာကျယ် လုပ်နေသည့်သူ့ကို သထိထားမိနေကြတာရော ။ ကျွန်မ ကိုယ်ရေ မသွေးသေးဘူးနော်။် ကောင်းခန်း က မရောက်သေးဖူး ဆက်ဖတ်အုံး.
ဒီလိုနဲ့ အဖြေကို သူက ဆရာမကိုမေးတော့သည်။ ၁၀၀မှာသူက ၄၆ မှတ် တခြားမြန်မာကျောင်းသူက ၇၀ကျော် ကျွန်မက ၉၆ အဲ့ဒီ့မှာသူ မျက်နှာပျက်ပြီး ကျွန်မဟာ သူ့အတွက် မျက်မှန်းကျိုးစရာ ဖြစ်သွားတော့သည်ပါပဲ။
စာတွေသင်ကြသည်။
သူဟာ အီကိုဌာန က ဆရာမတဲ့ အသက်ကတော့ ၂၈ ။ ငယ်ရွယ်သူမို့ ကျွန်မခွင့်လွှတ်ပါတယ်။ ဒါပေမယ့် ရီစရာလေးတွေလည်းဖြစ်ဖြစ်လာတယ်။
သူက မြန်မာကို မသိဘူးရှင့်။ သူတို့ ဟာလည်း ကွန်မြုနစ်ကနေ ပြောင်းလာတယ်။ ကျွန်မတို့ကလည်းဆိုရှယ်လစ်က ပြောင်းလာတယ်။ သူတို့ဟာ တိုကင်နဲ့အစားအသောက်ကိုတန်းစီ ယူပြီး
အစားကိုစားခဲ့ရတယ်လို့ ပြောပြပါတယ်။ ဒီတော့ မြန်မာကိုလည်း အဲ့လိုပဲ သူထင်နေခဲ့ပုံ။ ယခုအချိန်မှာ ဗီယက်နမ်ရဲ့တိုးတတ်ပုံကို သူကပြောသလို မြန်မာသတင်းဟိုဖတ်ဒီဖတ်လောက်နဲ့ သူဟာ မြန်မာကို အထင်သေးတော့တာပါပဲ။ ဆရာမက မြန်မာပြည်ဟာ ဘာမှ မရှိတဲ့နိုင်ငံမဟုတ်။ စားရေရိက္ခာ ကြွယ်ဝတဲ့နိုင်ငံလို့ရှင်းပေမယ့်သူက သူတို့နိုင်ငံဟာဆင်းရဲခဲ့တယ်။ ခု သူတို့နိုင်ငံမှာကျွန်မတို့နိုင်ငံမှာ
မ၇ှိတာတွေရှိနေပြီဆိုတော့ ။ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်ဟာ ဆင်းရဲမယ်ပဲ... ပေါ့ ။
တနေ့ကျွန်မသူ့ကို ခွင့်လွတ်လိုက်မိတာက ။ သူဟာ ငယ်ငယ်က ၅ နှစ်သမီးမှာ ငှက်ပျော်သီးနဲ့ပဲ ထမင်းစားခဲ့ရတယ်လို့ပြောလာပါတယ်။ ကျွန်မ နားလည်ပေးလိုက်နိုင်တယ်။ တခြားသော ငြှိကြတဲ့အကြောင်းရာတွေကတော့ များကြီးပါပဲ ။ သူက ရတာနာဆိုတာတောင် သေချာနားလည်ပုံမရပါဘူး။ မြန်မာပြည်ရတာနာတွေ ရှိတယ်ပြောတော့ ကျောက်စိမ်းလောက်၊ ပုလဲလောက်သာသိသူ။ မြန်မာပြည်မှာများကြီးလို့ပြောရင် ယုံတာမဟုတ် ။ ဒီကလေးမနဲ့တော့ ခက်ပါတယ်လို့ပဲ မှတ်ပါတယ်။
ရီစရာကို အဓိက ထားပြောရရင် သူက ကျွန်မကို ဗီယက်နမ်မှာဆို ယေကျာ်းရမှာမဟုတ်ဘူးတဲ့။
ဟယ်ဟုတ်လားဆိုတော့ အင်းတဲ့ အသားကလည်းမဲတယ်တဲ့။ လူကလည်းဝတယ်တဲ့။ ယေကျာ်းဘယ်လိုရသလည်းတဲ့။ သူက အသားအရည်က ၀င်းနေတာကိုး ။ပိန်ဖို့လည်းအမြဲ ကျိုးစားနေပုံ။
ဗီယက်နမ်ယေကျာ်းတွေက မိန်းမဆိုလှမှတဲ့။ ဒါနဲ့ ကျွန်မကလည်းမနေနိုင်။
 ဟင်သူတို့ကြတော့ရုပ်ဆိုးပြီးတော့လို့ ဖြေလိုက်တော့ သူက အောင်မယ် ငါ့ယေက်ျားက ချောချောလေး တဲ့။
ဓတ်ပုံပြလာပါတယ်။ သေချာတော့မဟုတ်ဘူး။ဟုတ်တယ်တော့ ကျွန်မမြင်ဘူးသမျှ ဗီယက်နမ် ထဲမှာတော့အတော်ကို ပြေပြစ်ပြီးချောတယ်။
သူ့ယေကျာ်းက ပြည့်လည်းပြည့်စုံတဲ့ပုံ။သူက ဘယ်လိုရအောင် ယူရတယ်ဆိုတာပါပြောထားတာ။ မနော်ဖော်ရဲ့ ပိုစ့်ကို ဖတ်ပြီးကတည်းက ဒါကို ရေးချင်နေတာ။
ဒါနဲ့သူက နင်တို့ မြန်မာယေကျာ်းတွေလည်းမချောပါဘူးတဲ့။ အခုကျွန်မတို့ နဲ့က
 စိုက်ပျိုးရေးက ဆရာလေးတစ်ယောက်ပါတယ်။ကျွန်မတို့ထဲမှာ သူကလည်းအတော်လေးမဲရှာပါတယ်။
ဒါနဲ့ကျွန်မက ဟယ်သူ့ကိုတော့ မကြည့်ပါနဲ့ဟယ်။ ငါတို့မြန်မာအမျိုးသားတွေက မိန်းကလေးကို လှတာထက်၊ မရှပ်မပွေ စိတ်ထားကောင်းတဲ့ သူကို ပိုကြိုက်ကြပါတယ်လို့ဖြေရော။
သူက ထပ်ပြီးကျွန်မကို နင်က ကံကောင်းပါတယ်။ တစ်ကယ်ပြောတာ ငါတို့နိုင်ငံမှာဆို လုံးဝ ယေကျာ်းရမှာမဟုတ်ဘူးပဲ ထပ်ပြောလာတော့ ကြည်ကြည်လည်းဝမ်းနည်းလာပါတယ်။ အေးဟယ် ငါမြန်မာဖြစ်ရတာ ကံကောင်းတာပေါ့။ ငါ့ကို ယူမယ့်လူလည်းရှိတယ။် ခလေးတောင်မွေးပြီးပြီဟ လို့ပဲ ပြန်ပြောလိုက်တယ်။
အဲ့ဒီညက အိမ်ကို ဖုန်းဆက်ပြီး ကိုကိုရေ ကျေးဇူးနော်လို့ဆိုတော့ အိမ်က လူက ဟ ဘာဖြစ်တာလည်းတဲ။့ ကျွန်မကို ယူလို့လေ လို့ပဲ ကျွန်မ ဖြေမိလိုက်တယ်။
ဒီလိုနဲ့ဇတ်လမ်းက မပြီးဘူးရှင့်။ နောက်နေ့သူက ကျွန်မ အမျိုးသားပုံကြည့်ချင်တယ်တဲ့။ ဟာ ခက်ပြီ ဒီတစ်ခါတော့ ငါနိုင်ချင်တယ် ။ ကဲ..ဆိုပြီး တခြားသူငယ်ချင်းတွေ ဆီက အကြံဝိုင်းတောင်းတာပေါ့ ။
အကြံက
သူ့ယေကျာ်းပုံ အရင်ကြည့် ။
မချောရင် ကိုယ့် ချစ်ချစ်ပုံပဲပြ။
ချောရင် နောက်တစ်ပုံပြ ကိုယ့်ချစ်ချစ်ပုံ မထုတ်ပြနဲ့တဲ့ ။ ...ကဲ အဲံဒီ့နောက်တစ်ပုံရဖို့ကို တညလုံး ဟိန်းဝေယံ သိပ်မချောတဲ့ပုံ ယူသွားရင်ကောင်းမလား။ လွင်မိုး ပိန်တုန်းကပုံယူရင်ကောင်းမလားပေါ့။ ကျွန်မတို့ မြန်မာ ၅ ယောက် ခေါင်းချင်းဆိုင်ကြတာပေါ့။
နောက်တစ်နေ့ကြတော့ သူက သူ့ယေကျာ်းပုံကို သေချာပြပါတယ်။ ကျွန်မကလည်းသေချာကြည့်ပြီးတော့ ဟယ်ချောတယ်တော့ပေါ့။ ဒါနဲ့ သူ က ကဲ နင့်အမျိုးသားပုံပြဆိုတော့ ကျွန်မက ပါမလာဘူးပေါ့ ။ အတန်းထဲ ၃ ယောက်ထဲရှိတာ ဆရာမပါသိတယ် ဒီကိစ္စက ။ သူ က ကျွန်မကို စိတ်ဆိုးတဲ့ပုံ။
ညနေပိုင်းအတန်းလည်းဝင်ရော လိုအပ်လို့ laptop ဖွင့်လိုက်တော့ screen ပေါ်မှာ ကျွန်မက အိမ်က လူနဲ့ခလေးတွေပုံတင်ထားမိတာကိုး ..သူက အတင်းပြေးလာပြီး ကြည့်ပါတယ်။ ကျွန်မ လွင်မိုး ပိန်တုန်းက ပုံမပြလိုက်ရဘူး သူမြင်သွားပြီ။ အိမ်က အညာသားပုံ။
သူက တံတွေးကို မြိုချလိုက်တယ်။ အင်း မဆိုးပါဘူးတဲ့ ။
ဒီလိုနဲ့ ကျွန်မသူနဲ့ ၂ လခွဲပဲ တူတူစာသင်ပြီး မိခင်တက္ကသိုလ်ကိုရောက်လာပါတယ်။ ဗီယက်နမ်မဆို လန့်လည်းလန့် အပေါင်းအသင်းလည်းမလုပ်ချင်တော့ဘူး။ အဲ့မှာချစ်စရာကောင်းပြီးမြင်ဖူးသမျှ ဗီယက်နမ်မထဲမှာ အချောဆုံး လို့ဆိုရလောက်အောင် ကောင်မလေးတစ်ယောက်က ကျွန်မကို ခင်ခင်မင်မင် အရမ်းပေါင်းပါတယ်။ ကျွန်မကအစပိုင်းက အင်တင်တင်ပါ။ နောက်တော့ ခင်သွားကြတယ်။ သူ့ကို ဒီအကြောင်းပြောပြပြီး ဒါကြောင့် ယူ့ကို စတွေ့ တုန်းက ခင်ဖို့ကို ခပ်ကြောက်ကြောက်ဆိုတော့ အဲ့ကောင်မလေးက ရီလိုက်တာ ပြီးတော့ပြောရှာပါတယ်။ ကျွန်မတွေ့ဖူးလိုက်တဲ့သူက ခပ်ကြောင်ကြောင်လို့မှတ်ပါဟယ်တဲ့။  ခုဗီယက်နမ်မလေးလား ကျွန်မမို့လို့ကျောင်းမလာရင် အိမ်အထိ လိုက်လာတတ်သူ။
ကဲ ..
တစ်လောက သူငယ်ချင်းတွေနဲ့ ဖုန်းပြောတော့ ဒီအကြောင်းပြန်ပြောပြီး ဒီပို့စ်ကို ရေးချင်လာတယ်။
Saturday, June 18, 2011
မ တို့ ပန်းရောင် ၀တ်ပါ။
     ကျွန်မ ဘာအရောင်ကြိုက်လည်းမေးရင်တော့ မဖြေတတ်ပါဘူး။အဖြူရောင် အိပ်ရာခင်းတွေ နဲ့ အဖြူရောင် ညအိပ်ဝတ်စုံတွေကိုတော့  နှစ်သက်ပါတယ်။ အသားမဖြူသူမို့ သိပ်တောက်တဲ့အရောင်တွေကလွဲရင် အသက်အရ အရောင်နုနုတွေကို လည်းနှစ်သက်လာပါတယ်။ သိပ်ပြီးမ၀တ်တာ အနီရောင်နဲ့ ပန်းရောင်ပါပဲ။
ကျွန်မရဲ့ ဆိုက်ကိုက (ငယ်ငယ်တုန်းက)ပန်းရောင် ခြင်ထောင်တို့ အိပ်ရာခင်းတို့ ခင်းထားရင် လုံးဝ
ဝင်မအိပ်တာပါပဲ။ အဲ့လိုပဲ ပန်းရောင်အ၀တ်အစားတွေကို သိပ်ပြီးမသုံးတတ်ခဲ့ပေမယ့် သမီးလေးမွေး တဲ့အချိန်မှာတော့ ပန်းရောင်ကိုချစ်တတ်လာသလို သူ့အခန်းလေးကို ပန်းရောင်လေးတွေဆင်ပေးပြီး နုငယ်တဲ့မိန်းကလေးနဲ့  ပန်းရောင်ဟာ သိပ်ကိုလိုက်ဖက်ကြောင်း လက်ခံမိလာပါတယ်။
ဟော အခု ပန်းရောင်ကို မိမိပတ်ဝန်းကျင်မှာထားဖို့ အကြောင်းအရာတစ်ခု ကြည့်လိုက်ရတယ်။
မိန်းကလေးတွေ ဟာ မိမိပတ်ဝန်းကျင်မှာ ပန်းရောင် တွေနဲ့အဆင်တန်ဆာဆင်ခြင်းဖြင့် မိန်းကလေးဟော်မုန်းက ပိုကြွလာပါတယ်လို့ အလှအပရေးရာ အရေပြားဆရာ
အရင်က အနက်ရောင် အတွင်းခံတွေက ပိုပြီးဆွဲဆောင်မှု့ရှိတယ်လို့ ထင်ခဲ့ကြပါတယ်တဲ့။ အမျိုးသား ၁၅ ယောက်ကို စစ်တမ်းကောက်တဲ့အခါမှ အနက်ရောင်ကို ကြိုက်တယ်လို့ပြောတာ ၂ ယောက၊် အဖြူရောင်ကိုကြိုက်တယ်ပြောတာ ၁ယောက်နဲ့ အနက်ရောင်ဝတ်တာကိုမနှစ်သက်ဘူးလို့ ပြောတာ ၁၀ယောက်နဲ့ အဲ့၁၀ယောက်ကပဲ ချစ်သူ မိန်းကလေးကို အတွင်းခံပန်းရောင် နဲ့ဆို ပိုနှစ်သက်တယ်  လို့အဖြေပေးကြပါတယ်။
လုံးဝဆွဲဆောင်မှု့ မရှိတာကတော့ အဖြူရောင်ပါတဲ့။ ကဲ….
တစ်ဆက်တည်းမှာပဲ ဆရာဝန်မက အလှအပနဲ့ပတ်သတ်တာလေးတွေကိုဖတ်မှိရင် note book မှာကိုယ်တိုင်ချရေး ပြီးမှတ်ထားတာက လည်း ဦးနှောက်ကို အလှအပနဲ့ပတ်သတ်တဲ့ sense ကသွားပြီး ပိုပြီး လှဖို့ဂရုစိုက်မိပါတယ်တဲ့။
ကဲ ပန်းရောင်မကြိုက်တဲ့ မမများ ပန်းရောင် မ၀တ်ချင်ရင်တောင် ပန်းရောင် အဆင်တန်ဆာလေးတွေ မိမိပတ်ဝန်းကျင်မှာထားသင့်ပြီ။
နွေရာသီ မိန်းကလေးနှင့် အနံ
ဂျပန်မှရယ် မဟုတ်ပါဘူး။ အနံအသက်ဆိုတာ ဂရုစိုက်မိကြမှာပါပဲ။ တစ်ချို့သောလူမျိုးတွေ တစ်ခါတစ်လေ ဓတ်လှေကားထဲတောင် အနံမခံနိုင်တာတွေ ရှိပါတယ်။ ဂျပန်ရဲ့ကွန်မြုနတီမှာတော့ အနံအသက်ပြင်းတာဟာလည်း လုပ်ငန်းခွင်မှာ မျက်နှာသာပေးမခံရတာတွေ ရှိတဲ့အတွက် အနံအသက်ဖြစ်စေတဲ့ ဂျိုင်းအောက်က ဂလင်းတွေ ကိုခွဲထုတ်တဲ့ ဆေးခန်းတွေ ဆိုတာလည်းများပါတယ်။
တစ်ချို့အကျိုးပေးကြောင့်လို့ပဲ သဘောထားပေးရမှာပါပဲ.။ကိုယ်တိုင်အနံရှိတယ်ဆိုတာကို လက်ခံမှသာပြုပြုင်ယူလို့ရမှာကိုး။ ကျွန်မသူငယ်ချင်းတစ်ယောက်ဟာ အတော်ကို သန့်ရှင်းပါတယ်။ ဒါပေမယ့်သူ့ရဲ့ချွေးနံက အတော်ကိုပြင်းလို့ သူ့ခမျာ အမြဲတမ်း တစ်နေ့သုံးခါလောက် ရေအိမ်ဝင်ပြီး wet tissue နဲ့ သန့်ရှင်းရေးလုပ်ရှာပါတယ်။ နောက်တစ်ယောက် မြန်မာသူငယ်ချင်းမကတော့ အနံအသက်ဆိုးတဲ့သူမဟုတ်ပဲ သူကတော့တစ်ကိုယ်ရေ သန့်ရှင်းမှု့အားနည်းလို့ဖြစ်တဲ့အနံအသက် ကရှိပါတယ်။
ဂျပန်မှာခုနောက်ပိုင်းက ဆေးထိုးတယ်တဲ့။ ဂျိုင်းက ချွေးနံ ရယ်ထွက်တဲ့ ချွေးကနေ
အ၀တ်အစားကို မစွန်းထင်းအောင်တဲ့။
အောက်ပါအချက်များကို ဖြည့်စွက်ကြည့်ပါ။
၁။ ချွေးသာမန်ထွက်သူ။
၂။ဂျိုင်းအောက်ကနေ စိုတိုတိုနဲ့ ရှိတတ်သူ။
၃။ ဖိနပ်စိုနေတတ်သူ။
၎။ အနံပြင်းတယ်လို့ထင်တဲ့သူ။
၅။ဂျိုင်းချွေးနံက ပြင်းတယ်လို့ထင်မိသူ။
၆။အ၀တ်အစားတွေရဲ့ဂျိုင်းနားမှာ အ၀ါရောင် ရှိတတ်သူ။
၇။ရေကို တစ်နေ့တစ်ခါ ပဲ ချိုးတတ်သူ ( မြန်မာလူမျိုးတွေက တော့ ရေချိုးများတယ်လို့ ထင်ပါတယ်)။
၈။ အနှစ်များများနဲ့ ဟင်းတွေအစားများပြီး သရေစာလည်းစားတတ်သူ။
၉။ဂျိုင်းမွှေး မရိတ်၊ မနှုတ်သူ။
၁၀။ အသီးအနှံနှင့် အသီးအရွက် အစားနည်းသူ။
အဖြေ ၀- ၂ အထိ  အနံအသက် မစိုးရိမ်ရပါ။
     ၃-၅  ချွေးထွက်များသူမို့လို့ ဂျိုင်း အနံ ထွက်မည့်သူဖြစ်ဖို့ ရာခိုင်နှုန်းများပါသည်။
    ၆-၁၀  အနံအသက်အထူးကို ဂရုပြုပြီး. ဆေးထိုးရမည်။ သို့မဟုတ် ဂျိုင်းအား ခွဲ စိတ်ကုသမည့်နည်းလမ်း၇ှာပါတဲ့။
(INRED magazine July 2011) 30 dai no joshi zashi
နောက်ကျွန်မတို့မြန်မာမိန်းကလေးတွေ(ယိုးဒယား၊စင်္ကပူမိန်းကလေးများလည်းတွေ့ခဲ့ပါတယ်)ရဲ့ မှားယွင်းတဲ့ ဖိနပ်စီးမှု့ပါပဲ။pumps လေးတွေ  ခုနောက်ပိုင်းမှာရန်ကုန်မှာလည်း အတော်များများစီးလာကြပါတယ်။ ဒါပေမယ့်ခြေအိတ်နဲ့တွဲ မစီးတာတွေဟာ သာမန်အနံမရှိတဲ့သူတောင် လည်သာ အပိတ်နဲ့ရာသီဥတု ကြားမှာတစ်နေကုန်သာ
ဝတ်ထားရင် ဖိနပ်ချွတ်လိုက်တာနဲ့ ချွေးနံက ထွက်တာပါပဲ။ ပူတယ်ဆိုပြီး ဒီအတိုင်းဝတ်တာက ပိုပြီးတော့ဖိနပ်ကိုလည်း ညစ်ပတ်စေသလို ဖိနပ်အတွင်းသားလည်းကြာကြာမခံတတ်ပါဘူး။ ဂျပန်မိန်းကလေးကလွဲရင် နွေရာသီမှာ pumpsကို အသားကပ်နဲ့တွဲဝတ်တာ ကိုကျွန်မတို့အရှေ့တောင်အာရှနိုင်ငံများက မ၀တ်ကြပါဘူး။
ပုံ။ google photo .ခုနောက်ပိုင်း socks လေးတွေက pumpsအပြင်မထွက်ပါဘူး ခြေအိတ်
ဝတ်ထားတယ်လို့မထင်ရလောက်အောင် ပါးပြီး တိုပါတယ်။
သင်ဟာ pumps လေးတွေကိုနှစ်သက်စွာ စီးသူဆိုရင် ဖိနပ်တစ်ရံကို နှစ်ရက်ထက်ပိုပြီး ဆက်တိုက်မစီးပါနဲ့။အလှည့်ကြပြောင်းစီးပေးခြင်းဟာဖြင့် ဖိနပ်လေးအနားရပြီး အနံအသက်လည်း ကင်းစေပါတယ်။ ဂျပန်မှာတော့ ဖိနပ်ထဲကို မီးသွေးခဲ ထည့်ထားတတ်ပါတယ်။ အနံစုပ်တာကိုး ။ တစ်ချို့လည်း ဂျပန်ယန်း အကြွေစေ့ ကိုထည့်ပါတယ်။ ကျွန်မကတော့ ပိုက်ဆံကို ဖိနပ်ထဲမထည့်ချင်လို့
Rosemarry အရွက်လေးတွေကို အိတ်နဲ့ထည့်ပြီး ထည့်ပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ပူစီနံကို ထည့်ထားတတ်ပါတယ်။
မျက်နှာလေး လှပယုံတင်မဟုတ်ပဲ။ ဂရုမထားမိတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးလေးတွေကနေ အလှပဆုံးဖြစ်နိုင်ကြပါစေ။
မှတ်ချက်။ ။  မမွန် (ကောင်းမွန်ဝင်း) loveyourself ကိုဖတ်ပြီး အတွေးရလို့ ရေးပါတယ်။
Tuesday, June 14, 2011
အိုင်ဒီယာ(၃)
ယခုခေတ်မှာ (ရန်ကုန်မှာလည်းရောင်းအားအကောင်းဆုံး)တရုတ်လို hotpot   ဂျပန်လို shabushabu လို့ ကျွန်မတို့ခေါ်နေကြတဲ့ ပူပူုလောင်လောင် အစားအသောက်လေး လူတိုင်းသိကြမှာပါ။  
ဟော့ပေါ့ဆိုတာနဲ့ စတီး ဇလုံကို အလယ်က နေခွဲထားပြီး အစပ်တစ်မျိုး၊ အချိုတစ်မျိုးထည့်တားတာကို ပြေးမြင်မိမှာပေါ့။ ဟိုးအရင်တုန်းကတော့ တစ်မျိုးပါပဲ။
အဲ့ဒီ့ဇတ်လမ်းရဲ့ အစက တော့ စီချွမ်ပြည်နယ်ကနေ မြို့တော် (ဂှန်ဟိုင်းလား၊ပီကင်းလားပဲ ခွင့်လွှတ် မေ့သွားပြီ) တတ်လာတဲ့ လင်မယားနှစ်ယောက်ဟာ ဆင်းဆင်းရဲရဲ နဲ့ ရွှေ့ ပြောင်းလုပ်သားများနည်းတူ အလုပ်ကိုကြိုးစားပြီးလုပ်ကြသတဲ့။  နောက်တော့ အမျိုးသားက စဉ်းစားတယ် ငါတို့ ဟော့ပေါ့လုပ်ရောင်းမယ်ပေါ့၊ ဒါပေမယ့်သူတို့ ဟော့ပေါ့က သူတို့ စီချွမ်ကအတိုင်း အစပ်ကိုအရမ်းထည့်ရောင်းတယ်တဲ့ ၊ အဲ့မှာသူဆီကို လာအားပေးတဲ့ ဘ၀တူ အလုပ်သမားတွေထဲက စီချွမ်ကနေ လာပြီးအလုပ်လုပ်တဲ့သူကတော့ စားလို့ကောင်းတယ်ပေါ့  ဒါပေမယ့်တခြား ပြည်နယ်က လာတဲ့သူတွေကတော့ မင်းတို့ ဟော့ပေါ့ စပ်တယ်လို့ပြောသတဲ့။ ဒါနဲ့ အမျိုးသမီးက နှစ်မျိုးစလုံး စားလို့ရအောင် အိုင်ဒီယာနဲ့ အဲ့ဒီလို ပုံမျိုး  ဇလုံကို အပ်လိုက်သတဲ့။ ပေါက်သွားတာပေါ့။ သူ့ဆိုင်သေးသေးလေးကနေ တဖြည်းဖြည်းကြီးလာလိုက်တာ။ .အခုဆို တရူတ် နိုင်ငံရဲ့ နာမည်ကြီး
မြို့ကြီးတွေ တိုင်း မှာလိုလို သူတို့ဆိုင်ကရှိနေပြီး စုစုပေါင်း ဆိုင်ပေါင်း ၃၅၀ ကျော်သတဲ့။ ၀င်ငွေဟာ ဂျပန်ယန်းတန်ဖိုးအနေနဲ့ဆိုရင် တစ်နှစ်ကို သိန်းထောင်ပေါင်း ၃၅၀ ကျော်သတဲ့။ သူ့ ဆိုင်ကနေ စလိုက်တဲ့ အဲ့နှစ်မျိုးထည့်ဇလုံကို သူဟာမူပိုင်ခွင့်လုပ်ဖို့စဉ်းစားလိုက်ပေမယ့် တခြားသူတွေ လိုက်တုတာ
သူ့ ကိုကြော်ငြာပေးနေသလိုတောင်ဖြစ်ပါတယ်ဆိုပြီး မူပိုင်ခွင့်မလုပ်ဘူးတဲ့။
ဇလုံ တစ်ခု အိုင်ဒီယာပြုလုပ်တာ ....
နောက်တစ်ခုကတော့ ဂျပန်က အိုင်ဒီယာသမားပါပဲ။ ယိုကိုဟားမားရဲ့ ဆိပ်ကမ်း နားမှာ minato mirai ဆိုပြီး ရှိပါတယ်။ အဲ့ဒီ့နားမှာပဲ ရေပူစမ်းတစ်ခုရှိပါတယ်။ သူက အထပ်မြင့်ရေပူစမ်းပါ။ အထပ် ၁၀ထပ်ကျော်မှာတည်ရှိပါတယ်။
 ကျွန်မလည်း သိပ်တော့မမှတ်မိဘူး။ အဲ့အထပ်ပေါ်ကနေ အကုန်လုံးမြင်ကွင်းတွေ မြင်နေရတာတော့ အမှန်ပဲ။ သူက ကားပါကင်၊ နောက်စားသောက်ဆိုင် ၊ နောက်ရေပူစမ်း နဲ့ အပေါ်ဆုံးလေသာထပ် ဆိုပြီးခွဲထားပါတယ်။ရေပူစမ်းထဲမှာတော့ ကနေဘိုး၊ ရှိရှဲဒိုး နဲ့ ကိုဆေး အလှကုန်တွေကနေ လာတင်ထားတဲ့ နမုနာ မျက်နှာ လိုးရှင်းကနေ မျက်လုံးဆိုးဆေး အထိကိုစုံလင်စွာထားရှိပေးထားပါတယ်။
                                                              သွားထားကြောင်းအထောက်အထားဖြင့်
တစ်ယောက်ကိုယန်း ၂၇၀၀ နီးပါးပါ။ တစ်နေကုန် ကြိုက်သလောက်ဝင်လို့ရပါတယ်။
 ဒီမှာနည်းနည်းရှင်းပြချင်ပါတယ်။ ဒီကသဘာဝရေပူစမ်း ဆိုရင် ယန်း ၁၀၀၀ နဲ့အထက်မှာရှိပါတယ်။ ၂၄၀၀လောက်ကောက်တဲ့နေရာတွေကြတော့(suna ) တို့ steam room တို့မှာ ဆားနု တွေ နောက်အရွက်ပေါင်းထုပ်တွေ ပိုပြီးထည့်ထားပေးတတ်ကြပါတယ်။ ရန်ကုန်မှာတော့ အရွက်တွေ ဘာတွေ မထည့်သလို ဆားလည်းမတင်ထားပေးပါဘူး၊ စီဒိုးနား၊ ထရိတ်ဒါးနဲ့ ပတ်ခရွိုင်ရွယ်တို့မှာရှိပါတယ်။တစ်လောက တို့ အတင်းပြောထားတဲ့မင်းသမီးဆို suna ခန်းထဲ ဆီလိမ်း၍
မ၀င်ရဆိုတာကို နားမလည်ပါဘူး။ တစ်ကိုယ်လုံး ဆီတွေ လိမ်းပြီးမှ ၀င်ပါတယ်။(သိချင်လျှင်တိုးတိုးတိတ်တိတ်မေး )။
ဆက်ရအောင်
အဲ့လို အထက်မြင့်မှာ သဘာဝရေပူစမ်းဘယ်လိုများလုပ်လည်းပေါ့။ ဒီနားမှာပဲ တူးလားလို့ ကြည်ကြည်
တွေးခဲ့ဘူးပါတယ်။ လူတွေကလည်း သွားတိုင်းလိုလို စည်တယ်။  တစ်လောက တိုက်တိုက်ဆိုင်ဆိုင်  တီဗီအစီအစဉ်မှာလာရော။  ပိုင်ရှင်ဟာ နယ်က ရေပူစမ်း ပိုင်ရှင်ပါ။ ရေပူစမ်းနာမည်ကြီးတွေ ဆိုရင် ဂျပန်လူမျိုးတွေက တစ်ကူးတစ်က ကိုသွားဝင်ကြတာကိုး။ ဒီလိုနဲ့ သူက နယ်က ရေပူစမ်းရေကို မြို့ နေလူတန်းစား တိုကျို ယိုကိုဟားမား စတဲ့သူတွေကိုပါ အသုံးပြုစေချင်တယ် ဈေးကွက်ချဲ့မယ်ဆိုပြီး စဉ်းစားသတဲ့။  နေ့စဉ် ရေ ဂါလံ ၇၀၀ကျော်ကို သူ့ နယ်ကနေ ၂ နာရီခရီးနဲ့သယ်ပါတယ်တဲ့။ ရေသယ်ဖို့ ရေသယ်တဲ့အခါ ရေအပူချိန်(၇၀ဒီကရီ)  ပြောင်းမသွားအောင် အထူးစီမံထားတဲ့ tanker အရှည်ကြီးနဲ့ သယ်ပါတယ်။
ဒီလိုနဲ့ သူရဲ့ လုပ်ငန်းကိုချဲ့ထွင်ခဲ့ပါတယ်။ သူဟာလည်း ဂျပန်မှာ အဆင့်တစ်ခုသတ်မှတ်ခံရတဲ့သဌေးနာမည်ထဲမှာပါပါတယ်။
သူဟာ တစ်လောက ငလျှင်ဒဏ်ခံရတဲ့ဒေသက လူတွေ ရေပူစမ်းဝင်လို့ရစေရန်ဆိုပြီး အဲ့ဒီ့
သူ့ ရဲ့ရေသယ်ကား နဲ့ပဲ ရေကိုသယ်  ယာယီရေစိမ်တဲ့ ဇလုံ အကြီးကြီးတွေ နဲံ့ ကုသိုလ်ယူနိုင်ခဲ့ပါတယ်။
တို့ ရွာက ရေပူစမ်း ..
ကြည်ကြည် ရန်ကုန်မှာ အလုပ်လုပ်တုန်းက မြစ်ကြီးနား၊ လားရှိုး ၊ အင်းလေးခရီးစဉ်ကို ဂျပန်စစ်ပြန်အဘိုးကြီး အဘွားကြီးတွေ နဲ့ ၂၀၀၂ လောက်တုန်းက ခရီးထွက်ဖူးပါတယ်။
ကန့် ဘလူ လားပဲ အဲ့မှာ ညအိပ်တော့ သူတို့ က ရေနွေးစိမ်ချင်တယ်။ ရေနဲ့ပဲ ချိုးနေရတာကိုး။ သံစည်ပိုင်းကို အောက်ကနေ မီးဖိုတည်ပြီး ၀င်ကြတယ်ရှင်။ ကြည်ကြည်ကတော့ ကြည့်လိုက် ငရဲသားတွေ မီးမြိုက်တာကိုမြင်ယောင်လိုက်နဲ့ ။
ခရီးစဉ်က ခေါင်တိုင်ကိုရောက်ေ၇ာ ညဘက်ကြတော့ ခေါင်တိုင်ဟိုတယ်ကနေ ရေပူစမ်းသွားပါရောလား။ သူတို့ထင်တဲ့ရေပူစမ်းမျိုးမှ မဟုတ်တာ။ အကုန်လုံး ရေကူးကန်လို ထဲကို ၀င်ကြပြီးတော့ ရေကန်ဘေး
အ၀တ်လျှော်နေကြလို့ တဲ့ အဖွားကြီးတွေ က မ၀င်ကြဘူး။
နောက်တော့ မန်းလေးပြန် မန်းလေးကနေ လားရှိုးကိုတတ်တော့ နိုင်ငံခြားသား ၆ ဒေါ်လာလားပဲ ရေပူစမ်း အံမယ်သူကတော့ အခန်းနဲ့ ရှင်၊၊ ဂျပန်တွေက ဂျပန်ရေချိုးနည်းတိုင်းချိုးလို့ ရပြီဆိုပြီး ပျော်နေရော။
ကြည်ကြည်လည်း တစ်ခန်းပေါ့။ ရေချိုးဇလုံ အဖြူကကွယ် အ၀ါရောင်ကိုညစ်လို့ ၊ အခန်းတွေကလည်း ညှီစို့စို့  စိုတိုတို။ တော်ပြီငါတော့ ဒီအထဲတော့ ၀င်မချိုးတော့ဘူးလုပ်နေတုန်း ဘေးခန်းက အဖွားကြီး အော်ပြီးတံခါးဖွင့်လိုက်သံကြားတယ်။
ရေပိုက်ခေါင်းဖွင့်လိုက်တော့ ရေပူမလာခင် ရေအေးတွေ ဆင်းလာတယ်။ ရေအေးနဲ့ အတူပါလာတာက တီကောင်တဲ့  .. အဖွားကြီး က နန်းဒေ၀ီ နဲ့း)
ချမ်းမြေ့ပါစေ။
Friday, June 10, 2011
သစ်တောနဲ့ သစ်ပင်ချစ်ခင်တဲ့လူမျိုး ......
အမှန်တော့ခေါင်းစဉ်က မြန်မာ့အလင်းမှာ မိုးရာသီပါတတ်တဲ့ခေါင်းစဉ်လေးပါ။
သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး၊ xxxxx ရွှေတိုက်ကိုစိုး ဆိုတာလေ အကုန်မမှတ်မိဘူး။
-------------------------
မြေသင်းနံဆိုတာလေး ကိုအတော်များများနှစ်သက်ကြမှာပါ။ စာတွေထဲမှာလည်းဖတ်ဖူးနေတာပဲလေ။ မိုးစပြီးရွာကစမှာ ရတတ်တဲ့အဲ့အနံလေး။  တစ်နေ့ကသူငယ်ချင်းတွေနဲ့စကားပြောရင်း  သတိထားမိလိုက်တယ်။ မုတ်သုံ ရာသီမှာ နေကြတဲ့ သူတိုင်း မြေသင်းနံကို ချစ်ကြတယ်လို့။
အနံတောင်ခွဲခြားလိုက်တာလို့တော့ မထင်ပါနဲ့ရှင့်။  ဂျပန်က မိုးရွာပြီးကာစ အနံ့ကတော့မကောင်းဘူး။ အထူးသဖြင့် ကျွန်မတို့လို နယ်မှာနေရတဲ့သူတွေပေါ့။ တောရိပ်တောင်ရိပ် တော့ရှိပါရဲ့။ မိုးရွာပြီးရင် အပင်တွေကနေရတဲ့ အနံက စိမ်းရွှေရွှေကြီး။
ဂျပန်မှာ ၀တ်မှုံအလာဂျီ အဖြစ်များတာက ၄ လပိုင်း အဓိကကတော့ sugi လို့ခေါ်တဲ့ ထင်းရှုးတွေပေါ့။ ဂျပန်ဟာ စစ်ပြီးကာလာမှ နိုင်ငံပြန်လည်တည်ဆောက်ဖို့အတွက်ဆိုပြီး အားလုံးလိုလိုတောတွေ၊ တောင်တွေမှာ ထင်းရှူးကို အင်တိုက်အားတိုက်စိုက်လိုက်ကြတာ ခုတော့ ထင်းရှုးတွေရဲ့ သက်တမ်းကလည်းရင့်လာရော် လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ကနေစပြီးတော့ ဒီထင်းရှုးမှုန့် အလာဂျီဆိုတာကစတော့တာပါပဲ။ လက်၇ှိမှာ ဂျပန်နိုင်က ဟာ သစ်တောမြေကိုတော့နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ရှိပေမယ့် လယ်ယာမြေကတော့လုံးဝ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဟိုကိုင်းဒိုး ကျွန်းရဲ့ အတော်များများသော တောတွေဟာ ခုချိန်မှာတရုတ်၊ ကိုရီးယားကနေ ပိုင်တာများပါတယ်တဲ့။ သစ်တော လုပ်ငန်းတွေ သိပ်မလုပ်တဲ့အတွက်
သစ်တောနဲ့ အသက်မွေးသူတွေ အလုပ်အကိုင်ရှားပါးလာပါတယ်။
(မြန်မာပြည်မှာတုန်းက မြန်မာပြည်က ထင်းရှုးတွေကို ထွက်သလောက်ယူမယ်ဆိုတဲ့ ကိုရီးယားတစ်ယောက်တွေ့ဖူးတယ်။ စပ်စုကြည့်တော့ ခေါင်းတလားလုပ်ဖို့တဲ့) ။
တရုတ်ကျောင်းသူနဲ့စကားပြောကြတော့ သူဟာဂျပန်နိုင်ငံရဲ့ လူနေအိမ်ဘေးမှာ လယ်ကွက်တွေ ရှိနေတာကို အံ့သြောပါတယ်တဲ့။ အဲ့ဒီ့မှာ ဆရာက ရှင်းပြတာက ဂျပန်ဟာ လယ်ယာမြေလို့ သတ်မှတ်ထားတဲ့နေရာကို လယ်မလုပ်တဲ့သူကို ပြန်မရောင်းရဘူးလို့ သတ်မှတ်ထားပါတယ်တဲ့။ လယ်ယာမြေကို ကုမ္ပဏီတွေက ၀ယ်တယ်။ လယ်ယာအတွက်အသုံးပြုခြင်းမရှိပဲ တစ်ခြားသော လုပ်ငန်းအတွက် လုပ်ကိုင်ခွင့်မရှိလို့ဆိုပါတယ်။
ဆရာ့ကို ကျွန်မက စောဒကတတ်လိုက်တာက ဆရာတို့ဂျပန်ဟာ ကိုယ့်သစ်တောတွေတော့ ထိန်းသိမ်းတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေဆီကနေ သစ်တွေဝယ်တယ်။ ဒါဟာကော်ဖီတို့၊ ၀ါ တို့တွေ ၀ယ်သလို fair trade တော့မဟုတ်ဘူး။အဲ့ဒီ့အတွက်ဘယ်လို ပြန်ပြီးလုပ်ပေးပါသလည်းလို့ မေးမိပါတယ်။ ဒါနဲ့ဆရာက မလေးရှား၊ အင်ဒိုနီးရှားမှာ သူတို့တွေပြန်ပြီး အပင်စိုက်တဲ့လုပ်ငန်းရဲ့ အောင်မြင်မှု့၊ ပူးပေါင်းတဲ့ဒေသရဲ့ အကျိုးခံစားခွင့်၊ မပူးပေါင်းတဲ့ဒေသရဲ့ disadventages တွေကိုပြန်ပြီးရှင်းပြပါတယ်။
အင်ဒိုနီးရှားရဲ့သစ်တောပြုန်းတီးမှု့မှာ သူနိုင်ငံရဲ့စီးပွားရေးတော့တတ်သွားတယ်လို့ဆိုပါတယ်။ (သူငယ်ချင်းက အင်ဒိုနီးရှားပရော့ဂျတ်လုပ်နေသူ)။
သူတို့ဟာ Growth first, Clean up later စနစ်နဲ့အင်ဒိုနီးရှားနိုင်ငံကို  ပုံသွင်းခဲ့ကြလို့ ရေတိုမှာ အကျိုးခံစားလိုက်ရပေမယ့် ရေရှည်ရဲ့ ထိခိုက်မှု့ ကို ခံရတယ်ဆိုတာကို empirical result ဘက်ကနေ တင်ပြသွားပါတယ်။
ကဲ တောင်ကြီး ကလော လမ်းက ကတုံးဖြစ်နေတဲ့တောင်တွေ ...........တို့တွေဘာလုပ်ရပါ့မလည်း။
ကျွန်မတို့ ခုလို ခေတ်မှာ Growth first Clean up later ဆိုတာ ကိုက်ညီမှု့တော့မရှိတော့ဘူးထင်တယ်။
clean up လုပ်စရာ မရှိတော့တာလား....
ကျောင်းအပြန်လမ်းမှာသစ်တောတွေကိုငေးရင်း ...တွေးလာမိတဲ့အတွေးစတစ်ခု...
...
  ခေါင်းကို ခါလိုက်တယ်...အိုး ငါဟာ ထင်းတစ်ချောင်းပါလေ...အလွယ်တစ်ကူကျိုးမှာပဲလို့ ......