Tuesday, March 20, 2012

လွမ်းမိသော နွေရက်များ


အိမ်က ဘီအေတို့ စာမေးပွဲပြီးကြပြီလေ။
သူ့တို့စာမေးပွဲဖြေချိန်တုန်းကလည်း ပင်ပန်းလိုက်တာ (ကိုယ့်ညီမနဲ့မေမေ)း)
အိမ်ကတော့ပြောရှာပါတယ် ခလေးတွေစာမေးပွဲဖြေချိန်တောင် ဟိုသွားဒီသွားနဲ့ကျွန်မကို မယ်မဒန်းတဲ့း(

ကဲနွေဆိုတော့ တို့တွေငယ်ငယ်ကနွေရက်တွေဘာလုပ်ကြတုန်း
၇တန်းနှစ်က နွေမှာ အဖွားတို့ရွာ တောင်ငူရေတာရှည်က ရွာ ကို လိုက်လည်တာဘယ်တော့မှ မမေ့
ရွာထဲဝင်သွားတာနဲ့ မန်ကျည်းပင်တွေမြင်ရတယ်။ နုလားရင့်လားဆိုတာတော့ ခုမမှတ်မိတော့ဘူးလေ။
မှတ်မှတ်ရရကတော့ ရွာရဲ့ နေ့လည်မှာ အိမ်ရှေ့အိမ်က ဖွင့်လိုက်တဲ့ ရေဒီယိုရဲ့ မောင်ညီမလေးတို့ရေဆိုတာ ခုချိန်ထိ နားထဲကမထွက် … အော်.အိမ်ကကလေးတွေ အဲ့ဒါမျိုးတွေပြောပြ လည်းနားလည်မှာမဟုတ်ပါဘူးလေ။ရေဒီယိုကိုတောင်မြင်ဖူးအောင်ပြအုန်းမှ

ရွာထဲမှာ မင်္ဂလာဆောင်ရှိလို့တဲ့ မနက်စောစော အခါတော်ပေးတာက  ဆိုပီးအကျယ်ကြီးဖွင့်လိုက်တဲ့ အသံချဲ့စက်သံကြောင့် ကျွန်မနိုးလာတော့ အဖွားက ဘုရားရှိခိုးနေပြီ။
ရွာဆိုတော့လည်း အသားငါး ရှားလားမသိပါ။ နေ့တိုင်းဖိတ်ကျွေးတဲ့အိမ်တွေကတော့ ဟင်းကောင်းတာမှတ်မိတယ်။
ဘုရားသာ အဖွားကရှိခိုးနေတာ  အိမ်ရှေ့ကနေ ငါးရမယ် ဆိုတဲ့ဈေးသည်ကို ဘယ်ဘက်လက်က ဘုရားရှိခိုးလျှက်ညာဘက်လက်က နေ လာအုန်းလို့လှမ်းခေါ်နေတယ်။ ၂ ခါလောက်ခေါ်တာကို ငါးသယ်က ဆက်အော်နေတုန်း အဖွားတစ်ယောက် အပေါ်ရုံသဘက်ပစ်ချပီး တယ်  ဒီငါးသည်မ ဆိုပီး အော်ပါလေရော်
ကျွန်မတို့မြေးတစ်သိုက်ကတော့ တစ်ခွီးခွီးပေါ့ …
တစ်ကယ်တော့ မြို့က ကျွန်မတို့ကို ဟင်းစားမရှိမှာ အဖွားက အတော်ပူပုံရတယ်။
ဖေဖေငယ်ငယ်က အိပ်ခဲ့တဲ့ ကျွန်းပုခက်ကြီးတွေရယ်  ကျွန်းဘီဒိုကြီးတွေရယ် ကတော့ အခန်းမှောင်မှောင်မှာ ရေနံချေးမဲမဲတွေလိုလိုမှာဖုန်တွေ ပိုးမျှင်တွေတက်လို့။တွင်းရေအေးအေးလေးကို စဥ့်အိုးထဲထည့်ပေးတဲ့ အကိုဝမ်းကွဲတွေကို ကျေးဇူးတင်သား။ လသာတဲ့နွေညတစ်ခုမှာပဲ အဖွားက ဆုံးပါးသွားတယ်လို့သိရတာပါပဲ။
ငယ်ငယ်က နွေဆိုရင် အပင်ပေါ်တတ်ကြတယ်။အပင်ပေါ်မှာ လင့်စင်ထိုးကြတယ်။  ခုကျွန်မခလေးတွေ ကြတော့ အပင်ပေါ်တတ်မှာ ဆိုးလို့ ကျွန်မမှာ အရိပ်တစ်ကြည့်ကြည့်  မေမေတို့ငယ်ငယ်က အပင်ပေါ်တတ်တယ်သိလားဆိုတော့ သားကြီးက ခြံထဲက သရက်ပင်ပေါ်တတ်ချင်လို့ တစ်ပူဆာဆာ သူလည်းတတ်ကြည့်ချင်တယ်တဲ့။ နွေရက်တွေမှာသူငယ်ချင်းတွေစု မန်ကျဉ်းရွက်တွေ ခူး ဖက်ထဲထည့်
မြေကြီးကိုတူး အဲ့အထုတ်ကိုထည့် အပေါ်က ပြန်ဖုံး ဖနောင့်တွေနဲ့ ပေါက် ပြီးမှ ပြန်ဖော် စားကြ။
တနေ့က အိမ်မှာ သရက်သီးတွေကို စိတ်ပီး ငံပြာရည် နှဲ့ ငရုတ်သီးမှုန့်တွေ ဖြူး ပီးသုတ်စားနေတာမြင်တော့
ကိုယ့်ငယ်ငယ်က နွေရက်တွေတုန်းကလည်း သရက်ပင်အောက်မှာ ထိုင်ပီး တစ်ရှုးရှူးရှဲရှဲနဲ့စားမိတာ မြင်ယောင်မိတယ်။ ရန်ကုန်သူ/သား တိုက်ခန်းနဲ့နေသူတွေတော့မသိဘူး ကျွန်မတို့ကတော့ နယ်ဆိုတော့ ခြံကလေးဝိုင်းကလေးနဲ့ စားပင်လေးနဲ့ ရေတွင်းနဲ့လေ။
ကျွန်မပြောဖူးသလားပဲ။ သားကြီးက ကြံဆိုတာ စားစရာမှန်းမသိဘူး။ 
ကျွန်မတို့ငယ်ငယ်ကတော့ ကြံကို ဓါးနဲ့အခွံတွေ ခွာချလိုက်တယ် ပီးရင် အချောင်းလိုက်စုပ်ပဲလေ။တစ်ခါတစ်လေများ ဒီအတိုင်းတောင် သွားနဲ့ခွာတာ။ ကျွန်မရှေ့သွားတွေ မညီတာ အဲ့တာကြောင့်များလားး).
 ဟော ခုတော့ ကြံပန်းခိုင်လည်းရန်ကုန်မှာ သိပ်မမြင်မိ။ မိုမိုကျွေးတဲ့ ကြံချောင်းကြီး ဟိုမှာစားနေတယ်မေမေတဲ့ ဆိုလို့ သကြားဆိုတာကြံက ရတာ ဆိုတာရှင်းပြရသေး။ ဒီလိုဆိုတော့လည်း ကိုယ်တို့ ဖီဂျီကျွန်းသွားတော့ ကြံပင်တွေကို တအံ့တသြကြည့်တဲ့ ဂျပန်မတွေ ကို ကိုယ်ချင်းစာမိသလိုလို…

ကျွန်မတို့အိမ်ဘေးကို ဥသြလေး ခုတစ်လောလာသာတယ်။ ကျွန်မလည်း အားလုံးကိုသတိရတယ်။သူတို့လည်း မြန်မာပြည်နွေကို လွမ်းကြမလား။ ကျွန်မလိုပဲ သောတရှင်များရှင် ဆိုတဲ့အသံရယ် မောင်ညီမလေးတို့ရေ ဆိုတဲ့အသံကို ယဉ်ပါးဖူးတဲ့သူတွေရှိမှာပဲနော်။ ခုမပြောနဲ့ ၂၀၀၃ ခုနှစ်လောက်ကတည်းက မုံရွာဘက်ရောက်တော့ ရေဒီယိုကအသံထက် ထန်းတောထဲမှာလည်း ဇော်ပိုင်သီချင်းသံက ပျံလွင့်လို့ကောင်းနေတယ်။ ပူပြင်းလွန်းတဲ့အညာနွေကို ကျွန်မ အံမတုနိုင်ခဲ့။
အိမ်က အညာသားကိုတော့ ကိုယ်ဟာတောင်ပေါ်သားပါ(အဲ့လေတောင်ပေါ်သူပါ) ဆိုပီးအညာမှာ ၂ညထက်တော့ပိုမအိပ်ပါရစေနဲ့ဆိုပီးတောင်းတောင်းပန်ပန်။ ဒါတောင်ပူလို့နေရာရှာတာ နောက်ဆုံးထန်းတောထဲ အေးရာအေးကြောင်း ဒါမျိုးပဲ ကောင်း (တီဗီကြော်ငြာထဲကအတိုင်း)
ဆိုပီး ထန်းရည်ချိုလေးသောက်လိုက် အညာဆူးပုတ်လေးနဲ့ကြက်ဥကြော် နဲ့လိုက်ဖက်ခဲ့တဲ့  ကိုယ့်ရဲ့အညာနွေရက်….

သင်္ကြန်သီချင်းကို အထူးတလည်မကြိုက်ပေမယ့် ဒီနှစ်တော့သင်္ကြန်ကိုရင်ခုန်မိနေပြန်ရော ..အိုဆာကာ က သူငယ်ချင်း နှင်းလဲ့တစ်ယောက် ဒီနှစ်သင်္ကြန်လည်း ပြန်မလာဖူးတဲ့ သူဆို သင်္ကြန် ပြန်မလာတာ ၁၇ နှစ်ရှိပြီ။

ကျွန်မဒီကို ပြန်လာမယ်လုပ်တော့ တစ်ပိုင်းတစ်စ စပ်ထားတဲ့ကဗျာလေးရှိတယ်

မငိုနဲ့ ဗမာအကို
ညိုက ဂျပန်ဆိုတဲ့အရပ်
ခရီးတစ်ထောက်လို့ပဲမှတ်တယ်။

လိုတယ်အစ်မ
ကျွန်မတို့မြေမှာ
ဘက်ချလာ၊မာစတာ
အော်ဂနိုက်ဇေးရှင်းတွေကြား
ထင်ရှားတော့
အမလည်းတစ်နေ့
မြန်မာပြည်ကိုလာတွေ့လည့်လေ။

ကျန်တာတော့ မမှတ်မိတော့ဘူး.
ခုတစ်ခါ ထပ်ရေးချင်တာက

တိုကျိုက အကိုအမ မောင်နှစ်မတို့ရေ
နိုင်ငံလည်းပြောင်း ခေတ်လည်းတောင်းနေပြီမို့
သင်္ကြန်ရက်အမှီ အမိပြည် ကြည့်စေချင်သည်လို့လေ။


နွေရက်တွေကို လွမ်းသွားတယ်ဆိုရင်တော့ ဘွာတေးး)



လွမ်းလျှက်
ကြည်ကြည်




Thursday, February 2, 2012

သူတို့နှင့် ကျွန်မ


May May pls don’t go to office, don’t help him. I want normal life.
တနင်္ဂနွေနေ့ မနက်စာကို သားအမိတွေဝရန်တာထွက်ပီးစားတော့ အရမ်းပျော်နေတဲ့သားက ပြောတဲ့စကားပါ။
What do you mean of normal life လို့မေးလိုက်တော့
Just housewife. မေမေတဲ့ သားက  အလှပြင်တဲ့မေမေလိုချင်ပါတယ်။ မေမေပဲများတာလည်းကြိုက်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့မေမေကို မကြိုက်ဘူး။
အိမ်မှာ ဟင်းတွေချက်နေတဲ့ မေမေကို လိုချင်တယ်။
သားကိုကြိုပို့ပေးမယ့် မေမေကိုပဲ လိုချင်တယ်လို့ ပြောလာတဲ့ ၈ နှစ်သားကို
ဟုတ်တယ် ဟုတ်တယ် လို့အော်ပီး ထောက်ခံနေတဲ့ ၆ နှစ်သမီးငယ်။
ပီးတော့ မောင်နှစ်မနှစ်ယောက် လက်ဝါးချင်းရိုက်လိုက်ကြတယ်။


ပါတီတစ်ခုသွားမလို့လုပ်တုန်း
မေမေရယ် ခုတစ်လော အပေါ်ကလည်း ပေါ်လာတယ်။အောက်ကလည်းတိုတိုလာတယ်။ ဒီအတိုင်းဆိုသားနဲ့တော့မဖြစ်ဘူးနော်။လုံလုံခြုံခြုံဝတ်ပါမေမေရယ် လို့ပြောလာတဲ့ ၈ နှစ်ကို အိုး ကိုကိုကလည်း ဆိုပီး
မေမေ ၀တ်နော် မေမေ နော် မီးကိုလည်း အဲ့လို ချင်တူနော်။ အရောင်တူတူနော်။ အဲ့လို စကဒ်တိုတိုနော်။
လို့ထောက်ခံလာတဲ့ သမီးငယ်ကို စိတ်တိုတိုနဲ့ ကြည့်ပီး ခေါင်းအုံးနဲ့လှမ်းပစ်လိုက်တဲ့သား
ကျွန်မ ရီရမလို မဲ့ရမလို

အတွင်းခံတွေ မီးပူတိုက်နေတဲ့ နေရာ လာကြည့်ပီး
May May May
May May May
I can see you underwear
Not too big not too small
Just like size of dinosaur
လို့ဆိုတော့  ကျွန်မပစ္စည်းတွေ ဂရုပိုစိုက်ရတော့မယ်ဆိုတာ သတိထားမိလိုက်တယ်။

ဒရိုင်ဘာကြီးကိုဂျီကျနေကြသားက ဒီနေ့တော့ ဦးနိုင်ထွေးရေ သားဒီနေ့မုန့်ဝယ်ကျွေးမယ်ဆိုတော့
ဒရိုင်ဘာကြီးက ဒါဆိုဦးဒီနေ့ ငါးလေးတွေထပ်ဝယ်ပေးမယ်လေလို့ဆိုတော့ သားတော်မောင်က တော်ပါပြီဗျာ ၀ယ်ပေးတာတွေများနေပါပြီလိုဆိုတယ်။ အစ်ကိုဖြစ်သူပြောလို့မှ မဆုံးသေးဘူး  သမီးငယ်က ဦးနိုင်ထွေး မီးကို ဒီနေ့မုန့်ဝယ်ကျွေးရမယ်နော်လို့ပြောလိုက်တယ်။
ဒရိုင်ဘာကြီးက ဦးပိုက်ဆံပါမလာဘူး သမီးငယ်ရဲ့ဆိုတော့ ဦးကို မေမေ လစာပေးထားတယ်လေတဲ့။



ညီမလေး ကိုကြီး ချောကလက်မစားတော့ဘူး။ ညည်းစားချင်ယူစားလိုက်။ သတိတော့ထားအေ ဖေဖေဆီးချိုဖြစ်တာတဲ့  ခုချိန်ထိဆေးတွေသောက်နေတာကြာပီ။ သောက်နေရတုန်း ငါတော့မစားတော့ဘူး ဆိုတော့ အားရ၀မ်းသာနဲ့ ချောကလက်တစ်အိတ်လုံးကို သူ့ခုတင်ဘေးထားလိုက်တဲ့သမီးငယ်။

တစ်နေ့က မိသားစုတွေ အိပ်ခန်းထဲမှာ ဆော့နေတုန်း အပြင်ဘက်က ခြိုးခြိုးချွတ်ချွတ်ကြားလိုက်တယ်။သမီးငယ်က
ဘယ်တူလည်း ဘယ်တူလည်း လို့အော်လိုက်တယ်။ အိမ်ကကောင်မလေးက မမပါ သမီးငယ်ရဲ့ နို့လာပေးတာလေဆိုတော့ နောက်ကို မီးတို့ မေမေနဲ့ဖေဖေနဲ့ ရှိနေရင် အပေါ်ထပ်ကို မတတ်လာပါနဲ့ မီးမကြိုက်ဘူးနော်။ လိုအပ်ရင်ခေါ်လိုက်မယ်နော်လို့ ပြုံးပီး ထွက်ပြောတဲ့သမီးငယ်.. အော် ငါမရှိတဲ့အချိန်တွေအတွင်းသူတို့တွေ ပြောင်းလည်းနေလိုက်တာလို့ .

သားသားက မနေ့ကရယ် တနေ့ကရယ် ကို တစ်ခါတစ်လေ မခွဲတတ်ဘူး။ မနက်ဖြန်တို့ နောက်တစ်ပတ်တို့ဆိုလည်း သူသိပ်မခွဲတတ်ဘူး။ တနေ့ညက မေမေသားကို ၂၀၀၄ မှာမွေးတာနော်တဲ့ ။
အင်းလေသားရဲ့ဆိုတော့ AD လား BC လားတဲ့။ နောက်နေပါအုန်း ကျောင်းက History မှာ Old Stone age man , Middle stone age man သင်နေပီ။ သားက ဘယ်ခေတ်လည်းတဲ့ ။
နောက်ဆုံးမေးလိုက်တဲ့ မေးခွန်းက တော့ သားမွေးတော့ ဘုရားပွင့်ပြီလားတဲ့။

သမီးငယ်ကလည်း ကျောင်းမတတ်ချင်ဘူး မေမေတဲ့
စာမတတ်ရင်ဘာလုပ်မလည်း ဆိုတော့ ယေကျာ်းယူမယ်မေမေ ကြီးလာရင် ဘီးချစ်နပ်မန်းကိုယူမယ်တဲ့ .
မီးခံသေတ္တာလည်းရှိတယ်။  ပိုက်ချန်တွေလည်း ရှိတယ်။ . ဒိုင်းမွန်းတွေလည်း ချိတယ်တဲ့။ အော်အကြံကြီးပါပေ့။ ဘယ်ရုပ်ရှင်များ ကြည့်သလည်းမသိပြန်ဘူး။

ဖေဖေနောက်ကျလိုက်တာလို့ ဂျီကျနေတဲ့သမီးငယ်ကို  သမီးဖေဖေ ကောင်မလေးငယ်ငယ်လေး နဲ့ထမင်းသွားစားတယ်ဆိုတော့ သမီးငယ် ဗျဲကနဲ ငိုလိုက်တယ်။
ဘာလိုငိုတာလည်း ညီမလေး ကိုယ်ဖြစ်ကိုယ်ခံပေါ့။ ဖေဖေနောက်ကောင်မလေးနဲ့ သွားလို့ သူ့ပိုက်ဆံတွေကုန်ရင် ဖေဖေပဲခံရမှာ ။ ဦး(….)ရေ ကိုယ်ဖြစ်ကိုယ်ခံ ကျွန်တော်တော့ သွားပြီဗျာ ဆိုပီးကိုကိုကတော့ ဖွားဖွားအိမ်သွားလိုက်မှာ  မေမေ့လည်းတစ်ခါတည်းခေါ်သွားမှာတဲ့ ..ကဲ….

ကျွန်မရဲ့မေမေဟာ ပန်းသိပ်စိုက်သူပေါ့။ ကောင်မလေးတွေ များခူးမိရင် အော်တော့တာပဲ။ ကျွန်မစိုက်ထားတဲ့နှင်းဆီတွေလည်း ဒီနှစ်သိပ်ပွင့်တာပဲ။ သားက ပြောတာတော့ မေမေရှိတော့ မေမေ့ပန်းလေးတွေ ပွင့်ပေးတယ်နော်တဲ့။ ကျောင်းသွားခါနီးတိုင်းနှင်းဆီတစ်ပွင့်ဆီ ယုယုယယဖြတ်ပီး သမီးငယ်ရဲ့ခေါင်းလေးပေါ် ကျွန်မထိုးပေးမိတယ်။ သမီးငယ်တောင်ကြက်တောင်စည်းလေးကို ပန်းထိုးပန်နေပြီ။
မေမေအိမ်မှာနေခဲ့တုန်းက သမီးကြီးပန်းယူသွားမလား ရုံးစားပွဲမှာထိုးပေါ့လို့ ပြောတတ်တဲ့မေမေ့ကို ဒီမနက်မှ ကျွန်မပိုနားလည်သွားသလိုပဲ။
သူတို့ပန်းခူးတိုင်းအော်တဲ့ကျွန်မကို နားမလည်သလို ကြည့်နေတဲ့အိမ်က ကောင်မလေးက ကျွန်မကို ပန်းခူးဖို့ ကတ်ကျေးလှမ်းပေးနေတယ်။


PS. ကျွန်မခုတစ်လော ဘလော့တွေဖတ်လို့မရဘူး။ ကဗျာတွေလည်း ဆာတယ်။ စာတွေလည်းဆာတယ်။

လွမ်းလျှက်
ကြည်ကြည်



Friday, December 30, 2011

မီးဘေးသင့် မိသားစုများအတွက် စောင်သွားလှုပါတယ်။

ကျွန်မတို့ထက်ဝေးတဲ့နေရကာလူတွေတောင်သိကြ ကြားကြတယ်။
လူတိုင်းကြားကြပေမယ့် ကျွန်မတို့ သားအမိတွေမကြားကြဘူး။ အောက်ထပ်မှာ အမေကြီး နဲ့ကောင်မလေးတွေ အပေါ်ထပ်မှာ ကျွန်မနဲ့ ခလေးနှစ်ယောက် မိုးလင်းတော့မှ ဂိတ်စောင့်ကြီးပြောမှသိကြတယ်။  ဘာသတင်းမှ အတိအကျမသိသေးချိန်ဆိုတော့ ဗုံးပေါက်တာလို့ပဲပြောတာကိုး ။
ဖြစ်ဖြစ်ချင်းနေ့ကပဲ လှူဖို့စိတ်ကူးလိုက်တာက စောင်ပါ။ ဒီလိုရာသီမှာ ဘုန်းကြီးကျောင်းဘိလပ်မြေကြမ်းခင်းမှာ အိပ်ရမှာ အေးကြရှာမှာပဲလို့။
ရုံးက ခလေးတစ်ယောက်က အဲ့ဒီ့ဘက်မှာ နေဖူးသူဆိုတော့ အတော်ကိုစိတ်ထိခိုက်နေရှာတယ်။
ကားလမ်းတွေကျပ်တယ် အဲ့ဒီ့ဘက်  လှုဖို့လာတဲ့ကားမှန်း သိပီး အသိစိတ်ရှိသူတွေက ကားကိုရပ်ပေးပေမယ့် မသိတတ်တဲ့ ဘတ်စကားတွေကတော့ လုံးဝမရပ်။ ကွေ့ကားကွေ့မရတော့ကားတန်းကြီးဖြစ်။ တစ်စီးစီအလှည့်ကျသွားပေးကြမယ်ဆိုတဲ့စိတ် ဝေးကြသေးတယ်။

ကဲ ကိုယ်ပဲကမကထလုပ်တော့ ခလေးတွေ စောင်သွားဝယ်ပေးကြတယ်။ တစ်ထည်ကို ၂၂၀၀တဲ့ ၂၅၀၀ တန်ကိုလှုမယ်ဆိုလို့ လျှော့ပေးတယ်တဲ့ ။ ၁၄၀၀ တန်စားရှိတယ်တဲ့ ကြိတ်သားပုံစံမျိုးဂွမ်းစောင်တဲ့ အပေါ်မလုံအောက်မလုံတဲ့။ မနေ့ကတော့တွေ့ခဲ့တယ်။

အဆောင်တစ်ခုဆီကိုရောက်သွားတယ် အိမ်ထောင်စု ၄၀ ရှိတဲ့နေရာ စောင်က အထည်၆၀ ၀ယ်သွားတယ်။
တစ်အိမ်ထောင် ၁ ထည်နဲ့ မီးသင့်ခံရတဲ့ကျောင်းက သံယာအပါး ၁၀ ပါးတစ်ပါးတစ်ထည် ရတယ်။
ပိုတဲ့ အထည်ကို မိသားစုများတဲ့သူတွေပေးလိုက်မယ်တဲ့။
ကိုယ်တိုင်လှူခဲ့ရတယ်။
ဆေးပေးခန်းတွေ လည်းရှိတယ်။ အစားအသောက်က ပိုတောင်ပိုတယ်လို့ပြောနေကြတယ်။
တစ်ရက်တည်းမဟုတ်ဘူး။ ၂ ရက်တည်းမဟုတ်ဘူး။ သူတို့အတော်ကြာကြာနေရမယ်ဆို ရင် အလှည့်ကျက ပိုကောင်းလိမ့်မယ်။
မိဘမဲ့ကျောင်းမှာ လှုတာတို့ နာဂစ်တုန်းက သွားလှူချိန်တို့ လူတဲ့ပစ္စည်းသာ မှတ်တမ်းအနေနဲ့ထားသည်။
ဒီလိုနေရာမျိုးတွေသွားရင် ကျွန်မသိပ်ပီး ဓာတ်ပုံရိုက်လေ့မရှိ။ သူတို့မျက်လုံးတွေကိုပါရင်မဆိုင်ရဲ မျက်လုံးနဲ့ရင်ဘတ်နဲ့မှတ်တတ်သူမို့ ဓာတ်ပုံကတော့ ဒီလောက်ပါပဲ။

အမျိုးသမီးတွေလည်းများတယ်လေ။ ဘယ်လောက်ကြာကြာနေရအုန်းမယ်မသိတဲ့အတွက် အတွင်းခံဘောင်းဘီတို့ လစဉ်သုံးတို့လည်း လှုချင်တယ်။
ဘယ်လောက်ပဲဖြစ်ဖြစ်လှု ဖို့ အကူညီလိုရင် ကျွန်မ ကူညီပါရစေ။ သူများကိုယ်စားလှုပေးရမယ်ဆိုရင်တော့သေချာ မှတ်တမ်းမှတ်ရာနဲ့ ရိုက်ပို့ပေးပါမယ်ရှင်။

 လေးစားစွာဖြင့်

ကြည်ကြည်

Thursday, December 15, 2011

ကြည်ကြည်မဒေါ့ကွန်းတော့ဘူး

နေကောင်းကြလားကွယ်။ မတွေ့ရတာအတော်တောင်ကြာပေါ့နော်။
စက်တင်ဘာလလယ်လောက်ကတည်းက ဒေါ့ကွန်းဝယ်တယ်။နောက်ဆက်တင်လုပ်တယ်။ အတိုချူပ်ရရင်တော့ဘာတွေ ဖြစ်သွားလည်းမသိဘူးမရဘူးကွယ်။ ဒီလိုနဲ့ဘလော့ကနေဝေးနေမိတယ်။ နောက်ဘွဲ့ယူတယ်။ နောက် ပြန်လာတယ်။ ပြန်ရောက်တော့ အင်တာနက်သုံးမယ်စလုပ်တယ်။ရေအောက်ကြိုးတွေပြုပြင်လို့တဲ့သုံးလို့မရဘူး နှေးလိုက်တဲ့ကော်နက်ရှင်။
လုပ်ဒင်ဝိုင်းနေတာကိုကြည့်ပီး ငိုပဲငိုချင်သလို၊ ဖဘကလည်းဝင်ဖို့မလွယ်၊ သတင်းလည်းမသိ။အတင်းလည်းမသိ. ကိုယ်ပဲ ကမ္ဘာ့တစ်ဖက်ခြမ်းရောက်သွားသလို။
CDMA 800 တဲ့ဖုန်းကော်နက်ရှင်ကို notebook နဲ့တွဲသုံးကြည့်တယ်။ပိုဆိုး …

ရောက်ရောက်ခြင်းညကတော့ အိမ်နဲ့နီးတဲ့ မြကျွန်းသာရှေ့ကတည်းခိုခန်းသွားနေကြတယ်။ အသီးအရွက်မက်သူမို့ ဒီနေရာကတော့ဖြင့်လို့ စိတ်ချစွာစားလိုက်တယ်။ ထောင်းကနဲထလာတာက ဆေးနံပြင်းတဲ့ခရမ်းချဉ်သီး ။
အင်း အော်ဂဲနစ် စိုက်ပျိုးရေးလုပ်စားကောင်းမလားပေါ့။ မဖြစ်ပါဘူး မြေဆွရင်တီကောင်ထွက်လာမယ်။ တီကောင်ကြောက်သူကိုး။
ညဘက်၂ခါလောက် ဖုန်းတွေလာတာက ဦးသိန်းတန်ရှိပါသလားတဲ့။ အခန်းမှားနေပါတယ်ပေါ့။
နောက်နေ့မနက် ဘရိတ်ဖတ်စားသွားမယ်လုပ်တော့ ဆံပင်ကိုစက်ဆွဲထားသလားထင်ရအောင်ဖြောင့်ဖြောင့်ဂုတ်ဝဲနဲ့ bathrobe အဖြူရောင်ကြီးနဲ့ အခန်းပြင်မှာ ..
အော်  ဦးသိန်းတန်(မြန်မာပြည်) ပဲ .

၂ရက်လောက် စီးတီးမတ်ပတ်လိုက်တယ်ဆို တွေ့ပါပီ။အော်ဂဲနစ် ကြက်သွန်နီ. ခရမ်းချဉ်သီး ဗူးရွက် ၀မ်းသာလွန်းလို့ …မျက်ရည်များတောင်ကျ အဲ့လေ. ၀မ်းသာလွန်းလို့ လိပ်စာမှတ်ပီးလိုက်စုံစမ်းတာ ၅၂ လမ်းမှာမနက်စောစောဆိုရတယ်တဲ့ ဆိုင်အထိသွားကြည့်တယ်။ အော်ဂဲနစ်ဆန်ပါရသေး ဈေးကလည်းအပြင်နဲ့တူတယ်။ ယုံတယ် ယုံတယ် အော်ဂဲနစ်ဆိုတာ အနံအသက်ကင်းစွာ နဲ့ စားရတယ် သိသာတယ.်အရသာက.. စိုက်ပျိုးထုတ်လုပ်သူက ဂျပန်ပြန်ပဲ။ အသိရဲ့အသိတွေ . ပိုယုံသွားတယ်။ ကိုယ်ချင်းကိုယ်ချင်းး)

ရန်ကုန်ရဲ့Life မှာ
ဟယ်………….
ဟာ……………..
ဟင်……
ဘယ်လိုလုပ်တာလည်း
အံသြစရာတွေ၊ ခံပြင်းစရာတွေ၊ ပျော်စရာတွေ၊ စိတ်ကသိကအောက်များစွာတွေ၊ ဈေးကြီးလွန်းတာတွေ.
မြန်မာပြည်မှာပေးရတဲ့ပိုက်ဆံနဲ့တန်တာဆိုလို့ မရှိလည်းဖြစ်တဲ့ကျောက်မျက်ရတနာ ပဲရှိတယ်။


လတ်တစ်လောမှာတော့
မိန်းကလေးတွေ၊လူကြီးတွေလူငယ်တွေ ရန်ကုန်မှာမမြင်ရတာကြာပီဖြစ်တဲ့ဆိုင်ကယ်တွေကို တောင်ဥက္ကလာဘက်၊ရန်ကင်းဘက်တွေမှာ
ညဘက်တွေမှာထွက်စီးလာတာတွေ့ရတယ်။ လမ်းမီးမှောင်မှောင်မှာ အန္တရယ်များလိုက်တာ။

လောလောဆယ်စီးပွားရေးမှာ ငွေများရာငွေလာ. ငွေလည်တဲ့သူမှငွေပေးလှည့်လို့ရတဲ့အနေထားတွေ..။ (သထေးဆိုရင်ငွေပိုချေးလို့ရသလိုပဲ မြင်ရတာ) ငွေလိမ်သွားတာလည်း အဲ့ဒီ့သထေးလို့ထင်ခံနေရသူတွေပဲ။
ဟောပြောရင်းဆိုရင်း ရုံးချိန်မှာ ဘလော့ရေးနေတဲ့ကျွှန်မကို EPC ကကြည့်မရလို့တဲ့.

စားသောက်ဆိုင်တွေ ကော်ဖီဆိုင်လှလှတွေလည်းပေါလာတယ်။ ပုဂ္ဂလိကကျောင်းတွေဖွင့်ခွင့်ရတာတော့ အကြိုက်ဆုံးပဲ။ ကျောင်းတွေပေါလာပီး အပြိုင်ဆိုင်တွေများလာရင် ဈေးတွေကျလာနိုင်ကောင်းပါရဲ့။
ကြော်ငြာလိုက်တဲ့နိုင်ငံခြားဆေးရုံတွေ  ...မြန်မာပြည်မှာဆေးရုံဆေးခန်းမရှိတော့တဲ့အတိုင်းပဲ။
ပေါလာလိုက်တဲ့ spa တွေ ဈေးတော့မပေါဘူး။ ဘာလီကတောင် သက်သာတယ်။ ဒီကြားထဲ ကိုယ့်ကိုလုပ်ပေးနေသူက လက်ဖက်သုပ်လေးစားထားလို့ဆိုလို့ကတော့ သွားပေတော့။

အတုကို အတုမှန်းသိတဲ့အတုပေါပေါတွေ ၊.good quality အတုတွေ.၊ အစစ်ပါလို့ပြောနေတဲ့အတုတွေ၊
အတုကို အတုလို့မပြောပဲ အစစ်ဈေးလည်းမကျ အတုဈေးလည်းမက လုပ်ရောင်းနေသူတွေ။
ရှော့ပင်းစင်တာတွေမှာ ပလူပျံနေတဲ့ Coach, Gucci, LV တွေကိုကြည့်ရင်း ကိုယ့်ပစ္စည်းလေးတွေ သိမ်းလိုက်တယ်။
ဘာတံဆိပ်မှမပါတဲ့ အိတ်တစ်လုံးထဲ ပစ္စည်းတွေပြောင်းထဲ့လိုက်တယ်။ နယ်ကအဒေါ်တတ်လာတုန်း
လက်ထဲပိုက်ဆံ ၈သောင်း ထည့်ပေးပီး ငါ့ကိုညည်းလိုအိတ်တစ်လုံးလိုက်ဝယ်ပေးတဲ့။ အဒေါ်ဘယ်လိုလုပ်ရမှာတုန်းလို့ ပြောတော့ မျက်စောင်းခဲတယ်။
ညနေ ပြန်လာတော့ လက်ထဲအိတ်တစ်လုံးထုတ်ပြတယ်။ တွေ့လားနင့်အိတ်နဲ့ ဘာကွာလည်း ၅သောင်းနဲ့ရလာတယ်။
တူဝရီးချင်းချင်းေ-ာက်ကြီးကျယ်တယ်တဲ့ ကဲ…..

ဘာပဲဖြစ်ဖြစ် ..ဘလော့စပေါ့နဲ့ပြန်ရေးတယ်။ ဒေါ့ကွန်းရေသွားတော့လောလောဆယ်။

ဘလော့တွေအကုန်လိုက်ဖတ်ဖို့မလွယ်တော့ပေမယ့် အား….လုံးကိုလွမ်းတယ်။ အလုပ်ကိစ္စ၊ အိမ်ကိစ္စ၊ ခလေးကိစ္စ နဲ့ အိမ်မက်ကမ္ဘာကနေ ခုမှ ပြန်လည်အသက်ဝင်လာသလိုပါပဲ။

FYI. အရင်လိုမ၀တော့ပေမယ့် အရင်လိုမလှတော့ဘူးကွယ် (အဟုတ်ပြောတာ)

Saturday, September 10, 2011

ကန်ဆိုင်းက အစားအစာများ (kansai အစားအစာ)

ရန်ကုန်အကြွား မော်လမြိုင်အစား မန္တလေးစကားလို့ဆိုကြတယ်မို့လား ။ ဒီလိုပဲ ဂျပန်မှာလည်း နာဂိုယာအကြွား အိုဆာကာ စကား လို့ပြောကြတာပဲ ။အိုဆာက က စကားက သာမန်ဂျပန်စကားထက်နည်းနည်းလေး
 အသံဝဲတာတို့နောက်အသုံးနှုန်းနည်းနည်းကွာတာလေးတွေရှိတယ်။
ဂျပန်လိုကျေးဇူးတင်တာကို. Arigatou လို့ ပြောကြပေမယ့် အိုဆာကာဘက်ကြတော့ Domo Okini လို့ပြောကြတာကို။

ဒီတစ်ခါတင်ပြချင်တာက အစားအသောက်ပေါ့။ (အစားသောက်ဘလော့တွေသွားပီးသရေကျရတာများလွန်းလို့)။

ကျွန်မတို့ကျိုတိုဘက်က ဟင်းတွေက ပေါ့ပေါ့လေးတွေများတယ်။ ဒီတစ်ခါတော့ဟင်းတွေထက် ချဉ်ဖတ်ကိုအထိကထားပီးရေးချင်တယ်။ ဂျပန်တွေလည်း ချဉ်ဖတ်ကိုအမျိုးမျိုးချဉ်ပါတယ်။ ဆားနဲ့ချဉ်တယ်။ ရှာလကာရည်နဲ့ချဉ်တယ်။ ဖွဲနုနဲ့ချဉ်တယ်။နောက်တစ်ခုကတော့ မီဆိုးပေါ့လေ မီဆိုးနဲ့ချဉ်တယ်ပေါ့။
ဟော ကျိုတိုနားက နာရာကြတော့ အရက်နဲ့ချဉ်တဲ့ချဉ်ဖတ်ကနာမည်ကြီးသလိုအရသာကြတော့ အတော်ကိုလေးတယ်။ ဂျပန်လူမျိုးတွေက စစ်ပီးခေတ်မှာ စားစရာမရှားလွန်းလို့ ထမင်းဖြူနဲ့ ချဉ်ဖတ်ကိုသာအဓိကစားခဲ့ကြတယ်တဲ့ကွယ်။



နာရာ မုန်လာဥချဉ်ဖတ်

နာဂိုယာကြတော့ ဘာလုပ်လုပ် မီးဆိုးသိပ်ထည့်သလိုပဲ အရသာတွေလည်းသိပ်ပြင်းတယ်။ ကြည်ကြည်တော့မစားနိုင်ဘူး။ ကျောင်းကိစ္စနဲ့သွားရတိုင်းဆရာတွေ အသိတွေက ခေါ်သွားတာက တစ်ကယ့်နာဂိုယာစတိုင်စားသောက်ဆိုင်. ကြက်တောင်ပံကြော်ကနာမည်ကြီးတယ် အဲ့အပေါ်မှာ မီဆိုးအနှစ်ကို ပျစ်ပျစ်ကြီးဆမ်းထားတာ. ဘယ်လိုမှ စားရတာအဆင်မပြေ.


ဒါက၀က်သားပြားကျော် မီးဆိုးအရာသာမီဆိုးကလည်းဆမ်းထားသေးတယ်



တစ်လောက တိုကျိုကအမက လာလည်တော့ ကျိုတို ISETEN အောက်မှာဝယ်လိုက်တဲ့ ကျိုတိုချဉ်ဖတ် အဲ့ဒါတွေကို အမှတ်ရတော့ ဓတ်ပုံမရိုက်လိုက်ရတာကို နှမျောနေတယ်။ ဒီတော့ ဂူဂယ်ကနေ ရှာလိုက်တာပေါ့.
သခွားသီးချဉ်ဖတ်ကတော့ ဂျပန်ရဲ့ထမင်းပွဲတိုင်းမှာထည့်ပေးလေ့ရှိတယ်လေ။ အရောင်လေးတွေသာကွာတာ ..
မုန်လာဥချဉ်ဖတ်ကလည်း ဂျပန်ရဲ့အဓိကလို့ဖြစ်နေပြန်ရော။
နောက် ကျွန်မတို့ဘက်က အစားများတာက ခရမ်းသီးချဉ်ဖတ်



ကဲကြည်ကြည်တို့ မြန်မာတွေ ကြောင်ရှာသီးချဉ်ဖတ်ရှိတယ်နော်။ ကြက်ဟင်းခါးသီးချဉ်ဖတ်တော့မရှိဘူးထင်တယ်နော်။ ဂျပန်လည်းကြက်ဟင်းခါးသီးကို စားတာ ဆယ်စုနှစ်တစ်ခုလောက်ပဲရှိအုန်းမယ် အရင်တုန်းကသိပ်မရှိဘူး။ သူက အပူပိုင်းအသီးကိုး။ ၁၉၉၀ လောက်အထိ အိုကီနာဝါမှာပဲ အထိကစိုက်ခဲ့တယ်လို့သိရတယ်. ခုချိန်မှာကြက်ဟင်းခါးသီးကို ဂျပန်လို GO-YA လို့ခေါ်ကြတယ်။ ဒါကလည်း အိုကီနာဝါမှာ GO-YA လို့ခေါ်လို့တဲ့။ သူတို့စာထဲမှာလည်း ကြက်ဟင်းခါးသီး = အိုကီနာဝါမှလာသော ခါးသောသခွားသီးအမျိုးစားလို့ရေးထားတာကိုး။
ကျိုတိုမှာတော့ ကြက်ဟင်းခါးသီးကို ငရုတ်သီးလေးနည်းနည်း ရှာကလာရည်ရယ် လယ်မွန်ရယ်နဲ့ချဉ်ထားတာလေးတွေ့ခဲ့တယ်။

နောက်တစ်ခုက ဖရုံသီးကင်းလေးတွေ ချဉ်ဖတ် သူကတော့ သိပ်စားမကောင်းသလိုပဲ ကြိုက်ဘူး။
စားကြည့်လို့ မဆိုးဘူးလို့ထင်လိုက်တာက ဖရဲသီးကင်းလေးတွေချဉ်ဖတ် ..

ဖရဲသီးချဉ်ဖတ်



ဒါကတော့ ကျိုတိုလို့ပြောလိုက်တာနဲ့ နာမည်ကြီး Kabura ချဉ်ဖတ်. မုန့်လာဥ၀ိုင်းနဲ့လုပ်တာ
မြန်မာပြည်မှာတော့ ရှမ်းပြည်ကအန်တီတစ်ယောက်လုပ်ပေးလို့ ဘူးသီးချဉ်ဖတ်စားဖုးတယ်။ ဂျပန်တွေကဗူးသီးသိပ်မစားသလို တစ်ချို့ သိပ်တောင်မမြင်ဘူးတဲ့သူတွေရှိတယ်။
မနှစ်ကနွေရာသီတုန်းက ကျိုတို Botanical  garden ထဲမှာ ဗူးသီးတွေ ကိုစင်ထိုးပီးစိုက်ပြထားတာ. ဗူုးသီးကြီးတွေလည်းကြီးမှကြီး အဲ့ဒါကိုတစ်ကူးတစ်က သွားကြည့်တဲ့သူတွေ များသား ကန်ဆိုင်းသတင်းထဲမှာတောင်ပါတယ်း)
ဂျပန်တွေ စားရကောင်းမှန်းမသိတာကတော့ ဗူးရွက်နုနဲ့ ဖရုံရွက်နု ပါပဲ ။


ကျိုတိုဟာ နိုင်ငံခြားသားတွေအတွက် လည်ပတ်စရာများလွန်းတဲ့မြို့ပါပဲ အနုပညာ၊ လက်မှု့၊
သမိုင်းအမွေနှစ် စသည်ဖြင့် ကြွယ်ဝလွန်းတဲ့မြို့ဖြစ်သလို အစားသောက်နာမည်ကြီးတွေကလည်းရှိတာကိုး။

ကျိုတိုလာတိုင်း လူတိုင်းစားကြတဲ့မုန့် လက်ဆောင်ဝယ်ပြန်တဲ့မုန့် ..မန္တလေးသွားလို့ ထိုးမုန့်ဝယ်သလိုမျိုးပေါ့လေ (ကြည်ကြည်တော့ ထိုးမုန့်၊လမုန့် မကြိုက်) …
NAMAYATSU HASHI တဲ့ သူကအခြောက်လည်းရှိသလို အစိုလည်းရှိတယ်။
ကောက်ညင်းနဲ့အပြင်သားကိုလုပ်ထားပီးအထဲမှာတော့ စတော်ဘယ်ရီ အရသာ၊ ကျိုတိုနာမည်ကြီး UJI လက်ဖက်ခြောက်အရသာ၊ ပဲအရသာစသည် ဖြင့်လုပ်ထားပီး အပြင်ဘက်ကိုတော့ သစ်ဂျပိုးမှု့န်လေးပါးပါးလေးဖြူးထားတဲ့အရသာပါ။
                                      နာမရစု ဟရှိ namayatsu hashi


အိုဆာကာ ကြတော့ Takoyaki လို့ခေါ်တဲ့မုန့်လင်မယား အလုံးပုံမျိုးထဲ
ကိုရေဘ၀ဲအသားလေးတွေတုံးပီးထည့်ထားတာကို အပေါ်ကနေ ငါးမှု့န့်ဖြူးထားတာ။ (ကြည်ကြည်မကြိုက်)



ဟိရိုးရှီးမားကြတော့ Okonomiyaki . ဂျုံမုန့်နဲ့ပျစ်ပျစ်ဖျော်ပီး အကြော်သံပြားပေါ်တင်ပြီးဘိန်းမုန့်လုပ်သလိုလုပ်ပီးအပေါ်ကနေ အသားတို့ ဂေါ်ဖီတို့ ကိုပုံထားပီး အပူပေးတာပေါ့လေ. သူကတော့ Mayonnaise နဲ့ နောက်သူတို့ရဲ့ ဆော့်စ့်နဲ့စားကြတာပေါ့ ။(ဒါလည်းကြည်ကြည်မစားဖြစ်)




ကဲဒီလောက်ဆို ဂျပန်လာလည်လို့ ကျိုတိုဘက်လာလည်မယ်ဆိုရင်တော့ ဘာတွေစားပီးဘာတွေဝယ်မလည်း နည်းနည်းတော့သိသွားပီပေါ့ ဟုတ်တယ်နော်…

Photos from google

Monday, September 5, 2011

ဘ၀မှာ အချစ်ဆုံး အမျိုးသား

ကျွန်မ သားကြီးက ၇ နှစ်ပါ။ ကျွန်မဟာ အိမ်ထောင်ကျစောတယ်လို့ ပြောတဲ့သူကပြောတယ်။ သူငယ်ချင်းတွေကခုထိ မယူသေးကြဘူးလေ။ တစ်ချို့က အချိန်အခါ သင့်တော်ဆုံးပါလို့ပြောတဲ့သူက ပြောတယ်။

သားကြီးက နူးညံ့တယ်။ ကြင်နာတတ်တယ်။ ကစားမက်တယ်။စိတ်တော့ဆတ်တယ်။ ကျွန်မကိုတော့သိပ်ချစ်တယ်။ သူ့ကို ကဗျာလေးတွေ သီချင်းလေးတွေ ဆိုသိပ်ရင် မျက်ရည်လေးတွေဝဲတတ်တယ်။မင်းသားလေးက လွမ်းရတဲ့အခန်းဆိုရင် မျက်ရည်
လေးတွေဝဲလို့။
ကျွန်မပန်းပင်တွေ ကိုချစ်မှန်းသိတော့သူက ပါ မေမေ့ပန်းပင်တွေဆိုပြီးလိုက်ချစ်တယ်။
ကျွန်မကို ဖိနပ်ကအစစီးပေးတယ်။

ရန်ကုန်မှာရှိရင် ကျွန်မဘုရားရှိခိုးရင်သူက မီးအရမ်းထွန်းပေးချင်တယ်။ ကျွန်မက အိမ်တွင်းအုံးတော်ကို ယပ်ခတ်ရင်သူကပါ အင်္ဂါသားလေးမေမေ တင်္နလာသမီးကိုစောင့်
့်ေ၇ှာက်ပါလို့လိုက်ဆုတောင်းတယ်။ သူ့အဖွားဆုတောင်းတာ မြင်ဖူးတာကိုး။

လိုချင်တာရှိရင် လည်း သားကတော့လိုချင်တာပေါ့နော် မေမေ ..မေမေ အဆင်ပြေမှပါတဲ့. မေမေက မယူနဲ့ဆို ရပါတယ်လို့လည်း ပိုတတ်သေးတာ။

ကျွန်မ ရန်ကုန်ကို ပြန်တုန်းက မေမေ အသက်ကြီးမှ ဘာလို့ကျောင်းတတ်တာလည်း မေမေမရှိရင် သားမဖြစ်ဘူးနော်တဲ့ ကျွန်မ ပြန်ကိုမလာချင်တော့တာ ဒီကို အဲ့တုန်းက။ ...
မြေးဦးမို့ တုန်ကြတယ် ကျွန်မဘက်က ပိုဆိုးတယ်။ သူက ကျွန်မဘက်က အဖွားကိုတော့ အတော်ချစ်တယ်။ သူ့အဖွားနေမကောင်းလို့ ဆိုရင် ဘယ်မှ သိပ်မထွက်ဘူး။ ဖွားဖွားနားမှာနေနေတယ် မေမေလို့ ဖုန်းဆက်တော့ပြောရှာတယ်။ သားက ရွံတာတော့အရမ်းရွံတတ်တယ်။ အိမ်ကို အကူညီပေးမယ့် ကောင်မလေးတွေ ရောက်လာရင်စစချင်းဆို သူက သိပ်အကပ်မခံသလို ထမင်းခူးပေးရင်လည်း ဘာမှမပြောပဲ သူ့အဖွားကိုပဲ ထပ်ခူးခိုင်းတယ်။ ၅ နှစ်သားထဲက ဖုန်းလာရင် ဟယ်လို အမိန့်ရှိပါခင်ဗျာလို့ပြောတတ်တဲ့သားကို ကျွန်မသူငယ်ချင်းတွေကလည်းချစ်ကြတယ်။
သား ၅ နှစ်သားလောက်က ကျောင်းကသူငယ်ချင်းတွေက သူတို့ မေမေတွေကို မားမား၊ပါးပါး ခေါ်တယ်မေမေ. Why I am not တဲ့ .သားရယ် we are Burmese လေ I prefer maymay ဆိုတော့ သိပ်တော့ဘ၀င်မကျသလို။ ကျောင်းသွားခါနီးတိုင်း သား what are we? ဆိုရင် လက်မောင်းပိန်ပိန်လေးကို မြောက်ပြီး we are Burmese . I am Burmese ဆိုပြီးတော့ သွားရှာတယ်။ ကျောင်းက သူငယ်ချင်းတွေက မြန်မာစာမသင်ဖူးတဲ့မေမေ . သားကဘာလို့ မြန်မာစာသပ်သပ်ထပ်သင်ရတာလည်းတဲ့။ မေမေတို့ က မြန်မာတွေလေ သားရယ်. သားမြန်မာလို ကာတွန်းတွေ မဖတ်ချင်ဘူးလားလို့ အလွယ်ကူဆုံးအဖြေတစ်ခုပေးထားခဲ့လိုက်တယ်။ ခုတော့ သားက သူ့သူငယ်ချင်းတွေကြားထဲမှာ မြန်မာလို တော်တာကို ပြုံးနေတတ်ပြီ။ ဒီကိုလာလည်တော့ မြန်မာကာတွန်းလေးကိုဖတ်လိုက် ကျွန်မသူငယ်ချင်းတွေကို ဘာသာပြန်လိုက်နဲ့လုပ်နေတဲ့သားကိုကြည့်ရတာ ကျွန်မကျေနပ်လိုက်တာလေ..

သားအကြောင်းတွေပြောရင်တော့ကုန်မှာမဟုတ်ဘူး။
အဓိက အကြောင်းကခုမှ ရေးမှာ
ကျွန်မ အိမ်ထောင်ပြုတာငယ်တယ်လို့ပြောကြသလို ငယ်ရွယ်သူမို့ စိတ်ကလည်း ထက်ခဲ့သလို စိတ်ကလည်းဆတ်ခဲ့တယ်။ ယေက္ခမဆိုတာ ချွေးမ နဲ့ဘယ်တော့မှ မတည့်နိုင်သူလို့လက်ကိုင်ထားခဲ့သူပေါ့။ လိုတာထက်ပိုပီးမပတ်သတ်ခဲ့သလို ၀င်ရောက်စွက်ဖက်မှာတွေ ကြောက်တယ်ဆိုတဲ့အတွေးနဲ့ သတိထားပီးနေခဲ့သူပေါ့။ ကိုကို က အငယ်ဆုံးသားလေ။ . သူ့အမေက သူ့ကို အသက်ကြီးမှရတာ. ချစ်လိုက်တာလည်းအရမ်းပေါ့။ ချွေးမကငယ်ငယ် ယေက္ခမကကြီးကြီးနဲ့ အဆင်ပြေဖို့ဆိုတာ လွယ်ပါ့မလားလို့တရားသေထင်ခဲ့တာ။ မေမေတို့အိမ်ကို နေ့တိုင်းရောက်ပေမယ့် ယေက္ခမအိမ်ကိုတော့ တစ်လတစ်ခါပဲရောက်တာများတယ်။ ယေက္ခမကြီးက တခြားမြေးတွေနဲ့နေတာလေ။ စီးပွာရေးကို ဦးဆောင်ခဲ့သူ အမျိုးတွေကို သြဇာညောင်းခဲ့သူမို့ နေရာတစ်ကာဝင်ပါမှာသိပ်ကြောက်ခဲ့တယ်။ ကိုကို က အရင်က တူတူနေပေမယ့် အိမ်ထောင်ကျတော့ကျွန်မတို့ အိမ်ခွဲခဲ့ကြတယ်။ တူတူမနေချင်ဘူးလို့ကို အကြောက်အကန်ငြင်းခဲ့တာကိုး ...
ဒီတော့အိမ်မှာ ယေက္ခမရယ် သူ့တူရယ်လက်တိုလက်တောင်းခိုင်ကြတဲ့သူ့မြေးမတစ်ယောက်ပဲကျန်ခဲ့တာပေါ့။
ကျွန်မတို့ အဲ့ဒီ့တုန်းကခွဲလိုက်တဲ့အိမ်က ၃ ထပ်ပဲ ဆိုပါတော့ အောက်ဆုံးထပ်မှာကားထားတယ် ။ ဒုတိယထပ်မှာကျွန်မတို့နေတယ်။ တတိယထပ်မှာတော့ အခန်း ၃ ခန်းသပ်သပ်၇ှိတယ်။ ကြင်စဦးမို့ အဖော်တောင်ခေါ်မထားပါဘူး။ ယေက္ခမကြီးက အိမ်ကြီးကအကျယ်ကြီး အမျိုးတစ်ယောက်နှစ်ယောက်ခေါ်ထားပါဆိုတော့ကျွန်မစိတ်ကောက်ပြန်ရော။
တစ်ပတ်ကို ၃ ခါ ယုံကြည်ရတဲ့ အမကြီးလာပီး အိမ်ကိစ္စတွေ လုပ်ကိုင်ပေးတယ်။ ဗီဒိုတစ်ခုကလွဲရင် အိပ်ခန်းထဲက အိပ်ရာခင်းကအစသူပဲဝင်လဲသွားပေးတာပေါ့လေ။ ကြင်စဦးဆိုပေမယ့် ထစ်ကနဲဆိုစိတ်ကောက်လိုက် စကားများလိုက်ပေါ့။ကိုကိုက သူ့အမေကို အိမ်ကိုခေါ်နေပါရစေတဲ့ ..သူ့အမေအိမ်မှာ မနေချင်ဘူးဆိုရင် ကိုယ်တို့အိမ် အမေ့ကိုခေါ်နေရအောင်တဲ့. တောင်းဆိုလာလိုက်တာ တစ်နှစ်တိတိ။
ကျွန်မ ကလည်း အဲ့လိုပြောတိုင်းစိတ်ကောက်တယ်။ မနေချင်ဘူးဆိုတာကြောင့် ကိုကို့မှာ စိတ်ညစ်ခဲ့ရတယ်ထင်ပါတယ်။ သိတာပေါ့။
ကျွန်မကိုယ်ဝန်ရင့်လာတော့ ယေက္ခမကြီးက အညာစာတွေ ချက်ပြုတ်ပြီး ချိုင့်ကြီးချိုင့်ငယ်နဲ့ပို့လည်း ကျွန်မကတော့ တုတ်တုတ်မလှုပ် ကိုယ့်မေမေမှ ကိုယ့်မေမေ။

သားကိုမွေးတဲ့အချိန်မှာလေ ကျွန်မမိခင်ဆိုတဲ့အသိနဲ့ ငိုမိတယ်ပျော်လွန်းလို့ပေါ့နော်..
နောက်တော့သားကိုကြည့်ရင်းကြည့်ရင်းနဲ့ ဆေးရုံကနေ ဆင်းမယ့်နေ့မှာပဲ အမေကြီးကိုခေါ်ထားရအောင်လေလို့ ပြောလိုက်တယ် ။ ကိုကိုက ပြုံးပြီး ကျွန်မကိုကြည့်နေတယ်။ အော် ကျွန်မယေက္ခမ ကြီး သူလည်း သူ့သားအငယ်ဆုံးချစ်ရှာမှာပဲ တူတူနေချင်ရှာမှာပဲလို့။

သားက ခုကျွန်မကို သိပ်ချစ်တယ်။ ၄ နှစ်သား ၅ နှစ်သားကတည်းက ကျွန်မကို ဆိုသိပ်လုပ်ပေးချင်တယ။် ကျွန်မ လက်မောင်းကို ညှစ်ညှစ်ပြီး အသည်းယားတဲ့ပုံ ကျွန်မက သူ့ပါးကို ကိုက်မယ်ဆိုရင် ကိုက်လေမေမေ မနာစေနဲ့နော်တဲ့။
သူ့ရင်ခွင်သေးသေးထဲကျွန်မ ခေါင်းထည့်ပြီးဝင်ရင် သွားကြီးဖြဲပြီးရီတယ်။ ရှက်နေတယ်ထင့်ပါ့။
ကိုကိုလည်း သူ့အမေကြီးကိုသိပ်ချစ်မှာပဲ။ တူတူနေရတဲ့သူတို့သားအမိကိုတွေ့တော့ကျွန်မလည်းပျော်တယ်။ အမေဆိုတာ သမီးနဲ့ပဲ နေချင်တာ။ ခု ချွေးမနဲ့လာနေတာ ကျွန်မ ဂုဏ်ယူတယ်။ သူဟာသူ့ သားကိုချစ်တော့ ဘယ်လောက်ပဲ စိတ်ထက်တဲ့အမျိုးသမီးကြီး ခုချိန်ထိ အမျိုးတွေပေါ် သြဇာညောင်းနေပါစေ သူ့သားနဲ့ပတ်သတ်ရင် သူက ဒုတိယနေရာမှာနေတယ်။

ကျွန်မ လည်းပဲ သားက တစ်ချိန်ချိန်မှာ သားချစ်သူပါမေမေလို့ မိတ်ဆက်ပေးလာခဲ့ရင် ကျေနပ်စွာ ကျွန်မဟာသားအတွက်ပထမဆိုတဲ့နေရာကနေ ဒုတိယနေရာကို ဆင်းပေးဖို့ စိတ်ကို ပြင်ဆင်ထားပါတယ်။

သားကိုသူတို့ကျောင်းကကောင်မလေးက သားကိုလိုက်နမ်းတယ်။သားက အနမ်းမခံတော့ ရိုက်လိုက်တာမြင်ရတော့စိတ်ထဲမကောင်းဘူး။ သားဘာလို့ပြန်မလုပ်တာလည်းလို့မေးတော့ သားက ကရာတေးသမားလေ (အဲ့အချိန် ၆ နှစ်) ရီချင်လိုက်တာအရမ်း။
သားပြန်ကစ်ရင် သူခံသွားရမှာပေါ့ မိန်းကလေးမို့ခွင့်လွတ်လိုက်တယ်မေမေတဲ့...
တစ်ချိန်မှာ မိန်းကလေးမို့လို့ဆိုပြီးသည်းခံပါများရင် ရောင့်တတ်လာတတ်တဲ့မိန်းမတွေရဲ့ သဘောကိုလည်းသားကို ကျွန်မ သင်ပေးရပါအုန်းမယ်။

၃ လပိုင်းရန်ကုန်ပြန်တုန်းက အပြင်သွားခါနီးရင် စကဒ်ကလည်းတိုတိုလေးကွာလို့ မေမေရာလို့ပြောတတ်တဲ့ သား။ သားသူငယ်ချင်းတွေက စကဒ်အောက်မှာ ဘောင်းဘီရှည်တစ်ထပ်နဲ့လှတယ်မေမေ မေမေရော
ဝတ်ပါလားလို့ဆိုတတ်တဲ့သေးတယ်.။ သူ့သူငယ်ချင်းပန်တဲ့ဘီးကုတ်လိုမျိုး သူ့အဖွားကို ၀ယ်ခိုင်းပြီး မေမေဒါလေး
ဝတ်လေလို့ပေးပြန်ရော။
မေမေက သားတီချယ်လို မချောဘူးနော် ဒါပေမယ့်သားကတော့သိပ်ချစ်တာပဲ လို့ပြောတတ်တဲ့သားရဲ့စကားတွေနဲ့ အားတွေဖြစ်နေမိပါတယ်။ ဘ၀ရဲံ့အရေးပါဆုံးယေကျာ်းတစ်ယောက် ဖြစ်တဲ့သားနဲ့ ကျွန်မအမြန်ဆုံးပြန်တွေ့ချင်နေပြီ..
သားရဲ့ဂီတ၀ါသနာက Drumတီးချင်တယ်တဲ့။ သားက အခုတော့အတော်ပိန်တယ်။ အစားသောက်ချေးများလွန်းလို့တဲ့....
.

ကျွန်မဟာ အသက်၂၀ မပြည့်ခင်မှာ ဂျပန်ဆိုတဲ့နိုင်ငံကိုခြေချခွင့် ပညာသင်ခွင့်ရခဲ့တယ်။ လုပ်ငန်းခွင်ကျေူးဇူးနဲ့ နိုင်ငံခြားခဏခဏသွားခွင့်ရခဲ့တယ်။
ကျွန်မရဲ့ခလေးတွေကို နိုင်ငံခြားပုံစံအတိုင်းလည်းမြေတောင်မမြောက်ဘူး။ လုံးလုံးမြန်မာပုံစံနဲ့လည်းမြေတောင်မမြောက်ဘူးလို့ ရင်ထဲမှာ ဆုံးဖြတ်ချက်ချထားတယ်။ကျွန်မဘယ်အတိုင်းတာထိ အောင်မြင်စွာ ခလေးတွေကို သွန်သင်နိုင်မလည်းဆိုတာ သူတို့ကိုဖြည့်ဆည်းပေးနိုင်မလည်းဆိုတာကတော့ ကိုယ်ကိုယ်ကိုယ် မယုံကြည်ရဲတာတော့အမှန်.




လေးစားစွာဖြင့်

ကြည်ကြည်

Saturday, September 3, 2011

နာဂါနို Nagano Trip တောင်ပေါ်ပြည်နယ်နာဂါနို

နာဂါနိုလို့ခေါ်တဲ့နေရာ ကိုကြည်ကြည်တအားရူးဖူးတယ်။ ပထမအချက် က ကြည်ကြည် ပထမတစ်ခါကျောင်းတတ်တုန်းက ပထမနှစ်ကျောင်းသူ ဘ၀ ၁၉၉၈ မှာ အိုလံပစ်ကို ဂျပန်မှာကျင်းပချိန်မှာ နာဂါနိုက မှာ စကီးပြိုင်ပွဲကိုကျင်းပတာကို တီဗီကနေ မြင်ဖူးခဲ့တယ်။ နှင်းတွေဖြူဖွေးနေအောင် ကျလွန်းတဲ့ နေရာ။
ဒုတိယ စိတ်ဝင်စားတာက နာဂါနိုဟာ ကုန်းပြင်မြင့် ပြည်နယ်ဖြစ်တယ်။ အေးချမ်းတယ်။ နောက် ဂျပန်ဆူရှိရဲ့ မရှိမဖြစ် ၀ါဆားဘိ စိုက်ခင်းတွေရှိတဲ့ပြည်နယ်ဖြစ်တယ်။ ဖူဂျီတောင်ဘက်ကနေစီးဆင်းလာတဲ့ စမ်းရေကြည်ကြည်လင်လင်မှာ ရေသန့်မှစိုက်ပျိုးလို့ရတဲ့  ၀ါဆားဘိ စိုက်ခင်းတွေကို စိတ်ဝင်စားလို့။
နောက်တစ်ချက်က နာဂနို ပြည်နယ်ဟာ ပထမဆုံးအဖြင့် ယိုးဒယားမှာရှိတဲ့ မြန်မာနိုင်ငံသား ၃၀ ကို နိုင်ငံရေးခိုလှုံခွင့် မနှစ်က စတင်ပေးခဲ့တဲ့ပြည်နယ်ဖြစ်တယ်။  နောက် မြန်မာပြည်ရဲံ့ ဘိန်းအစားထိုးစိုက်ပျိုးထုတ်လုပ်နေတဲ့ ပန်းဂျုံတွေကို နာဂါနိုဘက်ကနေ ပြန်ဝယ်ပြီးတော့ ဆိုဘ(ပန်းဂျုံ) ခေါက်ဆွဲ ထုတ်လုပ်ပေးနေတယ်။
ဒါကြောင့် နာဂါနိုကို ကျွန်မ စိတ်ကူးယဉ်ခဲ့တယ် ။ အေးချမ်းပြီးသူက မေမြို့လိုမြို့ပေါ့။ ရှူခင်းတွေက လှပသလို ချမ်းသာတဲ့ ဂျပန်တွေရဲ့ နွေရာသီ အပန်းဖြေဖို့အိမ်တွေ ရှိကြတဲ့ ပြည်နယ်.
ကျောင်းက တစ်နှစ်တစ်ခါ ကျွန်မတို့ကို ခရီးစီစဉ်ပေးတယ် ။ ဌာနမှူး ပရော်ဖက်ဆာအပါအ၀င် မနှစ်ကလည်းထွက်ကြတယ်။ ဒီနှစ်တော့ ဂျပန်လည်း ဘက်ဂျတ်လျှော့ရတာများတော့ မနှစ်ကလို ရှင်ကန်ဆင်(ကျည်ဆံရထား) နဲ့ ခရီးကိုစီစဉ်မပေးနိင်ဘူးထင်တယ်။ နှစ်စဉ် ဟိုတယ် ကောင်းပေ့ဆိုတာမျိုးမှာပေးထားပေမယ့် ဒီနှစ်ကတော့ ဘုရားစူး ခရီးဖြစ်အောင်သာစီစဉ်ပေးသလိုပဲ။ စင်းလုံးငှား bus နဲ့ ဟိုတယ်ကလည်း Business level ဟိုတယ်လောက်မှာပဲ ထားတော့တယ်။ (ကျွန်မတို့ကလည်းကြီးကျယ်သွားတာကိုး)။ ဒါပေမယ့် အစားအသောက်ကိုတော့ဟိုတယ်အကြီးကြီးတွေမှာ Buffet ကျွေးရှာပါတယ်။ တစ်ခုလျှော့တော့လည်းတစ်ခုကောင်းအောင်လုပ်ပေးတယ်ထင်ပါတယ်။
ဒီနှစ်တော့ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။

ပထမဆုံး Citizen နာရီစက်ရုံလေ့လာရေးလုပ်ရတယ်။ သွားကြည့်ရတဲ့ စက်ရုံက Citizen ရဲ့ Luxury နာရီ ပဲထုတ်တဲ့နေရာ။ စက်တွေနဲ့ ထုတ်တာထက် Hand made ကိုဦးစားပေးတဲ့ Plant ဖြစ်တယ်။
ကမ္ဘာ့ လက်ပတ်နာရီ ဈေးကွက်မှာ ဂျပန် ရဲ့ လက်ပတ်နာရီ ( Seiko တို့ Citizen တို့ ဘာတို့ ညာတို့ ) က ၁၁ ရာခိုင်နှုန်းပဲ မားကတ်ရှယ်ယာရှိပါတယ်တဲ့။ ရှယ်ယာအကြီးဆုံးကတော့ Swiss မိတ်ပါပဲတဲ့။ ဂျပန်လက်ပတ်နာရီ ရဲ့ ကမ္ဘာ့ဈေးကွက်မှာရထားတဲ့ ၁၁ ရာခိုင်နှုန်းထဲကမှ Citizen ကတော့ ၆ ရာခိုင်နှုန်းနီးပါးရရှိထားပါတယ်တဲ့။ ဒီထဲကမှ Citizen ရဲ့ Luxury watch က ဘယ်နှရာခိုင်နှုန်းဆိုလား ကိုယ်လည်းအမှီလိုက်မှတ်ရတာ ..း)

စိတ်ဝင်စားဖို့ကောင်းတာက စူပါမာစတာ . မာစတာ . ဘာညာဘာညာ လယ်ဗယ်တွေခွဲထားတယ်။ သဘောကတော့ ကျွမ်းကျင် အဆင့် ၁ ၊ ၂၊  ၃ ပေါ့လေ။ ကျွမ်းကျင်အဆင့် ၁ ဆိုသူဟာတဲ့ အနည်းဆုံးလုပ်သက် ၁၃ နှစ်အထက်ရှိရပြီး လက်မှတ်ပေါင်းများစွာ ပိုင်ဆိုင်ရမယ်တဲ့ ။သဘောကတော့ အင်္ဂလိပ်စာအနေနဲ့ပြောရရင်တော့ TOEIC, TOFEL, IELTS ဘာညာဘာညာ အများကြီးရထားတဲ့သူလိုပေါ့ကွယ်။ သူက Hand Made ထုတ်တဲ့နေရာကိုပြောနေတာနော်။
နာရီတပ်ဆင်တဲ့နေရာကိုမှန်ခန်းကြီးနဲ့ပြထားပြီး စူပါမာစတာ ၊ မာစတာ စသည်ဖြင့် အလုပ်ခုံတွေကကွဲပြီး အဲ့ဒီ့ခုံတွေကလည်းသိပ်ကိုဈေးကြီးသတဲ့ကွယ်။  Hand Made ထုတ်နေတဲ့နေရာမှာ အယောက် ၅၀ကျော်တွေ့ရပြီ အများစုက အမျိုးသမီးတွေ ။ စူပါမာစတာ ကြီးရဲ့ခုံကို တော့ ထင်းထင်းရှင်းရှင်းကြီးမြင်နေရပြီးတော့  စူပါမာစတာဆိုသူက အမျိုးသမီးကြီးဖြစ်နေလို့ပါပဲ။ လုပ်သက်ကလည်း နှစ် ၃၀ကျော်ပြီးတော့ သူ့မှာရထားတဲ့ နာရီနဲ့ပတ်သတ်တဲ့ ဖြေဆိုထားတဲ့ လိုင်စင်စာမေးပွဲတွေကလည်းမနည်းဘူး။ Plant တစ်ခုလုံးမှာ စူပါမာစတာဆိုတာတစ်ယောက်ပဲရှိတယ်တဲ့ ။ သူ့အောက်မှာမှ မာစတာ အဆင့် က  ၁၀ယောက်လောက် နောက် ပြီးအဆင့်ဆင့်ပေါ့ ။ စက်နဲ့တပ်ဆင်တဲ့နေရာတွေမှာတော့  လူအနည်းစုတွေ့ရပါတယ်။ စက်တွေကပဲ အဓိကလုပ်နေတာကိုး။
ကျွန်မတို့ တိုယိုတာ ကားစက်ရုံအကြီးကြီးသွားတုန်းကလိုပေါ့ လေ ယနေ့ စတီးပြား မနက်ဖြန်ကားတဲ့. ကားတစ်စီးထုတ်ဖို့ ၂၄ နာရီပဲ လိုတယ်။ စက်ရုပ်တွေနဲ့ အလုပ်လုပ်နေတာ ရုပ်၇ှင်တွေထဲကအတိုင်း ။နောက်ကြုံမှ အဲ့ပိုစ့်ကို ရေးမယ်နော်.

နောက် သူတို့ရဲ့ အမှတ်တရ ဆိုင်မှာပြည်တော်ပြန်ရင်ပေးဖို့လက်ဆောင်နာရီ ဈေးအသက်သာဆုံး
တွေဝယ်ကြတယ်။ သူတို့ကလည်း ၃၀ရာခိုင်နှုန်းထပ်လျှော့တယ်။ Citizen တော့မရခဲ့ပါဘူး Citizen အောင်ကခွဲထွက်ထားတဲ့နာမည်တွေပဲ ၀ယ်ခဲ့နိုင်တယ်။

နောက်နေ့ မီဆိုး (miso) စက်ရုံသွားတယ် ။ နာဂါနိုက Traditional နည်းနဲ့လုပ်တုန်းတဲ့ နေရာတဲ့။ အဖြူရောင်မီဆိုးက ၁ နှစ်ဖြစ်ပြီး အနီရောက်ကတော့ ၃ နှစ်ထားတဲ့မီဆိုးတဲ့။ မီဆိုးက ဘယ်လောက်ပဲ ထားထားမပုပ်သွားပေမယ့် အရသာကတော့မကောင်းဘူးတဲ့။  ပဲနဲ့လုပ်တဲ့နေရာဆိုတော့လည်း သောက်လို့သာကောင်းတာ အနံကတော့ပြင်းတယ်။ ကျော်လိုက်မယ် ဒီအကြောင်းကို ….နော်
မိဆိုးစက်ရုံ

နောက်တော့ အိုလံပစ် စကီးတာဝါ ကိုသွားတယ် ဒါလည်းကျော်လိုက်မယ်။ အမြင့်ကြီးကို Lift နဲ့တက်ရသလို အမြင့်ကြောက်သူမို့ စိတ်ညစ်တယ် မပျော်ဘူး အပေါ်ကို လိုက်တက်ရတာ။ မိုးကလည်းစွေနေတယ်အဲ့နေက အားကစားသမားတွေ ကလည်းလေ့ကျင့်နေတယ်။ အပူချိန်ကတော့အတော်ကို သိသိသာသာ ကျတယ်။ မန်းလေးကနေ မေမြို့တက်ရင် ၂၁ မိုင်လောက်ကြရင် ရုတ်တရက်အပူချိန်ပြောင်းသွားသလိုမျိုးပေါ့။






ရေကာတာရဲ့အပေါ်ကလျှောက်လမ်းကိုမြင်ရလား အဲ့အပေါ်ကနေလည်းကြည့်ကြတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးက ဆောက်လုပ်ခဲ့ပြီး ယနေ့တိုင် ဂျပန်လူမျိုးတွေ ဂုဏ်ယူနေကြတဲ့ Kurobe Dam. အရမ်းလှပလွန်းသလို Kurobe Dam ကနေ ဂျပန်နိုင်ငံရဲ့ လျှပ်စစ်ဓတ်အားပေးစက်ရုံ ၁၁ ရုံကို ဓတ်အားတွေပေးဝေနေသတဲ့။ စစ်ပြီးခတ် ဂျပန်ပြန်လည်ထူထောင်ရေးမှာဆောက်လုပ်ခဲ့တဲ့ ဒီ ရေကာတာကြီးဟာ ဂျပန်နိုင်ငံရဲ့ မြင့်မားတဲ့နည်းပညာ စနစ်ကျမှု့ကို ယခုချိန်ထိ တွေ့မြင်နိုင်သလို  စဆောက်ကတည်းက observation area ထည့်ဆောက်ခဲ့တဲ့အတွက် အနီးကပ်အလှပကို ခံစားနိုင်တယ်။
သွားရတာကဝေးလွန်းလှပါတယ်။ တောင်ပေါ်ကစီးဆင်းလာတဲ့မြစ်ချောင်းတွေကို ပိတ်ဆောက်ထားပေမယ့် သူဆောက်ထားတဲ့နေရာက လူဦးရေ ထူထပ်တဲ့နေရာနဲ့ဝေးတဲ့ နေရာဖြစ်သလို ဂျပန်ပင်လယ်နဲ့လည်းနီးတဲ့နေရာပါ။ နောက်တောင်ပေါ်က စီးဆင်းလာတဲ့ဒီမြစ်ချောင်းကို အမှီသဟဲပြုနေတဲ့ မြို့တွေလည်းမရှိပါဘူး။ တောင်ပေါ်ထိကို ကားစီး ပြီးတော့မှ၁၅ မိနစ်ခန့် ဥမင်ထဲမှာ ကားပြန်ပြောင်းစီးရပါတယ်။ ဂျပန်လူမျိုးတောင်တက်သမားတွေနဲ့ ခရီးသွားတွေ တရုတ်လူမျိုးခရီးသွားတွေ ကိုတွေ့ခဲ့ပါတယ်။



ဆာမူရိုင်းနား အူငဲ ဘာလုပ်နေပါလိမ့် 

နောက်နေ့ ကတော့ နာဂါနိုကိုတစ်ကွေ့တစ်ပတ်ပတ်ပြီး မာဆူမိုတို Castle ကိုရောက်တယ်။ ရောက်ဖူးသမျှ Castle ထဲမှာ သဘောအကျဆုံးပဲ။  သူတို့မြို့နယ်ရဲ့ခရီးသွားမြင့်တင်ရေးရည်ရွယ်ချက်နဲ့ တက္ကသိုလ်မှာ
 တာဝန်ထမ်းဖူးတဲ့ဆရာတွေ အင်္ဂလိပ်စကားပိုင်နိုင်စွာပြောနိုင်တဲ့သက်ကြီးရွယ်အိုတွေက ဗော်လန်တီယာ ဂိုက်လုပ်ပေးတယ်။ သူတို့ကအဖွဲ့လေးတွေခွဲပြီး စောင့်နေတယ်။ နေ့စဉ်လာစရာမလိုဘူးတဲ့ ။အလှည့်ကျတဲ့ သူတို့က လိုက်ပြီးရှင်းပြတယ်။

မေ့တော့မေ့သွားပြီ  ကျွန်မဖတ်ဖူးခဲ့တဲ့ ၀န်းတွေနဲ့တည်ခဲ့တဲ့မင်းနေပြည်ဆိုတဲ့စာအုပ်ထဲကလိုပါပဲ။ အာရှက ဘုရင့်နန်းတော်တွေဟာ မွန်ဂိုဘုရင်တွေရဲ့ နန်းတော်ပုံစံကိုယူခဲ့တယ်ဆိုလား။ စတုရန်းပုံဆောက်လုပ်တယ်။ အပြင်ဘက်ကို ကျုံးနဲ့ ကာတယ်။ နန်းတော်ရဲ့အလယ်ကျဆုံးမှာ ဘုရင့်စံအိမ်လို့ပြောမလား ရှိတယ်။ ပြီးတော့ရာထူးပေါ်မူတည်ပြီး  အတွင်းလိုက်းအပြင်လိုင်း စသည်ဖြင့်
စတုရန်းပုံ ၀န်းရံပြီးပတ်လာတာလည်း မန်းလေးနန်းတွင်းလိုပါပဲ။  သာမာန်ပြည်သူတွေကတော့ ကျုံးရဲ့ အပြင်ဘက်ပေါ့။ မာဆူမိုတို Castle ကတော့ ၁၅၀၄ မှာဆောက်ပြီး ၁၈၆၈ ထိအသုံးပြုခဲ့တယ်တဲ့။ သူတို့ခေတ်မှာ ကျူံးက ၃ ပတ်ပတ်ထားတာ။ နောင်းလူတို့က မြေဖို့လိုက်သတဲ့။ ခုပြန်ပြီးဖော်ထုတ်ဖို့ကြိုးစားနေကြပါတယ်တဲ့။

ဒီ Castle နေရာဟာ စစ်မက်မဖြစ်ပွားခဲ့တဲ့နေရာဖြစ်တဲ့အတွက် တခြားသော Castle တွေလိုမီးလောင်ခြင်းလည်းမခံရပါဘူးတဲ့ ။ အတော်များများက အော်ရီဂျင်နယ်အတိုင်းရှိပါသေးသလို ပြန်ပြီးပြင်ဆင်ထားတာတွေကလည်းအတတ်နိုင်ဆုံးရှေးမူမပျက်ပြင်ဆင်ထားပါတယ်။
ဂျပန်က Castle အတော်များများဟာ တစ်ခုတည်းထီးထီးကြီးရှိပေမယ့် ဒီCastle ကတော့ ပင်မဆောင်ကြီးကို ဘေးဆောင်နှစ်ဘက်ကနဲ့တွဲထားပါတယ်။ Castle ဆိုတာ သူတို့ခေတ်က
ဆာမူ၇ိုင်းသို့မဟုတ် Tono လို့ခေါ်တဲ့ နယ်စား ဘုရင်ငယ်တွေစံအိမ်လို့ထင်ခဲ့တာ တစ်ကယ်တော့ ပင်မဆောင်ဟာ စစ်မက်ရေးရာ တိုင်ပင်ဖို့နဲ့ ရန်သူလာတိုက်လာရင်ပြန်တိုက်ရန် ပစ်ကွင်းကိုသေချာရွေးချယ်ပြီး တံခါးပေါက်ထက် လက်နက်ပစ်ခတ်ဖို့  တံခါးအပေါက်သေးလေးများသားရှိပါတယ်။
ဒီမာဆူမိုတို Castle  ထူထောင်ခဲ့တဲ့ နယ်စားခေတ်မှာ  ဂျပန်မှာ သမိုင်းတွင်ရမယ့် ပြည်တွင်းစစ်ပွဲ တစ်ပွဲဖြစ်ပါတယ်တဲ့။၁၅၀၀ နှောင်းပိုင်းမှာ ဂျပန်ဟာ သေနတ်ကိုစတင်သုံးနေပါပြီ။ တစ်ဘက် နယ်ကလာတိုက်တဲ့ သူတွေကို မာဆူမိုတိုဘက်ကပြန်တိုက်တာ ခေတ်မှီ လက်နက်ဖြစ်တဲ့ သေနတ်တို့ အမြောက်တို့ပါ။ တစ်ဖက်နယ်ကတော့ ဓါးနဲ့တိုက်နေတဲ့ပုံကို ရှေးဟောင်းပန်းချီကားချပ်ကြီးနဲ့သရုပ်ဖော်ထားတော့ ညွန့်ဝင်းရဲ့ ကားတစ်ကားကို အမှတ်ရပါတယ်။ အင်္ဂလိပ်က သေနတ်တွေစိန်ပြောင်းတွေနဲ့လာတိုက်ချိန်မှာ ကျွန်မတို့ရှင်ဘုရင်တွေက ဓါးနဲ့ပြန်တိုက်နေတဲ့ဇတ်ဝင်ခန်းပါ။

အေးချမ်းလှပတဲ့နာဂါနိပြည်နယ်ရဲ့ စိမ်းလန်းတဲ့ ပန်းဂျုံစိုက်ခင်းတွေ ချစ်စရာကောင်းတဲ့ အဆောက်အဦးတွေနဲ့  နာဂါနို ခရီးကတော့ ကျေနပ်စရာအလွန်ကောင်းခဲ့ပါတယ်။ အပြန်လမ်းမှာ တော့ အိမ်ကိုပြန်မလိုက်တော့ပဲ နာဂါနိုကနေ အမြန် ရထားနဲ့  ကျွန်မရဲ့ အိမ်မက်မြို့တော် တိုကျိုကို တစ်ယောက်တည်းချီတတ်ခဲ့ပါတော့တယ်။ သွားလည်းသွားနိုင်တဲ့ ကြည်ကြည်ပါရှင်။

လေးစားစွာဖြင့် 
ကြည်ကြည်