ပန်းတစ်ပွင့်  ကြွေ အကျ
မြေမခ ခင် လက်တစ်စုံ ကဖမ်း
ရနံကိုတွေ့  ကမ်းကိုမေ့ ခဲ့ တယ်။
ပွင့်လွှာကို ဆုတ်
ပွင့်မှုံကို ချိုး
ပွင့်ဖတ်ကိုဖယ်
ပွင့် ချပ်ကိုချေ
ပွင့် အချေကိုညှစ်
တစ်စ စီ ဖြစ်မှ
လေပေါ်ကို ၀ဲဖြန့် 
မြေပေါ်သို့  ကျဲ ပြန့် စေခဲ့တယ်။
ဖြစ်တည်မှု ခဏ
ပန်းဘ၀မှာ
မြေမထိခင် လေပေါ်ရှိစဉ်မှာပဲ
ပန်းကငိုတယ်။
သူသည်
ဇာတ်လမ်းတော်တော်များများမှာ
အဖြည့်ခံပေါင်းများစွာရဲ့
ဖေးယူထွေးကူမှုနဲ့ 
တခန်းရပ်တွေ နဲ့  ကစား
အခန်းဆက်တွေဆို နားထားခဲ့တယ်။
သူ့ကို ဘယ်လိုထင်ထင်
သူ့အမြင်နဲ့ သူတဲ့။
သူသည်
ပတ်ဝန်းကျင်ကို စကန်စက် နဲ့ အမြန်ဖတ်
ယုယခြင်းကို နက်ဂတစ်ပေး
ကြင်နာခြင်းကို ခရောစ့်အောက်
မြတ်နိုးခြင်းကို ပွိုင့် လောက်တောင်မှ မထောက်ခဲ့သူ။
သူသည်
အနိုင်နဲ့ ပိုင်းရမယ့်ပွဲ တွေ လို့ ပဲ သတ်မှတ်
တကယ်က
နိဂုံးကိုပဲ ကြောက်တတ်ခဲ့တာ။
ရင်ဘတ်ထဲကြိတ်ကြိတ်ပြီးအော်
ဒီည ကျွန်တော် အိပ်မပျော်ပြန်ဘူး
ကျွန်တော့် လက်နှစ်ဘက်က
အကြားအာရုံကို အမှောင်ချ ပြီး အဝေး
ကျွန်တော့်အာရုံ ဆီ ငြိငြိလာနေတဲ့ အတွေး…
မေတ္တာကို အလေးမထား
အချစ်ကို ကလေးကလား လို့ ထင်တဲ့ 
ထိုလူသားသင်အား
အဆင်းကို လည်း မသိနိုင်သော
ရနံကိုလည်း မထိနိုင်သော
သူ့ ချစ်ခြင်းဆိုတာ ပြေး စေသော်
ကိုယ့် ချစ်ခြင်းဆိုတာ ဝေးစေသော်။
ကြည်ကြည်
ဟုတ်ကဲ့...
ReplyDeleteဘကျောက်ရဲ့ အချစ်က ကလေး လဲမဟုတ်ပါဘူး၊ ကလားလဲမဟုတ်ပါဘူး..
ခု..လူအိုရုံတောင် ရောက်ပါတော့မယ်..
ဖြစ်တည်မှု ခဏ
ReplyDeleteပန်းဘ၀မှာ
မြေမထိခင် လေပေါ်ရှိစဉ်မှာပဲ
ပန်းကငိုတယ်။
ပန်းလေးခမျာ သနားစရာ
မေတ္တာကို အလေးမထား
ReplyDeleteအချစ်ကို ကလေးကလား လို့ ထင်တဲ့ 
ထိုလူသားသင်အား
အဆင်းကို လည်း မသိနိုင်သော
ရနံကိုလည်း မထိနိုင်သော
သူ့ ချစ်ခြင်းဆိုတာ ပြေး စေသော်
ကိုယ့် ချစ်ခြင်းဆိုတာ ဝေးစေသော်။
အဲ့ဒီလိုဘဲ ကျိန်လိုက်ချင်ပါတယ်.