Thursday, January 20, 2011

တကယ်ဆို အိုင်ဒီယာပဲ လိုတယ် ..

စီးပွားရေးကျပ်တည်းနေကြတဲ့ ယခုခေတ်မှာ သူထက်ငါအပြိုင် ဘယ်လို ထိုးဖောက်ရမလည်းဆိုတာ
ပြင်ကြဆင်ကြ  ပလန်တွေဆွဲကြ  ပုံစံအသစ်တွေ ချကြ
အဲ့ထဲမှာ တစ်လောကကြည့်လိုက်ရတာလေးက အတော် စိတ်ဝင်စားဖို့ ကောင်းတယ်။
တိုကျိုမြို့ ရဲ့ မြို့လယ် ရှင်းဂျူကုလမ်းပေါ်မှာဖွင့်တဲ့ဆိုင် အကြောင်း
ခုခေတ်မှာ ဆိုင်တွေတော်တော်များများမှာ NO smoking နဲ့ smoking area ဆိုပီး နေရာခွဲထားကြတယ်မို့ လား။
ဘယ်လောက်ပဲခွဲခွဲ ဆိုင်ထဲဝင်ရင်တော့ အနံအသက်ကရှိတာပဲ။ အဲ့လိုခေတ်ကြီးမှာ အဲ့ဆိုင်က ပြောင်းပြန်ပြန်လုပ်လိုက်တယ်။.. ကျွန်တော်များဆိုင်သည်  ဆေးလိပ်ချစ်မြတ်နိုးသူများအတွက် သီးသန့်  ပြုလုပ်ထားပါသောကြောင့် ခလေးသူငယ်များဖြင့် လာရောက်ခြင်း သည်းခံပေးပါတဲ့။
သူများနဲ့ပြောင်းပြန်တော့ လုပ်လိုက်တာပဲ တနေ့ကိုဆိုင်ကို လူအယောက် ၇၀၀ ၀င်တယ်တဲ့ ကဲလူတစ်ယောက်ကို ယန်း ၈၀၀နဲ့ ပဲ တွက်လိုက်နော်။ အိုင်ဒီယာ….


ကဲနောက်တစ်ခုကတော့ မိန်းကလေးတိုင်းလိုလိုသိတဲ့ ဂျပန်မိတ် TRIUMPH နာမည်ကြီး အတွင်းပစ္စည်း 
တံဆိပ် . သူ့ ပစ္စည်းတွေ ပိုရောင်းရတဲ့ ပလန်တစ်ခုချလိုက်တယ်အွန်လိုင်းကနေရောင်းတဲ့ဆိုက်မှာ
အောက်ပါ ၀တ်စုံ sale campaign သီးသန့်လုပ်ပေးထားတာ။ 


သီးသန့် ထုတ်ကုန်ရဲ့ အောက်မှာ လင့်တစ်ခုထည့်ထားတယ်။ ၀င်ကြည့်တဲ့မိန်းကလေးက သူ လိုချင်တာလေးကို ကလစ်ပီး ရင် သူပို့ ချင်တဲ့မေလ်းလိပ်စာကို ရိုက်ထည့်လိုက်
ပြောရရင်တော့……..အချစ်ရေ …..ဒါလေးနဲ့ ဆို ဘယ်လို နေမလည်းဆိုပီးပေါ့
ကိုယ်ဝယ်ခိုင်းစေချင်တဲ့ သူဆီ (ချစ်သူ) ရဲ့မေးလ်းထဲကို လှမ်းပီးပို့ ယုံပါ








အပြင်မှာ အင်တာဗျူးတော့ အတော်များများသော ပုရိသတွေက အဲ့ဒီ ဆိုက်ရဲ့ပလန်ကိုကြိုက်ကြောင်း ကိုယ့်မိန်းခလေးကို လက်ဆောင်ဝယ်ပေးချင်ရင်တောင် အရောင် အကြိုက်မသိတော့ ခုဒီဆိုက်ကလေးရှိတော့ လက်ဆောင်အတွက် ခေါင်းမစားပါတဲ့..။.
အဲ့လို လုပ်လိုက်တာ ၉၇% နှုန်းအောင်မြင်မှု့ ရှိကြောင်းနဲ့ ရောင်းအားမြင့်တတ်လာပါတယ်တဲ့ ..



တစ်လောက ကမာကုရ သွားတော့ ကမာကုရ ကမ်းခြေက ဟာဝိုင်ယီဆိုင်မှာရောင်းတဲ့ သူတို့ က ရင် ၀တ်တဲ့အင်္ကျီကြည့်ပီး ဟာ…..ဟုတ်တယ် ငါ ရန်ကုန်ပြန်ရောက်ရင် သင်္ကြန်အမှီ ဒီပစ္စည်းထုတ်မယ်လို့ ....အုန်းသီးလည်းပေါတာပဲ ဟာ...



   အိုင်ဒီယာ…

ပေါ့ပေါ့ပါးပါးပြုံးလိုက်ပါ။
ကြည်ကြည်

Sunday, January 16, 2011

ကျွန်မနှင့်ခရီး ........ Kurashiki ဆိုတဲ့ အနုပညာမြို့ကလေး

ဒီတစ်ခါတော့ သွားခဲ့ဘူးတဲ့ ခရီးလေးတွေထဲ က နှစ်သက်မိ
တဲ့ KURASHIKI ဆိုတဲ့ မြို့လေးအကြောင်း မိတ်ဆက်ပေးပါရစေ။ မြို့ပြရဲ့ မွန်းကျပ်တဲ့ အရိပ်၊ ပြည်စုံမှု့. ပေါများမှု့ ဆိုတဲ့ citylife ကိုနှစ်သက်လွန်းလို့  ကျွန်မရဲ့ အားလပ်ရက်တွေကို အတော်များများ တိုကျို ကို မဖြစ်မနေသွားတတ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ် ဂျပန်က ဘယ်သွားသွားအတူတူပဲ။ ကုန်တိုက်တွေ ကလည်းအတူတူ ပစ္စည်းတွေ ကလည်း အတူတူ ဘယ်နေရာမဆို ငါးပြတိုက်ရှိတယ်။ တာဝါ ရှိတယ်။  တောင်ကမြောက်အကုန်တူတူပဲဆိုတော့ လည်း ဟုတ်တာပဲပေါ့ ။ ဒါပေမယ့် ဒီမြို့ လေးကိုရောက်သွားတဲ့ အချိန်မှာတော့ ကျွန်မရဲ့ အချိန်နာရီ တစ်ခု ရပ်နေတယ်။  အချိန်ကို ရပ်များထားသလား လို့ ထင်ရလောက်အောင်ကို မြို့က ငြိမ်သက် အေးချမ်း နှေးကွေးစွာ  သက်ဝင်လှုပ်ရှားနေပါတယ်။

KURASHIKI ဆိုတဲ့ မြို့ လေးဟာ ဂျပန်နိုင်ငံရဲ့ တောင်ပိုင်းဘက် HONSHU ကျွန်းမကြီး ပေါ်မှာပဲ တည်ရှိတဲ့
မက်မွန်သီး နာမည်ကြီးရာ OKAYAMA ပြည်နယ် မှာရှိပါတယ်။  ကျိုတိုက နေ ကျည်ဆံရထားစီးမယ် ဆိုရင် ၁ နာရီ စီးပီးရင် OKAYAMA ရဲ့  SHINKURASHIKI ကိုရောက်ပါမယ်။ကျည်ဆံရထားစရိတ်ကလည်း ခရီးတစ်ခုကို ယန်း၇ထောင် ကျော်ပဲ ပေးရပါမယ်။
SHIN KURASHIKI  ကနေ KURASHIKI မြို့ ထဲကို ရိုးရိုးရထားနဲ့ သွားမယ်ဆိုလည်း ၁၀ မိနစ်နီးပါးလောက်ပါပ။ဲ . မနှစ်က ၉ လပိုင်း မှာသွားထားတော့ ဘလော့လည်းမလုပ်သေးတော့  အဲ့ဒါတွေ မမှတ်ထားမှိဘူး ။

မြို့လေးက အစိုးရအဆောက်အဦးတွေ က လွဲရင် အတော်များများက ရှေးတုန်းက ဂျပန် အဆောက်အဦး ပုံစံလေးတွေ အတော်ကို ကျန်နေပါသေးတယ်။ လမ်းမကြီးကလွဲရင် လမ်းကလေးတွေက ကျဉ်းပါတယ်။
ဘူတာကြီးရယ် ဘူတာလမ်းမကြီးပေါ်က နိုက်ကလပ် ၃၊ ၄ခုလောက် ရယ်  နိုက်ကလပ်ကိုလာကြတဲ့ လူငယ်တွေရဲ့ကြောင့်သာ အော်ဒီမြို့ မှာ လူငယ်တွေလည်း ရှိပါလား။ ခေတ်မှီပါလားလို့ သတ်မှတ်
လိုက်ရတယ်။ မြို့ ရဲ့ ဘူတာ ရှေ့ကပန်ူးခြံကလည်း အနုပညာဆန်ပါတယ်။
မြို့ခံလူတွေ ဘာလုပ်ကြလည်း????? အများစုက လက်မှု့
အနုပညာလုပ်ကိုင်ကြတဲ့ သူများသလိုပါပဲ .ဘယ်နေရာကြည့်ကြည့် ဂျပန်လက်မှု့ ပစ္စည်းဆိုင်တွေ  နောက် တွင်းထွက်ကျောက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ် ACCESSORY ဆိုင်လေးတွေ အတော်ကိုများတယ်။ နောက် အသေးစားဂျင်း အ၀တ်အထည် လုပ်ငန်းလေးတွေ ကိုတွေ့ ရတယ်။


မြို့ ထဲမှာပဲ စီးဆင်းနေတာက မကျယ်တဲ့ ချောင်းကလေး ချောင်းကလေးထဲမှာ ကတို့ လှေငယ်လေးတစ်စီး၂ စီးလောက်က စုန်ချီဆန်ချီ  ဧည့်သည်တွေ စီးလို့ရအောင် လှော်ခတ်ပေးတယ်။ ချောင်းကမ်းပါးပေါ်မှာတော့  ကိုယ်တိုင်လုပ်ပီးရောင်းနေကြတဲ့  နားဆွဲ ဆွဲသီး လက်ကောက် စတဲ့ ဘော်လိုလို၊ငွေ လိုလို ACCESSORY တွေ ကို မြေကြီးပေါ် မိုးကာစခင်းပြီး လမ်းဘေးဈေးတန်းလေးအနေနဲ့ ရောင်းပါတယ်။ 



မြို့ နဲ့တော့ အတော်ကို ပနံရလှပါတယ်။

ဒီမြို့ လေးကို အနုပညာကျောင်းတတ်နေကြတဲ့ ဂျပန်လူငယ်လေးတွေ အလည်များကြတယ်
လို့ သိရတယ်။ ရေပူစမ်း ပါတဲ့ ဟိုတယ် တွေရဲ့ 


တည်းခိုခန်းခလေး တွေ ကလည်း အတော်ကို reasonable ဖြစ်ပါတယ်။ တစ်ညကို တစ်ယောက်ကို ယန်း ၄၅၀၀ ကနေ စတဲ့ ဟိုတယ်တွေ အတော်ကြော်ငြာထားတာတွေ့ ခဲ့ရတယ်။

ဒီမြို့ က ဘာနာမည်ကြီးလည်းဆိုတော့ မြို့ ကလေးသေးပေမယ့်  အနုပညာပြတိုက် က ၈ ခုကျော်ရှိပါတယ်။
အဲ့ဒီ အနုပညာပြတိုက်ထဲက မှ နာမည်ကြီးတာက  OHARA MUSEUM OF ART  ပါပဲ။


 ပြတိုက်ကို ၁၉၃၀ နှစ်မှ စတင်တည်ထောင်ခဲ့ ပြီး   ဥရောပရဲ့ အနုပညာ လက်ရာကို စုစည်းထားသော ပထမဦးဆုံး  ပုဂ္ဂလိကပိုင်  အနုပညာပြတိုက် လို့ဖ်ာပြထားသလို၊ဂျပန်နာမည်ကျော် ပန်းချီဆရာတွေ ရဲ့ လက်ရာတွေလည်း ရှိပါတယ်။

ဒီပြတိုက်ကို တည်ထောင်ခဲ့သူ OHARA FAMILY ဆိုတာက လည်း
၁၈၀၀အလယ်ပိုင်းလောက်ကနေ စလို့  နိုင်ငံခြား
နဲ့ ကူးသန်းကုန်သွယ်ခဲ့ တဲ့ သဌေး  လို့သိရပြန်ပါတယ်။ ပရ်ာက အဲ့ ပြတိုက် သွားဆိုလို့သာသွားလိုက်ရတယ်။  အထဲ က MONET တို့ PICASSO၊ ဆို တို့ ရဲ့  အော်ရီဂျင်နယ် ပန်းချီကားတွေ ကို ကျွန်မ အသေအချာ မကြည့်ခဲ့ မှိပါဘူး ။ MONET ရဲ့ "ကြာ" ပန်းချီကားတွေ့
 ခဲ့တယ်မို့ လား ဆို မှ ဟုတ်ကဲ့ လို့ ပြန်ပြောပီး ဟုတ်သားပဲ နာမည်ကြီး ပန်းချီဆရာတွေ ရဲ့  ပန်းချီကားတွေ ကို စုပြီးပြထားတာပဲ လို့ ပြန်သုံးသပ်မှိပါတယ်။ ပြတိုက်ကလည်း ၀င်ကြေးလူကြီး ယန်း၈၀၀။ ပြတိုက်အကျယ်အ၀န်းကတော့ ရှိလှမှ ပေ၁၀၀ ပတ်လည်ပါ။ ပြတိုက်ထဲမှာတော့ အနောက်နိုင်ငံတွေရဲ့ ၁၈၀၀ကုန်ခါနီး နှစ်တွေနဲ့၁၉၀၀ နှစ်စောပိုင်းတွေ၇ဲ့ ဥရောပရဲ့ နာမည်ကြီး ပန်းချီဆ၇ာတွေရဲ့ နာမည်ကြီး လက်ရာပေါင်း  ကား၄၀ နီးပါး ပြသထားပါတယ်။

အဆောက်အဦး အပြင်ဘက်မှာတော့ အမှတ်တရ အရောင်းဆိုင်လေးတွေက ပတ်လည်ဝိုင်းနေပါတယ်။
 မင်္ဂလာသတို့သားသတို့ သမီးတွေ့ခဲ့လို့ အပြေးရိုက်ခဲ့သေးတယ်။



ဘာအစားအစာ က နာမည်ကြီးလည်း??????
မွေးမြုရေး ကြက်ကို အဓိကထားပီး စားနေကြတဲ့ ဂျပန်မှာ OKAYAMA ရဲ့ သဘာဝကြက်သား အကင်ဆိုင်လေးတွေ၊ နောက်တစ်ခုကတော့  ကျပ်တိုက်ထားတဲ့ ဆာဒင်း ငါးလိုလိုကို
ပြန်ပီးကင်ထားတာက  နာမည်ကြီးပါတယ်။ ဘာမှ မရှိ ဆင်းရဲတဲံ့ ခေတ်တုန်းက အဲ့ဒီ့ငါးကျပ်တိုက်ကို သဘောင်္သားတွေ က စတင်တည်ထွင်ပီး စားခဲ့ တယ်လို့ ဆရာက ညစာမှာ ရှင်းပြပါတယ်။

တစ်ရက် သာ မြို့ ပေါ်လည်ပီး ကျန်တဲ့ရက်တွေက အခြားသောစက်ရုံတွေ သွားလေ့လာခဲ့ကြတာဖြစ်တဲ့ အတွက် ဒီမြို့ လေးရဲ့ အခြားသောအကြောင်းအရာများကို သေချာမရေးပြနိုင်ပါဘူ့း။  ဂျပန်လို နေရာမှာနေမယ်ဆို ဒီလို အေးချမ်းပြီး အနုပညာ လက်ရာတွေနဲ့  ထုံမွန်းထားတဲ့ မြို့မှာ့ နေခြင်လိုက်တာ လို့ 
ကိုယ်တိုင် ရေရွတ်မှိခဲ့ သလို  နောက်တစ်ကြိမ် ပြန်သွားချင်လိုက်တာဆိုတဲ့ မြို့ လေးတစ်ခု လည်းဖြစ်ပါတယ်။


ကြည်ကြည်


Thursday, January 13, 2011

မာတာမိခင် ကျေးဇူးရှင်



မနေ့ညက အိမ်ကိုမိုးကြီးချုပ်မှဖုန်းဆက်တော့ မေမေတစ်ယောက်စိတ်ပူသွားတဲ့ပုံ မေမေရေ  ခုမှစာစလုပ်မှာ မနက်မနိုးမှာဆိုးလို့ ခုလှမ်းပီး ဘတ်ဒေးလှမ်းနှုတ်ဆက်တာဆိုမှ ရီမောနိုင်တယ်။


ဟက်ပီဘက်ဒေး ဘယ်နနှစ်လည်းမေမေ လို့ မေးလိုက်တော့ ၅၆ တဲ့ တစ်နှစ်လျှော့ပြောတယ်။
ကျွန်မလိုပဲ။  ဒီညမိသားစုတွေ အပြင်ထွက်စားကြလိမ့်မယ်။ မြေးတွေနဲ့ ဝိုင်းပြီးကိတ်မုန့် ကိုခွဲလိမ့်မယ်။မနက်စောစောဘုန်းကြီးကျောင်းကိုဆွမ်းချိုင့် ပို့ ပြီးသားဖြစ်လိမ့်မယ်။ 
သူ့ နယ်ကဘုန်းကြီးကျောင်း သို့  မိဘမဲ့ဂေဟာသို့  တစ်ခုခုလှူလိမ့်မယ်။ ဒါကမေမေလုပ်နေကြ။
၁၀တန်းမအောင်ခဲ့တဲ့မေမေက လုပ်ငန်းခွင်ကိုဝင်ခဲ့ပြီး သူ့အောက်က အငယ်တွေကို  ကျောင်းထား ပေးခဲ့တယ် ။
မောင်နှမတွေအတွက်လည်း အမကြီးအမိရာ အနှစ်နာခံခဲ့သလိုပဲ သမီးတွေအတွက်လည်း မေမေဟာ အေးချမ်းတဲ့ ရီစရာကောင်းတဲ့ ချစ်ဖို့ ကောင်းတာကတော့ပြောမနေနဲ့ပဲမေမေ၊ ဖေဖေ့အတွက်လည်း
အလိုက်သိ အေးချမ်း ဘာမှမပူဆာတဲ့ မေမေဖြစ်ခဲ့တယ်။ ခုလည်း သားသမီးတွင်မဟုတ်တော့ဘူး  မြေးတွေအတွက်ပါ ပေးဆပ်နိုင်လွန်းတဲ့ မေမေကိုစာနဲ့ မှတ်တမ်းတင်လိုက်တာ ဘ၀မှာပထမဆုံးပဲ။ ဘလော့သာမရေးခဲံ့ရင် မေမေ့အကြောင်းက ညီအစ်မနှစ်ယောက်ရဲ့ စကားဝိုင်းမှာအမှတ်ရစရာ အနေနဲ့ ပဲ ဖြစ်နေမှာ။ ရန်ကုန်ပြန်ရင်ဒီစာကိုတော့ ပေးဖတ်ရမယ်။ရိုးလွန်းတဲ့မေမေ  တစ်ခါတစ်လေ ရီစရာလေးတွေ က များသား။ ကျွန်မတို့ က အရင်က နယ်မှာနေခဲ့တာ နောက်တော့ရန်ကုန်ကိုပြောင်းတယ်။ရောက်ခါစ ၁ နှစ်ကျော်ကျော်က အတော်ကိုနေသားမကျဘူး.။  မေမေ သေချာစုဆောင်းထားတာလေးတွေ ပလုံကနဲ မြည်သွားတဲ့ ကိစ္စလေးတွေ ဖြစ်လာ မေမေ က သမီးတွေကိုတော့ မျက်နှာမငယ်စေရဘူး။ မေမေက သမီးတွေအပြင် သမီးတွေရဲ့ သူငယ်ချင်းတွေကိုပါ အတော်ချစ်တတ်တယ်။ အိမ်ကိုအမြဲ လာလည်တတ်တဲ့ သူငယ်ချင်းအတွဲ တစ်တွဲ ရှိတယ်။ ကျွန်မထက်၅ နှစ်နီးပါးကြီးကြတယ်။
အိမ်ကိုလိုက်လိုက်လာပြီးရင်  အဲ့နှစ်ယောက်က မေမေ စိုက်ထားတဲ့  ပန်းရုံတွေ ဘေးမှာ ထိုင်ပီး ကြည်ကြည်နူးနူးနေလိုက် ကောင်မလေး ထမင်းချိုင့်ဖွင့်စားရင်းမေမေချက်ထားတာလေးတွေစားရင်းပေါ့။ ကျွန်မက အဲ့အချိန်မှာ ၁၈,၁၉ ပေါ့ မေမေက သမီးရေ ရီးစားရှိပီလားတဲ့ အာမေမေကလည်း မရှိသေးပါဘူး ဆိုတော့ အင်း ၂၂ နှစ်မှ ထားနော်တဲ့။ ဘာလို့  ၂၂ နှစ်လို့ ပြောလည်းတော့ လည်းမသိဘူး။ဒါပေမယ့်
နောက်ပိုင်းကျွန်မ အလုပ်သွားရင်  တမင်းချိုင့်ထဲမှာ ဟင်းတွေ က များများနေတယ် နောက်တော့ မေမေရယ် ဟင်းတွေ များကြီးမထည့်နဲ့ နော် လို့ သတိပေးတော့ နောက်မှ ပြောပြတာ သမီးများရီးစားတွေ ဘာတွေနဲ့ ထမင်းအတူတူစားလို့ ဟိုကောင်မလေးလို သူ့ ထမင်းဘူး တူတူမျှစားရင်
ငါ့သမီးမ၀ မှာဆိုးလို့တဲ့ ကဲကြည့် မေမေတို့ များရီးစားမထားနဲ့ လည်းပြောသေး  သူကပဲစပီးဟင်းတွေ ပိုထည့်ပေးနဲ့ ။ 
နောက် ကျွန်မပထမတစ်ခါ ကျောင်းလာတတ်တော့  မေမေ အမြဲ သတိပေးတာက မြန်မာလူမျိုးပဲ ကြိုက်ဖို့။
 မေမေ သမီး၂၂ လောက်မှ ထားမှာပါ၊ထားရင်လည်းမေမေ့ ကို အသိပေးမယ်ဆိုမှ သူကျေနပ်ရှာတယ်။
  မြန်မာပြည်ကို ခဏပြန်ဖို့ အကြောင်းပေါ်လာရော အဲ့မှာပဲ တူတူနေတဲ့ စီနီယာမိသားစု က ဒီမှာမွေးတဲ့ 
သူ့ ခလေးကို လူကြုံထည့်မယ်ပေါ့ မေမေကိုပြောပြတော့  သမီး လေယဉ်ပေါ်က ခလေးပိုက်ပြီးဆင်းလာရင် 
သမီးဖေဖေတော့ လန့်မှာသေချာတယ်။ သမီးကြီး ဂျပန်ယူပြီး ကြည့်စမ်းခလေးပါ ပါလာသလားပေါ့.။ ဖေဖေနဲ့ မေမေက ကျွန်မ လူမျိုးခြားနဲ့ ယူမှာ သိပ်ကြောက်တာ။
သမီးကြီး လူမျိုးခြားယူရင်တော့ ဆိုပီး အိမ်မှာ ပူတတ်တယ်တဲ့ ညီမလေးက အော် မေမေရယ် ဘာဖြစ်လည်းလို့ ပြောတော့ မေမေကလေ မေမေ့မြေးကို အိုအိုးးအို ဘွားမြေးရယ် 
မငိုပါနဲ့လို့ ချော့ချင်တာအို အိုအို
don’t cry baby လို့ တော့ချော့ ချင်ပေါင်ဆိုလို့  အားလုံးဝိုင်းရီလို့ စိတ်ဆိုးဆိုသေး။

နောက်ကျောင်းပီးလို့ ဒီမှာအလုပ်လုပ်မယ်ဆိုတော့ သမီးကြီးရယ် ပြန်လာပါလားတ။ဲ့ မေမေရယ် ဂျပန်လစာနဲ့  ရန်ကုန်မှာနေရရင် ကောင်းမယ်လို့ြေ့ပာမှိလိုက်တော့ ရစေချင်တယ်   မေမေလည်း
ဆုတောင်းပေးပါ့မယ်ပေါ့။ ဟယ်မကြာဘူး ဒီက ကုမဏီ က ရန်ကုန်မှာရုံးခွဲ ဖွင့်ရော ကဲ တစ်လကို ၈၀၀ နဲ့  တစ်ဒေါ်လာ ၃၀၀ ခေတ်မှာ ရတယ။် ကိုယ့်ထက်မေမေက ၀မ်းသာတယ်။
မေမေရင်ခွင်မှာ မေမေကျွေးတာစားပီး   သမီးအသားတင် အဲ့လောက်ရတာ မကိုက်ဘူးလားတဲ့ ပြုံးပြီးပြောတယ်။ ကုမ္ပဏီဝန်ထမ်းဘ၀နဲ့ ဒီမှာအများနည်းတူနေမယ်ဆိုရင် ၀န်ထမ်းငယ်ဘ၀မှာ တစ်လ၈၀၀ စုနိုင်ဖို့ မလွယ်။ မေမေ့မေတ္တာက အစွမ်းထက်လွန်းလှတယ်။
  ညီအစ်မတွေ အိမ်ထောင်ကျတော့ ရှေ့ဆင့်နောက်ဆင့် ညီမနှစ်ယောက်က အိမ်သာခွဲသွားကြတာ။ ညနေတိုင်းမေမေအိမ်မှာဆုံကြတယ်။ ထမင်းဝိုင်းမှာ အမြဲ နောက်တတ်တာက သက်သာအောင်
ယေကျာ်းပေးစားလိုက်ပါတယ။် ခု ၂ ယောက်ပိုတိုးလာတယ်လို့ စတတ်သေးတာ။
နောက် ဖေဖေကစွံတဲ့ အကြောင်းပြောရင်း မေမေနော်လိုက်သွား ဖေဖေကစွံတယ်ပြောတဲ့ အထိ ဘာမှ ပြန်မပြောပေမယ့်  သမီးတွေက ဘာပဲဖြစ်ဖြစ် မစွံတဲ့ ဖေဖေထက် စွံတဲ့ အဖေဆိုတာဂုဏ်ယူစရာလို့ 
ပြောမှိတော့ အေးအေးညည်း တို့  ခလေးတွေ လည်းအဲ့လို ပြောလာမှ ညည်းတို့ ပြုံးနေလိုက်တဲ့။
 အလုပ်ကိစ္စတွေနဲ့ ဂျပန်ကို လာရတဲ့ အချိန်တွေဆို မေမေတစ်ယောက်  သမီးကြီး အလုပ်ကိစ္စတွေ စကားပြောတာအဆင်ပြေပါစေဆိုတဲ့ ဆုတောင်းသံက တစ်အိမ်သားလုံးကြားတယ်။
ပြန်ရောက်ပီဆိုတာနဲ့ ကျွန်မစားမယ့်အစားအသောက်ကို ချိုင့်ကြီးချို င့်ငယ်နဲ့ အိမ်ကိုပို့ပေး သမီးကြီးမရှိတဲ့
အချိန် မေမေတို့ အတော် အလုပ်ရှုပ်သက်သာတယ်သိလားဆိုပီး ပြုံးတုံးတုံး
ညည်းအေမြန်လိုက်တာတဲ့ ကျွန်မနိုင်ငံခြားထွက်တိုင်း အငယ်မလေးက အိမ်လာစောင့်ပေးတော့  သူ သမီးငယ်နဲ့  နေရတဲ့အချိန်ကို သူခမျာ စိတ်ချမ်းသာတယ်လေ။ မေမေမွေးတာ နည်းသွားတယ်လို့ ပြောတိုင်းစိတ်မကောင်းဘူး။ တစ်ယောက်မှ သူ့ အနားမှာမရှိကြဘူးလေ ။ ခုအငယ်မကတော့ မကြီးရေ ညီမလေးတော့ ရန်ကုန်ပြန်နေတော့မယ် မိဘကိုယ် ကိုယ်ထိလက်ရောက်ပြုစုချင်တယ်တဲ့။

မေမေက သူကိုယ်တိုင်ကျွန်မကို ထမင်းခူးခတ်ကျွေးတတ်တယ်။  ကျွန်မကလည်း မေမေခြေသည်းတွေကို ကိုယ်တိုင်ညှပ်ပေးပြီး ဆေးဆိုးပေးလေ့ရှိတယ်။ မေမေက ခြေသည်းဆိုးခြင်ရင် ကျွန်မကိုစောင့်တတ်တယ်။   ခု ၅၇ ဆိုတဲ့မေမေက အစားအသောက်ကို အချို အအီ အဆိမ့် တတ်စာ ဆို  ရှောင်ခဲ့တယ။် ရောဂါဖြစ်လာတဲ့ လူတွေကို မြင်ပြီး အဲ့ လို ခံနေရတာ ပိုက်ဆံလည်းကုန် လူလည်း စိတ်ညစ်ဆို ပီး အစားအသောက်ကို သတိထားတော့ သွေးတိုး ဆီးချို နှလုံးဘာမှ မ၇ှိဘူး။  တခြားဘာရောဂါမှ မဖြစ်ပါစေ
နဲ့ လို့ ဆုတောင်းပေးနေရတာပါပဲ။ မေမေဟာ ဘယ်အချိန်ဘယ်သွားသွား မြန်မာအကျီရင်ဖုံးလက်၇ှည်ကို သိပ်ကြိုက်တယ်။ ညီမလေးက အဲ့ ဒီ့အမွေ ကို မေမေ့ဆီကရတယ်။ သမီးတွေ မေမေဆိုတော့တည်ငြိမ်စွာ ၀တ်စားရမယ်လေတဲ့။ ကျွန်မတို့ ငယ်ငယ်တုန်းက မေမေက အိမ်မှာ အဖော်မခေါ်ဘူး။ နွေပိတ်ရက်ဆိုရင် ပိုဆိုးတယ်။ သမီးနှစ်ယောက်မွေးထားပီး အိမ်မှာအကူခေါ်ရမှာ မေမေရှက်တယ်တဲ့။လုပ်ကြညီမအနှစ်ယောက်ဆိုပီး ..ကောင်မလေးတွေ ကိုတောပြန်ခိုင်းတယ်။ ကောင်မလေးတွေက လည်းလစာအပြည့်နဲ့ တောပြန်ရတော့ 
ကလို့ ပြန်ကြတယ်။ အ၀တ်ကိုပဲလူငှားလျှော်တယ်။ အငယ်မက မေမေ့ဆီက အချက်အပြုတ်အကုန်
ရလိုက်သလို ကျွန်မကတော့ မေမေ့ဆီက အိမ်သန့် ရှင်းရေး တို့  ဇာထိုးပန်းထိုးပန်းပင်စိုက်ခြင်းဆိုတဲ့  ၀ါသနာတွေ အကုန်တူတယ်။
 ငယ်ငယ်က ကျွန်မတို့ အတွင်းခံတွေ ကောင်မလေးတွေ လျှော်မယ့်တောင်းထဲ  သွားထည့်တာ စိတ်ဆိုးလိုက်တာ။
လုပ်ပေးတဲ့ သူရှိတိုင်းဘာမှ မလုပ်ပဲ အဲ့ လောက်အပိုးမကျိုးကြရင် လာစမ်း တိုက်ပေတော့ အိမ်သာဆိုပီး အပြစ်လည်းပေးသေးတာ။

ခုဒီတစ်ခေါက်ကျောင်းပြန်တတ်မယ်ဆိုတော့ မေမေရယ်လေ ကျွန်မစိတ်အားတစ်အားထက်သန်ခဲ့တဲ့ ကိစ္စဆိုတာကိုနားလည် နေတာဖြစ်တဲ့အတွက်  ကဲ..သမီးကြီးလုပ်ငန်းခွင်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ ကျောင်းသားဘ၀ကိုပြန်ရဖို့ ဆိုတာရတောင့်ရခဲတဲ့ အခွင့်အရေး ဒီတော့ဟိုးအရင် အပျိုဘ၀ ကျောင်းသွားတတ်တုန်းက လို ပဲ ဘာမှ စိတ်ထဲမှာ မထားပဲ စိတ်အေးချမ်းသာစွာ ပညာသင်ပါလေလို့ လည်း ဆိုရော  ဘာပြောကောင်းမလည်း ကျွန်မ ကိုကို က အမေရယ် အမေစကားထဲက ဟိုးအရင် အပျိုဘ၀ က ဆိုတဲ့ စကားလုံးလေးပြန်ရုတ်သိမ်းပေးပါလား ဆိုတော့ အေးဟုတ်သားပဲတဲ့ …
ကျွန်မမွေးနေ့ တိုင်း မေမေက နှင်းဆီပင်စိုက်ပေးတတ်တယ်။ 

ညွန်းစာဖွဲ့ လို့ မမှီနိုင်တဲ့အကြောင်းအရာများစွာထဲက ညတုန်းက တောင်ရောက်မြောက်ရောက် မေမေ့အကြောင်းစဉ်းစားမှိတဲ့အရာလေးကို ပြန်ရေးချခြင်းဖြစ်ပါတယ်။
မေမေကျန်းမာပါစေ.  မိခင်တိုင်း စိတ်ချမ်းသာကြပါစေ………..


မှတ်ချက် . ကျွန်မမိသားစုအကြောင်းကို ဘလော့ပို့ စ်အနေနဲ့ ရေးလိုက်တယ်ဆိုတာထက် ကျွန်မဒိုင်ယာရီမှာ မှတ်တမ်းတင်လိုက်ခြင်းသာဖြစ်ပါတယ်။ အမေနဲ့ ဝေးနေသူတွေ အတွက် တူညီစွာ ခံစားရင်း..

ကြည်ကြည်

Monday, January 10, 2011

ဂျပန်ဆောင်း နှင့်

နယူးရီးယားကျောင်းပိတ်ရက် မိသားစုအလည်လာတော့ ထုံးစံအတိုင်းတိုကျို ကို မြန်းရပြန်ပါတယ်။..မနှစ်က တိုကျို ကမာကုရကို ၄ခေါက်ဖူးလိုက်ရတယ်။ ကိုကိုခြေရှည်ကြောင့်
သူ့ သူငယ်ချင်းအိမ်တွေ.. ski resort၊ golf resort တို့ အစုံရောက်ရပြန်ပါတယ်။ခရီးသွားတုန်းကပုံ အမြည်းပေးလိုက်တယ်။

FB ရယ် ဘလော့ရယ်ကို ပစ်ထားလိုက်ရတယ်။ ရက် ၂၀ နီးပါး။  ပြန်ရောက်တော့လည်း ပရော်ကြီးက ပေပါတစ်ခုအမြန်တင်စေတဲ့။ က..ဲကဲ ကျောင်းပိတ်ရက်ပေမယ့် ချစ်သူတို့ကို ချော့ပြီးကြည်ကြည်ကျောင်းမှာ တနေကုန်ပေါ့။ ပရော်ကြီးရယ် ရက်စက်တယ်လို့။ ဟော မိသားစုလည်းပြန်ရော ပေပါလည်းပြီးရော ဆရာ့ဆီလည်း ဓတ်စာလွှာ ပို့လိုက်တယ်။ တင်ဆိုလို့သာတင်လိုက်ရတာ ပေပါက သိပ်တော့မကြိုက်လှ။
ကိုယ်ဘာသာကိုယ်တော့ဟုတ်နေတာပဲ ပရော်ဖက်ဆာနဲ့ သဘောထားချင်းမတိုင်ဆိုင်ရင်တော့လည်း
ဘယ်တတ်နိုင်မလည်း။ ဂျပန်နဲ့က ကံပါလွန်းလို့  သူတို့ ပိုက်ပိုက်ကိုနှစ်ရှည် ၂ ခါစားဖူးပြီ။
စာကတော့ သူလိုကိုယ်လိုလောက်တောင်ရှိပါ့မလား။ အိမ်မှာတစ်ခါတစ်လေ ဟင်းချက်ရင် ကိုကိုပြောသလို ပေါ့ သင့်ဆိုတဲ့အဆင့်မှာတောင် မရှိဘူး  ညံ့ဆိုပီး ပန်းကန်ဘေးစာရေးထားတတ်တယ်။
ဟင်းကိုတော့ကုန်အောင် စားပေးရှာပါတယ်။ ဒေါ်ကြည်ကြည်တို့  ရုပ်ကလေးမချောတာတင်မဟုတ် ဟင်းချက်လည်း ညံ့သကိုး ဟဟ လို့ လုပ်တတ်သေး ။ ဘယ်ရောက်သွားပါလိမ့် ရေးမယ့်အကြောင်းတောင်
ဂျပန်ပြည်သူတွေရဲ့ အခွန်တွေကိုး ကျေးဇုးတင်ပါ့ တစ်ကယ်ကို
 ဒီညတော့ ယောင်တောင်တောင် ပေါင်တောင်တောင်နဲ့ ဘလော့လေးကိုလွမ်းလာတယ်။  သွားထားတဲ့ နေရာတွေများတော့ အကြာင်းအရာတစ်ခုစီအတွက်ကို စာရေးဖို့ လည်းဆုံးဖြတ်ထားတယ်.။ ခုတော့ရေးသေးဘူး။

ခုရေးမယ်အကြောင်းအရာက သိထားပြီင်္းသားသူတွေအတွက်တော့ just ignore it လို့ ပဲ ပြောရမှာပါပဲ ။
သူငယ်ချင်းတစ်ယောက်ပြီးတစ်ယောက် ကြည်ကြည်လုပ်သလိုလိုက်လုပ်ပြီး  သူတို့humidifier တွေကြွသွားကြလို့ ။
Humidifier 



လေးကိုအေးတဲ့နိုင်ငံတွေမှာတော့ အသုံးများကြမှာပေါ့။  ခုမှရောက်တဲ့သူတစ်ချို့လည်း သုံးရကောင်းမှန်းမသိကြဘူး။ အကိုကြီးတစ်ယောက် ဆောင်းတွင်းတောက်လျှောက်လည်ချောင်းတွေခြောက်လွန်းလို့ ညဘက်ဆိုရင် ပိုဆိုးတယ်ဆိုလို့ ဒါမျိုးဝယ်သုံးဆိုတော့ သက်သာတယ်တဲ့။ ကြည်ကြည်တို့  စာဖတ်ခန်းတွေမှာများဆို ပန်ပန်တွေ က  
သူတို့ ခုံပေါ်မှာတစ်လုံးစီလောက်ကိုတင်ထားကြတာ။.
  ဒီမှာဆောင်းတွင်းဆိုရင် ဟိုတယ်တွေမှာသွားတည်းလည်း အခန်းထဲမှာအဆင်သင့်မရှိရင် ကောင်တာမှာ မေးပြီးငှားလို့ ရတယ်။ ဂျပန်က မိုးတွင်းနဲ့ နွေမှာ စိုထိုင်းဆ များသလောက် ဆောင်းမှာတော့ အတော်ခြောက်သွေ့ တာ….ဒီကြားထဲ ဟီတာကို stove လောက်ဆိုတော်သေးတယ်။ ကြည်ကြည်က stove ကြတော့ ကြောက်တယ် မတော် စောင်မီးလောင်သွားလို့ ကိုယ်ပါ ကင်ပြီးသာဖြစ်မှာအတော်ကြောက်တယ်။
…တစ်ညလုံးဖွင့်တဲ့ ဟီတာကျောင်းမှာလည်း ဟီတာ ကြာတော့ လည်ပင်းတွေနာ နာခေါင်းတွေခြောက် လည်းချောင်းတွေ ယား ချောင်းတွေ ဆိုးကြရောပေါ့ ဒီတော့ အသားအရည် ကျန်းမာရေး ဆံပင်လေးပါ မခြောက်အောင်  Humidifier လေးသုံးရော အဲ့ဒါသုံးတော့ဘာဖြစ်ည်း ကဲအခန်းထဲမှာ moisture လေးရှိတော့ နေလို့ ကောင်းတာပေါ့ ဆောင်းတွင်းမှာ အို moisture ရှိတော့ အခန်းထဲက အ၀တ်တွေ အထူးသဖြင့် ဘကျောက်ပြောတဲ့ victoria secret တွေ မှိုတတ်မှာဆိုးရပြန်ရော (ကျန်းမာရေး ရှု့ထောင့်ဖြင့်ဖတ်ပါရန်) ဒီတော့အခန်းထဲက အ၀တ်ဗီရို မှာ moisture စုပ်စေတဲ့ အထုတ်တွေ ထားရပြန်ရော။ ဂျာအေးသူ့ အမေရိုက်တယ် အဲ့လေ ဆောင်းတွင်းအတော်ကို အလုပ်၇ှုပ်တယ်။

ခက်တာက ကြည်ကြည်က humidifier အပြင် aroma mist 


ကလည်းကြိုက်တော့ ၂ ခု တစ်ပြိုင်တည်းဖွင့်ရော သူငယ်ချင်းတွေ လာတိုင်းအခန်းလေးက မွှေးနေတယ။် ကိုယ်သုံးတဲ့ aroma mist lamp  စက်ကလည်းသေးတော့ 
သူတို့ သတိမထားမှိပဲ ကိုယ့်  humidifier  ကိုပဲ သူတို့က မြင်တာကိုး။
ရေငွေ့ တွေ ထွက်နေတယ်။ မွှေးနေတယ်၊ လည်ပင်းမနာဘူး အိုကေ 
   သူတို့ဝယ်ကြတယ်တဲ့။

သူတို့ဝယ်တာမကြာသေးဘူး။ သူတိ့ humidifier ကိုရေထပ်ထည့်မည့်အပေါက်တွန့်လိမ်နေပြ။ီ  ဖွင့်မရလို့ ကိုယ်စီယူလာပြတယ်။  နင်တို့ဘာလုပ်လိုက်လည်း ၁၃ နာ၇ီထက်ပိုပီး သုံးလို့ လား တစ်ခါသုံးရင် ဘာညာမေးတော့ သူတို့ ရနံအဆီတွေ ထည့်ပီး ဖွင့်ကြတယ်တဲ့ ချက်ချင်းဗူးအဖုံးကိုစာဖတ်ကြည့်တော့ ရေမှလွဲ၍ ဘာဆီမှ မထည့်ပါရန်လို့ ရေးထားတယ်။ သူတို့ ဂျပန်စာ မတတ်ကြဘူးလေ။ တစ်လုံးကို အပေါ်ဆုံး ယန်း၃ထောင်ကနေ ၂သောင်းအထိရှိတာကိုး။ သနားဖို့ကောင်းတယ်။..မျက်စိရှေ့မှာတင် ၂ယောက်ဖြစ်သွားတယ။်  နောက်တစ်ချို့ က အဲ့ aroma mist  ကိုပဲ  humidifier အစားသုံးဖို့ ကြိုးစားကြတယ်။ လုံးဝ effect မရှိဘူးဆိုတာလေး သုံးချင်ရင် နှစ်မျိုးလုံးသုံးလို့
ရတဲ့ စက်ကိုရအောင်ရှာဖို့ ပြောကြားရင်း



အပြင်မှာနှင်းတွေ တအားကျနေတယ် ခုတစ်လော အေးလည်းအေးတယ် တစ်လောက -4 ထိဆင်းသွားတယ် Hokaido သွားတဲ့သူငယ်ချင်း -23 တဲ့ အင်း ခက်ရချေရဲံ့ အဲ့လိုဆိုရင် 

ကြည်ကြည်



က့

Thursday, December 23, 2010

Merry Christmas and A Happy New Year


X’mas cake လား New year cake လား......
တစ်လောက ခင်ရတဲ့ အမတစ်ယောက်ရဲ့ ဘလော့မှာလည်း ကော်မန့် ပေးဘူးတယ် ဒီအကြောင်းကို
ခုလည်းဘယ်သွားသွား X’mas လက်ဆောင်တွေ အပြိုင်အဆိုင်ဝယ်နေကြတဲ့ အတွဲတွေ ကိတ်ဆိုင်မှာအ်ာဒါမှာနေကြတဲ့သူတွေ ဒါတောင် ဂျပန်မှာ X’mas ကို ကြီးကြီးကျယ်ကျယ်လုပ်လာတာ က ၁၀စုနှစ်တစ်ခုကျော်ကျော်ပဲ ရှိအုန်းမည်။ အရင်က အိမ်တွေမှာ သိပ်မလုပ်ကြ အဲ့တုန်းက ကိုယ့် hostfamily ကို အမေကြီး ခရစ်စမတ်ကိတ် ၀ယ်ရအောင် စားရအောင်ဆိုတာကို အဖေကြီးက နိုးနိုး ၀ီအာဗုဒစ်လို့ တမင်ပြောပီး မ၀ယ်တာ မှတ်မှိတယ်။  ခရစ်စမတ်တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်လေးတွေပေးနေကြတာကို မြင်တုန်းက အဲ့လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက ကြည်ကြည်တစ်ယောက် အတွဲရှိတဲ့သူတွေကို အားကျပီး  ကိုယ့်အတွက်လက်ဆောင် ကိုယ့်ဘာသာဝယ်ပြီး လက်ဆောင်ပေးမှာလို့ casher ကိုပြောဘူးတယ် ။ တခြားနိုင်ငံတွေတော့မသိဘူး ဒီမှာက ဆိုင်တွေက ပစ္စည်းဝယ်ရင် အိမ်သုံးလား လက်ဆောင်လားအမြဲမေးတယ် လက်ဆောင်ဆိုရင် ပါကင်လှလှလေးလက်ဆောင်ထုတ်ပေးတတ်ကြတယ်လေ။
ကဲ ကိတ်အကြောင်းပြန်ဆက်ရအောင်
ဒီမှာ က single မိန်းကလေးတွေကို X’mas cake က X’mas ကျော်ရင်ရောင်းလို့ မရဘူးနော် ဆိုပီးစလေ့ ရှိတယ်။ သဘောကတော့ သမီးကညာအခါမလင့်စေနဲ့ပေါ့  ..၂၅ကျော်ရင်ရောင်းလို့ မရဘူးပေါ့ အပြောခံရတဲ့သူတွေကလည်းပြန်ပြောတယ် ရတယ် အအေးခန်းထဲထဲ့ထားပီး NewYear Cake ဆိုပီးထပ်ရောင်းမယ်ပေါ့။ NewYear cake ကတော့ ၃၁ ရက်ကျော်ရင်တော့ တစ်ကယ်ကိုပစ်ရလိမ့်မယ်ဆိုပီး ထပ်စကြတယ်။ တစ်ကယ်က အမျိုးသမီးတစ်ယောက်အတွက် အလှဆုံးဆိုတာ ၃၀ ကျော်မှ ဆိုတာ သူတို့ မသိကြလေရော့လား…




ကဲဂျပန်က နယူး၇ီးယားအကြောင်း ဆက်ပြောမယ်…

ဂျပန်ရဲ့နယူးရီးယားက ဘာဗျောက်သံ ဘာမီးရှုးမီးပန်းမှမပါပဲ သာမန်အချိန်တွေထက် ပိုပီး ငြိမ်သက်ပါတယ်။ပိတ်ရက်က ၂၉ဒီဇင်ဘာကနေ ဇန်န၀ါရီ ၅ ရက်နေ့ထိ ပိတ်ပါတယ်. တကယ့်ပိတ်ရက်ကတော့ ၃၁ကနေ၅ရက်လောက်အထိပါ။ ဟိုးအရင်တုန်းက များ အကုန်ပိတ် ပထမဆုံးဂျပန်မှာ နှစ်သစ်ကူးတဲ့နှစ်နဲ့ ကြူံတုန်းက ထမင်းငတ်ဘူးတယ်။

ဘဏ်တွေလည်းပိတ် စူပါတွေလည်း ပိတ်  အဲ့တုန်းက ခုလို convenience store တွေက ခုလို နေရာတိုင်းသိပ်မတွေ့  ကိုယ့်စိတ်ထဲထင်ခဲ့ဘူးတာ နိုင်ငံခြားက နယူးရီးယားဆိုတာ မီးတွေထိန်ထိန်လင်းစည်စည်ကားကားထင်တာကိုး  ၉၉နောက်ပိုင်းကြတော့ အဲ့လိုမဟုတ်တော့ဘူး မပိတ်တဲ့ ကုန်တိုက်တွေ စူပါမားကတ်တွေ ရှိလာတယ်။
ဒီတစ်ခါ မျှဝေခြင်တာက
ဂျပန်ကသက်ကြီးပိုင်းအိမ်တွေတော်တော်များများမှကျန်ရှိနေသေးတဲ့ ဓလေ့လေးတစ်ခုပါ။ ဂျပန်ရဲ့ နှစ်သစ်ကူးတဲ့ ဓလေ့တွေထဲက အထင်ကရလေးကိုရွေးပီးရေးပါရစေ။
သူတို့ရဲ့နှစ်ကူးကို ညဘက်၁၂နာရီမှာ ဘုန်းကြီးကျောင်းဘုရားကျောင်းတွေမှာ ခေါင်းလောင်းကို ၁၀၈ကြိမ် ထိုးကြပါတယ်။အဲ့ဒီခေါင်းလောင်းထိုးဖို့တန်းစီနေတဲ့ ဧည့်ပ၇ိသတ်ကလည်း များပါတယ်။ နာမည်ကြီးကျောင်းတွေဆိုပိုပီးလူကျပ်ပါတယ်။ ဇန်န၀ါရီ ၁ရက်နေ့ရဲ့ မနက်စောစော ကိုတော့ သူတို့ အခေါ်
Hatsu hinode လို့ခေါ်တဲ့ ပထမဆုံးထွက်တဲ့နေမင်းကို ပူဇော်ဆုတောင်းခြင်းဆိုတဲ့ ဓလေ့ရှိပါတယ်။ လူကြီးလူငယ်မရွေး ကီမိုနိုလေးတွေ ၀တ်ပြီး ဘုရားကျောင်း နတ်ကျောင်းတွေမှာလာပီးဆုတောင်းကြပါတယ်။
ဒါကအကြမ်းဖျင်းရေးလိုက်တာ

ကဲသူတို့ ဘာစားကြသလည်း။ ကျွန်မတို့  တန်ဆောင်တိုင်လပြည့်ညမှာ မယ်ဇလီဖူးသုတ်စားသလို သူတို့ လည်း သူတို့ ရဲ့ နှစ်ကူး ဒီဇင်ဘာ ၃၁ ရက်မှာ toshikoshi soba လို့ ခေါ်တဲ့ ပန်းဂျုံခေါက်ဆွဲ စားပါတယ်။ toshikoshi ဆိုတာကတော့ နှစ်ကိုကျော်ဖြတ်ခြင်း soba ကတော့ အားလုံးသိကြမယ့် ပန်းဂျုံကိုခေါ်တာပါ။ ကုန်လွန်တော့မယ့်နှစ်ရဲ့ မကောင်းမှု့  ပင်ပန်းမှု့ တွေ ကိုကျော်လွန်ပီးကောင်းမွန်တဲ့နှစ်သစ်ကိုသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်ခေါက်ဆွဲက ရှည်တယ်လေ ။
အသက်ပိုရှည်ပါစေဆိုတဲ့ အယူနဲ့လည်းစားကြတာတဲ့။
ခုနောက်ပိုင်း အလွယ်တစ်ကူ စူပါမားကတ်တွေမှာရောင်းလာပါတယ်။

နောက်တစ်ခုကတော့ osechi ryori လို့ ခေါ်တဲ့ နှစ်သစ် ၃ရက်၎ရက်လုံးအတွက် ကြိုတင်ချက်ပြုတ်ပီး ထားတဲ့ အစားအသောက်တွေပါပဲ အတိတ်ကောင်းနိမိတ်ကောင်းစေမယ့် အစားအသောက်ဆိုပီး တစ်ခုဆီကို ဂျပန်အမေကြီးရှင်းပြဖူးတယ် ကိုယ့်မျက်လုံးထဲမှာတော့ အိမ်ကမေမေ ဘယာကျော်ကို ဘေးဘယာကျော်အောင် ဆိုပီးဘုရားတင်သလိုပဲ လို့ သဘောပေါက်ဖူးတယ်။
အစဉ်အဆက်အိမ်ရဲ့ တံဆိပ်ပါတဲ့ ယွန်းထမင်းဘူးအဆင့်ဆင့်ထဲမှာ မနက်စာညစာ ကို ညီတူမျှတူခွဲပီးလှလှပပစီတန်းထည့်ထားတာကလည်း သူတို့ရဲ့မျက်လုံးနဲ့စားတဲ့ ဓလေ့တစ်ခုပါပဲ။ ဟင်းအမယ်က အနည်းဆုံးမရှိဘူးဆို ၁၅မျိုးလောက်တော့ရှိတယ်။ခုနောက်ပိုင်းမှာအသင့်ပြင်ဆင်ပီး နှစ်ကူးဟင်းတွေကလည်း စူပါမားကတ်မှာ အတော်ရောင်းကောင်းပါတယ်။
လူကြီးပိုင်းတွေကတော့ကိုယ်တိုင်ချက်ရတာကိုက သူ့တို့
ဝါသနာပေါ့ ကျွန်မတို့ ကမုန့် ဟင်းခါးထုပ်ကိုချက်စားတယ်  အိမ်ကမေမေတို့ က ကိုယ်တိုင်ငါးကိုဆီသပ် မုန့် ဟင်းခါးချက်သလိုပေါ့။

မှတ်ချက်   ပို့စ်တင်ခြင်တာအရမ်း ခုတစ်လော လုံးဝမနားရသေးဘူး  ဆရာဖြစ်သူခိုင်းတာတွေများလို့ 
စာအုပ်နဲ့ မျက်နှာနဲ့ အိပ်ချိန်ကလွဲလို့ မခွာရဘူး  ခုလေးတင် meeting ပီးတယ် . ရေးထားတာလေးတွေ နည်းနည်းပြင်တယ်   ၃ရက်နေ့ ထိပိတ်ရက် ရတယ်။
ဘော်ဘော်တွေ မကြီးတွေ ကိုကြီးတွေ ကို နှုတ်ဆက်ခြင်လို့ ပို့ စ်တင်လိုက်တယ်.
                ကျန်းမာလန်းဖြာ ၀မ်းသာစရာ နှစ်သစ်ဖြစ်ပါစေ ရှင်
ကဲ ကားဘီးတွေ ကို နှင်းတောထဲ မောင်းလို့ ရအောင် လဲထားတယ်…သဘောပေါက်…. ခရီးထွက်မလို့ 
ခရီးက ပြန်လာမှ ပို့ စ်ထပ်တင်မယ် ……တာ့တာ့
စာလုံးပေါင်းမှားရင် သည်းခံဖတ် ............


Photos from google..



Friday, December 10, 2010

KOBE LUMINARIE အနုပညာလက်ရာမြောက် မီးထွန်းပွဲ...

ဒီတစ်ခါတော့ ဂျပန်က လက်ရှိအနေထားလေး ဝေမျှပါရစေ။

KOBE LUMINARIE (illumination  festival ) လေးပါ။

Entrance



၁၉၉၅  ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ magnitude 7 အဆင့်နဲ့ (KOBE)မြို့ ကို ပြာပုံဘ၀ရောက်သွားစေ
တဲ့ ငလျှင်ကြီးအကြောင်းကြားဖူးကြမှာပေါ့ ….
မြန်မာလူမျိုး နှစ်ယောက် ဆုံးသွားပါတယ်။(ဒါကအချင်းချင်းပြောလို့သိရတာပါ) ။
ငလျှင်ဒဏ်နဲ့  သေကံမရောက်  သက်မပျောက်ခဲံ့တဲ့ Phd  လာယူတဲ့  မြန်မာ အမကြီးတစ်ယောက် ကတော့လက်ရှိ ရန်ကုန်မှာ ဂျပန်ဘာသာသင်တန်းဖွင့်ထားပီး အောင်မြင်နေပါတယ်။ အဲ့ဒီ့တုန်းက  ဂျပန်အစိုးရက ဆေးကုသမှုအပြင် အခြားသောထောက်ပံ့ကြေးတွေပါပေးတာသိရပါတယ်။
ကျန်တဲ့ဆုံးသွားတဲ့ မြန်မာ တစ်ယောက်ပါတဲ့ ဂူကိုတော့ မြန်မာတွေ နှစ်စဉ်သွားတဲ့ Koyasan ဆိုတဲ့တောင်ပေါ်မှာတစ်ခါ တွေ့ ဖူးပါတယ်။
အခုရေးမှာက ပြာပုံထဲက KOBEရဲ့ တစ်စိတ်တစ်ပိုင်းအကြောင်းလေးပါ။ ၁၉၉၆ မှာ ဂျပန်ကိုရောက်ပါတယ်။ KOBE သွားလည်တော့ ငလျှင်ဒဏ်ခံခဲ့ရတဲ့ KOBE ၊ မြန်မာပြည်က စာတွေမှာမြင်ဘူးတဲ့ KOBE ပုံနဲ့ က တစ်ခြားစီမို့လို့  ငလျှင်ဘယ်နားလှုပ်သွားတာလည်း လို့ မေးယူရတဲ့အထိပါပဲ။  တစ်နှစ်အတွင်းမှာ
KOBE ရဲ့ ပြုပြင်ပြောင်းလည်းတိုးတတ်မှု့  နောက်ငလျှင်သင့် ပြည်သူတွေရဲ့ နေစရာအနေထားအဆင် သင့်ဖြစ်အောင်ပြန်လည်တည်ထောင်ပေးမှု့ လက်ရှိ ၁၄ နှစ်နီးပါးကျော်သွားပေမယ့် ဘယ်လိုမှ  ပြန်ပီးမတည်ထောင်နိုင်လောက်တော့တဲ့
ဝင်ငွေမရှိတော့တဲ့ သက်ကြီးရွယ်အို တစ်ချို့  (အရေတွက်ကတော့နည်းပါတယ်)
ငလျှင်သင့် ပြည်သူတို့ နေထိုင်နိုင်ရန်ဆိုတဲ့ ယာယီအဆောက်အဦးမှာ  မှာဆက်လက်နေထိုင်ဆဲပါ။ (သူတို့ယာယီအဆောက်ဦးက အိမ်လိုပါပဲ သေးတာနဲ့ ကြီးတာလောက်ပဲ ကွာပါတယ်)
ငလျှင်အကြောင်းပြန်ဆက်ရလျှင် မျက်စိရှေ့မှာရှိနေတဲ့ KOBE   တစ်နှစ်ကျော်အချိန်လေးမှာ အဲ့လောက်   
ပြောင်းလည်း  တိုးတက်ပီး ပြည်သူတွေ ပုံမှန်နေထိုင်သွားလာတာကို မြင်မိတော့ မယုံနိုင်လောက်အောင်ပါ ပဲ။  ငလျှင်မှတ်တမ်းကိုဓာတ်ပုံပါတဲ့ စာအုပ်တွေ စာတမ်းတွေ လိုက်ရှာပီးကြည့်ပါတယ်။ အဲ့ဒီင်္ခေတ်က အင်တာနက်ခေတ်မဟုတ်သေးအလွယ်တစ်ကူ သိပ်မတွေ့ခဲ့ရဘူး။  အဆောင်တူတူနေတဲ့ မြန်မာဆရာ
 တစ်ယောက်က ငလျှင်တုန်းက အတွေ့ကြုံကို ပြောပြပီး အဆောင်ရဲ့အက်ကွဲကြောင်းကိုပါပြပါတယ်။ KOBE နဲ့ အတော်လှမ်းတဲ့မြို့ ပေမယ် အဲ့လောက်အထိ ရိုက်ခတ်သွားတယ်ဆိုတာ သိသာမြင်သာခဲ့ပါတယ်။
 စာရွက်စာတမ်းတွေလိုက်ရှာ နောက်ဆုံး ဓာတ်ပုံ စာအုပ်ရလာတော့  ပြောင်းပြန်နီးပါးလန်နေတဲ့
ဟိုက်ဝေးလမ်းကြီးတွေ မီးခိုးတွေ  မီးတွေလောင်နေတဲ့ပုံတွေက လောက ငရဲဆိုတာဒါများလားလို့ တောင်
လန့်သွားပါတယ်။ ပီးခဲ့သော နှစ်တွေက  တရုတ်မှာ ဖြစ်သွားတဲ့ ငလျှင်ထက် အများကြီးကို ပျက်စီးနေတာပါ။  နောက်မနက်စောစော ရထားတွေ စပြီးပြေးစ မှာ လှုပ်သွားလို့သာပါ။ မနက် ၅း၄၅ မှာလှုပ်တာကိုး။  ရုံးချိန်သာဆိုဘယ်လောက်  အသေအပျောက်များလိုက်မလည်းလို့ တွက်ချက်ပြကြပေါ့ 
၆၄၀၀ကျော်သေဆုံးနဲ့  ၃သောင်းကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိ KOBE
Photo from google.
 ဟာ နိုင်ငံခြားသားတွေ အတော်ကြိုက်တဲ့မြို့ပါ။ တစ်ဘက်မှာတောင်တန်း တစ်ဘက်မှာကမ်းခြေနဲ့ မြို့က မော်ဒန်တိုက်တွေနဲ့ တခြားမြို့တွေနဲ့ နှိုင်းရင် ခေတ်မှီသစ်လွင်သလို နိုင်ငံခြားသင်္ဘောတွေ အကပ်များတဲ့ဆိပ်ကမ်း တစ်ခုလည်းဖြစ်နေတော့ အစားသောက်ဖွယ်ရာလည်းစုံလင်စွာဝယ်လို့ ရပါတယ်။ ဂျပန်မှာ yokohama ရယ် kobe ရယ်က တရုတ်တန်းရှိတဲ့ မြို့ ပါပဲ။

၁၉၉၅ ရဲ့ဒီဇင်ဘာလမှာတော့ KOBE luminarie ဆိုပီးစလုပ်ပါတယ်။ အီတလီနိုင်ငံအစိုးရကနေ လှုဒါန်းတယ်လို့ သိရပါတယ်။ ကျွန်မက ၉၆ မှာ စရောက်တာ ဆိုတော့ ဒုတိယအကြိမ် မီးထွန်းခြင်းကိုမှီတယ်လို့ ဆိုရမှာပေါ့။
ဂျပန်ရဲ့ ကန်ဆိုင်းဒေသ ( အိုဆာကာ၊ ကျိုတ၊ို နာရာ၊ ကိုဘေး) မှာတော့ KOBE Luminarie ကနာမည်ကြီး ပွဲတော်လို့ ခေါ်ရမယ့်အထင်ကရတစ်ခုပါပဲ။
Luminarie ဆိုတာက ၁၆ ရာစုနှစ်ဟောင်းပိုင်းလောက်မှာ ဥရောပမှာ စတင်ပီး
ခေတ်စားလာတဲ့ မီးဖြင့် ပူဇော်ဆုတောင်းပွဲလုပ်တဲ့ အနုပညာတစ်ရပ်လို့ ဖော်ပြထားပါတယ်။။ ခုKOBEကလည်း ၁၉၉၅ ခုနှစ်ကနေ လက်ရှိ ၂၀၁၀ ထိ ကို နှစ်စဉ်ဒီဇင်ဘာလတိုင်းမှာ တစ်နှစ်တစ်နှစ်
ခေါင်းစဉ်အမျိုးမျိုးတပ်ပီး ဒီဇိုင်းအမျိုးမျိုးနဲ့ ကျင်းပလာပါတယ်။ ၁၉၉၅တုန်းက ခေါင်းစဉ်က မျော်လင့်ချက် အိမ်မက်ဖြင့်အလင်းလို့ အဓိပ္ပါယ်ရတဲ့ ခေါင်းစဉ်လေးနဲ့ စတင်ခဲ့ပါတယ်။
 အိုးအိမ်မဲ့သွားတဲ့ မိသားစုတွေ ကို ဆုံးရှုံးလိုက်ရတဲ့ သူတွေ ငလျှင်ကြောင့်သေဆုံးသွားတဲ့သူတွေ အတွက် ဆုတောင်းပေးတဲ့အနေနဲ့ ပြုလုပ်ပေးခဲ့တာကို အနယ်နယ်အရပ်ရပ်က လူတွေ က လာရောက်ပီး မီးထွန်းပွဲကို တစ်ကူးတစ်က ကြည့်ခြင်းအားဖြင့် KOBE ရဲ့ ၀င်ငွေကို တိုးစေခဲ့တယ်လို့ ဆိုပါတယ်။စစခြင်းနှစ်မှာပဲ လူပေါင်း ၂၅သိန်း၎သောင်းကျော် နီးပါးလာရောက်ခဲ့ကြပါတယ်။
၁၀ရက်လောက်ကျင်းပတာပါ။ ၂၀၀၉ ခုနှစ်မှာတော့ လူပေါင်း ၃သန်းကျော်လာရောက်ကြည့်ရှုခဲ့ပါတယ်။
ဝင်ငွေတိုးတယ်ဆိုလို့ လာကြည့်သူတွေ ကို ပိုက်ဆံကောက်တာမဟုတ်ပါဘူး ။အလကားကြည့်ရတာပါ။ အများစုက ရထားကို အသုံးပြုပြီးသွားကြတယ်လေ နောက်ပီး အဲ့ဒီဒေသရဲ့ထွက်ကုန် နာမည်ကြီး ကိုဘေး အမဲသား  (KOBE GYU) KOBE ရဲ့ ချောကလက်တို့  နောက် KOBE မှာရှိတဲ့ တရုတ်တန်းရဲ့ ရောင်းအား နောက် အဲ့အချိန်နဲ့ ကိုက်မိနေတဲ့ကုန်တိုက်တွေရဲ့ Discount တွေက ရောင်းအားပိုမိုတတ်လာခြင်းကိုဆိုလိုတာပါ။
main pavilion
ဗော်လန်တီယာအုပ်စုတွေရဲ့  ယန်း၁၀၀ကန်ပိန်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်နှစ်တွေလည်းဆက်ပီး ပြုလုပ်နိုင်ရန် ယန်း၁၀၀လှုကြပါ ဆိုတာလေးတွေ
တွေ့ရပါတယ်။ အလှူငွေထည့်တဲ့သူတွေကို luminarie ပုံပါတဲ့ ဖြတ်ပိုင်းလိုမျိုးလေးတွေ ပြန်ပေးပါတယ်။
Main pavilion မှာတော့ အလှူငွေပစ်ထည့်လို့ရတဲ့ ခေါင်းလောင်းပုံနေရာလေးကို ခရစ်စမတ်ကာလနဲ့လိုက်ဖက်အောင်လည်း ပြင်ပေးထားပါတယ်။ ထွန်းထားတဲ့ မီးတွေရယ် စည်းကမ်းရှိရှိ သွားနေကြတဲ့ လူတန်းကြီးရယ် လွင့်ပေးထားတဲ့ သီချင်းတီးလုံးတွေရယ်က လွမ်းမောစရာ
ဝမ်းနည်းသလိုတော့ ခံစားရပါတယ်။
ဒီနှစ်KOBE Luminarie ရဲ့ ခေါင်းစဉ်က ဂျပန်လိုတော့  hikari no shinjou 光の心情 ရောင်စဉ်များ၏ ခံစားချက်လို့ ပဲ ဘာသာပြန်လိုက်ပါတယ်။ ငလျှင်ဒဏ်သင့်ပြည်သူတွေကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ အထိမ်းအမှတ်နဲ့ သူတို့ နှစ်စဉ်ပြုလုပ်နိုင်ရန် ကြိုးစားနေကြပါတယ် ဆိုတဲ့နယ်မြေခံတွေ
ဝန်ထမ်းတွေ....   မရောက်တာကြာပီ ဖြစ်တဲ့ Kobe luminarie ကိုကြည့်ရင်း ပြန်လည်ထူထောင်ရေးနဲ့ ကျွန်မတို့ ဆီက ဘ၀တွေကိုတွေးရင်း.............



(စိတ်ထဲမှာစာတွေရေးချင်နေပါတယ် ခုတစ်လောနည်းနည်းအားသွားတော့ ဟိုအကြောင်းဒီအကြောင်းလေးတွေရေးချင်ပေမယ့် မျက်မှန်က ပါဝါတိုးတိုးနေပါတယ်... စာလုံးပေါင်းကျန်ခြင်းမှားခြင်းများသည်းခံဖတ်ပေးကြပါ။
မှတ်ချက်....... ဖွားဖွားကြီးမဟုတ်...အဖွားလေးလည်းမဟုတ်.....း)

မနေ့ကပို့စ်ကိုတင်လိုက်တာ လူဦးရေ တနေ့လာတဲံ့လူဦးရေကိုမှားပီးရေးမှိပါတယ်.စုစုပေါင်း ၂သိန်းကျော်ဆိုပီးရေးထားမိပါတယ်..၂၅ သိန်းကျော်ပါ.. ယခုပြင်လိုက်ပါပီ။
(၁၁.ဒီဇင်ဘာ ၂၀၁၀)

 ကြည်ကြည်

Monday, December 6, 2010

အတွေ့စားမှာလား အငွေ့စားမှာလား အမြင်နဲ့စားမှာလား.......ပုံဂံခရီး...



ကဲအဲ့ဒါဘာလည်း.....

အရင်ဆုံးပြောချင်တာက လူရွှင်တော်တွေ  ပျက်သလို အတွေ့မစားဘူး နတ်ဆိုတာအငွေ့ပဲ စားတာဆိုပီး နတ်တင်ထားတဲ့ အရာတွေကိုပြန်ယူတော့  နတ်ဟန်ဆောင်တဲ့ လူက စိတ်တွေတိုရော ဟော.ခု ကျွန်
မတို့ အတွေ့ အငွေ့ တင်မဟုတ်တော့ဘူး။  မျက်လုံးနဲ့ပါစားတတ်နေကြပြီ။ ဟင်းချက်ကောင်းတဲ့လူတွေ ကလည်း ချက်ပြီးတင်ကြ။  ဆူရှိကျွမ်းကျင်လှပစွာ လိပ်တတ်တဲ့သူတွေကလည်း ကြွား အဲ့လေ   fb မှာလာလာကျွေး ..း)
တစ်လောက မယ်ဇလီဖူးသုတ်လေးစားချင်တော့ စားနေတဲ့သူငယ်ချင်းကို ယုံဘူးဓတ်ပုံပြ ဆိုတော့ဓတ်ပုံလေး ပို့လာရှာတယ်.. ဓတ်ပုံလေးကြည့် ပြီးကိုယ့်မှာအရသာခံ  တောနယ်ဆိုတော့ စာကလေးအမွေးလောက်နံနံပင် ၄ ပင်လောက်ကို ယန်း၂၀၀လောက်ပေးနေရတာကိုး ။ မယ်ဇလီဖူုးဆိုတာတော့ ဝေးလို့ .. ကိုယ်မေမေ့ပြောသလိုဆိုရင် ပျော်ပါဘူးအေ ညည်းတို့ ဂျပန်တွေ မုန့်ဟင်းခါးမနက်တိုင်းစားမှ ကျူပ်အဲ့မှာနေမယ်ဆိုသလိုသာဆိုခက်ပြီ။  ဒီတော့ကိုယ်လည်းမျက်လုံးနဲ့ စားတတ်နေတာကြာပေါ့။  ဂျပန်တွေက  အရသာအပြင် တစ်ကယ်လည်း မျက်စိပသာဒ ဖြစ်အောင်လုပ်ပြီးစားတယ်။  ကြည့်ပါလား ဒီမှာ မယုံရင်

 အစားအသောက်တွေမှာ ဂန္ဓမာပန်းအသေး
အ၀ါရောင်လေးတွေလည်း တန်ဆာဆင်တဲ့အပြင်စားလည်းစားတယ်။
ရာသီရယ်ရာသီဥတုလေးရယ်ပေါ်ကိုမှီပီး ပုဂံခွက်ယောက်တွေကိုသုံးတယ်။ အရသာကတော့ နာဂိုယာ အရာသာ  ကျိုတို အရသာ တိုကျိုအရသာ ဟိုကိုင်ဒိုးအရသာဆိုပီး သတ်မှတ်ကြပြန်ရော . နဂိုယာအရသာကြတော့    နည်းနည်းပြင်းတယ်။  မိဆိုး(miso)တို့ ဆားတို့ သိပ်သုံးသလိုပဲ. ဟော..ကျိုတိုဘက်ကြတော့  အရသာက   ပေါ့ပေါ့လေး ဟင်းရည်လေးတွေဆိုလည်းကျဲတယ်။ တိုကျိုလိုနေရာမျိုးမှာ ကျိုတိုမှာ ဆိုင်ရင်းရှိတယ်ဆိုတဲ့ ဂျပန်ဆိုင်စစ်စစ်ကဈေးကြီးတယ်။
ကိုယ်ကတော့ဆရှိမိတစ်ပွဲ(တစ်တုံးသို့၂တုံးပဲပါတဲ့)ယန်း၁၀၀ဆိုင်လောက်ပဲ အမြဲသွားနိုင်တာပါ။
US တော့မသွားတော့ပါဘူး။  တစ်ပွဲကို ၄ဒေါ်လာဆိုတော့ကိုယ်နဲ့ မကိုက်ဘူး……….း)
မြို့တော် တိုကျိုဆိုတာက တော့ အရသာကစုံတယ်။ မြို့တော်ဆိုတာ အနယ်နယ်အရပ်ရပ်က တောသားတွေ လာစုတာကိုး.....း) ဒီတော့ နယ်ပေါင်းစုံက စားသောက်ကုန်အကုန်ရ။ အင်းအဲ့လို ပြောလို့ တိုကျိုသူတွေ ကြားရင် စိတ်နာမလားပဲ...

ကျိုတို ကဟင်းရည်တွေက ကျဲတဲတဲလေးကို အရွက်သေးသေးမွှေးမွှေးလေးတွေ ကလည်းထည့်
တတ်သေးတယ်။ ခက်တာက နေရာတိုင်းအတူတူလို့ ထင်ရင်တော့မှားပေမပေါ့။
ဒီလိုနဲ့  ၂၀၀၂ လောက်က ပေါ့။ ကြည်ကြည် ဒီမှာနေခဲ့တုန်းက မိသားစုက မြန်မာပြည်လိုက်လာရော ဒီလိုနဲ့ ကြည်ကြည်တို့  ပုဂံသွားတယ်။ နိုင်ငံခြားသားအစားများတဲ့  green elephant စားသောက်ဆိုင်မှာစားတယ်။ သူကမြစ်ဘေးလေးကို ကြည့်ပြီးတမာပင်ကြီးကြီးရဲ့ အောက်မှာခုံကလေးတွေချပေးထားတာ။ ထမင်းစားရင်း တစ်ခါတစ်ခါကိုယ့်ပန်းကန်ထဲ တမာရွက်ကလေးတွေ က လေအဝေ့မှာကြွေကျသေး…………
အဲ့တုန်းက မီနူးက တန်ပူရာ ပုဇွန်ကင် ထမင်းကျော်နဲ့ အသုတ် ပဲကြာဆံဟင်းချို အပြင် အပေါ်က ပုံလေးကလည်းSet ထဲမှာပါလာတယ်။ ပုဂံဆိုတော့ ဟင်းခွက်လေးတွေ က ယွန်းခွက်တို့ နောက် အင်တုံတို့ ပေါ့…..စားလည်းပြီးရော. ယွန်းခွက်လေးထဲ အပေါ်က ပုံအတိုင်း ထည့်ထားတဲ့အရာကို   ဂျပန်အမေကြီးကဂွတ်ကနဲ့  မော့သောက်လိုက်ရော အထဲက ဂန္ဓာမာပန်းလေးပါကောက်ဝါးလိုက်သေး ...………………….ပြီးတော့အရသာမရှိဘူုးတဲ့..........
ဝိတ်တာလေးကအမောတကောပြေးလာတယ်………….အမ အဲ့ဒါပုစွန်ထုပ်စားပြီးရင် လက်ဆေးဖို့ တဲ့ ....
ဆိုးလိုက်တဲ့ ပုဂံသားတွေ...း)

တိုကျို Tokyo
ကျိုတို Kyoto
ဆူရှိပုံ google မှ ယူပါသည်။
ကြည်ကြည်