Friday, June 3, 2011

မတူတဲ့ သူတို့ဓလေ့၊ မြန်မာနဲ့တူတဲ့ သူတို့စကားပုံများ

လူမျိုးတွေရဲ့ ဓလေ့ထုံးစံ ယုံကြည်ရာတွေက တစ်ခါတစ်ခါ  ဖလှယ်တဲ့အခါမှာ စိတ်
ဝင်စားစရာလေးတွေ ၇ှိလာတတ်ပါတယ်။
ဂျပန်လိုသိပ်တော်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဂျပန်ကျောင်းဆရာဟောင်းနဲ့  မြန်မာစကားနဲ့ ဂျပန်စကားဘယ်စာလုံးပိုများလည်းဆိုတာတွေ ကြည့်ပြီး ကိုယ်လည်း ရေးချင်တဲ့ အကြောင်းရာလေးတွေပေါ်လာပါတယ်။

ကဲအဓိကကတော့ မတူတဲ့ ဂျပန်တွေရဲ့ ဓလေ့လေးတွေကို
မိတ်ဆက်ပေးချင်လို့ပါ။ ဂျပန်လူမျိုးတွေဆိုရင်  ဖိနပ်အသစ်စပြီး စီးတော့မယ်ဆိုရင် မွန်းလွဲမှာ ထုတ်မစီးကြဘူး။
ညဘက်ကြမှ အသစ် စီးမယ်ဆိုရင်လည်း မနက်ကတည်းက ဖိနပ်ချွတ်မှာ ချထားကြတယ်။

နောက် ဂျပန်အမျိုးသမီးတွေဟာ နာရေးဆိုရင် အနက်ဝတ်ပြီး ပုလဲလေးတစ်ကုံးဆွဲလေ့ရှိတယ်။ ၁ ကုံးပဲ ဆွဲရမယ်တဲ့။ နှစ်ကုံး မဆွဲရဘူး။ နှစ်ပူဆင့်တတ်တယ်တဲ့။

နောက်ပြီးတော့ ထမင်းစားနေရင်းနဲ့ ဥပမာ ဟင်းတစ်တုံးကို လူနှစ်ယောက်က သူတို့ တူတွေကိုယ်စီနဲ့ အတူတူခပ်မယူုဘူး။ တစ်ခါက သူများယုတဲ့ဟင်းတုန်းက ချော်သွားလို့ ကိုယ့်တူလေးနဲ့ဝိုင်းပြီးထိန်းပြီး သူ့ပန်းကန်ထဲအရောက် ထည့်လိုက်တော့ နောက်မှ ရှင်းပြရှာတယ်။ နာရေးပြီးလို့ အရိုးအိုးထဲကို အရိုးထည့်တော့မယ်ဆိုရင် မိသားစုက အဲ့လို တူတစ်စုံစီကိုင်ပြီး  အရိုးကိုဝိုင်းပြီး အတူတူ ဆယ်ပြီး အရိုးအိုး ထဲကို ထည့်ကြတာတဲ့။

ကျွန်မတို့ မြန်မာတွေ က အိမ်နောက်ဖေး ကျီးသာရင် ဧည့်လာမယ်လို့ ယူကြပေမယ့် သူတို့ ကတော့ အိမ်ခေါင်းမိုးမှာကျီးအုပ်ပဲ ဖြစ်ဖြစ် ကျီးဝဲတာကို မကြိုက်ကြဘူး ။နာရေးကြားတတ်တယ်လို့ ပြောကြတယ်။

ဂျပန်ဘုရားကျောင်းတွေရဲ့ အ၀င်ဝမှာလည်း ကျွန်မတို့လို့ ပဲ ခြင်္သေ့ ရှိပါတယ်။ ကျွန်မတို့ခြင်္သေ့နှစ်ကောင်က ပါးစပ်ဟကြပေမယ့် သူတို့ ကတော့ တစ်ကောင်က ဟ ပြီး တစ်ကောင်က ပါးစပ်ပိတ်ထားပါတယ်။ ဂျပန်အက္ခရာရဲ့ အ ဆိုတဲ့ အစနဲ့ အွန်းဆိုတဲ့ အဆုံးကို ယူထားပါတယ်။ အဓိပါယ်နောက်မှ၇ှင်းပါ့မယ်။

သူတို့တွေရဲ့ အိမ်ရှေ့လေးတွေမှာ ဖား ရုပ်ကလေးတွေချထားလေ့ရှိတယ်။ ဖားကို ဂျပန်လို (noun)အနေနဲ့ဆိုရင် kaeru လို့ခေါ်တယ်။ Verb အနေနဲ့ သုံးရင်တော့ kaeru ဆိုတာက  ပြန်လာတယ်။ ပြန်တယ်လို့ အဓိပ္ပါယ်ရတယ်။ ခန်းကြီးကွာပေမယ့် အသံတူ နေပါတယ်။  ဒီတော့ ခရီးထွက်တာပဲဖြစ်ဖြစ် အိမ်ကနေအပြင်သွားသူ အေးချမ်းစွာပြန်လာနိုင်ပါစေ၊ ကောင်းမွန်တဲ့အရာထွက်သွားတာမှန်သမျှ ပြန်
ဝင်လာပါစေဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။ ကျွန်မကတော့ အခန်းကျဉ်းတော့ ဒီလိုသေးသေးလေးပဲချထားတယ်။
ကိုကိုရယ်၊ ကြည်ကြည်ရယ၊် သမီးရယ် သားရယ်ပေါ့။


သူတို့ စကားပုံ ……

ဂျပန် ခန်းကြီးတွေက ဆင်ဆင်တူတာတွေများတယ်။
ကျွန်မ ဂျပန်စာစ သင်ခါစက
ဖတ်လိုက်တဲ့ စာကို ဆရာမရီတာ မျက်ရည်တောင်ထွက်တယ်။

ပန်းကန်ကို ပန်းကန်နဲ့ဆေးပါတဲ့။ အမှန်က  သွေးကိုသွေးနဲ့ဆေး CHI WO CHI DE ARAU
သဘောက တော့ လှေမျော လှေနဲ့လိုက်။  ပန်ကန်ခန်းကြီးနဲ့ သွေးဆိုတဲ့ခန်းကြီးက အတော်ကိုဆင်တယိ။

 
ကျွန်မတို့ရဲ့ ကျွဲပါးစောင်းတီးကိုတော့  
သူတို့က မြင်း နားမှာ ဘုရားစာ တဲ့   UMANO MIMI NI NEN BUTSU

မိဘမျက်နှာ အိုးမဲသုတ်  ဆိုတာကြတော့
မိဘမျက်နှာ ပါ ပြေးကြည့်ချင်လာတဲ့ အရူး တဲ့  OYANO KAO GA MITAKU NARU YOU NA BAKA.

SEKEN SHIRAZU ဆိုတာ ကြတော့  လောကအကြောင်း မသိသူ
ကျွန်မတို့အနေနဲ့ဆို ရေအိုင်ကို ပင်လယ်ထင်တဲ့ ဖားငယ်ပေါ့လေ

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ရပ်ပါရစေ။


ချစ်ခင်စွာဖြင့်
ကြည်ကြည်

Tuesday, May 10, 2011

နှင်းတွေ ပျောက် နွေရောက်ပြီမို့ 

ဂျပန်မှာ ဒီနေ့စပူတယ်။ ရာသီဥတုက ချက်ချင်းကို ပြောင်းလည်းသွားတာ မြန်လိုက်တာ။ ဒီနေ့ အပူချိန်က ၈ လပိုင်း အပူချိန်မျိုး အရင်တစ်ပတ်ကအထိ cardigan အပါးလေးထပ်မှ အပြင်ထွက်လို့ရတာကနေ ဒီနေ့ ကစပြီး ပင်လယ်သွားလို့ရတဲ့ အနေထားမျိုး ဖြစ်နေပြီ။

ဖူကူရှိမား နယူးကလီးယား ဓာတ်အားပေးစက်ရုံ ပြသနာကြောင့် တိုကျိုဧရိယာဘက်တွေမှာ ဒီနွေရာသီအတွက် မီးအလုံအလောက် ရနိုင်ဖို့မလွယ်သလို။ ဂျပန်အလယ်ပိုင်းဘက်ကို ပေးနေတဲ့ shizuoka ပြည်နယ်မှာရှိတဲ့ နယူကလီးယား ဓာတ်အားပေးစက်ရုံကိုလည်း အကယ်၍များ ထပ်ပြီးငလျှင်သို့ မဟုတ် ဆူနာမီဖြစ်ပေါ်ခဲ့သည် ရှိသော် ယခုအခြေအနေမျိုး ထပ်မဖြစ်လာနိုင်ရန် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ...။ နယူကလီးယား ဓာတ်အားပေးစက်ရုံကို ရပ်နားဖို့ ၀န်ကြီးချုပ်ရဲ့ တောင်းဆိုမှုကို အဲ့ဒီ့ နယူးကလီးယား ဓာတ်အားပေးစက်ရုံ ကုမ္မဏီကလည်း လက်ခံလိုက်ပါတယ်။ လောလောဆယ် ပြန်လည်စစ်ဆေးမှု အတွက်ရပ်ထားပေးမယ်။ ပြန်လည်ပြီးလည်ပတ်ဖို့ကို သင့်လျော်တဲ့ အနေအထား၊ အန္တာရယ်ကင်းတဲ့ အနေအတား ရှိမယ်ဆိုမှ နောက် ၃နှစ် ၄ နှစ်လောက်မှ ပြန်ပြီးလည်ပတ်မယ်လို့ ဆိုပါတယ်။ သူက နာဂိုရာဘက်ကို ပေးနေတာကိုး။ ပင်လယ်ကမ်းခြေမှာပဲ ရှိနေတဲ့အတွက် သူတို့စိုးရိမ်ပြီး ဖြစ်လာခဲ့သည် ရှိသော်ဆိုတဲ့ ကြိုတင်ပြင်ဆင်ချက်တွေမှာ အစိုးရရော၊ စီးပွားရေးသမားတွေရော၊ ပြည်သူရော ပူးပေါင်းကြတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ဓာတ်အားပေးစက်ရုံ အနေနဲ့ ကလည်း သူတို့ကို ပြည်လည်ပြီးတော့ ကြည့်ရှုပေးဖို့ တောင်းဆိုထားပါတယ်။

အဲ့ဒီ့တော့ ကျွန်မတို့ နေတဲ့ ဒေသတစ်ဝိုက် kansai(ကျိုတို၊ ကိုဘေး၊ အိုဆာကာ၊ နာရာ) ဧရိယာမှာလည်း ဒီနှစ် နွေရာသီအတွက် မီးခြွေတာဖို့ကို လှုံဆော်မှု တွေရှိလာပါပြီ။ အင်တာဗျူးတွေမှာ အရပ်သူအရပ်သားတွေက ဒါကို တတပ်တအား ပါဝင်ကြမယ်လို့ ဖြေကြပါတယ်။ တစ်နိုင်ငံလုံး အခြေအနေက ဒီလိုဖြစ်နေတော့ အခုလို ပြည်သူတွေက ပါဝင်ပူးပေါင်းကြမှသာလျှင် nihon hitotsuni narou (စည်းလုံးခြင်းဖြင့် ပြန်လည်ထူထောင်ပါအံ့) ဆိုပါတယ်။ အားကျစရာပါ။

တစ်ခါက တီဗီအစီအစဉ်တစ်ခုမှာ တနေကုန် အာလူး မီးဖုတ်ပဲစားရမယ်ဆိုတဲ့ ခလေးငယ်တွေရဲံ့ ကျောင်းက အိမ်စာကို ကလေးတွေလိုက်နာသလို အိမ်က လူကြီးတွေက လည်း လိုက်နာပြီး ပံ့ပိုးပေးကြတာကို ကြည့်ဖူးပါတယ်။ ဂျပန်ဟာ စစ်မဖြစ်ခင်မှာရော စစ်ပြီးတဲ့နောက်ပိုင်းမှာတော့ပိုဆိုးစွာ အစားအသောက်ရဲ့ ငတ်ပြတ်မှုဒဏ်ကို ခံခဲ့ရတော့ ဘယ်လောက်ပဲ ယခုအချိန်မှာတိုးတက်နေပါစေ အကယ်၍ များစစ်ဖြစ်ခဲ့သည်ရှိသော သို့မဟုတ် ယခုလို သဘာဝဘေးဒဏ် ခံခဲ့ရသော်ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို နားလည် သဘောပေါက်စေရန် ဆိုတဲ့ရည်ရွယ်ချက် နဲ့ဒီလို ပညာပေးမျိုးတွေ ကို လုပ်လေ့ရှိပါတယ်။ ငလျှင်မတိုင်မှီအထိ လုပ်ငန်းရှင်အနေနဲ့ နေခဲ့သူတွေ၊ အိမ်ပိုင်ယာပိုင်နေခဲ့သူတွေ ယခုအချိန်မှာ သူများယာထဲမှာ အပင်ရိတ်နေကြတာတွေ၊ ကယ်ဆယ်ရေးစခန်းတွေမှာ နေကြသူတွေ ကိုမြင်လိုက်ရတာဟာ ကျွန်မတစ်ခါမှ လေးလေးနက်နက် မတွေးခဲ့ဘူးတဲ့ မမြဲခြင်းဆိုတဲ့အရာ ကိုတုန်လှုပ်စွာ သတိတရား ရလိုက်ပါတယ်။

ကယ်ဆယ်ရေး စခန်းတွေမှာ နေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာတဲ့သူတွေ၊ သန့်ရှင်းရေး အားနည်း လာမှု့ကြောင့် ကူးစက်ရောဂါတွေ ရဲ့အကြောင်းတွေ စစခြင်းမြင်လိုက်ရသလို၊ တစ်ဖက်ကလည်း တိုကျို ပြည်နယ် စည်ပင်သာယာရေးပိုင် တိုက်ခန်းတွေမှာ ပြောင်းလာတဲ့ မိသားစုတွေအတွက် ၆ လ အိမ်ငှားခ လွတ်ကင်းခွင့်တွေ၊ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး အာမခံတွေအတွက် လျော့ပေါ့ စဉ်းစားပေးမယ့်အစီအစဉ်တွေကလည်း သာဓုခေါ်စရာပါ။ ဒီလိုပဲ အိမ်၊ ကား အကြွေးနဲ့ ၀ယ်ကြတဲ့ ဒီလိုနိုင်ငံမျိုးမှာ အိမ်လည်းပျောက် ကားလည်းမျောသွားပေမယ့် အကြွေးကတော့ ဆက်ပြီး ဆပ်နေရအုန်းမယ့် ဒုက္ခတွေ။ ပြန်လည် ထူထောင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးတွေ နိုင်ငံခြားကလတင်သွင်းရမယ့် ပစ္စည်းတွေအတွက် ဂျပန်ယန်းဈေးများ ကျလေမလားလို့ တွက်ကြည့်မိပေမယ့် ယန်းဈေးကတော့ လောလောဆယ် မာလျှက်ပါပဲ။ ဂျပန်အစိုးရက သိမ်းထားတဲ့ ဒေါ်လာတွေပဲ သုံးမလားမသိဘူး ဆိုပြီး မဆီမဆိုင်တွေးမိနေပါတယ်။

ကျွန်မ ဆရာတစ်ယောက်ဆို သူငယ်ငယ်က စစ်ပြီးတော့ ထမင်းမနပ်မှန်ခဲ့သလို ထမင်းရှိတော့လည်း ဟင်းဆိုတာ မတွေးဖူးခဲ့ဖူး။ ume boshi လို့ခေါ်တဲ့ မက်မန်းသီးအစိုနှပ်နဲ့သာ ထမင်းကို စားခဲ့ရတယ်လို့ ပြောပါတယ်။ အမေရိကားက စစ်သားတွေဝင်လာတော့ ကိုကာကိုလာ ပါလာတယ်တဲ။့ အဲ့ဒီ့စစ်သားတွေက ဖန်ခွက်ထဲမှာ ကိုလာကိုထည့်ပြီး နေရောင်မှာ သောက်လိုက်တော့ လူသွေးတွေလို့ သူတို့က ထင်သတဲ့။ ခလေးဆိုတော့ အရပ်ထဲမှာလည်း အမေရိကန်စစ်သားတွေက ထွားထွားကြီးတွေ လူသွေးသောက်တယ်လို့ ပြောကြတော့ တစ်ကယ် ယုံနေတာတဲ့။ အသားစား ကြမ်းပြီးထွားကြိုင်းတဲ့ လူတွေကို ကြည့်ပြီး သူတို့ က အရပ်စကားနဲ့ yaban (အရိုင်းအစိုင်းတွေ)လို စိတ်နာနာနဲ့ ခေါ်ကြတော့ ဂျပန်လူမျိုးတွေ ချွတ်ပြီး ရေတူတူ ချိုးကြတဲ့ဓလေ့ကို မြင်တဲ့ အနောက်တိုင်းသားတွေက ဟင် ငါတို့ကို yaban လို့ခေါ်တယ်။ တစ်ကယ်က နင်တို့ကမှ yaban လို့ ပြန်ပြောသတဲ့ ။

ကျွန်မ မူလတန်းကျောင်းလေးကို မြန်မာပြည်နဲ့ ပတ်သက်တဲ့ အရာလေးတွေ သွားပြောပြတော့ ကျောင်းမှာ သူတို့နဲ့အတူ နေ့လည်စာကို အတူတူစားရပါတယ်။ အလှည့်ကျခ လေးလေးတွေက အတန်းထဲကို ထမင်းအိုးတွေ ဟင်းအိုးတွေ သယ်တယ်။ကျန်တဲ့ခလေးတွေ က တန်းစီပြီး ထမင်းဟင်းကို ယူကြတယ်။ မီနူးက ငါးတစ်တုံး (နေ့စဉ် မပါမနေရ ၊ နို့တစ်ဗူး၊ ပဲဟင်းချို) တို့ဟူး၊ အရွက် ပြုတ်။ ဂျပန်ရဲ့ မူလတန်း ကျောင်းတွေက နေ့လည်စာ ကိုကျောင်းကနေ ထုတ်ပါတယ်။ တစ်လကို ၂၈၀၀ယန်းလောက် ပေးရပေမယ့် မိဘကလာပြီး မပေးနိုင်ပါလို့ လက်မှတ်လာထိုးရင်လည်း အလကားကျွေးပါတယ်။ တစ်ချို့ ကားသာ ၀ယ်စီးနေတာ ခလေးအတွက် ကျောင်းထမင်းဖိုး မသွင်းနိုင်ပါလို့  လာပြီးလက်မှတ်ထိုးတဲ့ သူတွေ ရှိသတဲ့။

ဘယ်သူကတော့ ပေးတယ် ဘယ်သူကတော့ မပေးဘူးဆိုတာ ကျောင်းက လျှို့ဝှက်ထားတဲ့ အတွက် နင်ကတော့ ပေးတယ်။ နင်ကတော့ မပေးပဲစားတယ် ဆိုတာတွေလည်း ကင်းတာပေါ့။ ဒီလိုပဲ ရန်ကုန်က ကျောင်းတွေကလို ပဲပြုတ်ပဲပါတဲ့ ခလေး၊ အသားဟင်းပါလာတဲ့ ခလေးဆိုတာမျိုးတွေ မရှိတော့သလို။ မစားချင်တာ မကြိုက်တာလည်း မရှိတော့ ယေဘုယျအားဖြင့်တော့ အားလုံးဟာ အတူတူစားတယ်။ ဆင်းရဲချမ်းသာ သိပ်မကွာတော့ တာတော့အမှန်ပါပဲ။ ပန်းအမျိုးအစားစုံလင် ပြီး ရေခံမြေခံကောင်းတော့ ဂျပန်နိုင်ငံဟာ ရာသီအလိုက် မဟုတ်ပဲ လအလိုက် ပွင့်နေတဲ့ပန်းတွေ ကတော့ စုံပါတယ်။ အထူးသဖြင့် ဒီလဆိုရင် ပန်းအမျိုးစား ပေါင်းစုံ လှလွန်းစွာပွင့်နေသလို ပန်းဝတ်မှုံ အလာဂျီကလည်း အတော်ကိုဆိုးပါတယ်။







မှတ်ချက်။....။ ရေးချင်လွန်းလို့ ရေးလိုက်ပါတယ်။ စာလုံးပေါင်းမှားရင် ပြင်ပေးသွားကြပါ။


ချမ်းမြေ့ကြပါစေ။

ကြည်ကြည်


Sunday, April 17, 2011

စတော်ဘယ်ရီ ချယ်ရီ ရော ရင်

ပျောက်သောသူရှာရင်တွေ့ မရေးသောသူကြာရင်မေ့ .......


ဒီမှာတော့ ဆာကူရ တွေပွင့်လို့ ကြွေတောင်ကြွေပြီ ။ကြည့်လို့ရမယ်ဆိုလည်း ဒီတစ်ပတ်က နောက်ဆုံးပါပဲ။ လတ်တလော ဘာတွေလုပ်နေလို့ ငြိမ်သွားတာလည်းလို့ မေးတဲ့သူတွေကို စာတွေများလို့ ရယ် မုဒ်မ
ဝင်ဘူးလို့ ပဲ ပြောပါရစေ။
ကိုယ်တွေ နေတဲ့နေရာနဲ့ကဝေးပေမယ့်   တိုကျိုဘက်အခြမ်းကတော့ နေ့တိုင်းနီးပါးကို အနည်းဆုံးတနေ့ ၂ ကြိမ်လောက်တော့  ငလျှင်သတင်းက တွေ့ နေရတယ်။ အသိတွေနဲ့ဖုန်းပြောလည်း မူးနေတာပ
ဲလို့ ပြောကြတယ်။ ပြန်လည်ထူထောင်ရေးတွေလည်း လုပ်နေကြပေမယ့် ပျက်စီးမှု့ ကနည်းတဲ့ အတိုင်းအတာမဟုတ်တော့ အတော်အချိန်ပေးရအုန်းမယ်။ လွန်ခဲ့တဲ့ လအထိ မာနေတဲ့ ဂျပန်ယန်းဈေးကလည်း ခုတဖြေးဖြေး တန်ဖိုးကျလာပြီ။   ငလျှင်ကြီးနောက်ပိုင်းမှာ ဂျပန်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ၀င်လုပ်နေကြတဲ့ တရုတ်လူမျိုးအများစု နောက် အခြားနိုင်ငံခြားသားတွေ အတော်ကို ပြန်သွားကြတယ်။ တစ်လနီးပါး ပိတ်ထားတဲ့ တိုကျို ဒစ်စနေလန်း လည်း စနေ နေ့ကပြန်ဖွင့်တယ်။
ကျွန်မတို့ တွေ လည်း ခရီးကပြန်လာပြီးကတည်းက တစ်ချို့ လည်း ကိုယ့်စာကိုယ်ပြီးအောင်အမြန်လုပ်ကြ ဘွဲ့မယူပဲ စာတမ်းတင်ပြီးသည်နှင့်ပြန်ကြမယ့်သူတွေ ကျွန်မလည်းစာတမ်းတင်ပြီး တာနဲ့အိမ်ပြန်ဖို့ အစီအစဉ်ဆွဲပြီး ဘွဲ့ယူခါနီးမှပဲ ပြန်လာတော့မယ်လို့ ဆုံးဖြတ်။ စာတမ်းတင်ပြီးတာနဲ့ ဘွဲ့ယူတာက တစ်လခွဲနီးပါး အချိန်ရသည်။   တစ်ချို့  လည်း လိုအပ်သလောက်အ၀တ်အစားသာထားပြီး အကုန်ပြန် ပို့ နေကြသည်။ အားလုံးတူညီစွာတွေးမိသည်က ငါတို့ ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုကိုယ်တိုင်မကြုံလိုက်ရတာ ဘုရားမကြတာပဲလို့ ။
ကျွန်မက  ဆက်နေဖို့ မနေဖို့ကို အစက မရေမရာ။ ခုတော့မိသားစုကလည်းကိုယ့်နောက် လိုက်မနေနိုင်သည့်အတူတူ ဆက်တက်ဖို့ ဆိုတာလည်းဆန္ဒမရှိတော့။ ဒီကြားထဲ မနှစ်က တိုကျိုမှာနေတုန်း အိမ်ရှေ့အိမ်ကို ညကြီးမင်းကြီး ဆေးရုံကားရောက်လာ ဆေးရုံတတ်မည့်သူက ဆေးရုံကားပေါ်ပါသွား မိန်းမဖြစ်သူက ခလေးလေးပိုက်ပြီး အိမ်တွင်ကျန်ခဲ့။ ဘေးပတ်ဝန်းကျင်ရဲ့ ခလေးကြည့်ပေးမယ်လေ လိုက်သွားလို့ ပြောမယ့်သူမရှိ။ လူနာလည်း တစ်ယောက်တည်း လူနာရှင်လည်းတစ်ယောက်တည်း.။ ထို မြင်ကွင်းမြင်မိကတည်းက အတော်ကိုေ၇ှာ့ခ် ဖြစ်ခဲ့ရသည်။ ကိုယ်လည်း အားငယ်တတ်တဲ့ အမျိုးကိုး….(မချစ်လေသံ..တိုက်ဆိုင်၍ယူသုံးသည်)။

ပါ့သ်က ချစ်မမ ကတော့ညည်းပြန်ပါအေ တဲ့။ စ က မမ ကတော့ ညည်း ပြန်မယ်လုပ်တာ
မှန်တယ်အေ့တဲ့။
ဒီထက်ကြာရင်လည်း အိမ်က ဖေဖေခေါ်သလို မယ်မဒန်း ဖြစ်တော့မည်။ အိမ်က လူလည်း နောက်ထပ်အိမ်တစ်ဆောင်မီးတစ်ပြောင် မဖြစ်ဘူးလို့ အာမမခံနိုင်။ ကဲဒါကတော့ လတ်တလော အခြေအနေ။


ဂျပန်မှာ ဆာကူရ. ကျွန်မနှင့်ချယ်ရီ

ပထမဆုံး ကျွန်မ ဆာကူရကိုမြင်ဘုးတာ 19xx (နှစ်အတိအကျမရေးတာ သည်းခံ)
ကျွန်မရဲ့ဆယ်ကျော်သက်ကိုကုန်ခါနီး..ဟဲဟဲ….
ပထမဆုံးဂျပန်ကိုရောက်တာက ဧပြီလ သင်္ကြန်ကျခါနီး ရက်ပိုင်းအလိုမှာ မြန်မာပြည်ကနေထွက်လာရရော လေယဉ်ပေါ်ကနေခြေချပြီး ရထားစစီး တာ နဲ့ ဆကူရာတွေကိုမြင်လိုက်တဲ့ မြင်ကွင်း ၊ ရန်ကုန်မှာ ပိတောက်ဝါ၀ါတွေ မြင်လာသူက ၁၂ နာရီ နီးပါး ကွာသွားသည့်နောက် နောက်ထပ် ပန်းရောင်ပန်းတွေ အများကြီးမြင်လိုက်ရတဲ့ မြင်ကွင်းက  ကျွန်မဘယ်သောအခါမှ မေ့မရနိုင်ခဲ့သည့်မြင်ကွင်း။ နွဲ့ယဉ်ဝင်းရဲ့ 
ဝေးတစ်မြေကိုသွားတဲ့ ဂျပန်က မောင့်ရဲ့စာ ဆိုတာက သူ့ အချစ်လည်း ကျွန်မလိုပဲ ဒီလိုအချိန်မျိုးရောက်လာသူဖြစ်ပေလိမ့်မည်။
အတုတွေ အစစ်ထက်လှနေတဲ့ ခေတ်မှာ  မနှစ်က မှ စိုက်တဲ့ ဆကူရာ ကိုင်းကူးပင်လည်း ဆေးထိုးပေးထားတော့ကျောင်းထဲမှာပွင့်နေပြီ။ တစ်ချို့ နေရာတွေ လည်း ဆေးထိုးပြီးစိုက်ခဲ့တာ နှစ်၅၀ သက်တမ်းတဲ့။ ခုသက်တမ်းကုန်ခါနီးပြီတဲ့ နောက်မပွင့်ရင်ဒီလိုနေရာဘာနဲ့ ဆွဲဆောင်မလည်း
လို့ စိတ်ပူနေကြသူတွေ ရှိသည်။ ပွင့်တာကတော့ အပင်မသေမချင်းပွင့်မည့်အပင်ကတော့ ရှိမှာပါပဲ။စိုက်ပျိုးရေး သမားတွေကတော့ နားလည်ပေလိမ့်မည်။

ဟနမိ(hanami) ချယ်ရီပန်းပွဲတော်ပေါ့လေ။ ချယ်ရီပင်တန်းတွေအောက်မှာ နေရာကြိုယူထားကြပီး ပန်းပင်တွေအောက်မှာ ပန်းတွေရဲ့အောက်မှာ ပန်းတွေကိုငေးမောပြီး စကားပြောကြ ။စားကြသောက်ကြ တဲ့ပွဲ (ဟိုးအရင်ကတော့ရန်ပွဲတွေဘာတွေဖြစ်ကြသည်)။ သူတို့ ရိုးရာ ပွဲ တစ်ခု။

စတော်ဘယ်ရီ ချယ်ရီရောရင် တော်တန်ရုံလူပင်  ဆိုတဲ့ စိမ်းမို့ မို့ ရဲ့သီချင်းလိုပါပဲ။ ချယ်ရီပေါ်ချိန်က စတော်ဘယ်ရီလည်းပေါ်ချိန်ကိုး …ဒါပေမယ့်စားတဲ့ချယ်ရီသီး (sakuranbo)ဟာ ဒီဆာကူရာ ချယ်ရီ ပင်ကမဟုတ်မှန်းတစ်ချို့ လည်းမသိကြ။
နောက်ဒီပန်းချယ်ရီ မှာမှ စားလို့ ရတဲံ့ ချယ်ရီပန်း ပွင့်ရွက်နဲ့  စားလို့ မရတဲံ့ ချယ်ရီပန်းကရှိသေး ။
တို့ ရွှေပြည်မှာ အ၀ါရောင် မယ်ဇလီဖူုးတွေ တွေ့ တိုင်းစားလို့ ရမယ်ထင်တာ။ စားလို့ ရတဲ့ အပင်က သပ်သပ်လို့ ပြောကြတာပဲ။
ဒီမှာလည်း စားလို့ ရတဲ့ ချယ်ရီပန်းပင်က အရွက်ရဲ့ ရနံတို့ အရွက်ရော ပန်းပါ ချဉ်ဖတ်လေးစိမ်ပြီး မုန့်တွေထဲထည့်တာကသပ်သပ်။
ဒီလိုရာသီ ဒီလိုချယ်ရီတွေ နောက်ဘယ်တော့မှ ပြန်ကြည့်ရမလည်းတော့မသိ။…
ချယ်ရီပွဲတော်



နေခြည်မှာရွှေရည်လောင်း ငါတို့ စာသင်ကျောင်း


 တွေ့ လား ကိတ်ပေါ်မှာ ဆာကူရာပုံနဲ့ ဆာကူရာ ပန်းချဉ်ဖတ်လေး

ကျွန်မနှင့်သင်္ကြန်..

အသက်ကြီးလာမှ ရန်ကုန်သင်္ကြန်ကို ပြန်ပြီး ဆော့ကစားချင်စိတ်က ပေါက်လာတယ်။ ကျွန်မက သင်္ကြန်လည်ရမှာ ကြောက်သူ … အိမ်ရှေ့ ရေပုံးထားပြီး ဖြတ်သမျှကားသာ ပက်သူ။
ခု သင်္ကြန်ပုံတွေကြည့်ပြီး ကျွန်မသူငယ်ချင်း ဂျပန်မလေး ရန်ကုန်သင်္ကြန်လာလည်တာ သတိရသွားသည်။ ၂၀၀၀လောက်တုန်းက ပေါ့ ။ သင်္ကြန်ဆိုတာ ရေလောင်းတယ်နော် တစ်ကိုယ်လုံးရွှဲမှာလို့ ပြောထားခဲ့တော့ သူ ကလည်ရင် ရေကူးဝတ်စုံနဲ့  လည်ဖို့ ပါလာတယ်တဲံ့ ။ ရေစိုမှာကိုး သူတွေးတာမလွန်လောက်ဖူး။
နောက်နားမလည်တာက လည်ကြပတ်ကြတော့ နိုင်ငံခြားသားတွေက ရော်ဘာဖိနပ်စီး ရေစိုခံစီးကြပေမယ့် တို့ ရွှေမြန်မာမိန်းကလေးတွေက လေဒီရှုးစီး ကြိုးသိုင်းအလှတွေစီးပြီး အပျက်စီးခံကြတာကို
သူတို့ ကအံသြကြတယ်။ ကျွန်မလည်း အဲ့လိုတွေးဖုးတယ်။ ဟော ခုလည်းသင်္ကြန်ပုံတွေမှာ မိန်းကလေးပုံတွေမှာ လေဒီရှုးတွေ ဘွတ်တွေ က အထင်းသား ။
ရန်ကုန်ပြန်လျှင်ယူသွားရန် စာရင်းမှာ တစ်ခုထပ်တိုးလိုက်ပြီး မင်နီနဲ့ ရေးလိုက်တယ်။

မြန်မာပြည်သင်္ကြန်သုံးရန် ၀ယ်ရန်စာရင်း
၁။ စကဒ်တိုတို
၂။ အင်္ကျင်္ီကျောတစ်ဝက် အနက်ရောင်
၃။ ခရမ်းရောင် ဆံပင်ဆိုးဆေး
၎။နှတ်ခမ်းနီ အနက်ရောင်
၅။ကြောင်ကြောင်ကျားကျား ခြေအိတ်…
၆။ မိုးတွင်းစီးရော်ဘာဘွတ်ဖိနပ်။


photo from google

ဒီပုံက ၁၉၉၆ လောက်က ဂျပန်မှာ ခေတ်စားသွားတဲ့စတိုင်
မြန်မာပြည်သင်္ကြန်နဲ့ ကိုက်မလားပဲ။
gankuro လို့ ခေါ်တယ်။ တစ်ကိုယ်လုံးကိုနေလောင်တဲ့မိပ်ကပ်အရောင်လိမ်း မျက်လုံး နဲ့ နှုတ်ခမ်းကို အဖြုဆိုးတာ။ ဆံပင်ကို ရွှေရောင်မှာ မှ အဖြူရောင်ဟိုက်လိုက် ထပ်ဖောက်။ ဖက်ရှင်ဆိုတာ တစ်ပတ်လည်နေတာပဲကိုးနော်။

photo from google



 ချစ်ခင်စွာဖြင့်
ကြည်ကြည်



Saturday, April 2, 2011

တို့ တွေရဲ့ ရန်ကုန် (အတင်းစကားမဆိုနဲ့ကွယ်)

အစကတည်းကမှ လေယဉ်ကို  ၃နာရီထက်ဆို ပိုမစီးချင်တဲ့သူ..ဂျပန် ရန်ကုန်ခရီးစဉ်ဆို အမြဲ ၆ နာရီနီးပါး ။
ခုတစ်ခေါက်ခရီးစဉ်ကတော့ရှာမှ ရှားပဲ။

ဟနေဒါ- ကွာလာလမ်ပူ...၇ နာ၇ီ
စကာၤပူ - ဘာလီ   ၂ နာရီ နီးပါး
ဘာလီ -စကာၤပူ    ၂ နာရီ နီးပါး

စကာၤပူ - ရန်ကုန်  ၃ နာရီ နီးပါး
ရန်ကုန် - ဘန်ကောက် - ၁နာရီင်္ ၅ မိနစ်
ဘန်ကောက်- ကန်ဆိုင်း   ၆ နာရီ

ဒီကြားထဲ အစီအစဉ်မရှိပဲ  ရန်ကုန်ပြန်ရတော့ လေယဉ်လက်မှတ်ကလည်း ဈေးတတ်ချိန် နောက်ပြီး ခရီးစဉ်အတိုင်းမဟုတ်တော့ ဘာလီ စင်္ကာပူ ၊ စင်္ကာပူ- ရန်ကုန် ၊ ရန်ကုန်- ဂျပန် လက်မှတ်တွေက အပိုကုန်တွေ ဖြစ်သွားတော့တာပေါ့ ။ မိသားစုနဲ့ နေလိုက်ရတယ်ဆိုတဲ့ အမြတ်တစ်ခုနဲ့ပဲ ဖြေသာရပေမယ့် ရောက်လေရာ ဗီဇာကဒ်နဲ့ ပဲ ဖြေရှင်းနေရတော့  ပြန်ရင်တော့  ဒီတစ်လ ၀ယ်ချင်တာလေး သွားချင်တာလေး ချုပ်တည်းရတော့မယ့် အပြင် ထုံးစံအတိုင်း အိမ်ကနေ နည်းနည်းလေး မစပါအုန်းဆိုပြီး ပြန်တောင်းခဲ့ရတယ်။
 ရန်ကုန်မှာလည်း ဒီတစ်ခါ စားစရာ တွေ ၀ယ်တာကလွဲလို့  ဘာမှ အပိုမကုန် မ၀ယ်မိအောင် နေ
လို့ အိမ်က လူကတောင် ဟယ် တော်လိုက်တာ အမြဲ အဲ့လိုနေနိုင်ရင်သိပ်ကောင်းမှာပဲ တဲ့ ။ ဒီကြားထဲ မေလ်းကို ဖတ်တော့ နောက်လတွေကနေစပြီး စကော်လာလျှော့တယ်။

ရန်ကုန် ဆိုတာထက် ရကုန်ဆိုရင် ပိုမှန်မလား ။ အကုန်လုံး ငြီ်းလိုက်ကြတာ။ ချမ်းသာတဲ့သူလည်း ငြီးတယ်။ အလယ်အလတ်လည်း ငြီးတယ်ဆိုတော့ ကျန်တဲ့သူတွေ ဘယ်လိုနေမလည်း စဉ်းစားသာကြည့်။ ကျွန်မက အမြဲ ပြန်မယ် ပြန်မယ် ဆိုပြီးကြွေးကြော်နေတဲ့သူတောင် တခြားသူတွေကို(တစ်ကိုယ်ရေ တစ်ကာယသမားတွေ) ပြန်မလာနဲ့ လို့ သာ တိုက်တွန်းလိုက်ချင်တော့တယ်။
ဘယ်နှယ့်ကွယ် ဂျပန်မှာ ဆီတစ်ပိသာ မြန်မာငွေ ၃၀၀၀ကျပ်လောက်ပဲ ရှိတယ်။ မြန်မာပြည်မှာ ဆီတစ်ပိသာ ၃ ထောင်ကျပ်နဲ့ ရလို့ လား ။ ဆန်တစ်အိတ်ကို လေးသောင်း၈ ထောင်တဲ့ (မေမေပြောတာ)။
ဥပမာ  ဘီယာတစ်ပုလင်း ၁၅၀၀နဲ့ ကျပ်တွက်ရအောင်။သာမန် အလုပ်သမားတစ်ယောက်ရဲ့ လစာ ၆သောင်းကျပ်နဲ့တွက် သူ့ ရဲ့ လစာရဲ့ ၂.၅ % ကိုယ်သုံးနေရပြီ။ ကမ္ဘာ့ တတိယ စီးပွားရေး အင်အားကြီးနိုင်ငံရဲ့ ဈေးနဲ့တွက်ကြည့်လေ ။ဘီယာတစ်ပုလင်းကို မြန်မာငွေ ၂၈၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် သူတို့ ရဲ့ ကြမ်းတိုက် သန့် ရှင်းရေး အခြေခံလုပ်သားတစ်ယောက်ရဲ့လစာ မြန်မာငွေ ၁၄ သိန်းနဲ့ လျှော့ပေါ့ပေါ့တွက။် ဘီယာတစ်ပုလင်းအတွက် သူ ၀.၂ ရာခိုင်နှုန်းပဲသုံးလိုက်တယ်။ ကဲ ဘယ်က ဈေးကြီးသလည်း။

အများကြီးလည်းမဆွေးနွေးနိုင်ပါဘူးမြင်သမျှလေးပြောပြမယ်။
ခုတစ်လော ရန်ကုန်မှာ ၀န်ဆောင်မှု့ က ဒီလောက်မကောင်းပေမယ့် ကော်ဖီဆိုင်လှလှလေးတွေ ထပ်ထွက်လာတယ်။ အောင်ပွဲခံနေတာကတော့ ဓမ္မာစေတီလမ်းပေါ်က coffee circle (ကြာပြီ) နောက်နာမည်ကြီးလာတာက coffee Jasper. ရွှေဘထမင်းဆိုင်လမ်းထဲက .. ကော်ဖီတစ်ခွက်ကို ၂၂၀၀လောက်ကနေစတယ် ။ ဆိုင်အပြင်အဆင်ရတော့ လက်ခံပေးလိုက်မယ်။

 ကဲ ဒါဆိုရင် အင်းလျားကန်ဘောင်မှာ လူတိုင်းဝင်ထွက် စားသောက်လို့ ရအောင် လုပ်ပေးထားတဲ့ အရသာလည်း၇ှိတဲ့ နာမည်လည်းရှိတဲ့ မင်းလမ်း မုန့် တီ
အောက်ကပုံများကြည့်ပါ။
ဂုံးပေါင်း ၄ ကောင်တစ်ပွဲ ၄၀၀၀ကျပ် ..ပုစွန်စိမ်းသုပ်တစ်ပွဲ ၅၀၀၀ ကျပ်ပါ။


အမည်းရောင်ကေ၇ညှိ သုပ်၊ဘေးက ပန်းကန်ထဲက ပုဇွန်စိမ်းသုပ်

အော်ရန်ကုန်  ရန်ကုန်..
ကားဂိတ်မှာရပ်နေကြသူတွေ ဈေးထိပ်မှာ ရပ်နေကြသူတွေ နေအပူကြောင့်လားပဲ အ၀တ်တွေက ပိုပြီး အရောင်မှိန်နေသလိုပဲ။  ရာသီဥတုကတော့ မတ်လနဲ့ မလိုက်အောင်ကို နေလို့ ထိုင်လို့ ကောင်းခဲ့တယ်။ သိပ်မပူဘုူး ။ မီးလည်း မဆိုးဘူး ပျက်လည်းခဏပဲ။

ဘယ်နေရာတွေ စည်သနည်း။
pub သို့ မဟုတ် cafe လို့ အမည်ခံထားတဲ့ နိုက်ကလပ်တွေ အတော်ကိုစည်တယ်။ လူကိုညှပ်နေတာပဲ။
ခေတ်စားတဲ့သီချင်းက အောင်လရဲ့ တောင်းပန်ပါတယ်ဆိုလားဘာလား။သင်္ကြန်သီချင်းလည်း DJ ကပွတ်နေတာပဲ။

ဟိုတယ်ဝင်းတစ်ခုတည်းမှာတင် ကလပ် ၂ ခု၇ှိတယ်။ နိုင်ငံခြားသားတွေ လည်းအုပ်စုလိုက်များတယ်။ ကလပ်အတွင်းလုံခြုံရေးဝန်ထမ်းတွေကတော့ ဘယ်ကနေဘယ်လိုရှာထားလည်းမသိဘုး နည်းတဲ့ ဒေါင်တွေ ကိုယ်လုံးတွေ မဟုတ်ဘူး။  အမူးလွန်နေတဲ့ ကောင်မလေးတွေကို သန့် စင်ခန်းဝအထိသေချာတွဲ ပို့ တယ်။ 
နောက် ကမ္ဘာအေးဘုရား လမ်းပေါ်နားမှာပဲ ၇ှိတဲ့ ကလပ်တစ်ခုကတော့ အံမယ် မိန်းကလေးတိုင်းပေးမ
ဝင်ဘူးတဲ့ နေရာကျဉ်းလို့ တဲ့ ။ သူက မနက် ၅ နာရီထိ ဖွင့်တယ်။ သန့်စင်ခန်းဝင်တော့ ခုနာမည်ရှိတဲ့ မင်းသမီးတစ်လက်နဲ့ တွေ့ တယ်။ သန့် စင်ခန်းစောင့်အဖွားကြီး ရဲ့ သမီးရေ သမီးကို
အားပေးနေတယ်နော် ။ ဆက်ကြိုးစားသမီး နော် ဆိုလို့ ကြည့်လိုက်မိတယ်။ သူကတော့ ကလပ်ကို ၃ နာရီလောက်မှရောက်လာတာတဲ့။ ကားကို ဆိုင်နောက်က ခြံဝင်းထဲမှာ ရပ်ထားတော့ ပြန်တော့မယ်အလုပ် စောနမင်းသမီး ဈေးညှိနေတာတဲ့ ။ကိုယ်ကားပေါ်တတ်တော့ သူက ခေါင်းကြီးငုံနေရှာတယ်။
 သောက်ညှင်ကပ်ကပ်နဲ့ ကားမီးထိုးပေးလိုက်တယ်။  ကလပ်လာတဲ့ မင်းသားတွေ ကတော့ ထားပါတော့ လေ ။

နောက် ခုတစ်လော ရေပေါ်ဆီ အဲ့လေ  လူငယ်တို့ စုဝေးတတ်တဲ့နေရာက  နန္ဒာလှိုင်ရဲ့ ဆိုင်ပဲ။
စားလို့ လည်း ကောင်းတယ်။ နေရာနဲ့ ဆိုရင်တော့ ဈေးလည်း အင်း မဆိုးပါဘူးပေါ့လေ....

ရန်ကုန် ရန်ကုန်  ...အတော်ပြောင်းသွားတယ်။ ဟိုးအရင်က  ကလပ်ကောင်းကောင်းဆိုရင် စီဒိုးနားအောက်၊ ပါ့ခ်ရွိုင်ရယ်အောက် ၊ ကန်တော်ကြီး ဟိုတယ်အောက် (memberonly) လောက်သာရှိတာ။

ခုအဲ့နေရာတွေက လူမစည်ဘူးတဲ့။
ကားကြီးကားငယ်နဲ့ လာနိုင်တဲ့ လူငယ်အမျိုးသားလေးတွေ များတယ်။ သဌေးဖြစ်ရတာထက် သဌေးသားဖြစ်ရတာ ကံကောင်းတယ်ဆိုတာ အမှန်ပဲ။  နောက်တို့ လို အသက်ကြီးကြီး အန်တီကြီးတွေကတော့ မရှိသလောက်ပါပဲ။ တို့ လို လာစပ်စုတာပဲ ဖြစ်ရမယ်။


ကန်ဆိုင်း လေဆိပ်ရောက် တော့ ဧပြီလရဲ့ လေနုအေးရယ်  မပြောင်းလဲတဲ့ ချယ်ရီပန်းပွင့်တွေက
သူ့ အချိန်မို့ ပွင့်နေတယ်။ Reentry ကောင်တာမှာသွားရပ်တော့ okaeri (welcome back)
လို့ နှုတ်ဆက်လိုက်တဲ့ ဂျပန်အရာရှိ .. လေဆိပ်ကနေ ထွက်လာတော့
ရထားဈေးနှုန်းလည်းမတတ်ဘူး.။ဆန်ဈေးနှုန်းကလည်းအရင်အတိုင်း ။ရေသန့်ဗုးကလည်း အရင်အတိုင်း..
အော် ငါ့အပေါ်သစ္စာရှိတဲ့ ဂျပန်ရေ ..လို့ စိတ်ထဲကတွေးရင်း 

ရန်ကုန် အတင်း များ ပြီးပါပြီ ။.....
ဘယ်မင်းသမီးလည်း သိချင်ရင် တိုးတိုးတိတ်တိတ်မေး၊  ဘယ်နေရာလည်းမေးချင်ရင် လည်းတိုးတိုးတိတ်တိတ်မေး

ကြည်ကြည်

Wednesday, March 30, 2011

ပြန်လာပါပြီရှင်.. ကျန်းမာပကတိ အကောင်းတိုင်းရှိနေပါ၏။

ချစ်ခင်သော မောင်နှမများ အားလုံး... မေလ်းနဲ့ တစ်မျိုး ဖုန်းနဲ့ တစ်ဖုံ   စိတ်ပူပေးကြတာကျေးဇူးပါရှင်။
အိမ်က ညီမလေးချစ်စနိုးနဲ့  ပြောသလိုဆိုရင်  မကြီးကို သမီးတို့ ကပဲ မေတ္တာပျက်တာ ။ ကျန်တဲ့သူတွေ က အတော်မေတ္တာရှိကြတာပါလား  ၅ နှစ်လောက်  အဆက်အသွယ်မရှိသူတွေကလည်း သူတို့ ကိုယ်သူတို့
ပြန်မိတ်ဆက်ပြီး သတင်းမေးကြသတဲ့ . လာလိုက်တဲ့ဖုန်းတွေ ဖြေနေရလိုက်တာတဲ့။ 

ကြည်ကြည်  ဘယ်ရောက်နေသနည်းး)

မောင်နှမတွေကို ဒိုင်လျှိုပြီး ခရီးသွားတာပါ။  ကြိုတင်သာပြောသွားရင်း  စိတ်ပူကြမှာမဟုတ်ဘူး။


၇ ရက်နေ့ တိုကျို
၈ ရက်နေ့  တိုကျို  ဟနေဒါ ကနေ  ကွာလာလမ်ပူ 
၁၁ရက်နေ့  ကေအယ် ကနေ  စ ကို ကူးတော့  ဘက်စ် ကား ပေါ်ကို မက်ဆေ့ခ်ျ ရန်ကုန်ကနေ
ဝင်လာတယ်။  နေ့ လည်  ၂ နာ၇ီလောက် စ ရောက်တော့ ရောက်ရောက်ခြင်း သတင်းကြည့်တော့  ကြေကွဲစရာ။   တိုကျို ဘက်ကို  လွန်ခဲ့တဲ့ အနှစ်  ၅၀ လောက် ကတည်းက  ခန့် မှန်းထားတဲ့ ငလျှင်ကြီးလှုပ်မယ်လို့   ခန့်မှန်းခဲ့ကြတယ်လို့   ဆိုနေကြတာ  ခန့်မှန်းထားတဲ့ နှစ် ၅၀ ဆိုတာကလည်းဒီ နှစ်ပိုက်း အတွင်းတွေ မှာ ပြည့်နေပြီလေ။  တကယ်ပဲ မှန်သွားလေသလား  ။ ကြည့်ရင်းနဲ့
မြို့ တစ်မြို့ လုံးပျောက်သွားလိုက်တာ။  ကမ္ဘာကြီးဟာ ဘယ်နေရာမှာ မှ  စိတ်မချရလေတော့သလား။

ခရီးကတော့
သူငယ်ချင်းတွေနဲ့ လာကြတဲ့ခရီးပါ  ။ ခရီးသွားရင်း ဇတ်လမ်းလေးများရမလားလို့  လမ်းမှာ လေယဉ်ခုံဘေးချင်းကပ်ပဲ ဖြစ်ဖြစ်  ၊ပန်နီဆူလာ မှာ  မြန်မာချောချော ကြီးတွေ များ တွေ့ မလားပေါ့ ။
မလေးမှာပဲ  နည်းနည်း အာပြိုလုပ်လိုက်ရတယ်။  စ ကိုရောက် တဲ့ နေ့ ညမှ ပဲ  ကိုယ့်တံခါး လာခေါက်ခံရတော့   အိုး ရင်တွေ ပန်းတွေ တုန်လို့  ။  တံခါးဖွင့်လိုက်တော့  ကတုံးကြီးနဲ့  လူကြီးတစ်ယောက်  ...အိုးမိုင်ဂေါ့  အခန်းမှားသလား ။ ဘယ်ဟုတ်မလည်း  လွန်ခဲ့တဲ့ နှစ်ပတ်လောက်က  ဗုဒ္ဓဂါယာမှာ ဘုန်းကြီးဝတ်တဲ့ ကိုယ့် အချစ်... သူ ဘုန်းကြီးဝတ်တာ မလာလို့ စိတ်ကောက်နေတာ။ ကိုယ့်မှာလည်း   သူများတစ်ကယ်
ဝတ်သွားမလား စိတ်က တစ်ထင့်ထင့် ။စိတ်က မပြတ်နိုင်တော့ မသွားဘူး  ငရဲကြီးမှာစိုးလို့ ။ လူထွက်ပြီးတာနဲ့
သူက ဟောင်ကောင် .၊ မကာအို တဲ့
 သူ့ အလုပ်ကိစ္စနဲ့ အသွား ကိုယ်ကလည်း နာ့သူငယ်ချင်းတွေနဲ့ နာသွားမှာ ဘာဖြစ်လည်းဆိုပြီးတော့ကို ထွက်လာတာ။ ကိုယ်တော်က လိုက်လာတယ်။  မမချစ် ( ချစ်ကြည်အေး) ကတော့ ပြောရှာပါတယ်။ ကြည်ကြည်တစ်ယောက်  အာပြို မလုပ်နိုင်တော့ဘူးတဲ့း)။

၁၄ ရက်နေ့ ကြတော့ ဘာလီကိုကူးကြတယ်။  ကို AATO နဲ့ တော့  ဖုန်းပဲ ရလိုက်တယ်။
ခရီးစဉ်အတိုင်းဆိုရင် ၁၇ရက်နေ့  ဂျပန် ပြန်ရမှာ။ လေယဉ်ကလည်း တိုကျို ကို ပြန်စီးရမှာ ။ ဈေးအပေါ်ဆုံးလက်မှတ်ဆိုတော့ တိုကျိုကနေ ထွက်တာ။ အိမ်က လူကြီးက စ မှာကတည်းက  မြန်မာပြည်ပြန်လိုက်ဖို့  ဖိအားပေးနေပြီ။ ဘာလီလည်း လိုက်လာတာပဲ  ။ နောက် ဘာလီနောက်ဆုံးည ဆုံးဖြတ်ချက်ချကြတယ်။ ဂျပန်ကို မပြန်ကြတော့။  အင်ဒိုနီးရှား ၂ ယောက်က ဂျကာတာ ပြန်လေသတည်း။
မွန်ဂို နဲ့ စပိန်က ဘာလီမှာ ၄ ရက်ထပ်နေပြီး အခြေအနေကြည့် ။ ဥဇဘက် ကစ်စတန် ၂ယောက်က သူ့ 
သံရုံးက ဖုန်းလာသည်။ လေယဉ်အဆင်သင့် ရှိသည် ။ ပြန်မယ်ဆိုလျှင်  လာခဲ့ပါတဲ့။ ဒီတော့  ဘာလီ -မလေး - တိုကျိုပြန်မယ့် လက်မှတ်အဆုံးခံ။

ဒါဆို ဒီမြန်မာမလေးကရော...

မမက  မောင်ခေါ်ရာလိုက်မှာလား  အဲ့လေ.. ....

အိမ်ကလူကြီးက လာခဲ့ စ ကိုပြန်ကြမယ်။ သူ့ လက်မှတ်က စ ကနေ မြန်မာပြည်ပြန်ရမှာကိုး။
မနက် ဂိုးရှိုးဖြင့် အားလုံး လေဆိပ်သို့ ချီတတ် ကြ။ ကိုယ်တို့ နှစ်ယောက်က  စ သို့ ပြန်ဝင်  ၂ ရက်လောက်နေကြ.။ မြန်မာပြည်သို့  ၁၉ ရက်နေ့ ရောက်။

 အမချစ် ရိုက်ပေးသောပုံ.....
 မလေး ရှား ...
ဘာလီ  ဘနားနား ဘုတ်

ခု  ဂျပန်ပြန်ရောက်ပြီ။ ခုလေးတင်ရောက်တာ ...
နောက်မှ အသေးစိတ်ရေးမယ်နော်။

Sunday, March 6, 2011

ခေါင်းစဉ် မတပ် တတ်သော ပို့ စ်

ကျွန်မမျက်ရည် လွယ်တယ်။ ဘာကြောင့် ငိုခဲ့လည်း ဆိုတာကိုတော့ အမှတ်မရတာ များတယ်။
အမှတ်ရစရာ မကောင်းလောက်တဲ့ ငိုချင်းတွေ များခဲ့လိုလည်းဖြစ်မယ်။
ဒါပေမယ့် မှတ်မှတ်ရရ ငိုခဲ့ဘူးတဲ့ အကြောင်းအရာအချို့ လည်း ရင်ထဲမှာ ခုချိန်ထိ ကျန်နေတုန်း။ အဲဒီ့ရင်ထဲမှာ ကျန်နေပါတယ်ဆိုတဲ့ငိုချင်း အချို့ မှာ ချစ်သူနဲ့ကွေ့ကွင်းရလို့ ငိုရတဲ့အငို၊ ကျရှုံးမှု့တွေကြောင့်ငိုရတဲ့အငို၊ သူတစ်ပါး ချောက်ချလို့  ငိုရတဲ့အငိုတွေ တစ်ခုမှ မပါဘူးဖြစ်နေတယ်။ ဒါဆိုဘာအတွက် ကျတဲ့မျက်ရည်လည်း။
ငိုချင်း ၁။
စည်သူလွင်ဆိုတဲ့
အဖေက အသက် ၆၀ ပင်စင်ပြည့်လို့ အထုပ်ထမ်းအပြန် ကျွန်တော့်ရဲ့ အမေ 
ဝါးဒနိတွေသယ်ကာလေ အကျော်ဆိုင် လေး ကားဂိတ်ဘေး  ဒီသီချင်းကိုကြားတော့  ကျွန်မဟာ သီချင်းထဲက စာသား ကောင်မလေးကို ကျောင်းမုန့် ဆိုင် မခေါ်နိုင်တာထက်  သာမန်ဝင်ထမ်းဘ၀ ရိုးသားကြိုးစားစွာအသက် ၆၀ ပြည့် တဲ့အထိ လုပ်ကိုင်ခဲ့ပြီး  ပင်စင်ယူမှ ဘ၀ကို အကြော်သည် ဘ၀နဲ့ပြန်စရတဲ့ ခေတ်ရဲ့ အဖြစ်အပျက်ကို တနုံနုံ ခံစားခဲ့ရတယ်။ သူများနိုင်ငံမှာ သာမန်  ၀န်ထမ်းတွေ ပင်စင်ယူပြီးတဲ့အချိန်မှပဲ   ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို လွပ်လပ်စွာ သင်ယူမယ့်သူတွေ ၊  ခရီးထွက်မယ့်သူတွေ ၊ကျန်ရှိတဲ့  ဘ၀တစ်ခုကို အနည်းဆုံးတော့ အပူပင်ကင်းစွာ နဲ့
 ဖြတ်သန်းကြတော့မယ့်သူတွေ ကိုမြင်ခဲ့တွေ့ခဲ့ရတော့ တို့ ဆီက ပင်စင်စားတွေရဲ့
ဘ၀ တစ်သက်လုံးလုပ်ခဲ့ရတဲ့ အလုပ်လည်းပြီးရော ၆၀ကျော်မှ အကြော်တဲ စပြင်ရပါလားဆိုတာကို တော့ရင်ထဲံမှာ မကောင်းလှဘူး။
တနေ့ အမေနယ်ပြန်တော့ မြို့ အ၀င်မှာ တဲလေးထိုးပြီး သစ်ကိုင်းခြောက်တွေ လိုက်ကောက်နေတဲ့ အဘွားကြီးတစ်ယောက် တွေ့ တော့ မေမေက တူပါတယ်ဆိုပြီး ခဏလေး မေမေ နှုတ်ဆက်ကြည့်မယ် ဘယ်လိုဖြစ်တာပါလိမ့် ဆိုပြီး နှုတ်ဆက်တော့ မေမေ့အသိဖြစ်နေတယ်။  အဲ့ဒီ့မှာ အသက် ၆၀ကျော်ပင်စင်ယူပြီး စစ်တပ်ကနေ  အရာခံဗိုလ် အဆင့်နဲ့ ထွက်လာပါတယ်လို့ အဘိုးကြီးက မျက်ရည်စမ်းစမ်း နဲ့ပြောရှာပါတယ်။  ကျွန်တော့်တို့ ခုမှ ဘ၀ပြန်စရပြီ ဗျာ ဆိုတော့
ကျွန်မ စည်သူလွင်သီချင်းကို နားထဲကနေကြားယောင်လာတယ်။ ဖြုတ်ကနဲ ကျသွားတဲ့မျက်ရည်ဟာ ပုဂ္ဂိုလ်ခင်လို့ တရားမင်လိုက်တဲ့ မျက်ရည်မဟုတ်ဘူး ဆိုတာတော့သေချာတယ်။

ငိုချင်း ၂။
နာဂစ်ပြီးစမှာပဲ  ရင်းနှီးတဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း ဂျပန်တွေက ချက်ချင်းဆိုသလို မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေ ကိုသွားလှူချင်တယ် လို့ပြောလာတယ်။ သက်ဆိုင်ရာကိုဆက်သွယ်ပြီးဘာလိုလည်း မေးတော့ ဘုန်းကြီးကျောင်းမှာလာနေရတဲ့လူတွေ ကို လိုချင်တာလာမေးမလားလို့ ဖိတ်ခေါ်လာတယ်။ ဒါနဲ့ပဲ ဒလ ကိုကူးသွားတော့ ဒလက ဘုန်းကြီးကျောင်းမှာ နေတဲ့သူတွေက ခြင်ထောင်ရရင်ကောင်းမယ်။ခြင်ကိုက်တယ် တဲ့။မိသားစုခြင်ထောင်ကြီးကြီးတွေ လိုချင်တယ်တဲ့။ ဒါနဲ့အလှူရှင်ရောက်လာတော့ သိမ်ကြီးဈေးထဲ ခြင်ထောင်တွေ ရသလောက်လိုက်
ဝယ်ကြတယ်။ဆိုက်စုံ အလုံး ၂၀၀ကျော်ရတယ်။ တံဆိပ်တွေ ကပ်အပြီး သွားလှုမယ်ဆိုတော့
အိမ်ကရော ရုံးကရော ကျွန်မကို မသွားစေချင်ကြဘူး စိတ်ပူတာပါသလို မမြင်သင့်တာတွေ မြင်ပြီး ကျွန်မလန့် လာမှာစိုးလို့ ။ အင်တာနက် က ကြေကွဲဖွယ် ပုံတွေခုထိ ကျွန်မ သေချာမကြည့်ရဲဘူး ။
ဒီလိုနဲ့ ခြင်ထောင်တွေသယ်ပြီး အဲ့ဒီ့ဘုန်းကြီးကျောင်း ရှိရာ ဟိုဘက်ကမ်းကိုသွားပြီး လှူခဲ့တယ်။ အပြန်မှာ ခလေး၃နှစ်သားနဲ့  ၅နှစ်သားလေးတွေ ရှိနေတဲ့ မိသားစုတဲကလေးတစ်လုံးကို တွေ့တော့ အလှူရှင် ရော ကျွန်မရော ၀င်မိတယ်။ မိသားစုရဲ့ ပုံစံကိုကြည့်ပြီး  အလှူရှင်ဟာ မျက်ရည်ဝဲ နေတယ်။
ကျွန်မလည်းမခံစားနိုင်ဘူး ။ ပါလာတာလေးပေးပြီး ရင်ထဲမှာတော့ အတော်ကို နာကျင်ပြီး မခံစားနိုင်ဘူး။
သူတို့မိသားစုနဲ့
ကျွန်မတို့ အပြန်အလှန် စကားတွေ အများကြီးမပြောကြဘူး။  သူတို့ ရဲ့ ကျေးဇူးတင်တဲ့ မျက်လုံးတွေကို နားလည်တယ်။   တဲရဲ့ဘေး ရေစပ်စပ်ကလေးမှာ  ဒန်အိုးအဖုံးထဲ အနီရောင်သန်းနေတဲ့ ထမင်းကို ငါးပိစိလေးတွေကို  ကျော်ချက်ပုံစံလေး နဲ့ ထည့်ပြီး မိန်ရှက်စွာစားနေတဲ့ ခလေးနားကို ဂျပန်က ဒူးထောက်ပြီး သကြားလုံးလေးပေးတော့ အဲ့ဒီ့ ၃ နှစ်သားအရွယ်ခလေးက သူစားနေတဲ့ ထမင်းပန်းကန်လေးကို   ဂျပန်ဦးလေးကြီး ကို လှမ်းပြီး စားပါအုန်းဆိုတဲ့ အမူုအယာလေးနဲ့
ကျွေးတယ်။ ဒီကလေးဟာ သူကိုယ်တိုင်လည်း ဗိုက်ဆာနေသလို ရှိတာနဲ့ စားနေရတဲ့ဘ၀မှာ
သူ့ နားလာသူဟာလည်း သူ့ လို ဘ၀တူ ပဲလို့ ထင်ပြီးကျွေးလိုက်တာ။ သူ့ မျက်လုံးလေးတွေ ကို ကြည့်ရင်း ကျွန်မနားလည်လိုက်တယ်။
ဂျပန်ဦင်္းလေးကြီးရဲ့ အင့်ကနဲ့ ရှိုက်လိုက်သံ ကျွန်မကိုယ်တိုင်လည်းကြားလိုက်တယ်။
အဲ့ဒီ့ည က ကျွန်မ အိမ်ရောက်တော့ အတော်ကို သည်းသည်းထန်ထန်ငိုနေမိတယ်။ အိမ်ကလူတွေ က ကျွန်မဘာတွေမြင်ခဲ့လို့ လည်းဆိုပြီးပဲ စိတ်ပူနေတယ်။

(အဲ့ဒီ့နှစ် ၉ လပိုင်းမှာ ဂျပန်ကို ကျွန်မ အလုပ်ကိစ္စနဲ့လာတော့ ဂျပန်အဘိုးကြီးတစ်ယောက်အိမ်ကို သွားလည်တယ်။ ၂၀၀၇  သူမြန်မာပြည် လာတုန်းက ရိုက်ထားတဲ့ ပုံတွေ ထုတ်ပြတယ်။ ၂၀၀၇ ခုနှစ်သူသွားတဲ့ အချိန်မှာ တွေ့ မြင်ရတဲ့ ဒလ ဟာ သူ ဂျပန်ခေတ် တုန်းက ရန်ကုန်မှာနေဖူးတုန်းက သွားလည်တဲ့ ဒလနဲ့ ဘာမှ မကွာခြားပါလား ။ခု မုန်တိုင်းထိတော့ ဘယ်လိုများပိုဆိုးလည်းလို့ မေးရှာတယ်)

ငိုချင်း ၃။
မှတ်မှတ်ရရ သားအကြီင်္းကိုမွေးအပြီး ၄၅ ရက်ပြည့်လောက် ဖြစ်မယ်။ အမျိုးသမီးဆေးရုံရှေ့နားက မီးပွိုင့်
မိနေတုန်း  ကိုယ့်လိုပဲ ဆနွင်းတွေ ၀ါဝါ၀င်းဝင်းနဲ့ အမျိုးသမီးတစ်ယောက် ခလေးသေးသေးလေးရင်မှာပိုက်လို့  ကားနားကပ်လာတယ်။ အားနည်းနေတဲ့ ပုံနဲ့ အမျိုးသမီး သူ့ ရဲ့
 နို့ ပိန်ပိန်လေးကို အငမ်းမရ ဆွဲနေတဲ့ ရက်သားအရွယ်ခလေးငယ်။  အမျိုးသားက ကိုယ်ဝန်နဲ့ ကတည်းက ပြစ်သွားတယ်။ ခုရွာပြန်ဖို့ ပိုက်ဆံမရှိဘူုးတဲ့။ သူဟာ တစ်ကယ်ကို ခလေးမွေးထားသူ ဆိုတာ မွေးထားသူအချင်းချင်းနားလည်လိုက်တယ်။ သူ့ကို ကူညီလိုက်ပြီး ဒီလူ့လောကရယ်လို့ စရောက်လာကည်းက  လမ်းမပေါ်မှာတောင်းနေရတဲ့ လူမမယ်ကလေးလေး အကြောင်းတွေးရင်း  တလမ်းလုံး သည်းထန်စွာ ငိုလာမိတယ်။
ဒီလိုအမျိုးသမီးတွေ  ဒီလိုခလေးမျိုးတွေ ဘယ်လောက်တောင်ရှိနေမလည်း ။ ငါ ဘာလုပ်ပေးနိုင်မလည်း ဆိုတဲ့ အတွေးနဲ့အတူ ဘာကိုစိတ်တိုမှန်းမသိ ဘယ်သူ့ ကိုစိတ်တိုမှန်းမသိခဲ့။

ငိုချင်း ၄။
အိမ်ထောင်မကျခင်အထိတော့  မိဘမဲ့ ခလေးတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေ မှာ နှစ်စဉ်လှူတဲ့ အလှူတွေ၊အိမ်ရှိ အိမ်သားတွေ ရဲ့မွေးနေ့ တိုင်း ထမင်းကျွေး လစဉ်လိုအပ်တာ
ဝယ်ပေးတိုင်း  ပိုက်ဆံပဲ အလှူထည့်ပေးခဲ့တယ်။ ညီမဖြစ်သူ ခေါက်ဆွဲတွေ ၊ကြာဇံတွေ ဓမ္မာရုံကနေ အိုးတွေ၊ ဒယ်တွေ ငှားပြီးကျော်လှော်  ကားပေါ်တင်ပြီးသွားလည်း ခလေးတွေကိုကျွေးတာသိနေတော့ လိုက်သာသွားတယ် မပြီးခင် အရင် ပြန်လာခဲ့တာများတယ်။ သူက ခလေးတွေ ဆီအသွားများသလို ကျွန်မကတော့ နှင်းဆီကုန်း ၊စိတ်ကျန်းမာရေး ဆေးရုံနဲ့ သံယာ့ဆေးရုံကိုပဲ အသွားများခဲ့တာကိုး။
အိမ်ကတော့ ငွေပဲ လှူမနေနဲ့ လူကိုယ်တိုင်လည်း ကူအုန်း အမြဲပြောတာတော့ ၀န်ခံပါရစေ။
 ဒီလိုနဲ့ သားကြီး ရက် ၃၀ ပြည့်မှာတော့  ခလေးတွေ ရှိတဲ့နေရာ ကိုရောက်ခဲ့ပြန်ရော။
 အ၀တ်မစုံမလင် ခြေထောက်မှာ ဒဏ်ရာ ဗရပွနဲ့  ထမင်းကို မိန်ရေရှက်ရည်စားနေကြတဲ့ခလေးတွေ ကြည့်ရင်း ရင်မှာ ဆို့ နင့်လာတယ်။ ညီမဖြစ်သူက သူကိုယ်တိုင်ဘာကြောင့်အလုပ်ရှုပ်ခံပြီး ချက်ရလည်းဆိုတာ သိပြီလား။ လက်ရာအပြောင်းအလဲမှာ ခလေးတွေစားကောင်းအောင်လို့တဲ့။
ထမင်းစားပြီးတော့ ကျောင်းထိုင်ဆရာတော်က ကလေးတွေ  လာကြဟေ့ အလှူရှင်ကို ကျေးဇူးစကား
လာဆိုလို့ လည်း အော်လိုက်ရော
ခလေးတွေ ပြေးလာပြီး  ကျေးဇူးစကားကို သေချာညီညွတ်စွာဆိုကြပြီး  ထိုင်ကတော့လိုက်တဲ့ အချိန်မှာ
ခုချိန်ထိ ကိုယ့်အထက်  မိဘ မောင်နှမတွေကိုပဲ ကန်တော့ခဲ့ဖုူးသူကျွန်မ။ ယခု ကိုယ်တိုင်ပထမဦးဆုံး အကန်တော့ခံလိုက်ရတဲ့အချိန် သူတို့ ကို လာကျွေးမွေးလို့ သူတို့ ကန်တော့တာကို သိလိုက်ရတော့ ကျင်ကနဲနေတဲ့ ခံစားမှု့  သားသမီးအရွယ်လေးတွေ ကို ကြည့်ရင်း အိမ်အပြန်လမ်းမှာ ရှိုက်ပြီးငိုခဲ့ဘူးတယ်။

ပွင့်သောပန်းတိုင်းမွှေးစေချင်ပါတယ်ခလေးတို့ရေ



ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ပို့ စ်တွေ တစ်ခုပြီးတစ်ခုတင်နေမိပေမယ့် ဘလော့ ၃  ပတ်လောက် နားပါအုန်းမယ်။   ကျွန်မ ခလေး၊ ကလေး ဆိုပြီး နှစ်မျိုးသုံးထားမိပါတယ်။


လေးစားစွာဖြင့်
ကည်ကြည်




Friday, March 4, 2011

မတို့အတွက် လှပစေသော စားသောက်နည်း kireina shokutaku

အလှအပဂရုစိုက်နည်း ပို့စ်ရဲ့ ဧည့်စာရင်းစစ်လိုက်တော့ အလှအပဆို ကိုယ့်ညီမတို့ အတော်ကြိုက်သကိုး …ဒီတော့ ထပ်ရေးလာချင်ပြန်ရော။

ဒီတစ်ခါက အစားအသောက်ကို ရေးမယ်ကွယ်။ နည်းနည်းလေကြော ရှည်ချင်တယ်။ ငယ်ငယ်တုန်းက နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲရဲ့ ပြဇတ်ကိုကြည့်ဖူးတော့ အဲ့ဒါလေး နည်းနည်းပြောမယ်နော်။ တွံတေးသိန်းတန် ရိုက်ဖူးခဲ့တဲ့ စစ်ကားပေါ့ အဲ့ကားထဲမှာ မင်းသမီးနာမည်က စိုးတဲ့။ တွံတေးသိန်းတန်က ဘင်္ဘောပေါ်တက်ပြီး ရှေ့တန်းထွက်တော့ မယ့် အခန်းလားပဲ  မင်းသမီးက ကိုသိန်းတန် ကိုသိန်းတန် စိုးသင်္ဘောလိုက်ခဲ့မယ် လို့ အော်တာပေါ့လေ   ကိုသိန်းတန်ကလည်း မလိုက်နဲ့ စိုး မလိုက်နဲ့  ကိုယ်က တာဝန်နဲ့ သွားရတာ လို့ ပြန်ဖြေတယ်။

အဲ့ဒါကို လှောင်တာပေါ့ကွယ်။ ပြဇာတ်လည်းပြန်က ရော  မင်းသမီးလုပ်တဲ့ အခြောက်က သူ့ရည်းစား စစ်သား သင်္ဘောပေါ်တက်သွားတော့  သူကလည်း ရုပ်ရှင်ထဲကလို အော်ပြီးပြောတာပေါ့လေ။ ကိုသိန်းတန် ကိုသိန်းတန် စိုးသင်္ဘောပေါ် လိုက်ခဲ့မယ် ဆိုတော့ အဲ့ဒီ လူရွှင်တော်က မလိုက်နဲ့ စိုး ကိုယ်တောင် ၀ရမ်းနဲ့ သွားရတာ ဆို တော့ ပရိသတ်တွေ တအုန်းအုန်းပေါ့..။ ၀ရမ်းဆိုတာ စစ်သားတွေ ခရီးသွားရင်ထုတ်ပေးတဲ့ ခရီးစရိတ်မကုန်တဲ့ လက်မှတ်လို့  ပဲ ခလေးဘ၀က နားလည်ခဲ့တာကိုး။

ဒီလိုနဲ့ အသက်ကလေးရလာတော့ ဒီမှာ ကျောင်းလာတက်ရော အဲ့တုန်းက မြန်မာသူငယ်ချင်း ကောင်လေးက တိုကျိုမှာရှိတဲ့ မြန်မာကောင်မလေးနဲ့ ကြိုက်ကြရော။  တိုကျိုက ကောင်မလေးက ကောင်လေးနဲ့ တူတူလာနေချင်တယ်။ ဒီမှာပဲ အလုပ်ရှာမယ်ပေါ့။ ကောင်မလေးက အကုန်အကျလည်း သက်သာချင်ပြီ ။ နောက်ကောင်လေးနဲ့ နေရင်း အခန်းစားရိတ် ထမင်းစားရိတ် သက်သာမယ်လို့ တွက်တယ်တဲ့ ။ အလုပ်ထွက်ခဲ့မယ်ဆိုတော့ သူငယ်ချင်းက ကြည်ကြည်ကို တိုင်ပင်ရော ငါဘယ်လို ပြောရမလည်း မလာစေချင်ဘူးဟာတဲ့ ယဉ်ယဉ်ကျေးကျေး လေးပြောချင်တယ်တဲ့။ အဲ့တုန်းက သင်ပေးလိုက်တယ်  မလာနဲ့စိုး ကိုယ်တောင် စကောလာနဲ့ စားရတာလို့ ခုလည်းဒီလိုပဲ ဘလော့ဂါ မမတွေရဲ့ ဟင်းချက်နည်းတွေ သွားသွားကြည့်ပေမယ့် ကိုယ်တိုင် ချက်ပြုတ်ဖို့ အတွက် ကြတော့ မလုပ်နဲ့ စိုး ကိုယ်တောင် ကျောင်းကမက်စ်မှာ စားနေတာလို့ ပဲ ပြောရမှာပါပဲ။ ကဲအခုမှ စမယ် တကယ့် main part ကို ဒီက food coordinator နဲ့ food decorator  တွေက ကျန်းမာရေးရှု့ ထောင့်၊ အလှအပရှူ့ ထောင့်ကို ဦးစားပေးတဲ့ မီနူးတွေ ပိုရေးလာကြပါတယ်။ အဲ့ဒီမှာ Detoxify  ဂျပန်လိုတော့ ဒဲ့ တောက်စု လို့ ခေါ်တဲ့ မီနူးလေး တွေ ထဲက ကျွန်မဖတ်မိတဲ့ မီနူးလေးကို တင်ပြပါရစေ။ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အညစ်အကြေး နဲ့ သွေးထဲမှာပါဝင်နေတဲ့ ရောဂါဖြစ်စေနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားခြင်း အဆိပ်ထုတ်ခြင်းဆိုတဲ့ Detoxify ရဲ့အဓိပ္ပါယ်ပါပဲ။ Detoxify ရဲ့ ရလဒ်ကောင်းကတော့ အသားအရည် လှပလာစေပြီးတော့ သွေးလည်ပတ်မှုလည်း ကောင်းမွန်လာစေပါမယ်။

ဝဥ က  အမျှင်ဓတ်တွေ ရယ် ဒိန်ချဉ်ထဲမှာပါတဲ့ ( latic acid ) တွေဟာ အူလမ်းကြောင်းတလျှောက်ကို သန့် စင်စေပါတယ်။နောက်တစ်ခုကတော့ ကျောခုံး အပြာရောင်ရှိတဲ့ ငါးတွေမှာပိုပါတတ်တဲ့ ဒီမှာတော့ (ပင်လယ်ငါးပေါ့လေ) မှာတော့ DHA(omega-3 fatty acid)၊ EPA (long chain of Omega 3 polyunsaturated essential fatty acid) တွေဟာ နှလုံးကို ပိုမိုကျန်းမာစေပြီး သွေးလည်ပတ်အားကောင်းမွန်စေပါတယ်တဲ့။


ကဲမီနူးကတော့

ထောပတ်သီးနှင့် ဂရိုတ်ဖရုသုပ်

  ထည့်ရမယ် အရာတွေကို ပြောမယ်ကွယ် ။ ပုံကြည့်တာနဲ့ သုပ်တတ်ကြမှာပါ။
ထောပတ်သီး တစ်ခြမ်း 
ဂရိတ်ဖရုတစ်လုံး
ဆလတ်ရွက် နှစ်ရွက်
ငရုတ်ကောင်း(အမဲ) နည်းနည်းတဲ့  အိုခေနော်………….

ဒိန်ချဉ်ဆယ်လိုရီ ရောသမမွှေ
ဆယ်လိုရီ  ၄၀ ဂရမ်
ဒိန်ချဉ်     ၁၈၀ စီစီ
ပျားရည်  စားပွဲတင်ဆားဇွန်း ၂ ဇွန်းတဲ့   အိုခေနော် 
ဆယ်လိုရီက အရွက်မထည့်ဘူးနော် အရိုးလေးကို ပါးပါးလေးလွှာတာ။
လုပ်စားကြည့်တာတော့ စားလို့ကောင်းသလိုလိုပဲ ။


ဆာဒင်းငါး ကျော်နှပ်

ဆာဒင်းငါးအားအသားလွှာကို ၄ လက်မလောက် အတုံးလေးတွေတုံး ပြီးရင်ဂျုံမှု န့် နဲ့ နယ်မယ်။
ငါးကို နယ်တဲ့အခါ ပဲငံပြာရည်အကျဲ၊ သကြား၊ ဆာကေး  (ဂျပန်အရက်) မရှိရင်လည်း မသိဘူး တော် ဘာထည့်ရမယ်ဆိုတာ။   

အပေါ့အငံကိုယ့်ဘာသာကိုယ်မြည်းပေါ့ကွယ်။
ပြီးရင် ကျော်မယ်။ ပြန်နှပ်တော့မယ်ဆိုရင် ထည့်ရမှာက ဂျင်းပြားလွှာလေးတွေရယ် ကြက်သွန်မိတ်ကြီး ပါးပါးလှီးပြီးထည့်ပါ။ အိုးပေါ်က ချတော့မယ်ဆိုတာနဲ့ နှမ်းအဖြူ ကို ဖြူးပါ။  အိုခေလားကွယ်…..

မီဆိုး(miso) ၊ ၀ဥ ဟင်းချို

မီဆိုးအလွယ်တကူ မရနိုင်တဲ့မြန်မာပြည်လိုနေရာမျိုးမှာဆိုရင်တော့ (ရန်ကုန်က ဂျန်ကို ဆိုင်မှာတော့ရပါတယ်) ပဲပိစပ်ဟင်းချို လေးချက်ပြီး ၀ဥလေးခတ်လိုက်တဲ့သဘောပါပဲ။
ပိုလှချင်ရင်တော့ မုန်လာဥနီ၊ ဟင်းနုနယ်။ ကြက်သွန်ဖြူ ၊ ကြက်သွန်မိတ် ထည့်ပါလေ။
အိုးးးးးးခေ….

ကျွန်မတစ်လောက အမျိုးသမီးတွေအတွက် အရိုးပွတို့၊သွေးထဲက သကြားဓာတ်၊ ဆားဓာတ် စတာတွေ အလကားစစ်ပေးနေတာလေး တွေ့လို့ သွားထိုင်ကြည့်တော့ အသက် ၇၀ အဘွားကြီးရဲ့ အရိုးကျစ်လစ်မှု့ ကျန်းမာမှု့ က ၁၀ နှစ်ငယ်နေတယ်။ သဘောကတော့ အဘွားကြီးရဲ့ အရိုးအဆစ်တွေက အသက် ၆၀ကျော်တစ်ယောက်မှာရှိတဲ့ အရာတွေတဲ့။ ကျွန်မကတော့ လက်၇ှိအသက်နဲ့ အဖြေက တူနေတယ်။၄၀ကျော်ရင် အရိုးတွေဘာတွေ ပွရင်လည်းပွနိုင်တယ်တဲ့။ သွေးလည်ပတ်မှု့ ကတော့ လက်၇ှိအသက်ထက် ၁ နှစ်ငယ်တယ်။ မဆိုးဘူး။ သွေးထဲမှာဆားဓတ်တော့များနေတယ်တဲ့ သွေး ကြည်လင်အောင်လို့ ပဲပိစပ် Nato နေ့ တိုင်းစားပါတဲ့။ အခုမီနူးက အဲ့ဒီ့က အစားအသောက်စစ်ဆေးရေးက ဆရာဝန်မ ပေးလိုက်တဲ့ မီနူးပဲ.

အမျိုးသမီးတိုင်းကြည့်ကောင်းရမည်။ လှတာမလှတာက ဘ၀ပေးကုသိုလ်ကံ

ဝန်ခံချက် ။ ဒီပို့ စ်တင်ရင်းနဲ့ ဆရာမင်းဒင်ကိုမေးကြည့်တော့ အဲ့ဒါစစ်ကား မဟုတ်ဘူးတဲ့ ။ စိုးမိုးမေတ္တာတဲ့
ကြည်ကြည်ကတော့ ငယ်ငယ်က လူပျက်တွေ ပျက်တာပဲသိတာကိုး။

ကြည်ကြည်