Sunday, October 31, 2010
Halloween Eve
ကာလသားတွေက Zorro ဆိုတော့
မဖုရားတွေက အိန်ဂျယ်ပေါ့။
အရူးမဟုတ်တာတော့ 
သေချာတယ်
ထူးပြီးမူးနေကြတာ။
ကောင်တာဘေးက
ခိုးခိုးခစ်ခစ်ရယ်သံ နဲ့ အကြားအထိက
ဘ၀အမောတွေ ရဲ့ အတားအငြိတွေကို ခဏမေ့
လောကနိဗ္ဗာန်ကိုတွေ့ နေသလား မသိ။
တစ်ချို့ကလည်း နား နားကြပ်နဲ့ 
ရင်ခုန်သံကို (check)ပေးသူ
အပေးအယူ မျှနေကြလား။
တစ်ချို့ က အခုမှ
အကြည့်ချင်းဆုံ
ရင်ခုန်သံ စတင်တော့မယ့် ပုံ။
အကြည့်မြှား ကို အကုန်လုံး ပစ်
ဘားတန်ဒါ(Bartender)ဆီ လွှတ်တော့
အံမယ်
သူကပဲ ပြောင်းပြန်
ရှက်ပြုံး နဲ့ အကြည့်ကိုခံတယ်။
လှစ်ကနဲ အပြုံးပင့် ရင်ကိုဝင့်
တီရှပ်ပေါ်အသည်းပုံရေး
အထာပေးနေသေးတယ်။
ပြာလဲ့လဲ့ ခွက်ကလေးကိုင်လို့ပေး
ရော့
ကော့တေး..
ပျော့ပျော့လေးတဲ့။…
အချိန်မတန်ပေမဲ့ ကိုယ်အိမ်ပြန်ချင်နေပြီ။
ပြတင်းတံခါးဝမှာတော့ နှင်းများကျနေပေါ့
မှန်းဆကာလို့  တွေးတယ်သခင်ရယ်
တမ်းတပါလို့ ဆွေးတယ်ရင်မယ်
ကိုကိုပါရင် နွေးမယ်ထင်တယ်။
ဝန်ခံချက်(နောက်ဆုံးစကားလုံး က အဖေက အမေ့ကို ပေးသောစာထဲမှ စကားလုံး)
ကြည်ကြည်
Tuesday, October 26, 2010
ငွေဆောင် ကမ်းခြေ အလွမ်းပြေ
ကြည်ကြည်တို့ သူငယ်ချင်းတွေ မြန်မာပြည်မှာတုန်းက အားလုံးဆုံပြီဆိုရင် ဂျပန်လို အတင်းတွေ ပြောကြရီကြမောကြနဲ့ ပေါ့။ တစ်ခါ လည်း အို.က.မ ပါဟယ် လို့ ပြောမှိလို့  ပန်ပန်လို တတ်တဲ့သူတွေနဲ့ တိုးပြီး
“ ကောင်မတွေ …ဘာ အို.က.မ လည်း နားလည်တယ်ဟဲ့ နားလည်တယ်” ဆို ပြီး အပြောလည်းခံရသေးတယ်။
( အို က မ ဘာလည်းဆိုတာသိချင်ရင် ရှာကြည့် ပေါ့).
ဒီထဲကမှ အဆိုးဆုံးက အကိုကြီးပါပဲ။ အလွယ်တစ်ကူ ပန်ပန်လို သိပ်ပြောပါတယ်။ ဥပမာပေါ့နော် ဖုန်းဆက်လိုက်ရင် ခဏကိုင်ထားနော် လို့မပြောပဲ သူက “chotto matte ne”။ စားကြသောက်ကြရင်လည်း သူက စားလို့ကောင်းတယ်မို့ လားဆိုရင် “oishii desho” စသည်ဖြင့်ပေါ့လေ။
သင်္ကြန်ရက်ပေါ့လေ ကြည်ကြည်တို့ ချောင်းသာသွားကြတယ်။ ဟိုရောက်တော့ များလိုက်တဲ့သူတွေ မိန်းကလေးတွေ ကလည်း ရေကူးဝတ်စုံဝတ်ရတာ မလွပ်လပ်ဘူး ဘာဘူးပေါ့။ အမြင်နည်းနည်း စိမ်းနေသေးတာရယ် လူကလည်းများ နယ်ကလူတွေ ကလည်းတတ်လာ ဆို တော့ ကဲ ဒါဆိုငွေဆောင်သွားကြမယ်။ ငွေဆောင်မှာကနည်းနည်းဈေးကြီးတယ်။ ချောင်းသာက ပိုတန်တယ်ဆိုပြီး တနေကုန် စားလိုက်ကြတဲ့ ပင်လယ်စာ အမုန်းပေါ့။ ညနေဘက်ကြတော့ ကဲ ငွေဆောင်ဘက်ကူးမလားပေါ့ လမ်းတော့မကောင်းဘူး စမ်းမောင်းကြတာပေါ့
လာကြဟေ့ ဆိုပြီးထွက်ခဲ့ကြပါတယ်။
အော် ကြည်ကြည်မှာ ချောသောလှသော အမလေးလည်း တစ်ယောက်ရှိပါတယ်။ အင်းပြောရရင်တော့ဘော်ဒီကလည်း တွန်ရိုင်ဒါ ကားထဲက ဂျိုလီကိုယ်လုံးမျိုး ပေါ့ ။ အဲ့အမ ချောချောက အတော်ကို ကြီးကျယ်တဲ့တစ်ယောက်ပါ။ ဂျီးကလည်း အလွန်များ အလှကလည်းအလွန်ကြိုက်ပေါ့။ ဘယ်လောက်တောင်ဂျီးများလည်းဆိုရင်ဖြင့် လာစပ်တဲ့သူတွေ ကို သူကတော့ဖြင့် နှာခေါင်းထဲက အမွှေးထွက်နေလို့ မကြိုက်ဘူး သူကတော့ဖြင့် ထမင်းစားရင် တစ်ရှုးထဲကိုယ် တံတွေးကိုထွေးပြီး လုံးပြီးဘေးမှာ ချတတ်လို့ သူကတော့ဖြင့် ဒူးနန့်တတ်လို့ စသည်စသည် အသေးအဖွဲ့တွေကအစ ဇီဇာကြောင်တတ်သူပေါ့။
ကြည်ကြည်ကပြောတယ် မမကြီး မယူဘူးလို့ သတ်မှတ်ထားရင် အိမ်စပ်ပေးလည်း မကြည့်နဲ့တော့ အပျိုကြီးလုပ်မယ် ဆိုလည်း သိက္ခာရှိရှိ ဘယ်သူမှ စိတ်ကူးမနေနဲ့တော့ လိုက်ပြီးကြည့် ပြီးရင် အဖြစ်ပါဘူး အပျိုကြီးပဲ လုပ်မယ်ပြော ပြီးတော့အိမ်က စပ်ပြန်ပြီဆိုရင် မမကြီးက ကြည့်ပြန်ပြီ မမကြီးတို့က စိတ်လည်းမပြတ်ဘူး အဲ့ဒါတွေ မမိုက်ဘူး လို့ပြောမှိလို့ ကြည်ကြည်ကို မခေါ်တာ ဒီခရီးကြမှ ပြန်ခေါ်တာ။
ဟိုတယ်ကနေထွက်လာပြီး ၁နာရီလောက်ကြတော့ ဗိုက်စပြီးနာကြပါတယ်။ ကြည်ကြည်ရော အမချောလေးရောပေါ့ ကဲ လာလေ့ရော ဆိုပြီး ကြည်ကြည်တို့ တောတိုးကြရပါတော့တယ်။
ရေသန့်ဗူးလေးတွေ ကိုယ်စီကားပေါ်ကတစ်ရှုးဗူး ကိုကိုင် ပြီးတော့ ပေါ့လေ။ တော်သေးတာပေါ့ ရေသန့် ဗူးခေတ်မို့ လို့။
ကြည်ကြည်တို့ ဦးလေးတွေ ခေတ်ကဆိုရင် ဘယ်လို စကြလည်းဆိုရင်တဲ့ အုတ်ကြားမြက်ပေါက် ကြံဖတ်အီးကုန်း တဲ့  ( ကန်တော့နော် ကန်တော့ ) သူတို့ ပြောတာပဲလေ ။
အင်းအတိုချူပ်ရရင်တော့ ငွေဆောင်ရောက် ဆေးပေးခန်းသွား မက်ထရို ယူ ဒါပဲလေ။ နောက်နေ့ မနက်ရောက်တဲ့အထိ ၂ ယောက်သား ရေထဲမဆင်းနိုင်ကြဘူး။ သင်္ကြန်အတတ်နေ့ မို့လို့ ထင်တယ်။ အနီးနားက ရွာကလူတွေ ပုသိမ်က ဆင်းလာတဲ့သူတွေလည်း များလာကြတယ်။ အားလုံးကိုကြည့်ရင်းပျော်လာတယ်။ မမကြီးရေထဲဆင်းမလားပေါ့ အေး ဆင်းမယ်တဲ့ သူကလည်း ချက်ခြင်း။
အကိုကလည်း ဝေးဆိုပြီး ထုံးစံအတိုင်းဂျပန်လို အော်ပြောတယ် လာခဲ့ ကြ ပျော်စရာကောင်းတယ်ပေါ့။ ကျွန်မရဲ့အမချောက ဘစ်ကနီဝတ် ပြီးတော့ ချားလစ်အန် အိန်ဂျယ်ထဲ ကလို စတိုင်ပေးပြီး ရေစပ်နားဆင်းလိုက်ပါတော့တယ်။ အကိုကြီးနား မသွားကြဘူး နည်းနည်းလှမ်းတယ်။
ကောင်းလိုက်တဲ့ လှိုင်းလုံးတွေ စစခြင်းတော့ ရွာသူလေးတွေ က ထမီတွေနဲ့ ရေထဲမှာဆော့ကြ ရေက ဆွဲတော့ ထမီလေးတွေ ကျွတ်တော့မလို နဲ့ ကြည့် ရတာ သည်းတထိတ်ထိတ် သူတို့ ကလည်း ဘီကီနီနဲ့ မမတွေ ကို ကြည့် ရွာသားတွေ ကလည်းကြည့်ပေါ့လေ။
ဒီလိုနဲ့ လှိုင်းလုံးကြီး တစ်လုံး ၀ုန်းကနဲ အလာ ညီအစ်မ နှစ်ယောက် တလိမ့်ခေါက်ကွေးနဲ့  ကမ်းစပ်ကိုလွှင့် သွားလိုက်ကြတာ ကိုယ်ထဲမှာရှိတဲ့ ရေဓတ်တွေ ကပဲ အဆုံးရှုံးလွန်သွားသလား တစ်ရက်လောက် အတွင်းမှာပဲ သိသိသာသာ ဘော်ဒီကပြောင်းသွားလား မသိပါဘူး။ ရေနဲ့ တင်မုးနောက်ပြီး ဘာမှကိုမမြင်နိုင်တော့ဘူး။
တဖူးဖူးနဲ့ ပါးစပ်ထဲဝင်တဲ့ သဲတွေ ကိုထွေးထုတ်ရင်း သဲပေါ်မှာ ထိုင်ရက်သားမှတ်မှိလိုက်တာက မျက်စိထဲ မှာ ပျာရီးပျာရာနဲ့ ပြေးလာပြီ ပါးစပ်ကလည်း ထစ် အ ထစ် အ နဲ့ အော်ရင်းပြေးလာတဲ့ အကို ကြီး..a re... a re.. are……ပြီးလည်ပြီးရော သူ့မှာ အမောဆို့ သလိုနဲ့ လှမ်းအော်လိုက်တယ် ကျွန်မ အမကြီးကို အင်္ကျီင်္ ရောတဲ့
အာ……….အဲ့ ဒါကြတော့ မြန်မာလို လည်းထွက်ရော ရေထဲ မှာ ဆော့နေကြတဲ့ ရွာသူရွာသားအပေါင်းတို့ 
တညီတည်း ကမ်းစပ်ဆီသို့ …………
အဲ့အမချောချောအဲ့ နေ့ က ညစာမစားဘူး အကိုကြီးကို စိတ်ဆိုးလို့ ….
Monday, October 25, 2010
ပန်းကျိန်စာ
ပန်းတစ်ပွင့်  ကြွေ အကျ
မြေမခ ခင် လက်တစ်စုံ ကဖမ်း
ရနံကိုတွေ့  ကမ်းကိုမေ့ ခဲ့ တယ်။
ပွင့်လွှာကို ဆုတ်
ပွင့်မှုံကို ချိုး
ပွင့်ဖတ်ကိုဖယ်
ပွင့် ချပ်ကိုချေ
ပွင့် အချေကိုညှစ်
တစ်စ စီ ဖြစ်မှ
လေပေါ်ကို ၀ဲဖြန့် 
မြေပေါ်သို့  ကျဲ ပြန့် စေခဲ့တယ်။
ဖြစ်တည်မှု ခဏ
ပန်းဘ၀မှာ
မြေမထိခင် လေပေါ်ရှိစဉ်မှာပဲ
ပန်းကငိုတယ်။
သူသည်
ဇာတ်လမ်းတော်တော်များများမှာ
အဖြည့်ခံပေါင်းများစွာရဲ့
ဖေးယူထွေးကူမှုနဲ့ 
တခန်းရပ်တွေ နဲ့  ကစား
အခန်းဆက်တွေဆို နားထားခဲ့တယ်။
သူ့ကို ဘယ်လိုထင်ထင်
သူ့အမြင်နဲ့ သူတဲ့။
သူသည်
ပတ်ဝန်းကျင်ကို စကန်စက် နဲ့ အမြန်ဖတ်
ယုယခြင်းကို နက်ဂတစ်ပေး
ကြင်နာခြင်းကို ခရောစ့်အောက်
မြတ်နိုးခြင်းကို ပွိုင့် လောက်တောင်မှ မထောက်ခဲ့သူ။
သူသည်
အနိုင်နဲ့ ပိုင်းရမယ့်ပွဲ တွေ လို့ ပဲ သတ်မှတ်
တကယ်က
နိဂုံးကိုပဲ ကြောက်တတ်ခဲ့တာ။
ရင်ဘတ်ထဲကြိတ်ကြိတ်ပြီးအော်
ဒီည ကျွန်တော် အိပ်မပျော်ပြန်ဘူး
ကျွန်တော့် လက်နှစ်ဘက်က
အကြားအာရုံကို အမှောင်ချ ပြီး အဝေး
ကျွန်တော့်အာရုံ ဆီ ငြိငြိလာနေတဲ့ အတွေး…
မေတ္တာကို အလေးမထား
အချစ်ကို ကလေးကလား လို့ ထင်တဲ့ 
ထိုလူသားသင်အား
အဆင်းကို လည်း မသိနိုင်သော
ရနံကိုလည်း မထိနိုင်သော
သူ့ ချစ်ခြင်းဆိုတာ ပြေး စေသော်
ကိုယ့် ချစ်ခြင်းဆိုတာ ဝေးစေသော်။
ကြည်ကြည်
Saturday, October 16, 2010
ချစ်သော သဘာဝတရားနှင့် သက်ရှိလေးများအတွက်
ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု သစ်ပင်စိုက်ပွဲ ဆိုပြီး ဖတ်ရပါတယ်။ ကျွန်မလည်းပဲ  တောတောင်ရေမြေ သစ်ပင်ပန်းပင် အလွန်တရာမှ ကို ချစ်မြတ်နိုးသူပါ။ အပင်မျိုးစုံ စိုက်ပျိုးလွန်း လို့ မိုးတွင်းမှာ လာတတ်တဲ့  ခရု၊ တီကောင်၊ မြက်ခင်းပေါ်ရှိတတ်တဲ့ ကျွတ် စတဲ့အကောင်လေးတွေကလွဲရင် ကျန်တဲ့ အကောင်လေးတွေကို သနားတတ်ပါတယ်  ခြံထဲမှာ စပါးတွဲလေးချိတ်ထားပေးလို့ အမြဲ လာစားတတ်တဲ့ စာကလေးတွေ နှင်းဆီပင်တွေ ရာသီပန်းလေးတွေဆီ လာတတ်တဲ့ လိပ်ပြာလေးတွေ
နှင်းသီးပင်ဆီလာတတ်တဲ့ ရှဥ့် ကလေးတွေ ကိုကြည့်ပီး  ခေါ်ထားချင်တယ်ဆိုတဲ့ ကျွန်မ ဘ၀လေး၂ ခုရယ်
ကြာအိုးတွေထဲ ခုန်ခုန်ဝင်လာတဲ့ ဖားကလေးတွေ ………….
အပင်လေးတွေ အကြောင်းရေး မလို့ ကနေ ကျွန်မရန်ကုန်က ဘ၀တွေကို သတိရသွားပါတော့တယ်
ကျွန်မ အပင်ကြိုက်တတ်တာတော့ မပြောနဲ့ ။ မော်လမြိုင်သွားရင်း ဇင်းကျိုက်တောင်တက်တော့ မိုးတွင်းမှာမှ ပွင့်တတ်တဲ့ ကျောက်ကြိုကျောက်ကြားက  ခရမ်းရောင်ပွင့်တဲ့ မြေကပ်ပင်လေးကို တောင်ပိုင်နယ်ပိုင်တွေ ကို ခွင့် တောင်းပီး ယူလာတယ်။ သူက နွေဆိုရင်  ဥကလေးအတိုင်းရှိတတ်ပေမယ့် မိုးလေး၁၀ရက်လောက်ရွာလိုက်ပီဆိုရင်  သူ့ ဟန်လေးပြတော့တာပါပဲ ……….
ဂမုန်းဆိုလည်းပြေးမလွတ် ပါဘူး။ စိုက်ချင်ပြီဆိုရင်တော့ ဂမုန်းစာအုပ်ဖတ်ြပီး စိုက်လို့သင့်တဲ့ အပင်ဆိုလို့ ကတော့ စိုက်ထား။ လပြည့် လကွယ် အမွှေးတိုင်ထွန်း မေတ္တာပို့  မေမေ လုပ်တဲ့ အတိုင်းလုပ်တာတွေက အကျင့်ပါ။ ….အင်း အိမ်က လူတွေ ဆက်မှ လုပ်ကြရဲ့ လားမသိနော်။………………………..
ကဲပါ။  အပင်နဲ့  အကောင်လေးတွေအကြောင်းရေးချင်စိတ်ပေါက်သွားတာက လောလောဆယ်ကြည့် လိုက်ရတဲ့ တီဗီ အစီအစဉ်ကြောင့်ပါ။ မသုံးတော့တဲ့  ပန်းခြံနားမှာ ရှိနေတဲ့ တောကို ရှင်းပြီး  လုနေ အဆင့်မြင့်  အိမ်ယာဆောက်လုပ်မယ့် ကုမ္ပဏီ တစ်ခုက ဆောက်လုပ်ခွင့် ကို မရသွားဘူးဆိုတာလေးကို ကြည့်ရင်း နဲ့  ကျွန်မတော့ မရောက်ဘူးသေးတဲ့  အမေရိကားက ကယ်လီဖိုးနီးယားပြည်နယ် က အကြောင်းလေးကိုပါ တင်ပြသွားပါတယ်။  အဲ့မှာရှိတဲ့ နာမည်တော့ မမှတ်မိပါဘူး။  အဆင့်မြင့် အိမ်ယာဆောက်မယ်လုပ်တော့ အဲ့ ဒီဆောက်မယ့်နေရာက  ဇီဝတွေ အတွက် ဘယ်လိုလုပ်ပေးရမယ် လက်ရှိနဲ့ အနည်းဆုံးတူအောင်တော့လုပ်ပေးရမယ်ဆိုတာလေးကို ရှင်းပြထားပြီး အဲ့ဒီ့နေရာနဲ့ သိပ်မဝေးတဲ့နေရာတစ်ခု မှာရေကန်က အစ အပင်တွေ စိုက်ပျိုးပေးရပါတယ်။ ၃ နှစ်ပြည့်လို့ အဲ့ဒီ့နေရာက လက်ရှိဆောက်မယ့် နေရာနဲ့ အတတ်နိုင်ဆုံးလည်းတူလာပြီ ဆိုမှ အိမ်ယာဆောက်လုပ်ခွင့် တောရှင်းခွင့်ပြုပါတယ်။  အဲ့ ဒီနေရာတုတခုဖန်တီးဖို့ ကို မြန်မာကျပ်ငွေနဲ့  သိန်းပေါင်း၆ သောင်းနီးပါး အကုန်ကျခံသွားရပါတယ်။
အကယ်၍ ကျွန်မတို့ နေနေတဲ့  အိမ်ကို တခြားလုပ်ငန်းကြီးတစ်ခု က အဆင့်မြင့် အိမ်ယာစီမံကိန်းအတွက် သိမ်းမယ်ဆိုရင် ကျွန်မတို့ လည်းပဲ လက်ရှိနေနေတဲ့အိမ်နဲ့ ၁၀၀% နှုန်းမတူရင်တောင် တတ်နိုင်သလောက် တူစေချင်ပြီး ကိုယ်မပြောင်းခင်မှာ အဆင်သင့် ဖြစ်နေဖို့ ကိုလိုလားကြမှာပဲမဟုတ်လား။
ဇီဝ လေးတွေလည်း ဒီလိုပဲ နေမှာပေါ။့ နို့ မို့ ဆို အနေအစားပျက် ဇီဝ ကမ္မ တွေ ပျက်ကုန်မှာပေါ့နော်။
အဲ့လိုဆိုတော့  မြန်မာပြည်မှာ မြေယာစီမံကိန်းတွေ တောတောင်တွေခုတ်ထွင်တော့  ဖြစ်လာတဲ့ အကျိုးဆက်တွေ ထဲ က နေ တော်တော်ရင် နင့် စရာကောင်းလိုက်တာက ရုရှားဘက်ကနေ ဆောင်းလာခိုတဲ့  ဆောင်းခိုငှက်တွေ အင်းထဲမှာ အကြီးအကျယ်သေကုန်တာပါပဲ။………………
ဂျပန်မှာလည်း အဲ့လို ပရောဂျက်လိုမျိုးတွေ မြို့ ပေါ်မှာ တင်ပြကြပေမယ့် စတည်းချနေတဲ့ သက်ရှိလေးတွေအတွက် နေရာပြန်မပေးနိုင်လို့  အဲ့လို ပရောဂျက် တစ်ခုပျက်သွားတယ်ဆိုတာတွေ တိုကျို မြို့ ရဲ့ အပူချိန်က နောက်၁၀ နှစ် မပြည့် ခင်မှာ ၄ ဒီကရီထက်တက်မယ် လို့ ဆိုထားတယ်မို့ လား။
ခုနောက်ပိုင်းမှာ ဆောက်တဲ့ အဆောက်အဦးတွေမှာ ခေါင်မိုးမှာ ပန်းပင် အပင်တွေ စိုက်ပီး  roofgarden လေးတွေ ထည့် လာကြတယ်။ အဲ့လို စိုက်တဲ့ အဆောက်အဦးတွေအတွက် မြို့ တော် က tax ကို တမျိုးစဉ်းစားပေးမယ်လို့ လည်းဖတ်ဘူးတယ် ဂျပန်မှာရပ်ကွက်တစ်ခုမှာ ခလေးကစားကွင်းသေးလေးတစ်ခု့ ပန်းခြံလို နေရာလေးနဲ့ တွဲပီးရှိတတ်တာလေးတွေက သဘာဝကို ထိန်းသိမ်းနိုင်သလောက်ထိန်းပေးနေတာလေးတွေက ချစ်စရာ အတုယူစရာ စံလေးတွေ ထဲ က တစ်ခုပါပဲ မဟုတ်လား…………
ခု ကယ်လီဖိုးနီးယားမှာလုပ်နေပါတယ် ဆိုတဲ့ အစီအစဉ်ကို  ကျွန်မ နားလည်သလောက် ဆိုရင်တော့  မြန်မာပြည်မှာ ရှိတဲ့ ဘာမဆိုလုပ်တဲ့   ကုမ္ပဏီ ကြီးတွေ ပေါ့ ။ ဥပမာလေးနဲ့ ပြောရရင်တော့ ထူးထရေးဒင်း ရယ်၊ မက်စ် မြန်မာရယ်၊ ကမ္ဘောဇ ရယ်  ဇေကမ္ဘာရယ် ပေါ့။  ထားပါတော့… သူတို့ က လုပ်ငန်းကြီးတွေ …ရေနက်ကွင်းတွေ တူးဖော်တယ်။  သို့ မဟုတ် ဆီဒိုနားဟိုတယ်ရှေ့ က မြကျွန်းသာ ပန်းခြံကို အကွက်အကွင်းကျလို့  အိမ်ယာဆောက်မယ်ဆိုပါစို့။  သူတို့ သစ်ပင်တွေ ခုတ်မယ် ကန်နေရာလေးတွေ ကိုမြေ ဖို့ မယ်ဆိုရင် ခုချိန်ထိအဲဒီ့မှာ စတည်းချနေခဲ့တဲ့  သက်ရှိငှက်ကလေးတွေ  ငါးကလေးတွေ ဖားကလေးတွေ အင်းဆက်ကလေးတွေ အနေအထားပျက်တာပေါ့။ အဲ့ လို မဖြစ်ရအောင် သူ့ မြို့ တော် စည်ပင်က သတ်မှတ်လိုက်တယ်။ ဒီလိုနေရာကိုလိုချင်ရင် ဒီလိုနေရာမျိုး နီးစပ်တဲ့ တနေရာမှာ လုပ်ပေးရမယ်ဆိုပါတော့။  သူတို့ ပရောဂျက်နဲ့ နီးမယ့် နေရာမှာ သဘာဝအတိုင်းဖြစ်အောင်လုပ်ပြီးတော့မှ သက်ရှိလေးတွေ အဲဒီ့ဘက်ကိုပြောင်းနေဖို့ အဆင်သင့် ဖြစ်လောက်ပြီဆိုမှ လုပ်ငန်းရှင်တွေတောင်းဆိုတဲ့  ပရောဂျက်ကို စလို့ ရပါတယ်။ အဲဒီ့မှာက အခက်အခဲက အနီးအနားမှာနေရာအခက်အခဲ ကြောင့်သဘာဝတုတခု လုပ်ဖို့ မလွယ်ဘူးဆိုရင်တော့   လုပ်ငန်းရှင်တွေရဲ့ ပရောဂျက်တောင်းဆိုတဲ့နေရာရဲ့ အနေအထားကိုကြည့် ပြီးတော့ သူတို့ သတ်မှတ်တဲ့အတိုင်း သို့ မဟုတ် သူတို့ ဘယ်လို နေရာမှာ သဘာဝ ထိန်းသိမ်းရေးအတွက် ပြန်လုပ်ပေးမလည်း ဆိုပြီး မြို့ တော်က သတ်မှတ်တဲ့ ပေးပါတယ်။ အဲလိုနေရာ မျိုးမှာ သဘာဝထိန်းသိမ်းရေး မြေယာရောင်းတဲ့ကမ္ပဏီ တွေ က အရေးပါလာပါတယ်။ အဲဒါကတော့  နောက်ဥပမာ တခုနဲ့ နားလည်သလို ရေးရမယ်ဆိုရင်တော့  လှော်ကား ပန်းခြံ ကြီးကို ပိုင်တဲ့ ကုမ္ပဏီက နေရာတွေကို ခွဲ ခြမ်းပြီးရောင်းပေးတော့တာပါပဲ။  အဲဒီ့တော့ စောနက ပရောဂျက်တင်ထားတဲ့ ကုမ္ပဏီတွေ က အသင့်ရောင်းချပေးတဲ့ သဘာဝ သစ်တော တနေရာကို ၀ယ်ပြီးအလျော်ပေးလိုက်တဲ့ သဘောပါပဲ။   သဘာဝကို ငွေနဲ့ဝယ်တယ်လို့  အဆိုးဘက်က
တွေးရင်လည်းရပါတယ်။   ရေနက်ကွင်းတွေ ဖော်ပြီး  အဲ့ဒီ့ တောရိုင်း မြက်ရိုင်းတွေထဲမှာနေတဲ့ သဘာဝ အကောင်လေးတွေကို မြန်မာပြည်လို ဒီအတိုင်း ပစ်ထားခဲ့ တာထက်စာရင်တော့  အတော်ကို အတုယူထိုက်တဲ့ အစီအစဉ်လေးတခုပါပဲ။
တို့ မြေကမ္ဘာထိန်းသိမ်းပါ
……………………..
ကြည်ကြည်
Thursday, August 26, 2010
ခရီးသွား(၂)
ပြန်ကြည့်မိသော နေ့ဟောင်းများ 
 ဒီနေ့ ကျွန်မ ရန်ကုန်က  လုပ်ငန်းခွင်ကို ပြန်ဝင်ရသလို ပထမဦးဆုံး စကားပြန် ကိစ္စတစ်ခု ကိုလည်း လက်ခံပေးလိုက်ရပါတယ်။
ရုံးက သွားနေကျ တယောက် က  ခွင့် ယူမယ်ဆိုပြီး သိထားလို့ ဒီကိစ္စ ကို တလကြိုတင်လေ့ လာ ပြီး လက်ခံခဲ့ သလို ဘာသာပြန်ရမယ့် အကြောင်းအရာတွေ ကို လည်း ကြိုပြီးလေ့ လာထားရပါတယ်။
လာတဲ့သူက ငယ်လည်း ငယ်တယ် လုပ်ငန်းတခု က လူလတ်ပိုင်း ရာထူးလောက် ဆိုတော့ အတော်လည်းကြီးကျယ် မယ်ဆိုပြီး သူ့ အကြောင်းတွေကို လည်းသိသင့်သလောက် ဂျပန်ရုံးဘက်ကနေ လှမ်းပြောပြထားပါတယ်။
 တခြားသော ၀န်ကြီးဌာန များ  လုပ်ငန်းများကို သွားမှာ ဖြစ်တဲ့အတွက် ရုံးက အမ တစ်ယောက်က ညီမလေးရယ် မြန်မာ ၀တ်စုံကောင်းကောင်းတွေ ချုပ်ပြီးဝတ်ပါလား။
 ကိုယ် က စတိုင်နဲ့  လှလှ ပပ ဆို ပိုပြီး အင်ပရက်ရှင် ပို ရှိတာပေါ့  ဆိုပြီး ကိုယ့်ကို အ၀တ် အစားက အစ အဆင်သင့် လုပ်ပေးရှာပါတယ်။ လှလည်းအတော်ကို လှပါတယ်။
ဒီလိုနဲ့ အဲ့ ဒီ နေ့ကို ရောက်လာပါတော့တယ်။
လေဆိပ်ကို ရုံးက ဂိုက် အမျိုးသားတယောက်က သွားပြီးကြိုပါတယ် ကျွန်မ ကတော့ဟိုတယ်ကနေ စောင့်ပေါ့။  ရုံးကနေ သူတို့ တည်းမည့်ဟိုတယ်က နီးတာရယ် ရုံးမှာ တောက်တိုမယ်ရ ကျွန်မ မှ မရှိရင် တခါတလေ အဆင်မပြေတော့ ကျွန်မ က အလုပ်၇ှပ်တဲ့ နေ့  တွေ ဆို နောက်ကျတဲ့ အထိနေပေးရပါတယ်။
ကားဆိုက်လာပြီ။
ဟိုက်ရှာဘားလို့သာ စိတ်ထဲကနေ ရေရွတ်မှိလိုက်ပါတယ် ဆင်းလာတဲ့ သူက ကြာချည်နဲ့ ချုပ်ထားတဲ့  ကောင်းဘွိုင်ဦးထုပ် အဖြူ ကို ကြာခြည်နဲ့ ပဲ ချုပ်ထားတဲ့  ဆု အနက်နဲ့ တွဲ ၀တ်ထားပါတယ်။ ကြာချည်က အကြမ်းကိုတောင် တကိုက်ကို အခုဆို ဒေါ်လာအနည်းဆုံး ၁၅၀ အထက်မှာတော့ရှိမှာပါပဲ (ရန်ကုန်ဈေးပါ)
လက်ထဲ မှာ လည်း  LV  အိတ်ကို ကိုင်ပြီး သူ့ သေတ္တာ က လည်း အဲ့ အမျိုးအစားသေတ္တာပါပဲ။
အိုးအိုး……. ဒါဆို ဟိုက်ဘော့ စ် လား သို့ မဟုတ် Brand ကို ရူးသွပ်သူလား။
ဒါဆို ရုံးက လူတွေ ခရီးသွားပြီးပြန်လာရင် မုန့် ဖိုးလေးတွေ ရလာတတ်တာတွေ ပြောနေကြကြားဖူးသလို အင်းသူပြန်ရင်  ငါလည်းရမှာပေါ့  (စိတ်ထဲ ကချက်ချင်းအဲ့ ဒါကိုတွေးမိလိုက်တာ)
ကဲ အတိုချုပ်မယ်နော်
သူနဲ့ နှုတ်ဆက် ………..
ကိုယ့် ကိုယ်  စေ့စေ့ ကြည့် ကိုယ့် အကျီကို အသိအမှတ်ပြုတဲ့ပုံစံနဲ့ ကြည့်  အေးလေ သူကိုယ်တိုင်တောင် စမတ်ကျနေမှာတော့  သူ့  အနား ၃ရက်လောက်ပါမယ့် သူကိုယ်လည်း  စမတ်တော့
ကျစေချင်မှာပေါ့ ………
တော်သေးတာပေါ့  ရုံးက အမ ကိုကျေးဇူးတင်စိတ် က ဖြစ်လာ…….
သူ့ လက်ထဲကို ရုံးက ဖုန်းတလုံးထည့် ………….
ကဲစပြီး ဇာတ်လမ်း မနက်စောစော မသွားနိင်ပါ။ လေ ယာဉ် ချိန်ပြောင်းပေး ကိုယ် ခေါင်းခဲ ပြီ။
ကဲ အဲ လိုင်း  ကိုဆက်တော့ အဲ  လိုင်းတွေ ပိတ်နေပြီ။ ဒီတော့ လေဆိပ်ကိုဆက် မနက်ဖြန် go show နဲ့ ဆင်းဖို့ လုပ်၊
ကိုယ်တော်က တော့ သေချာကြည့်လေ ချောလေ။ ဦးထုပ်နဲ့သူ့မျက်နှာနဲ့က အတော်ကို ကြည့် လို့ ကောင်းသလို မြင်ဖူးသမျှ ပန်ပန်ထဲ မှာ တော့ အချောဆုံးအဖြောင့် ဆုံးပဲ။
အရပ်ကြီးကလည်း ရှည်မှ ရှည်…………
လူကြီးကလည်း ပြည့်ပြည့်တင်းတင်း………….
ဒီလိုနဲ့ ခရီးစထွက်ခဲ့ ကြတယ်။ ကိုယ်တော် က နောက်နေ့ လေယာဉ်ပေါ်မှာ ပဲ အင်း မြန်မာကောင်မလေးတွေ က ချောသားပဲ စိတ်ထဲ မှာ ယိုးဒယား ဗီယက်နမ်လောက်ပဲ ချောတယ်ထင်နေတာ ဆိုပြီး စကားကို စပါတယ။် ကျွန်မ အနားမှာနေလို့ ကျွန်မ ကို ပြောတယ်မထင်နဲ့ နော်
 အဟမ်း… လေယာဉ်မယ်လေးတွေကို ကြည့်ပြီးပြောတာ။
နောက်ပြီး ကိုယ်တော်က စေ့ စေ့ကြည့်တတ်သူလို့ ကျွန်မ သိလိုက်တယ်။ ကမ္ဘောဒီးယားသူတွေက ပါးနီဆိုးရင် ပါးပေါ်ကိုပြေပြေမဆိုးပဲ အလုံးလေးနှစ်လုံးတင်ထားသလိုဆိုးတဲ့အကြောင်း၊ နောက်ပြီး နှုတ်ခမ်းမှာ အနားကွပ်ကို ထင်းထင်းကြီးဆိုးတဲ့ အကြောင်းတွေပြောပြီး အားရပါးရ ရယ်နေပါတယ်။
ဒီမှာလည်းအဲ့ လို မျိုးမြင်ရမယ်ထင်နေတာဆိုပြီး ပြောပါသေးတယ်။  တကယ့်  လှူုငယ်လေးတစ်ယောက် ဘော်ဒါတွေနဲ့ စကားပြောနေသလို ကျွန်မကို ပြောနေဆိုနေလိုက်တာ………….
မကြာခင်မှာပဲ ကျွန်မတို့ လေယာဉ်က ပုဂံကိုဆင်းပါတယ်။  အဲ့ နေ့က ပုဂံကနေ မန္ဆလေးကို ဆင်းမှာပါ။
ကျွန်မ တို့ရုံးက အမ တစ်ယောက် ဧည့်သည်တွေနဲ့  လေယာဉ်ပေါ်တတ်လာပါတယ် အဲ့အမ ကတော့ အမိုက်စား ပါ။ အချောစားပါ။
သူ့ ကို….. အဲ့ ဒါ ငါတို့ ရုံးကပေါ့ဆိုပြီး မိတ်ဆက်ပေးတော့  အင်းငါ့ကျတော့ နင်နဲ့  နော် တဲ့ အော် သနားပါတယ်…….သူပြောပုံက ပြီးတော့ပြုံးနေသေးတယ်….ကျွန်မကို စလိုက်ရလို့ ကျေနပ်နေတဲ့ ပုံနဲ့ 
ကျွန်မကတော့ အဲ့ လောက်ချောတဲ့  ပန်ပန် နဲ့ ခရီးသွားရတာပျော်လို့ …………….. ပြောရက်လိုက်တာ….
ပါးစပ်ရဲ တဲ့ သူ က တခါတည်း မေးလိုက်တာ က ရုံးက အမ ကို နင့် လောက်ချော ပြီးနင့် လို ဂျပန်လို တတ်တဲ့ လူတွေ ဘယ်လောက်တောင် ၇ှိလည်း မိုက်တယ်နော်တဲ့။
ဒီလိုနဲ့ အလုပ်ကိစ္စတွေ စလုပ်ရပါပြီ။ ကျွန်မကိုယ်လည်း အလုပ်ကိစ္စတွေ ဖိခိုင်းပါတယ် ရှာခိုင်းတာတွေလည်းအများကြီး ညစာကိုလည်းသူ့ ဘာသာသူပဲ စားပါတယ်။
ကျွန်မကတော့ အော် မယ်ရုပ်ဆိုးတို့ များ ညစာ ထမင်းတောင် ဖိတ်ကျွေးမယ့် သူမရှိပါလားပေါ့…….
ညစာမနက်စာကို ဟိုတယ် ထဲ မှာ အတူတူစားနေပေမယ့် ကျွန်မ ကလည်းသူ စားနိုင်လောက်တဲ့ အချိန်ကို ရှောင်ပါတယ်
ဒီပုဂ္ဂိုလ်က တခုတော့ကောင်းတာလေးက ညလည်စာကို ကျွန်မကို room service နဲ့  ပိုးပေးတတ်တာပါပဲ။
အံမယ်စာလေးတောင် ရေးပေးသေးတယ် အလုပ်လုပ်နိုင်အောင် ကျွေးတာပါဆိုပီးတော့ ဟွန်း သူ သိချင်တဲ့ အချက်အလက်တွေလည်း ထည့် ထည့် ပီး မေးတတ်ပါသေးတယ် ဖုန်းနဲ့ တောင်မပြောဘုးနော် room to room ခေါ်လို့ ရတာကိုယ်
နောက် တံတားဦးဘက် အသွား ရေတွေကြီးတော့ ကားသမားက အောက်ကိုဆင်း ပီး ရေထဲဆင်းပါတယ်
ရှေ့ ကနေ အတိမ်အနက်နဲ့  ချိုင့် တွေ ကို သိစေဖို့ ပါ ကားသမားက အစ်မလေးရေ လုပ်ပါဦးဆိုတော့  ကျွန်မ က စွေ့ ကနဲ ကားသမားထိုင်ခုံ ကို ဂီယာတံ ကို ကျော်ခွ ပီး ထိုင်လိုက်တော့မျက်လုံးသူက ပြူးသွားပါတယ်။….ကားသမားက တုတ်နဲ့  အရှေ့ ကနေ ရေကို စမ်းပီး နောက်လှည့်မကြည့်ပဲ လက်နဲ့ သာ လှုပ်ပြပီး မောင်းဖို့ အချက်ပြပေးတယ် ရေထဲံမှာ မောင်းနေတဲ့ ကျွန်မကို သူက ပါးစပ်ကလေးဟ ပြီးကြည့် နေလိုက်တာ…… နောက်ကြည့် မှန်ကနေလှမ်းကြည့် လိုက်ရင် သူက ရယ်ပြပါတယ်……
နောက် ဘာပြောလည်းဆိုတော့ ရုပ်လှတဲ့ သူတွေ ရုပ်ဆိုးတာလုပ်ရင် အတော်ကို ကြည့် လို့ မကောင်းတာ ဒါပေမယ့် ရုပ်ဆိုးတဲ့ သူတွေ တခါတလေ လုပ်လိုက်တဲ့ အရာလေးတွေကတော့ အတော် ကို ချစ်စရာကောင်းပီး အဲ့ ဒါမျိုးလေးတွေက မေ့ မရတတ်ဘူးတဲ့ ……
အမလေးတော်  သူကများ ဒီမှာ ကားထဲရေ ၀င်ပြီး အင်ဂျင်နိုးလို့ မရရင်ဆိုတဲ့  အသိက အနည်းနဲ့ အများတော့ စိတ်ပူနေရတဲ့ အထဲ……တကတည်းပေါ့……
ဒီလိုနဲ့ ကိုယ့် တာဝန်ကိုယ်ကျေပြွန်စွာထမ်းဆောင်ရင်း နောက်ဆုံးနေ့ 
ရောက်လာပါတယ် သူ့ ကို လေဆိပ်ကို လိုက်မပို့ တော့ပါဘူး ကျွန်မ တာဝန်ကျေပါပီ…………
ရုံးကိုပြန်လာတော့ရုံးအထိ ဖုန်းဆက်ပြီး သူ့ကို ကျွန်မ ပဲ လိုက်ပို့ပါ လိုက်ပို့မယ့်
သူကိုယ် ခုပဲ ပြန်လွှတ်လိုက်မယ်  ပြန်ခါနီးလေးမှ မနှုတ်ဆက်ရရင်တော့ သူစိတ်မကောင်းဖြစ်ရပါ့ မယ် ဆိုပီး…….
ဒီလိုနဲ့ ကျွန်မ  လေဆိပ်ကိုရောက်သွားပါတယ် လေဆိပ်ရောက်တော့  အချိန်က သိပ်ကပ်နေပြီ
သူ့ ကတော့ ထုံးစံအတိုင်းစတိုင်မိုက်မိုက် နဲ့ ဦးထုပ်အကောင်းစားနဲ့ 
မျက်ခုံးကြီးကလည်းထင်းလို့ သွားလေရာမှာ အားလုံးက အစ်မရယ် အစ်မ ပန်ပန် ကြီး ကချောတာလို့ ပြောတဲ့ သူကြီးပဲ…………..
ဟုတ်ပါဘူး အစ်မ ပန်ပန်ကြီးဟုတ်ပါဘူး ပေါ့ စိတ်ထဲ ကနေ ဟွန်းဟွန်း …………..
သူက လက်ဆောင်ပန်းစည်းကြီးနဲ့  စောင့် နေတယ်   ဟာ.. ခနဲ ကို ဖြစ်သွားတာပဲ
နောက်  နုတ်ခမ်းနီရေမွှေး အစုံပါတဲ့  duty free အိတ်အကြည် ကို ကိုယ့် လက်ထဲ လှမ်းထည့် ပြီး
အသားလေးသာဖြူရင်တော့  ပို ပြီးကြည့် လို့ ကောင်းမှာ ဆိုတဲ့ စကားရယ် ကိုယ့် လက်ထဲ ကို ပစ္စည်းကို ထည့် ပေးပြီး  ဒိုးမို အရိဂတ်တိုး ဂိုးဆိုင်းအိ မတ်၇ှိတ ဆိုပြီး  ကိုယ့် ကို သေသေချာချာ ခါးကိုင်းပြီး လုပ်ငန်းတွေလုပ်ဆောင်ပေးတာ အရမ်းကို အဆင်ပြေ ချော့ မွေ့ ပါတယ်ဆိုပြီး ယဉ်ကျေးစွာ ကိုယ် အသေအချာ ကျေးဇုးစကားကို ဆိုပြီး နောက်
********************************
*******************************
*******************************
********************************
*********************************
*******************************
********************************
************************************
*************************************
သူက တကယ်ကို အားရပါးရရီ(ရယ်)ပါတော့တယ်…….
မှင်တတ်နဲ့ နေတဲ့ ကျွန်မမျက်နှာ  ၃ ၅ နှစ်နဲ့ မလိုက်အောင် ပြောင်နေတဲ့  သူ့ ၇ဲ့ ထိပ် ဦးထုပ်ဆွဲချွတ်မှ မြင်လိုက်တာလေ………….
ဘေးနှစ်ဘက်ကတော့ ကိုလေးပွလို ဆံပင်မျိုးကိုတိုတိုလေး………..
သူကပြောသေးတယ် အဲ့ လို စချင်လို့ စတွေ့ ကတည်းက  ဦင်္းထုပ်ကို မချွတ်တမ်းဆောင်းနေခဲ့ တာတဲ့ 
ကဲ ကောင်းရော………..
ချစ်ခင်စွာ
ကြည်ကြည်
Monday, August 23, 2010
ကျွန်မနှင့် ခရီး (၁)
လွန်ခဲ့ပြီးသောနှစ်များက ကျွန်မ ဖီင်္ဂျီကျွန်း သွားတုန်းက အဖြစ်အပျက်လေးတစ်ခု ပြန်တွေးမိတိုင်း ပြုံးမိပါတယ်။
ကန်ဆိုင်းလေဆိပ်က နွေဆို၇င် ပင်လယ်သွားကြတဲ့ ခရီးသွားတွေ အတော်များသလို အားလုံးအားလုံးကလည်း မဲ လိုက်သမျှပြောင်နေတာ ကျွန်မနီးပါးပါပဲ။
စီးပွားေ၇းကလည်းခုနောက်ပိုင်းတွေလို မကျပ်တည်းကြသေးတော့
ပြည်တွင်းက အိုကီနာဝါသာကျွန်းသာမရောက်ဘူးတဲ့ သူရှိရင်ရှိမယ်  ဟာဝိုင်ယီ ကျွန်းကို မရောက်ဘူးတဲ့  သူမရှိပါဘူး အဲ့လိုပဲ (guam) ကျွန်းတို့  (siapan)
ကျွန်းတို့ ဆိုတာကလည်း ဂျပန်တွေချည်းပါပဲ။
သူတို့လူမျိုးတွေကိုယ်တိုင် ဂျပန်လူမျိုးခရီးသွားသလားမသွားသလား ဘယ်လေယာဉ်ပျက်ကျ ပျက်ကျ ဂျပန်လူုမျိုးတစ်ယောက်တော့ပါတယ် ဆိုပြီးတောင်ပြောကြတဲ့ အထိပါ။
ကဲ..ကဲ.. ကဲ.  ကျွန်မလေရှည်မိနေတာလေး လိုရင်းကိုသွားရအောင်...
ပင်လယ်သွားကြမယ်သူတို့ပုံစံအတိုင်း လက်ကိုင်အိတ်ကို ပါဝါ ချည် မျက်မှန် ကြီးကြီး နဲ့  ခြေညှပ်ဖိနပ်ပါးတွေနဲ့  ပင်လယ်သွားကြမယ့်သူဆိုတာ လည်း ကြွားချင်ကြသေးကြတယ်လေ
TV ထဲက စစ်တမ်းကောက်တာတွေ အရတော့
မိန်းကလေးတွေ အလှချင်ဆုံး အချိန် နဲ့ အလှပြင်ဆုံး အချိန်က….
ပထမ က   သူငယ်ချင်းရဲ့  မင်္ဂလာဆောင်တဲ့ 
ဒုတိယ က အပျော်ခရီးတဲ့ 
ဟုတ်လား ပဲ နော်
ရန်ကုန်မှာလည်း ဘုရားဖူးခရီးတို့  ပင်လယ်တို့ ဆိုရင် ကောင်မလေးတွေဆိုတာ မိတ်ကပ်အဖွေးသား နဲ့ ပဲ ကိုနော်
ဒီလိုနဲ့ ကျွန်မတို့ အင်တာနေရှင်နယ် တသိုက် ကျားဝင်ကိုက်သလို ညကြီးမင်းကြီးတောင် အလှတွေပြင် ပြီး လေဆိပ်ထဲမှာ ကျွတ်စီ ကျွတ်စီပေါ့  လေယဉ်က ည ၁၂နာရီ တိတိမှာထွက်တဲ့ လေယာဉ်ပါ။
အုပ်စုလိုက် မ၀င်ပဲ တယောက်စီ အဆင်ပြေသလို  airline counter မှာ check in လုပ်ကြပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ် ချောတဲ့လှတဲ့သူနဲ့  ထိုင်ရလို ထိုင်ရငြားဆိုတဲ့ ကျွန်မတို့ အုပ်စုရဲ့ ညီမျှစွာ တွေးကြတဲ့ ဆန္ဒလေးတွေကြောင့်ပါ………….
အော်…………… ချောချော လှလှတွေအတွက်တော့ စိတ်ကူးယဉ်စရာ ခရီးပေါ့လေ
 အဟတ်ဟတ်……….ကျွန်မမပါနော် အဲ့ထဲမှာ
စိတ်ထဲ တော့ အမေ ရေ သမီးကို ဘာလို့ မည်းမည်းလေးမွေးပေးလိုက်တာလည်း လို့ ပေါ့
 အေးလေ အမေကလည်း ဖြူမှ မဖြူရှာတာ……..
မေမေရေ သမီးကို ဘာလို့ နှာတံပေါ်ပေါ်လေးမမွေးပေးတာလည်း လို့ ပေါ့
သူများပိန်ပိန်လေးတွေ အ၀တ်စားလှလှလေးတွေ ၀တ်ရင်ကြည့်ကောင်းချက် သမီးလည်းသူတို့နဲ့တူတူုဝယ်တာပဲ သမီးကြတော့ ဘာလို့ ပါလိမ့်ပေါ့
…………………………………………
………………………………………………
ကဲ…… ခရီးမစ ရသေးဘူး ကျွန်မတို့အုပ်စု လ၀က ဖြတ်ပြီးတာနဲ့  ဈေးစ၀ယ်တော့ တာပေါ့
ကန်ဆိုင်းလေဆိပ်က မိတ်ကပ်ကအတော် ကိုဈေးသက်သာပါတယ် အဲ့ တုန်းကပါ။
သေချာတယ် ဘာလို့လည်းဆိုတော့ ကျွန်မက လေယဉ်ပေါ်မှာရောင်းတဲ့ duty free စာအုပ်ကို ပြန်သယ်ပီး အမြဲ ဈေးကိုတိုက်ကြည့်တတ်တယ် ( အရင်တုန်းကပေါ့ လေ)
အဲ့မှာပဲ ကျွန်မတို့ ရင်ခုံရမယ့်သူကို စတွေ့တော့တာပါပဲ……..အဟတ်ဟတ်
GUCCIဆိုင်ထဲ ကို ၀င်သွားတဲ့ အရပ်ရှည်ရှည် နဲ့သူက ကိုင်ထားတဲ့ NewZeland လေကြောင်းလိုင်းလက်မှတ်ကို သူ့ပတ်စ်ပို့စ်နဲ့တွဲ ကိုင်ထားတယ် အသားကမဖြူမညို surfing သမားပုံစံကတော့ ပေါက်နေတယ် အော် သူကလည်း ရေလှိုင်းသွားစီးမယ့်သူလား မိုက်တယ်ဟေ့ပေါ့  (စိတ်ထဲကပါ)
ဟုတ်တော့ဟုတ်နေပါပီ ပင်လယ်သွားမည့်သူဆိုတာ 
ချောလည်းချောတယ် အဟိအဟိ ပေါ့ အားလုံး ကိုယ်စီတွေးနေကြသည်။……… (ကျွန်မ မပါနော်)
ကဲ……………လေ ယာဉ်ပေါ်မြန်မြန်တတ်
တကတည်း အစချီနေတာနဲ့ တင်လိုရင်းမရောက်ဘူး ပြောသားပဲ ကျွန်မ က အခုမှ စရေးတတ်ခါစ ပါဆို
သည်းခံကြပါရှင်………………………………..
ဒီလိုနဲ့ ပေါ့  လေယာဉ်ပေါ်ရောက်တော့ ကိုယ့် ပစ္စည်းတွေ ထည့် ပီးတာနဲ့ 
ထိုင်နေတုန်း အ……. လာ……. လား ………ကျွန်မဘေးက ထိုင်ခုံကိုတည့်တည့်လာနေပါလား စောနက  စောနက အရပ်၇ှည်ရှည်ဘောင်းဘီတိုဒူး အတိနဲ့   ကိုကိုချောချော  အဲ့လေ  ယောင်လို ကျွန်မ မပါပါဘူးဆို ဒင်းတို့ ကဲ နေတာ( ဒင်းတို့ ဆိုတာ ကျွန်မ သူငယ်ချင်းတွေ )
ကျွန်မကို မျက်လုံးပြူးပြကြတယ်……..
………………….
ဟယ်တော့…………
သူက စလို့  နှုတ်ဆက်တယ်  “ဟယ်လို ဗျူတီ”    တဲ့   ဘေးကို ကျွန်မ လှည့်  ကြည့်လိုက်တယ် ဘယ်သူကို ခေါ်တာပါလိမ့်ပေါ့ ဗျူတီဆိုတော့
အမေ့…လန့်တာနော် ……….ဟယ်……….ဒါဆို နာ့ကို ခေါ်တာပေါ့ အဟွန်းဟွန်း…………..
အင်းစိတ်ကိုလျှော့ စိတ်ကိုလျှော့  မဲမဲတူးတူး ရုပ်ဆိုးလေးငါ့ကိုယ် သနားလွန်းလို့ ခေါ်လိုက်တာလား
ဒီလူကြီးမျက်စိမကောင်းတာပဲလား
နာ့  ကိုများ ဘာလည်း ဟယ်လို ဆို ဟယ်လို ပေါ့  ဘာတဲ့ ဗျုတီက ပါလိုက်သေး  အော် သူလည်းပဲ ပန်ပန် ဘူးယို ပေါ့   အီးလို အတော် ပြောချင်တာပလား
ကဲကဲ ဇာတ်လမ်းကတော့ စပီး ဟွန်း   အော်  မေ့သွားလို့   (ကျွန်မ မပါ ပါဘူးဆိုမှ)
ဒီလိုနဲ့ ပြုံးပြလိုက်  စာအုပ်ဖတ်လိုက် လေယဉ်မယ်လေး အအေးလာပေးရင် ကိုယ့် ကို ယူပေးလိုက် ကိုယ်က အာရိဂတ်တိုး လိုက်နဲ့ ပေါ့
ဟွန်း ..သူကလည်းငါ့ ဘက်ကို ငိုက်လာလိုက် တာ မုန်းလိုက်တာ ဇာတ်လမ်းစ ချင်လို့ နေမှာပေါ့ 
သူ့ခမျာ ဘယ်လောက်တောင် ငိုက်လည်းဆို လည်လည်သွားတယ် ဇက်ကြီးက အဟတ်ဟတ်
ကျွန်မလည်းအိပ်ပျော်သွားရော...........ဒီလိုနဲ့  လေယာဉ်ကမနက်စာကျွေးဖို့ လုပ်ရှားလာတယ်
လင်းလည်းလင်းလုပီ…….
ဟယ်..........................(စိတ်ထဲက အော်လိုက်တာ)
ခွိးခွိး ..........................( စိတ်ထဲ ကနေ ရီနေတာ)
ဟွန်း..........................( စိတ်ထဲကနေ ဘာလုပ်ပေးရင်ကောင်းမလည်း)
အို မထုးပါဘူး..................
ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ် အားလုံးမနိုးလာခင် လေယာဉ်မယ်လေး မလာခင် ကဲဟယ်...............
ကျွန်မ ရုတ်တရက်လုပ်ရှားလိုက်တယ် သူ လည်းနိုးသွားတယ်ပြီးတော့ မျက်နာကြီးရဲ သွားပြီး ပြောလာတယ် ဒိုးမို အာ၇ိဂတ်တိုးတဲ့ 
ဘာလုပ်လိုက်တာတည်း သိလား
........................
......................
........................
အတော်ကို ကြည့် လို့ ကောင်းတဲ့ ဒီလူကြီး  တတ်လာတဲ့ ထိပ်ပြောင်နေတဲ့ နေရာလေးတင်အုပ်လို့ ရတဲ့ ဆံပင်တု
အအိပ်လွန်ပီးရွဲ့ စောင်းနေတာကို ကျွန်မ လက်ရဲဇက်ရဲ ပြန်ပြီးခေါင်းပေါ်ပြန်ဖုံးပေးလိုက်တယ်
ကျွန်မလည်းသူ့ ကို့ မကြည့်တော့တာ လေယာဉ်ပေါ်က ဆင်းတဲ့ အထိပဲ
အဟတ်ဟတ်
ချမ်းမြေ့ပါစေ
ကြည်ကြည်
Tuesday, August 10, 2010
ကျွန်မနှင့် ဘလော့ရေးခြင်း
တကယ်တော့ကျွန်မဘလော့ရေးခြင်းဆိုတာကျွန်မရဲ့ အသက်အရွယ်ရယ် ဖြတ်သန်းခဲ့ရတာတွေနဲ့ ယှဉ်ရင်အတော်ကိုနောက်ကြနေသလိုစိတ်မှာခံစားရပါတယ်
နောက်တစ်ခုက ဘလော့ဖတ်ခြင်းဆိုတာကို သေသေချာချာ စူးစူးစိုက်စိုက်အချိန်ပေးပြီးဖတ်နိုင်ခဲ့တာလည်း ၂၀၀၉ ခုနှစ်မှပါ
ဖတ်လို့ ကောင်းတဲ့ဘလော့ပေါင်းစုံထဲမှာ ဖတ်ရင်းဖတ်ရင်း   အော်     ရေးလိုက်ကြတဲ့ အကြောင်းရာတွေစုံလို့ ဗဟုသုတတွေလည်း စုံလို့  အနုအရွတွေလည်းစုံလို့ ဆိုပီးတော့
ငါလည်းရေးတတ်ချင်လိုက်တာ လို့ တွေးတောမှိတာခဏခဏပါပဲ။ အဲ့လို တွေးလိုက်တာနဲ့ တပြိုင်နက်
အကြောင်းအရာတွေတင်ပြထားကြတာတွေ များကြလွန်းလို့ ငါ့ နှယ်ဘာသွားရေးရတော့မှာလည်းလို့ တောင်ထင်မှိပါတယ်
ခရီးအသွားတွေများခဲ့ တဲ့ ကျွန်မကိုယ်  စာရေးတာဝါသနာပါတဲ့ ဖေဖေ က သမီးရယ် စာတွေမရေးချင်ဘူးလား ရေးပါလားလို့ တိုက်တွန်းခဲ့တာ ဟိုးလွန်ခဲ့သော နှစ်များစွာဆီက တိတိကျကျပြောရင်ရင်တော့
လွန်ခဲ့ တဲ့ ၁၀နှစ်ကျော်ကျော်တည်းက သမီးမရေးတတ်ရင် မှတ်တမ်းအနေနဲ့  ရေးပို့ ပေး ဖေဖေ စာပြန်စီပေးမယ်လို့ ကိုယ် အားပေးဘူးခဲ့ ပေမယ့် လွန်ခဲ့ သော ၁၀နှစ်ကျော်တွေတုန်းက အင်တာနက်တို့ 
မေလ်းတို့ ဆိုတာ က ကျွန်မ ချစ်တဲ့အမိမြေကိုပြန်ရောက်တဲ့ ၁၉၉၉ ကုန်ခါနီးမှာတောင် ဘာလည်းညာလည်းဆိုတာမသိခဲ့ကြတဲ့ ခေတ်တွေပါ။
၁၀နှစ်တစ်ခုကိုယ်ဖြတ်သန်းပီးသော သကာလမှာတော့ အလွယ်တကူ စာတွေဖတ်လို့ (အရင်ထက်စာရင်)
ရလာပါတယ် အတွေ့အကြုံတွေကို စာဖြင့်မျှဝေခြင်းတွေက  ပိုပြီးထိရောက်လာပါတယ်
ဖတ်ခြင်တာလေးတွေကို အမိမြေကနေ ခေတ္တခွာရတဲ့ အခိုက်အတန့် လေးတွေမှာ အပြင်ရောက်မှ အတိုးချပီးဖတ်ရပါတယ်
အခုဘလော့ရေးမယ်လို့စိတ်ကူးတော့ အမိမြေကိုပြန်လျှင်ရောရေးနိုင်ပါ့မလားလို့ စဉ်းစားနေတာနဲ့ တင် နှစ်ပေါက်သွားပါတယ် အစပြုပြီးရင် ဖြတ်ရခက်တဲ့ စိတ်ကြောင့် မရေးနိုင်ရင် စိတ်မကောင်းဖြစ်ရပါလိမ့်မယ်
ဒီလိုနဲ့ ပဲ အမိမြေကို ပြန်တဲ့အခါလည်းနိုင် သလောက်ရေးကြည့်တာပေါ့ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပီး
ယခု ၈ လပိုင်း ၉လပိုင်း အားလပ်ရက်များကို အသုံးချပီး ဘလော့ စတင်ရေးခြင်းဆိုတဲ့ ကိုလှုပ်ရှားပါတယ်။
ဘလော့ဖြစ်လာမယ်မထင်ပါဘူး ဒီလိုနဲ့  ခင်မင်ရတဲ့ ကိုကောင်းကင်ကိုပဲ နာမည်ရွေးခြင်း မှ အစ စာလုံးပေါင်းသတ်ပုံ နှင့် ဘလော့ လုပ်ခြင်းများအား  အပူကပ်ရပါတော့တယ်။ 
ရတနာသုံးပါနှင့်  ကျေးဇူးကြီးလှပါသော မိဘ၊ သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာသမားအပေါင်းနှင့်
စောင်မကြည့်ရှု စောင့်ရှောက်ပေးပါသော ၇ ရက်သားသမီးတို့ အား ဦး ခိုက်လျှက်
ကြည်ကြည်